သားငယ္ကိုေပြ႕ဖက္ၿပီး ေရလြတ္တဲ့ေနာက္ခန္းထဲကိုသြားၿပီးေနာက္ဆုံးမိနစ္ပိုင္းအထိသားအဖႏွစ္ေယာက္ရင္ဆိုင္ခဲ့ၾကပါလိမ့္မဲ့ စိတ္မေကာင္းစရာအေျခအေနစစ္ေဆးေတြ႕ရွိမႈမ်ားစိတ္မခ်မ္းေျမ့ဖြယ္သတင္းေပမဲ့ နမူနာယူ ဆင္ျခင္ႏိုင္ေစရန္အတြက္ ျပန္လည္မွ်ေဝျခင္းျဖစ္သည္။ေမာ္လၿမိဳင္ၿမိဳ႕မွေပ်ာက္ဆုံးေနေသာေဒါက္တာေအးေဇာ္ထြန္းတို႔သားအဖႏွစ္ေယာက္ေမာင္းႏွင္လာေသာကားမွာ အမူးလြန္၍အတၳရံျမစ္ထဲသို႔ထိုးဆင္းသြားျခင္းျဖစ္တယ္လို႔ထုတ္ျပန္လိုက္တဲ့သတင္းဖတ္လိုက္ရပါတယ္.
Image result for ဆရာဝန္သားအဖ ေသဆုံးမႈ
ကိုယ္တိုင္လည္းဆက္သြယ္ေမးျမန္းၾကည့္ေတာ့ ေသမႈေသခင္းမေတာ္တဆမႈဘဲျဖစ္တယ္လို႔ၾကားသိရပါတယ္..တစ္ကယ္လဲစိတ္မေကာင္းပါဘူးလြန္ခဲ့တဲ့ဒီဇင္ဘာလ ပထမပတ္ (၅) ရက္ေန႔ကတည္းကေမာ္လၿမိဳင္ ၿမိဳ႕ ေမွ်ာ္လင့္ (၁) ရပ္ကြက္ ေညာင္ပင္ဆိပ္ ၊ ေမွ်ာ္လင့္လမ္းမႀကီးေဘးတြင္ေနထိုင္ေသာေဒါက္တာေအးေဇာ္ထြန္းနဲ႔ သုံးႏွစ္သားရင္ေသြးငယ္တို႔ဟာ ညအခ်ိန္စားေသာက္ဆိုင္မွအျပန္႐ုတ္တရက္ေပ်ာက္ဆုံးသြားခဲ့ၿပီးရဲတပ္ဖြဲ႕မွအပူတျပင္းလိုက္လံစုံစမ္းရွာေဖြခဲ့ၾကေပမယ့္လည္းရွာမေတြခဲ့တဲ့ေနာက္ဆုံး CCTV မွတ္တမ္းမ်ားအရ အတၳရံျမစ္ထဲကို ေရငုပ္ရွာေဖြဘို႔ဆုံးျဖတ္ခဲ့ၾကရာမွ ယေန႔ ၁၁ နာရီခန႔္မွာကားေရာ ႐ုပ္အေလာင္းပါ စိတ္မေကာင္းစြာရွာေဖြေတြ႕ရွိခဲ့ၾကတယ္လို႔သိရပါတယ္ ။ျမစ္ထဲကေန ၁၃:၀၅ မိနစ္မွာဆယ္ယူၿပီး ေဆး႐ုံႀကီးမွာ ႐ြံ႕မ်ားကို ေဆးေၾကာ စစ္ေဆးရွာေဖြရာ ဆရာဝန္သားအဖႏွစ္ေယာက္ရဲ႕ DB ကိုေနာက္ခန္းမွာဖက္လ်က္ေတြ႕တယ္လို႔ဆိုေတာ့ ကားဟာေရထဲထိုးက်က်ျခင္း ဦးေခါင္းကအင္ဂ်င္အေလးခ်ိန္ေၾကာင့္အရင္နစ္ျမႇပ္ေနစဥ္သားငယ္ကိုေပြ႕ဖက္ၿပီး ေရလြတ္တဲ့ေနာက္ခန္းထဲကိုသြားၿပီးေနာက္ဆုံးမိနစ္ပိုင္းအထိသားအဖႏွစ္ေယာက္ရင္ဆိုင္ခဲ့ၾကပါလိမ့္မည္ ။ DB ကိုေတာ့မနက္ျဖန္မွ ရင္ခြဲစစ္ေဆးမယ္လို႔သိရပါတယ္ ။
Image result for ဆရာဝန္သားအဖ ေသဆုံးမႈ
ကားရဲ႕ဂီယာတန္ဟာ Rထိုးတာကိုေတြးဆျခင္းအားျဖင့္ ေရထဲက်ၿပီလို႔သိလိုက္ခ်ိန္ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ Back ဆုတ္ဘို႔ႀကိဳးစားခဲ့တာျဖစ္ႏိုင္ပါတယ္ ၊ ကားေသာ့ဟာ ACC ၂ဆင့္မွာေတြ႕တယ္ဆိုေတာ့ ကားမွန္ေတြကိုခ်ၾကည့္ဘို႔အဖြင့္အပိတ္လုပ္ခဲ့တာလဲျဖစ္ႏိုင္ပါတယ္ ၊အျဖစ္အပ်က္ကျမန္တန္တာရယ္ ၊ညဘက္ျဖစ္ေနတာေၾကာင့္မည္သူမွမသိလိုက္ၾကတာဟာလည္းကံဆိုးျခင္းပါဘဲေလ ၊ CCTV ေတြရဲ႕စစ္ေဆးေတြ႕ရွိခ်က္အရ ကီလိုမီတာ ၂၀ /၃၀ ေလာက္ပဲ ေမာင္းတာကိုေတြ႕တယ္ ၊က်ိဳက္မေရာ အဝိုင္းကို တည္တည္ၿငိမ္ၿငိမ္ပတ္သြားတယ္ ၊ ည ၁၁ နာရီေက်ာ္ေက်ာ္မွာ ေညာင္ပင္ဆိပ္ေမွ်ာ္လင့္လမ္းမႀကီးေရွ႕ ေဒါက္တာေအးေဇာ္ထြန္းရဲ႕အိမ္ေရွ႕ကေနကားျဖတ္ေမာင္းသြားတယ္ဆိုတဲ့CCTV မွတ္တမ္းကို ေဘးအိမ္ကေနရရွိတဲ့အတြက္ ရဲတပ္ဖြဲ႕က မသကၤာတာနဲ႔ဒီေန႔မနက္ ၀၈:၀၀ ခ်ိန္ကစၿပီး က်ိဳက္စနဲရပ္ကြက္က ေရငုပ္ကြၽမ္းက်င္သမား ကိုဖိုးပါနဲ႔ ကိုေခါင္းႀကီးတို႔ႏွစ္ေယာက္ေရထဲဆင္းကာ အထက္ေအာက္အစုန္အဆန္ငုပ္ရွာရင္းကေနအဆန္ဘက္ ကမ္းစပ္နဲ႔ေပ ၂၀ ခန႔္အကြာ အနက္ေပ ၁၀၀ ခန႔္မွာ ကားကိုပက္လက္အေနအထားရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္တယ္လို႔ ” ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအသင္း ” ဥကၠဌကိုဘိုဘိုဝင္းရဲ႕ေျပာျပခ်က္အရသိရပါတယ္ ။
ေဒါက္တာဟာ မေပ်ာက္ဆုံးခင္ည သူ၏သူငယ္ခ်င္းမ်ားနဲ႔ အရက္တစ္လုံးနဲ႔တစ္ျပားေသာက္ခဲ့တယ္လို႔စုံစမ္းသိရွိရပါတယ္ ၊ အမ်ိဳးအစားမတူတဲ့အရက္တစ္ျပားေရာစပ္ၿပီးေသာက္တာေၾကာင့္ အိမ္ေရွ႕ေရာက္ခါနီး အမူးလြန္သြားတာျဖစ္ႏိုင္ပါတယ္ ၊မိမိအိမ္ကိုေက်ာ္လြန္သြားတာကိုမသိျခင္းအားျဖင့္ဇေဝဇဝါျဖင့္ေမာင္းလာရာမွ ႐ုတ္တရက္ျမစ္ထဲထိုးက်သြားတာဘဲဟုယူဆမိပါတယ္ ။ အိမ္နဲ႔ျမစ္ဆိပ္ဟာ (၁) မိုင္ခန႔္ေဝးကြာတယ္လို႔ဆိုၾကပါတယ္ ။ဆရာရဲ႕လည္ပင္းက ဆြဲႀကိဳး လက္စြပ္ နာရီ ၊ ေငြသားမ်ားမေပ်ာက္ဆုံးဘဲေတြ႕ရွိခဲ့ၾကၿပီးလက္ကိုင္ဖုန္းကေတာ့ေရစီးနဲ႔ေမ်ာသြားႏိုင္ပါသည္ ၊ သားငယ္ေလးကိုေပြ႕ဖက္ၿပီးဘယ္ေလာက္ေတာင္စိုးရိမ္ထိတ္လန႔္သြားမလဲဆိုတာ မေတြးရဲေအာင္ပါဘဲ..
Related image
အရက္ရဲ႕ဆိုးက်ိဳးေတြကိုဆရာက သာမာန္လူေတြထက္ပိုသိမွာပါဗ်ာ..အကယ္၍သာ သားငယ္ေလးဟာ ၅ ႏွစ္သား ၆ ႏွစ္သားအ႐ြယ္ေလာက္ဆိုရင္ အရက္ေသာက္ေနတဲ့ဖခင္ကိုၾကည့္ၿပီး” ေဖေဖ အရက္ေတြအမ်ားႀကီးမေသာက္နဲ႔ေလ သားအိပ္ခ်င္ၿပီ အိမ္ျပန္ၾကရေအာင္ေနာ္.. ေဖေဖ ” လို႔ မပီကလာပီကလာေျပာခဲ့မယ္ဆိုရင္ေတာင္ အခုေလာက္ထိအျဖစ္ဆိုးမ်ိဳးႀကဳံေတြ႕ခ်င္မွႀကဳံေတြ႕မွာပါ..ျဖစ္ေလရာဘဝမ်ိဳးမွာ ဒီလိုအျဖစ္မ်ိဳးနဲ႔မႀကဳံေတြ႕ရပါေစနဲ႔လို႔ဆုေတာင္းလိုက္ပါတယ္..မိသားစုႏွင့္အတူထပ္တူဝမ္းနည္းမိပါသည္..
Source-SM



Unicode



သားအဖနှစ်ယောက်ရင်ဆိုင်ခဲ့ကြရမယ့် စိတ်မကောင်းစရာအခြေအနေစစ်ဆေးတွေ့ရှိမှုများ


သားငယ်ကိုပွေ့ဖက်ပြီး ရေလွတ်တဲ့နောက်ခန်းထဲကိုသွားပြီးနောက်ဆုံးမိနစ်ပိုင်းအထိသားအဖနှစ်ယောက်ရင်ဆိုင်ခဲ့ကြပါလိမ့်မဲ့ စိတ်မကောင်းစရာအခြေအနေစစ်ဆေးတွေ့ရှိမှုများစိတ်မချမ်းမြေ့ဖွယ်သတင်းပေမဲ့ နမူနာယူ ဆင်ခြင်နိုင်စေရန်အတွက် ပြန်လည်မျှဝေခြင်းဖြစ်သည်။မော်လမြိုင်မြို့မှပျောက်ဆုံးနေသောဒေါက်တာအေးဇော်ထွန်းတို့သားအဖနှစ်ယောက်မောင်းနှင်လာသောကားမှာ အမူးလွန်၍အတ္ထရံမြစ်ထဲသို့ထိုးဆင်းသွားခြင်းဖြစ်တယ်လို့ထုတ်ပြန်လိုက်တဲ့သတင်းဖတ်လိုက်ရပါတယ်.

Image result for ဆရာဝန်သားအဖ သေဆုံးမှု

ကိုယ်တိုင်လည်းဆက်သွယ်မေးမြန်းကြည့်တော့ သေမှုသေခင်းမတော်တဆမှုဘဲဖြစ်တယ်လို့ကြားသိရပါတယ်..တစ်ကယ်လဲစိတ်မကောင်းပါဘူးလွန်ခဲ့တဲ့ဒီဇင်ဘာလ ပထမပတ် (၅) ရက်နေ့ကတည်းကမော်လမြိုင် မြို့ မျှော်လင့် (၁) ရပ်ကွက် ညောင်ပင်ဆိပ် ၊ မျှော်လင့်လမ်းမကြီးဘေးတွင်နေထိုင်သောဒေါက်တာအေးဇော်ထွန်းနဲ့ သုံးနှစ်သားရင်သွေးငယ်တို့ဟာ ညအချိန်စားသောက်ဆိုင်မှအပြန်ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီးရဲတပ်ဖွဲ့မှအပူတပြင်းလိုက်လံစုံစမ်းရှာဖွေခဲ့ကြပေမယ့်လည်းရှာမတွေခဲ့တဲ့နောက်ဆုံး CCTV မှတ်တမ်းများအရ အတ္ထရံမြစ်ထဲကို ရေငုပ်ရှာဖွေဘို့ဆုံးဖြတ်ခဲ့ကြရာမှ ယနေ့ ၁၁ နာရီခန့်မှာကားရော ရုပ်အလောင်းပါ စိတ်မကောင်းစွာရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ် ။မြစ်ထဲကနေ ၁၃:၀၅ မိနစ်မှာဆယ်ယူပြီး ဆေးရုံကြီးမှာ ရွံ့များကို ဆေးကြော စစ်ဆေးရှာဖွေရာ ဆရာဝန်သားအဖနှစ်ယောက်ရဲ့ DB ကိုနောက်ခန်းမှာဖက်လျက်တွေ့တယ်လို့ဆိုတော့ ကားဟာရေထဲထိုးကျကျခြင်း ဦးခေါင်းကအင်ဂျင်အလေးချိန်ကြောင့်အရင်နစ်မြှပ်နေစဉ်သားငယ်ကိုပွေ့ဖက်ပြီး ရေလွတ်တဲ့နောက်ခန်းထဲကိုသွားပြီးနောက်ဆုံးမိနစ်ပိုင်းအထိသားအဖနှစ်ယောက်ရင်ဆိုင်ခဲ့ကြပါလိမ့်မည် ။ DB ကိုတော့မနက်ဖြန်မှ ရင်ခွဲစစ်ဆေးမယ်လို့သိရပါတယ် ။

Image result for ဆရာဝန်သားအဖ သေဆုံးမှု

ကားရဲ့ဂီယာတန်ဟာ Rထိုးတာကိုတွေးဆခြင်းအားဖြင့် ရေထဲကျပြီလို့သိလိုက်ချိန် ကြောက်ကြောက်လန့်လန့်နဲ့ Back ဆုတ်ဘို့ကြိုးစားခဲ့တာဖြစ်နိုင်ပါတယ် ၊ ကားသော့ဟာ ACC ၂ဆင့်မှာတွေ့တယ်ဆိုတော့ ကားမှန်တွေကိုချကြည့်ဘို့အဖွင့်အပိတ်လုပ်ခဲ့တာလဲဖြစ်နိုင်ပါတယ် ၊အဖြစ်အပျက်ကမြန်တန်တာရယ် ၊ညဘက်ဖြစ်နေတာကြောင့်မည်သူမှမသိလိုက်ကြတာဟာလည်းကံဆိုးခြင်းပါဘဲလေ ၊ CCTV တွေရဲ့စစ်ဆေးတွေ့ရှိချက်အရ ကီလိုမီတာ ၂၀ /၃၀ လောက်ပဲ မောင်းတာကိုတွေ့တယ် ၊ကျိုက်မရော အဝိုင်းကို တည်တည်ငြိမ်ငြိမ်ပတ်သွားတယ် ၊ ည ၁၁ နာရီကျော်ကျော်မှာ ညောင်ပင်ဆိပ်မျှော်လင့်လမ်းမကြီးရှေ့ ဒေါက်တာအေးဇော်ထွန်းရဲ့အိမ်ရှေ့ကနေကားဖြတ်မောင်းသွားတယ်ဆိုတဲ့CCTV မှတ်တမ်းကို ဘေးအိမ်ကနေရရှိတဲ့အတွက် ရဲတပ်ဖွဲ့က မသင်္ကာတာနဲ့ဒီနေ့မနက် ၀၈:၀၀ ချိန်ကစပြီး ကျိုက်စနဲရပ်ကွက်က ရေငုပ်ကျွမ်းကျင်သမား ကိုဖိုးပါနဲ့ ကိုခေါင်းကြီးတို့နှစ်ယောက်ရေထဲဆင်းကာ အထက်အောက်အစုန်အဆန်ငုပ်ရှာရင်းကနေအဆန်ဘက် ကမ်းစပ်နဲ့ပေ ၂၀ ခန့်အကွာ အနက်ပေ ၁၀၀ ခန့်မှာ ကားကိုပက်လက်အနေအထားရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ” ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအသင်း ” ဥက္ကဌကိုဘိုဘိုဝင်းရဲ့ပြောပြချက်အရသိရပါတယ် ။



ဒေါက်တာဟာ မပျောက်ဆုံးခင်ည သူ၏သူငယ်ချင်းများနဲ့ အရက်တစ်လုံးနဲ့တစ်ပြားသောက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ် ၊ အမျိုးအစားမတူတဲ့အရက်တစ်ပြားရောစပ်ပြီးသောက်တာကြောင့် အိမ်ရှေ့ရောက်ခါနီး အမူးလွန်သွားတာဖြစ်နိုင်ပါတယ် ၊မိမိအိမ်ကိုကျော်လွန်သွားတာကိုမသိခြင်းအားဖြင့်ဇဝေဇဝါဖြင့်မောင်းလာရာမှ ရုတ်တရက်မြစ်ထဲထိုးကျသွားတာဘဲဟုယူဆမိပါတယ် ။ အိမ်နဲ့မြစ်ဆိပ်ဟာ (၁) မိုင်ခန့်ဝေးကွာတယ်လို့ဆိုကြပါတယ် ။ဆရာရဲ့လည်ပင်းက ဆွဲကြိုး လက်စွပ် နာရီ ၊ ငွေသားများမပျောက်ဆုံးဘဲတွေ့ရှိခဲ့ကြပြီးလက်ကိုင်ဖုန်းကတော့ရေစီးနဲ့မျောသွားနိုင်ပါသည် ၊ သားငယ်လေးကိုပွေ့ဖက်ပြီးဘယ်လောက်တောင်စိုးရိမ်ထိတ်လန့်သွားမလဲဆိုတာ မတွေးရဲအောင်ပါဘဲ..

Related image

အရက်ရဲ့ဆိုးကျိုးတွေကိုဆရာက သာမာန်လူတွေထက်ပိုသိမှာပါဗျာ..အကယ်၍သာ သားငယ်လေးဟာ ၅ နှစ်သား ၆ နှစ်သားအရွယ်လောက်ဆိုရင် အရက်သောက်နေတဲ့ဖခင်ကိုကြည့်ပြီး” ဖေဖေ အရက်တွေအများကြီးမသောက်နဲ့လေ သားအိပ်ချင်ပြီ အိမ်ပြန်ကြရအောင်နော်.. ဖေဖေ ” လို့ မပီကလာပီကလာပြောခဲ့မယ်ဆိုရင်တောင် အခုလောက်ထိအဖြစ်ဆိုးမျိုးကြုံတွေ့ချင်မှကြုံတွေ့မှာပါ..ဖြစ်လေရာဘဝမျိုးမှာ ဒီလိုအဖြစ်မျိုးနဲ့မကြုံတွေ့ရပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်..မိသားစုနှင့်အတူထပ်တူဝမ်းနည်းမိပါသည်..

Source-SM