ဒီဇင္ဘာ - ၂၅
ႏိုင္လင္းဦး
ေဆးကုသမႈခံယူေနသည့္ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ျပန္ေရာက္ရွိလာၿပီျဖစ္ေၾကာင္း ၄င္း၏ ဇနီးျဖစ္သူ ေဒၚယုယုေမ က လူမႈကြန္ယက္တြင္တင္ခဲ့သည္ ။
ျပန္လည္ေရာက္လာၿပီျဖစ္သည့္ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံသို႔ ဝင္ေရာက္ ဂါရဝျပဳေနၿပီး ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ မႏၲေလးၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္ ။
"ျပန္လာပါၿပီ ။ ေရာက္ေရာက္ခ်င္း အစ္မကို ဂါရဝျပဳပါတယ္။ရန္ကုန္(၅၄)မွာပါ၊မႏၲေလး၂၇/၁၂/၁၉ျပန္လာပါမည္" ဟု မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ၏ ဇနီးျဖစ္သူ ေဒၚယုယုေမ က လူမႈကြန္ယက္တြင္ တင္ခဲ့သည္ ။
မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ေသြးကင္ဆာ ျဖစ္ပြားေနသည္ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ က ေျပာၾကားထားၿပီး ေအာက္တိုဘာ ေနာက္ဆံုးပတ္ထဲက ထိုင္းႏိုင္ငံသို႔ ေဆးကုသခံယူရန္အတြက္ သြားေရာက္ခဲ့ျခင္းျဖစ္သည္ ။
လက္ရွိတြင္ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္၏ တာဝန္မ်ားကို မႏၲေလးတိုင္းေဒသႀကီး လွ်ပ္စစ္ စြမ္းအင္ ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္ က တာဝန္ယူထားေၾကာင္း သိရသည္ ။
Unicode
ဆေးကုသမှုခံယူနေသည့် မန်းဝန်ကြီးချုပ် ပြန်ရောက်
ဒီဇင်ဘာ - ၂၅
နိုင်လင်းဦး
ဆေးကုသမှုခံယူနေသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြန်ရောက်ရှိလာပြီဖြစ်ကြောင်း ၄င်း၏ ဇနီးဖြစ်သူ ဒေါ်ယုယုမေ က လူမှုကွန်ယက်တွင်တင်ခဲ့သည် ။
ပြန်လည်ရောက်လာပြီဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ရန်ကုန်မြို့ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဝင်ရောက် ဂါရဝပြုနေပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည် ။
"ပြန်လာပါပြီ ။ ရောက်ရောက်ချင်း အစ်မကို ဂါရဝပြုပါတယ်။ရန်ကုန်(၅၄)မှာပါ၊မန္တလေး၂၇/၁၂/၁၉ပြန်လာပါမည်" ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၏ ဇနီးဖြစ်သူ ဒေါ်ယုယုမေ က လူမှုကွန်ယက်တွင် တင်ခဲ့သည် ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ဖြစ်ပွားနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားထားပြီး အောက်တိုဘာ နောက်ဆုံးပတ်ထဲက ထိုင်းနိုင်ငံသို့ ဆေးကုသခံယူရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်သည် ။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ တာဝန်များကို မန္တလေးတိုင်းဒေသကြီး လျှပ်စစ် စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က တာဝန်ယူထားကြောင်း သိရသည် ။
0 Comments