
ကြန္တိန္နာဘားေတြ ပါဝင္တဲ့ ကမ္းနားလမ္း ညေဈးက ဆိုင္ခန္းအမ်ားစုကို ဇန္နဝါရီလ ေနာက္ဆုံးပတ္မွာ ဖြင့္လွစ္သြားမယ္လို႔ စီမံကိန္းကို အေကာင္အထည္ေဖာ္ေနတဲ့ A25 Myanmar Development ကုမၸဏီက ေျပာပါတယ္။

Yangon Night Market ကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီနဲ႔ A25 Myanmar Development ကုမၸဏီတို႔က ကမ္းနားလမ္းတေလွ်ာက္ ပန္းဆိုးတန္းလမ္းကေန ေ႐ႊတိဂုံဘုရား လမ္းအထိ ေဖာ္ေဆာင္ေနတာပါ။လက္ရွိမွာ ဆိုင္ခန္းေတြရဲ႕ ၇၅ ရာခိုင္ႏႈန္းေလာက္ ၿပီးစီးေနၿပီး ၁ လအတြင္း ဆိုင္အမ်ားစုကို ဖြင့္လွစ္ေတာ့မယ္လို႔ ဆိုပါတယ္။
Yangon Night Market မွာ စားေသာက္ဆိုင္ ၄ ဆိုင္၊ ကြန္တိန္နာဘား ၈ ဆိုင္၊ စားေသာက္ဆိုင္ခန္းငယ္ ၉၅ ဆိုင္၊ ျမန္မာ့႐ိုးရာလက္မႈပညာ အမွတ္တရပစၥည္း အေရာင္းဆိုင္ ၃၀ တို႔ ပါဝင္ၿပီး ကြန္တိန္နာဘားဆိုင္နဲ႔ စားေသာက္ဆိုင္တို႔မွာ အရက္ေရာင္းခ်ခြင့္မျပဳဘဲ ဘီယာ၊ ေကာ့ေတးပဲ ခြင့္ျပဳသြားမယ္လို႔သိရပါတယ္။ကမ္းနားလမ္းညေဈးကို က်ပ္ ႏွစ္ဘီလီယံေက်ာ္ အသုံးျပဳၿပီး A25 Myanmar Development ကုမၸဏီက ရာခိုင္ႏႈန္း ၆၀၊ ရန္ကုန္စည္ပင္က ရာခိုင္ႏႈန္း ၄၀ အက်ိဳးအျမတ္ခြဲေဝတဲ့ စနစ္နဲ႔ အေကာင္အထည္ေဖာ္ေနတာ ျဖစ္ပါတယ္။
Source-ဒီဗြီဘီ
Unicode
ကွန်တိန်နာဘားများ ပါသည့် ကမ်းနားလမ်းညဈေး ဆိုင်ခန်းများ ဇန်နဝါရီ ဖွင့်လှစ်မည်
ကွန်တိန်နာဘားတွေ ပါဝင်တဲ့ ကမ်းနားလမ်း ညဈေးက ဆိုင်ခန်းအများစုကို ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ဖွင့်လှစ်သွားမယ်လို့ စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ A25 Myanmar Development ကုမ္ပဏီက ပြောပါတယ်။
Image result for ကွန်တိန်နာဘား
Yangon Night Market ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ A25 Myanmar Development ကုမ္ပဏီတို့က ကမ်းနားလမ်းတလျှောက် ပန်းဆိုးတန်းလမ်းကနေ ရွှေတိဂုံဘုရား လမ်းအထိ ဖော်ဆောင်နေတာပါ။လက်ရှိမှာ ဆိုင်ခန်းတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီး ၁ လအတွင်း ဆိုင်အများစုကို ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။
Yangon Night Market မှာ စားသောက်ဆိုင် ၄ ဆိုင်၊ ကွန်တိန်နာဘား ၈ ဆိုင်၊ စားသောက်ဆိုင်ခန်းငယ် ၉၅ ဆိုင်၊ မြန်မာ့ရိုးရာလက်မှုပညာ အမှတ်တရပစ္စည်း အရောင်းဆိုင် ၃၀ တို့ ပါဝင်ပြီး ကွန်တိန်နာဘားဆိုင်နဲ့ စားသောက်ဆိုင်တို့မှာ အရက်ရောင်းချခွင့်မပြုဘဲ ဘီယာ၊ ကော့တေးပဲ ခွင့်ပြုသွားမယ်လို့သိရပါတယ်။ကမ်းနားလမ်းညဈေးကို ကျပ် နှစ်ဘီလီယံကျော် အသုံးပြုပြီး A25 Myanmar Development ကုမ္ပဏီက ရာခိုင်နှုန်း ၆၀၊ ရန်ကုန်စည်ပင်က ရာခိုင်နှုန်း ၄၀ အကျိုးအမြတ်ခွဲဝေတဲ့ စနစ်နဲ့ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
Source-ဒီဗွီဘီ
0 Comments