shutterstock/By Antonio Guillem
အမ်ိဳးသားတစ္ေယာက္ဟာ ဇနီးနဲ႔ ကေလးရွိေနတာေတာင္ ဘာေၾကာင့္ေဖာက္ျပန္ရတာလဲလို႔ ေတာ္ေတာ္မ်ားမ်ားက အံ့ၾသတတ္သလို ေမးခြန္းေတြလည္း ထုတ္တတ္ၾကပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ ေဖာက္ျပန္တဲ့ ေယာက်္ားေတာ္ေတာ္မ်ားမ်ားရဲ႕ တူညီတဲ့အေၾကာင္းျပခ်က္ေတြပဲ ျဖစ္ပါတယ္။ သင္သိခ်င္ေနတဲ့ ေမးခြန္းရဲ႕အေျဖကလညး္ ဒီထဲက တစ္ခုအပါအဝင္ျဖစ္ႏိုင္ပါတယ္။ ဖတ္ၾကည့္ရေအာင္ေနာ္။

(၁) လိင္ကိစၥေၾကာင့္


shutterstock/A
By andrey_l

အမ်ိဳးသားေတြဟာ ဇနီးျဖစ္သူနဲ႔ အာသာေျပတဲ့အထိ လိင္မႈကိစၥ မလုပ္ရတဲ့အခါေတြမွာ ေဖာက္ျပန္တတ္ၾကပါတယ္။ သင့္ကို သူစြဲေဆာင္ႏိုင္ေနဆဲပဲဆိုတာမ်ိဳး သူခံစားခ်င္ပါတယ္။ တစ္ခါတေလ သင္ဟာ အိမ္အလုပ္ေတြ၊ ကေလးထိန္းရျပဳရနဲ႔ ပင္ပန္းျပီး သူ႔ကိုလိင္မႈကိစၥ မလုပ္ေပးတာမ်ိဳးေတြ ရွိေနတတ္ပါတယ္။ ဒီလိုအခ်ိန္ေတြမ်ားလာတဲ့ အခါမွာေတာ့ အမ်ိဳးသားေတြဟာ အာသာေျဖဖို႔အတြက္ ေဖာက္ျပန္ၾကတာျဖစ္ပါတယ္။

(၂) ကုိယ့္ကိုယ္ကုိ ယံုၾကည္မႈျမႇင့္တင္တာျဖစ္တယ္

ေယာက်္ားေတြရဲ႔သဘာဝကိုက သားေကာင္မဟုတ္ပဲ မုဆိုးပါ။ သူတု႔ိမွာ မိ္န္းကေလးေတြနဲ႔ပတ္သက္ျပီး ဘယ္ေလာက္အစြမး္အစရွိေသးလဲ၊ ဘယ္ေလာက္အထိ လက္ေစာင္းထက္ေသးလဲဆိုတာကို အျမဲတမ္းသိခ်င္ၾကပါတယ္။ ဒါေၾကာင့္မို႔လို႔ပဲ သူတို႔ လိုခ်င္တဲ့မိန္းကေလးကို ရေအာင္လုိက္တယ္။ အဲဒီမိန္းကေလးကုိ ရႏိုင္သြားရင္ သူတုိ႔ကိုသူတို႔ ဂုဏ္ယူမဆံုးျဖစ္တတ္ၾကျပီး ယံုၾကည္မႈပိုရွိသြားၾကပါတယ္။ ဒါေၾကာင့္ပဲ အမ်ိဳးသားေတြ ေဖာက္ျပန္ၾကရတာျဖစ္ပါတယ္။

(၃) လက္စားေခ်တာ

သင့္ဖက္ကမေဖာက္ျပန္ဖူးရင္ေတာင္ သင္တို႔ႏွစ္ေယာက္ၾကားက ယံုၾကည္မႈတစ္ခုခုကို ေဖာက္ဖ်က္မိတာ၊ ဒါမွမဟုတ္ သူ႔ကို နာက်င္ေစလိုက္လို႔ ျပန္ကလဲ့စားေခ်တဲ့အေနနဲ႔ ေဖာက္ျပန္တာပါ။ တစ္ခါတေလ ဘာမွမဟုတ္ပဲ လိမ္လိုက္မိတဲ့ အေသးအမႊားေလးကအစ ျပႆနာေတြၾကီးသြားတတ္ပါတယ္။ သူနဲ႔စိတ္ဆိုးေနတဲ့အခ်ိန္ တစ္ျခားေယာက်္ားတစ္ေယာက္ေယာက္ကို သင္အေရးေပးမိသြားတာမ်ိဳးေၾကာင့္ဆိုရင္ ကေလးဆန္လိုက္တာလို႔ သင္ျမင္ေကာင္းျမင္မယ္၊ ဒါေပမယ့္ အမ်ိဳးသားေတြေဖာက္ျပန္ရတဲ့ အေၾကာင္းအရင္းေတြထဲမွာ ဒါလညး္ ထိပ္ဆံုးကပါဝင္ေနပါတယ္။ တစ္ခါတေလ ေတာင္းပန္စကားေျပာရံုေလာက္နဲ႔ မေက်ေအးႏိုင္ၾကတာေၾကာင့္ လက္စားေခ်လိုက္တာျဖစ္ပါတယ္။

(၄) အပယ္ခံလို ခံစားရလို႔

ဒါကေတာ့ သင့္အမွားမဟုတ္ပါဘူး။ သင္ဟာ ဘယ္ေလာက္ပဲ သူ႔ကိုခ်စ္တယ္ေျပာေျပာ၊ ဘယ္ေလာက္ပဲ သူ႔အတြက္ၾကိဳးစားၾကိဳးစား သူလိုခ်င္တာ အဲဒါမ်ိဳးမဟုတ္ပါဘူး။ သင့္အလုပ္ေတြအရမး္ရႈပ္ေနလို႔ သူ႔ကို အခ်ိန္မေပးႏိုင္တာေတြ မ်ားသြားတဲ့အခါ သူ႔ကိုယ္သူ အပယ္ခံတစ္ေယာက္လို ခံစားလာရပါတယ္။ ဒါေၾကာင့္ တစ္ေယာက္ေယာက္ရဲ႕ အာရံုစိုက္မႈကို ခံခ်င္လာပါတယ္။ အဲဒီ့အခ်ိန္မွာသာ စႏိုက္ေက်ာ္မနဲ႔ေတြ႕ရင္ေတာ့ ေၾကာင္ခံတြင္းပ်က္နဲ႔ ဆက္ရက္ေတာင္ပံက်ိဳးေတြ႕ေတာ့တာပါပဲ။

(၅) လြတ္လြတ္လပ္လပ္သမားမို႔လို႔


shutterstock/By Dean Drobot

သင္နဲ႔စခ်စ္တုန္းက သင့္ကို တကယ္အခ်စ္စစ္အခ်စ္မွန္နဲ႔ ခ်စ္တာပါ။ ဒါေပမယ့္ သူအခု တျခားတစ္ေယာက္ကို ေျပာင္းခ်စ္ခ်င္ေနပါျပီ။ ဘာအေၾကာင္းျပခ်က္မွ ရွိမွာလည္း မဟုတ္ပါဘူး။ သူ႔ရဲ႕ပင္ကိုဗီဇကိုက လြတ္လြတ္လပ္လပ္သမားမို႔လို႔ တစ္ေယာက္တည္း၊ တစ္ခုတည္းအေပၚမွာ မွီတြယ္ေနမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေဖာက္ျပန္ရတာပါ။
Em Em(Shwemom)

Unicode


ယောကျာ်းတွေ သစ္စာဖောက်ပြီးခြံခုန်ရတဲ့ ယေဘုယျအကြောင်းအရင်းများ


shutterstock/By Antonio Guillem

အမျိုးသားတစ်ယောက်ဟာ ဇနီးနဲ့ ကလေးရှိနေတာတောင် ဘာကြောင့်ဖောက်ပြန်ရတာလဲလို့ တော်တော်များများက အံ့သြတတ်သလို မေးခွန်းတွေလည်း ထုတ်တတ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ဖောက်ပြန်တဲ့ ယောကျ်ားတော်တော်များများရဲ့ တူညီတဲ့အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။ သင်သိချင်နေတဲ့ မေးခွန်းရဲ့အဖြေကလညး် ဒီထဲက တစ်ခုအပါအဝင်ဖြစ်နိုင်ပါတယ်။ ဖတ်ကြည့်ရအောင်နော်။


(၁) လိင်ကိစ္စကြောင့်

shutterstock/A
By andrey_l
အမျိုးသားတွေဟာ ဇနီးဖြစ်သူနဲ့ အာသာပြေတဲ့အထိ လိင်မှုကိစ္စ မလုပ်ရတဲ့အခါတွေမှာ ဖောက်ပြန်တတ်ကြပါတယ်။ သင့်ကို သူစွဲဆောင်နိုင်နေဆဲပဲဆိုတာမျိုး သူခံစားချင်ပါတယ်။ တစ်ခါတလေ သင်ဟာ အိမ်အလုပ်တွေ၊ ကလေးထိန်းရပြုရနဲ့ ပင်ပန်းပြီး သူ့ကိုလိင်မှုကိစ္စ မလုပ်ပေးတာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒီလိုအချိန်တွေများလာတဲ့ အခါမှာတော့ အမျိုးသားတွေဟာ အာသာဖြေဖို့အတွက် ဖောက်ပြန်ကြတာဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုမြှင့်တင်တာဖြစ်တယ်
ယောကျ်ားတွေရဲ့သဘာဝကိုက သားကောင်မဟုတ်ပဲ မုဆိုးပါ။ သူတို့မှာ မိ်န်းကလေးတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အစွမး်အစရှိသေးလဲ၊ ဘယ်လောက်အထိ လက်စောင်းထက်သေးလဲဆိုတာကို အမြဲတမ်းသိချင်ကြပါတယ်။ ဒါကြောင့်မို့လို့ပဲ သူတို့ လိုချင်တဲ့မိန်းကလေးကို ရအောင်လိုက်တယ်။ အဲဒီမိန်းကလေးကို ရနိုင်သွားရင် သူတို့ကိုသူတို့ ဂုဏ်ယူမဆုံးဖြစ်တတ်ကြပြီး ယုံကြည်မှုပိုရှိသွားကြပါတယ်။ ဒါကြောင့်ပဲ အမျိုးသားတွေ ဖောက်ပြန်ကြရတာဖြစ်ပါတယ်။

(၃) လက်စားချေတာ
သင့်ဖက်ကမဖောက်ပြန်ဖူးရင်တောင် သင်တို့နှစ်ယောက်ကြားက ယုံကြည်မှုတစ်ခုခုကို ဖောက်ဖျက်မိတာ၊ ဒါမှမဟုတ် သူ့ကို နာကျင်စေလိုက်လို့ ပြန်ကလဲ့စားချေတဲ့အနေနဲ့ ဖောက်ပြန်တာပါ။ တစ်ခါတလေ ဘာမှမဟုတ်ပဲ လိမ်လိုက်မိတဲ့ အသေးအမွှားလေးကအစ ပြဿနာတွေကြီးသွားတတ်ပါတယ်။ သူနဲ့စိတ်ဆိုးနေတဲ့အချိန် တစ်ခြားယောကျ်ားတစ်ယောက်ယောက်ကို သင်အရေးပေးမိသွားတာမျိုးကြောင့်ဆိုရင် ကလေးဆန်လိုက်တာလို့ သင်မြင်ကောင်းမြင်မယ်၊ ဒါပေမယ့် အမျိုးသားတွေဖောက်ပြန်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ဒါလညး် ထိပ်ဆုံးကပါဝင်နေပါတယ်။ တစ်ခါတလေ တောင်းပန်စကားပြောရုံလောက်နဲ့ မကျေအေးနိုင်ကြတာကြောင့် လက်စားချေလိုက်တာဖြစ်ပါတယ်။

(၄) အပယ်ခံလို ခံစားရလို့
ဒါကတော့ သင့်အမှားမဟုတ်ပါဘူး။ သင်ဟာ ဘယ်လောက်ပဲ သူ့ကိုချစ်တယ်ပြောပြော၊ ဘယ်လောက်ပဲ သူ့အတွက်ကြိုးစားကြိုးစား သူလိုချင်တာ အဲဒါမျိုးမဟုတ်ပါဘူး။ သင့်အလုပ်တွေအရမး်ရှုပ်နေလို့ သူ့ကို အချိန်မပေးနိုင်တာတွေ များသွားတဲ့အခါ သူ့ကိုယ်သူ အပယ်ခံတစ်ယောက်လို ခံစားလာရပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ခံချင်လာပါတယ်။ အဲဒီ့အချိန်မှာသာ စနိုက်ကျော်မနဲ့တွေ့ရင်တော့ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတွေ့တော့တာပါပဲ။

(၅) လွတ်လွတ်လပ်လပ်သမားမို့လို့

shutterstock/By Dean Drobot
သင်နဲ့စချစ်တုန်းက သင့်ကို တကယ်အချစ်စစ်အချစ်မှန်နဲ့ ချစ်တာပါ။ ဒါပေမယ့် သူအခု တခြားတစ်ယောက်ကို ပြောင်းချစ်ချင်နေပါပြီ။ ဘာအကြောင်းပြချက်မှ ရှိမှာလည်း မဟုတ်ပါဘူး။ သူ့ရဲ့ပင်ကိုဗီဇကိုက လွတ်လွတ်လပ်လပ်သမားမို့လို့ တစ်ယောက်တည်း၊ တစ်ခုတည်းအပေါ်မှာ မှီတွယ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖောက်ပြန်ရတာပါ။

Em Em(Shwemom)