ေတာင္ယာခုတ္မွားရင္ တစ္ႏွစ္ပဲ ဒုကၡေရာက္ရမွာပါ။ ဒါေပမယ့္ ေယာက်္ားယူမွားရင္ေတာ့ တစ္သက္လံုးစိတ္ဆင္းရဲ ေနရေတာ့မွာပါ။ ဒါေၾကာင့္ ပ်ိဳေမတို႔ အိမ္ေထာင္ဖက္ေရြးခ်ယ္ရာမွာ ဒီလိုလူမ်ိဳးကို လံုးဝေရွာင္ရွားသင့္ပါတယ္ေနာ္။
(၁) အာဏာရခ်င္တဲ့ေယာက်္ား
ရုပ္ရွင္သြားၾကည့္ရင္ေတာင္ သင္ကဒီကားၾကည့္ခ်င္တယ္ဆို သူက တျခားကားအတြက္ လက္မွတ္ျဖတ္တာမ်ိဳး၊ အရာရာတုိင္းမွာ သူ႔ဆံုးျဖတ္ခ်က္သာအတည္ သူ႔ဆံုးျဖတ္ခ်က္သာအမွန္ ျဖစ္ခ်င္ေနတဲ့သူမ်ိဳးပါ။ ဒါေတာင္သူဟာ ခ်စ္သူအဆင့္ပဲ ရွိေသးတာပါ။ အိမ္ေထာင္သည္ဘဝေရာက္သြားရင္ ဒီထက္မက သင့္ကို ခ်ဳပ္ခ်ယ္တာေတြ၊ အာဏာျပတာေတြ လုပ္လာေတာ့မွာပါ။ စစ္မွန္တဲ့ အခ်စ္မွာ ဘယ္သူမွ ေဘာ့စ္ ျဖစ္ခ်င္ေနလို႔ မရပါဘူး။
(၂) အထိန္းအကြပ္မဲ့စြာစကားေျပာတတ္တဲ့ေယာက်္ား
သင့္ကို ဘယ္ေတာ့မွ အေလွ်ာ့မေပးပါဘူး။ သင့္ကို အႏိုင္ရဖို႔ ေျပာသင့္တာေတြ၊ မေျပာသင့္တာေတြ မစဥ္းစားပဲ ေျပာခ်င္ရာကိုေျပာမွာပါ။ ဒီလိုလူမ်ိဳးဟာ သူ႔ကိုသူဘဝင္ အရမ္းရူးေနတာလည္းျဖစ္ႏိုင္သလို၊ သင့္ကို အထင္အျမင္ေသးလြန္း ေနတာလညး္ ျဖစ္ႏိုင္ပါတယ္။ အဆင့္အတန္းမရွိတဲ့ အက်င့္စရိုက္လညး္ ျဖစ္ေနတာေၾကာင့္ အဲလိုေယာက်္ားမ်ိဳးကို လံုးဝလက္မထပ္မိပါေစနဲ႔ေနာ္။
(၃) အႏိုင္က်င့္တတ္တဲ့ေယာက်္ား
သင့္ကို စိတ္ပိုင္းဆိုင္ရာအားနည္းေအာင္ အမ်ိဳးမ်ိးႏွိ္ပ္စက္ေနတဲ့ ေယာက်္ားမ်ိဳးပါ။ သင့္ရဲ႕ အားနည္းခ်က္ေတြကို ေဖာ္ထုတ္ျပီး သင့္ကိုအႏိုင္ယူေနတတ္တဲ့ သူမ်ိဳးပါ။ အဲလိုလူမ်ိဳးဟာ တစ္ခါတေလ ရုပ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ေစတတ္တာေၾကာင့္ အျမန္ဆံုး သူနဲ႔ေဝးေအာင္ေနပါ။ သူနဲ႔ ယူမိလို႕ကေတာ့ လင္ဆိုးမယား တဖားဖား ျဖစ္ေနေတာ့မွာပါ။
(၄) ကတိမတည္တတ္တဲ့ေယာက်္ား
သင့္ကို ပန္းခင္းၾကီးဝယ္ေပးဖို႔ ကတိေတြေပးျပီး တကယ္တမ္းက် ပန္းစည္းေတာင္ မေပးဖူးတဲ့ သူမ်ိဳးပါ။ သင္နဲ႔ခ်ိ္န္းတိုင္း အျမဲတမ္းေနာက္က်ေနမွာပါ။ ဘယ္ေတာ့မွ သူ႔စကားအတိုင္း မလုပ္သလို၊ ဆင္ေျခေတြ အမ်ားၾကီးကို အခ်ိန္ျပည့္ေပးေနႏိုင္တဲ့ သူမ်ိဳးပါ။ အဲလိုလူကို ေဝးေဝးေရွာင္ပါ။
(၅) မယံုၾကည္ရတဲ့ ေယာက်္ား
အထူးသျဖင့္ မိန္းကေလးေတြနဲ႔ ပတ္သက္ျပီး မယံုၾကည္ရတဲ့ေယာက်္ားမ်ိဳးပါ။ အခ်ိန္တိုင္းသင့္ကို ပူပန္ေသာကေတြကိုပဲ ေပးေနမွာပါ။ သင့္မွာ ဘာမွေတာင္ ေျဖာင့္ေျဖာင့္မလုပ္ႏိုင္ပဲ သူ႔ကိုေျခရာခံေနရတာနဲ႔တင္ ပင္ပန္းေနရမွာပါ။ လက္ထပ္ျပီးရင္ေကာင္းသြားမွာပါ လို႔မ်ားေယာင္လို႔ေတာင္မေတြးပါနဲ႔။ ပိုေတာင္ဆိုးသြားပါဦးမယ္။ ဒါေၾကာင့္ ဒီလိုလူကို အေစာၾကီးကတည္းက ဇယားရွင္းလိုက္တာ အေကာင္းဆံုးပါ။
(၆) မစာနာတတ္တဲ့ေယာက်္ား
အိမ္အလုပ္ေတြအပါအဝင္ ေအာက္ေျခသိမ္းအလုပ္ မွန္သမွ် သင့္တစ္ေယာက္တည္းရဲ႕ အလုပ္လို႔ သတ္မွတ္ထားတဲ့သူမ်ိဳးပါ။ အဲလိုသတ္မွတ္ထားတာကလည္း အဓိကအခ်က္က စာနာစိတ္မရွိလို႔ပါ။ အားႏြဲ႔တဲ့ မိန္းမသားေတြကို စာနာသနားရေကာင္းမွန္း မသိပဲ သိမ္းၾကံဳးခိုင္းခ်င္ေနတဲ့ ေယာက်္ားမ်ိဳးကို ယူရင္ေတာ့ တစ္သက္လံုး ပင္ပန္းၾကီးစြာ ေနရေတာ့မွာပါ။
Em Em (shwemom)
Unicode
အိမ်ထောင်ကျပြီး စိတ်ဆင်းရဲနောင်တမရချင်ရင် ဒီလိုယောကျာ်းအမျိုးအစားတွေကို ရှောင်ပါ
unsplash/Kat J
တောင်ယာခုတ်မှားရင် တစ်နှစ်ပဲ ဒုက္ခရောက်ရမှာပါ။ ဒါပေမယ့် ယောကျ်ားယူမှားရင်တော့ တစ်သက်လုံးစိတ်ဆင်းရဲ နေရတော့မှာပါ။ ဒါကြောင့် ပျိုမေတို့ အိမ်ထောင်ဖက်ရွေးချယ်ရာမှာ ဒီလိုလူမျိုးကို လုံးဝရှောင်ရှားသင့်ပါတယ်နော်။
(၁) အာဏာရချင်တဲ့ယောကျ်ား
ရုပ်ရှင်သွားကြည့်ရင်တောင် သင်ကဒီကားကြည့်ချင်တယ်ဆို သူက တခြားကားအတွက် လက်မှတ်ဖြတ်တာမျိုး၊ အရာရာတိုင်းမှာ သူ့ဆုံးဖြတ်ချက်သာအတည် သူ့ဆုံးဖြတ်ချက်သာအမှန် ဖြစ်ချင်နေတဲ့သူမျိုးပါ။ ဒါတောင်သူဟာ ချစ်သူအဆင့်ပဲ ရှိသေးတာပါ။ အိမ်ထောင်သည်ဘဝရောက်သွားရင် ဒီထက်မက သင့်ကို ချုပ်ချယ်တာတွေ၊ အာဏာပြတာတွေ လုပ်လာတော့မှာပါ။ စစ်မှန်တဲ့ အချစ်မှာ ဘယ်သူမှ ဘော့စ် ဖြစ်ချင်နေလို့ မရပါဘူး။
(၂) အထိန်းအကွပ်မဲ့စွာစကားပြောတတ်တဲ့ယောကျ်ား
shutterstock/suzan della
သင့်ကို ဘယ်တော့မှ အလျှော့မပေးပါဘူး။ သင့်ကို အနိုင်ရဖို့ ပြောသင့်တာတွေ၊ မပြောသင့်တာတွေ မစဉ်းစားပဲ ပြောချင်ရာကိုပြောမှာပါ။ ဒီလိုလူမျိုးဟာ သူ့ကိုသူဘဝင် အရမ်းရူးနေတာလည်းဖြစ်နိုင်သလို၊ သင့်ကို အထင်အမြင်သေးလွန်း နေတာလညး် ဖြစ်နိုင်ပါတယ်။ အဆင့်အတန်းမရှိတဲ့ အကျင့်စရိုက်လညး် ဖြစ်နေတာကြောင့် အဲလိုယောကျ်ားမျိုးကို လုံးဝလက်မထပ်မိပါစေနဲ့နော်။
(၃) အနိုင်ကျင့်တတ်တဲ့ယောကျ်ား
သင့်ကို စိတ်ပိုင်းဆိုင်ရာအားနည်းအောင် အမျိုးမျိးနှိ်ပ်စက်နေတဲ့ ယောကျ်ားမျိုးပါ။ သင့်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီး သင့်ကိုအနိုင်ယူနေတတ်တဲ့ သူမျိုးပါ။ အဲလိုလူမျိုးဟာ တစ်ခါတလေ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတတ်တာကြောင့် အမြန်ဆုံး သူနဲ့ဝေးအောင်နေပါ။ သူနဲ့ ယူမိလို့ကတော့ လင်ဆိုးမယား တဖားဖား ဖြစ်နေတော့မှာပါ။
(၄) ကတိမတည်တတ်တဲ့ယောကျ်ား
shutterstock/veronica
သင့်ကို ပန်းခင်းကြီးဝယ်ပေးဖို့ ကတိတွေပေးပြီး တကယ်တမ်းကျ ပန်းစည်းတောင် မပေးဖူးတဲ့ သူမျိုးပါ။ သင်နဲ့ချိ်န်းတိုင်း အမြဲတမ်းနောက်ကျနေမှာပါ။ ဘယ်တော့မှ သူ့စကားအတိုင်း မလုပ်သလို၊ ဆင်ခြေတွေ အများကြီးကို အချိန်ပြည့်ပေးနေနိုင်တဲ့ သူမျိုးပါ။ အဲလိုလူကို ဝေးဝေးရှောင်ပါ။
(၅) မယုံကြည်ရတဲ့ ယောကျ်ား
အထူးသဖြင့် မိန်းကလေးတွေနဲ့ ပတ်သက်ပြီး မယုံကြည်ရတဲ့ယောကျ်ားမျိုးပါ။ အချိန်တိုင်းသင့်ကို ပူပန်သောကတွေကိုပဲ ပေးနေမှာပါ။ သင့်မှာ ဘာမှတောင် ဖြောင့်ဖြောင့်မလုပ်နိုင်ပဲ သူ့ကိုခြေရာခံနေရတာနဲ့တင် ပင်ပန်းနေရမှာပါ။ လက်ထပ်ပြီးရင်ကောင်းသွားမှာပါ လို့များယောင်လို့တောင်မတွေးပါနဲ့။ ပိုတောင်ဆိုးသွားပါဦးမယ်။ ဒါကြောင့် ဒီလိုလူကို အစောကြီးကတည်းက ဇယားရှင်းလိုက်တာ အကောင်းဆုံးပါ။
(၆) မစာနာတတ်တဲ့ယောကျ်ား
shutterstock/pactrica minn
အိမ်အလုပ်တွေအပါအဝင် အောက်ခြေသိမ်းအလုပ် မှန်သမျှ သင့်တစ်ယောက်တည်းရဲ့ အလုပ်လို့ သတ်မှတ်ထားတဲ့သူမျိုးပါ။ အဲလိုသတ်မှတ်ထားတာကလည်း အဓိကအချက်က စာနာစိတ်မရှိလို့ပါ။ အားနွဲ့တဲ့ မိန်းမသားတွေကို စာနာသနားရကောင်းမှန်း မသိပဲ သိမ်းကြုံးခိုင်းချင်နေတဲ့ ယောကျ်ားမျိုးကို ယူရင်တော့ တစ်သက်လုံး ပင်ပန်းကြီးစွာ နေရတော့မှာပါ။
Em Em (shwemom)
0 Comments