Twitter
ဖင္လန္ႏုိင္ငံမွာ ႏွင္းေတြ ထူထပ္ေအာင္ က်ေနတာေၾကာင့္ အိမ္အျပင္ထြက္ဖုိ႔ေတာင္ ခက္ခဲေနၾကခ်ိန္မွာ ႏွင္းေလ်ာစီး ၀ါသနာပါသူတစ္ေယာက္ကေတာ့ ႏွင္းက်ခ်ိန္ကုိ အသုံးျပဳၿပီး ႏွစ္ထပ္အျမင့္ရွိတဲ့ အားကစားခန္းမရဲ႕ေခါင္မုိးေပၚကေန ႏွင္းေလ်ာစီးဖုိ႔ ႀကိဳးစားခဲ့တာကုိ ေတြ႕ခဲ့ရပါတယ္။
သူလုပ္ခဲ့တာက တကယ့္ကုိ အႏၱရာယ္မ်ားတဲ့အေနအထားပါ။ နည္းနည္းေလး အတိမ္းအေစာင္းျဖစ္လုိက္တာနဲ႔ ဒဏ္ရာရသြားဖုိ႔လည္း ရွိေနခဲ့တာပါ။
Twitter / Tobbe Tousamen
ဒါေပမယ့္လည္း ေနးလ္ ရွက္ခ္ လုိ႔ေခၚတဲ့ အမ်ိဳးသားကေတာ့ ႏွစ္ထပ္တုိက္ရဲ႕ ေခါင္မုိးေပၚက ႏွင္းဖုံးေနတဲ့ ေနရာေလးကုိအသုံးခ်သြားခဲ့ၿပီး အဲဒီအေပၚကေန စကိတ္ဘုတ္ျပားနဲ႔ ေလ်ာဆင္းဖုိ႔  ႀကိဳးစားခဲ့တာပါ။
သူက ေအာက္ကုိ ဆင္းဖုိ႔အတြက္ တုိက္ရဲ႕ အေရွ႕ဖက္ပုိင္း ေနရာက်ဥ္းက်ဥ္းေလးကုိ အသုံးျပဳခဲ့ရၿပီး အဲဒီေနရာေပၚ အတိအက်ေရာက္ႏုိင္မွသာ ေအာက္ကုိ အဆင္ေျပေျပဆင္းႏုိင္မယ့္ အေနအထားပါ။
Twitter / Tobbe Tousamen
ဒါေပမယ့္လည္း ေနးလ္ ကေတာ့ ေအာင္ေအာင္ျမင္ျမင္ပဲ လုပ္ႏုိင္ခဲ့ပါတယ္။ ၾကည့္တဲ့သူေတြကသာ ရင္တမမ ျဖစ္ခဲ့ရေပမယ့္ သူကေတာ့ ေအးေအးေဆးေဆးပါပဲ။
ေအာက္ဖက္မွာေတာ့ သူ႕ကုိ မွတ္တမ္းတင္ ဗီဒီယုိရုိက္ေပးမယ့္ သူငယ္ခ်င္းတစ္ဦးက အသင့္ေစာင့္ေနၿပီး သူ႕ရဲ႕ ႀကိဳးစားမႈကုိ ရုိက္ကူးေပးခဲ့တာပါ။
Twitter / Tobbe Tousamen
ေနးလ္ဟာ ေခါင္မုိးေပၚကေန ေအာက္ကုိေရာက္ဖုိ႔ ဆယ္စကၠန္႔သာ ၾကာခဲ့ၿပီး ဒီ ဗီဒီယုိဖုိင္ကုိ ၾကည့္ရႈသူေတြကေတာ့ ဒါဟာ ခႏၶာကုိယ္ရဲ႕ဟန္ခ်က္ကုိ ထိန္းႏုိင္မႈနဲ႔လည္း ဆုိင္တယ္ဆုိတဲ့အေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။
Video Player
00:00
00:00
Linn

Unicode


နှင်းဖုံးနေတဲ့ အိမ်ခေါင်မိုးပေါ်ကနေ စကိတ်ဘုတ်ပြားစီးပြခဲ့တဲ့ အမျိုးသား


Twitter

ဖင်လန်နိုင်ငံမှာ နှင်းတွေ ထူထပ်အောင် ကျနေတာကြောင့် အိမ်အပြင်ထွက်ဖို့တောင် ခက်ခဲနေကြချိန်မှာ နှင်းလျောစီး ၀ါသနာပါသူတစ်ယောက်ကတော့ နှင်းကျချိန်ကို အသုံးပြုပြီး နှစ်ထပ်အမြင့်ရှိတဲ့ အားကစားခန်းမရဲ့ခေါင်မိုးပေါ်ကနေ နှင်းလျောစီးဖို့ ကြိုးစားခဲ့တာကို တွေ့ခဲ့ရပါတယ်။


သူလုပ်ခဲ့တာက တကယ့်ကို အန္တရာယ်များတဲ့အနေအထားပါ။ နည်းနည်းလေး အတိမ်းအစောင်းဖြစ်လိုက်တာနဲ့ ဒဏ်ရာရသွားဖို့လည်း ရှိနေခဲ့တာပါ။


Twitter / Tobbe Tousamen
ဒါပေမယ့်လည်း နေးလ် ရှက်ခ် လို့ခေါ်တဲ့ အမျိုးသားကတော့ နှစ်ထပ်တိုက်ရဲ့ ခေါင်မိုးပေါ်က နှင်းဖုံးနေတဲ့ နေရာလေးကိုအသုံးချသွားခဲ့ပြီး အဲဒီအပေါ်ကနေ စကိတ်ဘုတ်ပြားနဲ့ လျောဆင်းဖို့  ကြိုးစားခဲ့တာပါ။

သူက အောက်ကို ဆင်းဖို့အတွက် တိုက်ရဲ့ အရှေ့ဖက်ပိုင်း နေရာကျဉ်းကျဉ်းလေးကို အသုံးပြုခဲ့ရပြီး အဲဒီနေရာပေါ် အတိအကျရောက်နိုင်မှသာ အောက်ကို အဆင်ပြေပြေဆင်းနိုင်မယ့် အနေအထားပါ။


Twitter / Tobbe Tousamen

ဒါပေမယ့်လည်း နေးလ် ကတော့ အောင်အောင်မြင်မြင်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကြည့်တဲ့သူတွေကသာ ရင်တမမ ဖြစ်ခဲ့ရပေမယ့် သူကတော့ အေးအေးဆေးဆေးပါပဲ။

အောက်ဖက်မှာတော့ သူ့ကို မှတ်တမ်းတင် ဗီဒီယိုရိုက်ပေးမယ့် သူငယ်ချင်းတစ်ဦးက အသင့်စောင့်နေပြီး သူ့ရဲ့ ကြိုးစားမှုကို ရိုက်ကူးပေးခဲ့တာပါ။


Twitter / Tobbe Tousamen
နေးလ်ဟာ ခေါင်မိုးပေါ်ကနေ အောက်ကိုရောက်ဖို့ ဆယ်စက္ကန့်သာ ကြာခဲ့ပြီး ဒီ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူတွေကတော့ ဒါဟာ ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို ထိန်းနိုင်မှုနဲ့လည်း ဆိုင်တယ်ဆိုတဲ့အကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Video Player
00:0000:00
Linn