လက္ရွိမွာ လူနာနံပါတ္ ၈ ဟာ ေဝဘာဂီအထူးကုေဆး႐ုံမွာ ေစာင့္ၾကည့္ကုသမႈခံယူေနပါတယ္
။ဓာတ္ပုံ မူပိုင္YE AUNG THU
လက္ရွိမွာ လူနာနံပါတ္ ၈ ဟာ ေဝဘာဂီအထူးကုေဆး႐ုံမွာ ေစာင့္ၾကည့္ကုသမႈခံယူေနပါတယ္။
(၁) ကိုဗစ္လူနာနံပါတ္ ၈ နဲ႔ ထိေတြ႕ခဲ့တဲ့ျပင္သစ္ ၄ ေလးဦးကို ၁၄ ရက္ သီးသန႔္ေစာင့္ၾကည့္
ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ လူနာ နံပါတ္ ၈ ဧည့္လမ္းညႊန္ ဝန္ေဆာင္မႈေပးခဲ့တဲ့ ျပင္သစ္နိုင္ငံသား ၄ ဦးကို သူတို႔ လက္ရွိတည္းခိုေနတဲ့ Green Hill ဟိုတယ္မွာ ၁၄ ရက္ၾကာ သီးသန႔္ေစာင့္ၾကည့္ေနပါတယ္။
"ဒီဧည့္သည္ေတြကို က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ရက္အတိုင္း ထားမွာပါ။ လက္ရွိဟိုတယ္မွာ ရွိေနပါတယ္" လို႔ Green Hill ဟိုတယ္က တာဝန္ရွိသူတစ္ဦးက ဘီဘီစီကို မတ္လ ၂၉ ရက္နံနက္မွာ ေျပာပါတယ္။
ဒီျပင္သစ္ ၄ ဦးဟာ မူလက ဒီကေန႔မတ္လ ၂၉ ရက္မွာ ျမန္မာနိုင္ငံက ျပန္လည္ထြက္ခြာဖို႔စီစဥ္ထားတာျဖစ္ပါတယ္။
ဒါ့အျပင္ ဒီလူနာ ဝန္ေဆာင္မႈေပးခဲ့တဲ့အထဲက ျပင္သစ္နိုင္ငံသား ခုနစ္ဦးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာနိုင္ငံက ျပန္လည္ထြက္ခြာသြားတဲ့အတြက္ အဲဒီခုနစ္ဦးကိုလည္း ျပင္သစ္သံ႐ုံးကို အေၾကာင္းၾကားထားၿပီး သူတို႔ ေရာက္ရွိေနတဲ့ေနရာမွာ သီးသန႔္ ကြာရန္တင္းလုပ္နိုင္ဖို႔ အေၾကာင္းၾကား ထားတယ္လို႔ ျမန္မာနိုင္ငံဧည့္လမ္းညႊန္မ်ားအသင္း ဥကၠ႒ ဦးေအာင္ထြန္းလင္းက ဘီဘီစီကိုေျပာပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာနံပါတ္ ၈ ဟာ မတ္လ ၁၄ ရက္ကေန ၁၉ ရက္အထိ ျပင္သစ္နိုင္ငံသားခရီးသြားဧည့္သည္ေတြကို ဧည့္လမ္းညႊန္ ဝန္ေဆာင္မႈေပးခဲ့တာျဖစ္ပါတယ္။
မတ္လ ၂၅ ရက္မွာ ဖ်ားနာလာတဲ့အတြက္ ရန္ကုန္ေဆး႐ုံႀကီးကို သြားေရာက္ျပသခဲ့ၿပီးေနာက္ ေဆးစစ္ခ်က္အေျဖအရ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံေန ရေၾကာင္း အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။
"ကၽြန္ေတာ္တို႔သိသေလာက္ ဒီေန႔ထိ ျပင္သစ္ ၄ ဦးကေတာ့ ေနေကာင္းေနပါတယ္။ ဒါေပမဲ့ ျပင္သစ္ကိုျပန္သြားတဲ့သူေတြရဲ့အေျခအေနက ကၽြန္ေတာ္တို႔ တိတိက်က် မသိဘူးျဖစ္ေနတယ္။ လူနာကလည္း ဒီကေန႔ထိ က်န္းမာေရးေကာင္းပါတယ္။ တစ္ခုေပါ့ေနာ္။ ဟိုမွာျပန္သြားတဲ့ဧည့္သည္ေတြလည္း အေျခအေနေကာင္းတယ္။ ဒီကဧည့္သည္ေတြလည္း အေျခအေနေကာင္းတယ္ဆို တစ္ခုပဲ ကိုယ့္ျပည္တြင္းက ျဖစ္ေနမွာစိုးလို႔ ဆိုတဲ့ တစ္ခ်က္ေပါ့ေနာ္။ ျဖစ္နိုင္ေျခမ်ားတာကေတာ့ ဧည့္သည္ကေန ကူးစက္တာျဖစ္နိုင္ေျခမ်ားပါတယ္"လို႔ ဦးေအာင္ထြန္းလင္းက ေျပာပါတယ္။
လက္ရွိမွာ လူနာနံပါတ္ ၈ ဟာ ေဝဘာဂီအထူးကုေဆး႐ုံမွာ ေစာင့္ၾကည့္ကုသမႈခံယူေနပါတယ္။
အသက္ ၆၀ အရြယ္ ဧည့္လမ္းညႊန္ဟာ ၿပီးခဲ့တဲ့သတင္းပတ္အတြင္း ျပင္သစ္ခရီးသည္ေတြနဲ႔အတူ ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း၊ မုံရြာ၊ ပခုကၠဴ၊ ပုဂံ၊ ေညာင္ဦး၊ ပုပၸါး၊ ပင္းတယ၊ အင္းေလး၊ ငပလီ စတဲ့ ေနရာ ၁၀ ေနရာထက္မနည္းကို သြားခဲ့တာျဖစ္တယ္လို႔ မႏၲေလးဇုန္ဧည့္လမ္းညႊန္အသင္းက ထုတ္ျပန္ထားပါတယ္။
(၂) က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရသူေၾကာင့္ ဆရာဝန္တခ်ိဳ႕ စိတ္ပ်က္
က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ ဗဟိုကူးစက္ေရာဂါဌာနခြဲက ညႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးရဲ့ လူမႈကြန္ရက္မွာ မေန႔က ေရးသားခ်က္ေၾကာင့္ ဆရာဝန္နဲ႔ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕ စိတ္ပ်က္ခဲ့ၾကပါတယ္။
ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ့လူမႈကြန္ရက္မွာ က်န္းမာေရးဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္ျဖစ္တဲ့ တိုင္းနဲ႔ျပည္နယ္အလိုက္ ေဆး႐ုံေတြမွာ ေဆးနဲ႔ေဆးပစၥည္းျဖန႔္ေဝထားမႈစာရင္းနဲ႔အတူ "အဓိပၸာယ္မရွိ ေလၽွာက္တင္တဲ့သူကိုလဲ အေရးယူဖို႔ကိစၥ စီစဥ္ေနပါၿပီေနာ္၊ ေသေသခ်ာခ်ာ တိတိက်က်မေရးဘဲ ရမ္းသန္းမွန္းတမ္းေရးၿပီး attention ယူတဲ့သူေတြလည္း ျပင္ဆင္ထားပါေနာ္"လို႔ အစခ်ီၿပီးပို႔စ္တစ္ခုေရးသားခဲ့တာပါ။
အဲဒီမတိုင္ခင္က ပင္းတယက မီးအိမ္ရွင္လို႔ လူသိမ်ားတဲ့ လက္ရွိပုသိမ္ျပည္သူ႔ေဆး႐ုံေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္အပါအဝင္ တိုင္းနဲ႔ ျပည္နယ္အမ်ားစုကေဆး႐ုံေတြမွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ ေဆး႐ုံအုပ္ႀကီးေတြ၊ ဆရာဝန္ႀကီးေတြအပါအဝင္ ဆရာဝန္ေတြဟာ ေဆး႐ုံေတြမွာ ေရာဂါကာကြယ္ေရးဝတ္စုံေတြ၊ အသက္ရႉစက္ေတြနဲ႔ ႏွာေခါင္းစည္းေတြ စတဲ့ ကုသေရးပစၥည္း ကိရိယာေတြလိုအပ္ေနလို႔ လႉဒါန္းေပးၾကဖို႔ ျပည္သူကိုပန္ၾကားအသိေပးတာေတြရွိခဲ့ပါတယ္။
မေန႔က ေဒါက္တာခင္ခင္ႀကီးရဲ့ အေရးယူမယ္ဆိုတဲ့ အသုံးအႏႈန္းေၾကာင့္ ေရွ႕တန္းက ပါဝင္ကုသေပးေနတဲ့ ဆရာဝန္ေတြ ေဒါသထြက္စိတ္ပ်က္ၿပီး လူမႈကြန္ရက္ကတစ္ဆင့္ျပန္လည္တုံ႔ျပန္ေရးသားခဲ့ၾကပါတယ္။
အခုလို ဝန္ႀကီးဌာန ေျပာခြင့္ရသူကိုယ္တိုင္က ေဆးဝန္ထမ္းေတြဆရာဝန္ေတြရဲ့ေရွ႕တန္းက ေရာဂါကိုခုခံတိုက္ေနရတဲ့အေျခအေနေပၚနားမလည္ဘဲ အေရးယူမယ္ဆိုတဲ့အေပၚ စိတ္ပ်က္မိေၾကာင္းနဲ႔ အသက္စြန႔္ေဆးကုေပးေနရတဲ့အေျခအေနကိုျပန္လည္သုံးသပ္ရေတာ့မယ္လို႔ ဆရာဝန္တခ်ိဳ႕က တုံ႔ျပန္ခဲ့ၾကပါတယ္။
ဒီပို႔စ္ေၾကာင့္ပဲ အလႉရွင္တခ်ိဳ႕က လႉဖို႔ျပင္ဆင္ထားတာေတြ လႉရမွာလားမလႉရဘူးလားလို႔ လူမႈကြန္ရက္မွာေရးသားေမးခြန္းထုတ္လာတာေတြရွိလာၿပီး ေဝဖန္မႈေတြရွိလာတဲ့ေနာက္ ေဒါက္တာခင္ခင္ႀကီးက သူ႔ပို႔စ္ကို ျပန္လည္တည္းျဖတ္ျပင္ဆင္ခဲ့ပါတယ္။
ဒီပို႔စ္က ဝန္ႀကီးဌာနအေပၚ အစိုးရအေပၚ အယုံအၾကည္ ကင္းမဲ့ေအာင္ ေရးသူကိုပဲ ဆိုလိုပါတယ္၊ ဆရာဝန္ေတြ လိုတဲ့ပစၥည္းကို အလႉခံေနတာနဲ႔ မပတ္သက္ပါ လို႔ သူက ျပန္ေရးခဲ့ပါတယ္။
(၃) ထိုင္းနယ္စပ္က ျပန္လာတဲ့ ျမန္မာလုပ္သားေတြကို ေအာင္မဂၤလာအေဝးကြင္းကတစ္ဆင့္ ေနရပ္ကိုပို႔ေဆာင္ေပး
ျပန္ဝင္လာသူေတြထဲမွာ ရခိုင္ျပည္နယ္ ခရိုင္ငါးခုက လုပ္သားေတြလည္းပါ
ျပန္ဝင္လာသူေတြထဲမွာ ရခိုင္ျပည္နယ္ ခရိုင္ငါးခုက လုပ္သားေတြလည္းပါ
ထိုင္း-ျမန္မာနယ္စပ္ ျမဝတီနယ္စပ္ဂိတ္ကေနတစ္ဆင့္ ျပန္လည္ဝင္ေရာက္လာခဲ့ၾကတဲ့ ျမန္မာနိုင္ငံသားေတြကို ရန္ကုန္ၿမိဳ႕ ေအာင္မဂၤလာ အေဝးေျပးကားဂိတ္မွာ မတ္လ ၂၇ ရက္ေန႔က လက္ခံၿပီး သူတို႔ရဲ့မူလေနရပ္ေဒသေတြ ဆီကို ပို႔ေဆာင္ေပးေနတယ္လို႔ ရခိုင္ျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန၊ ဦးစီးအရာရွိ ဦးရဲမင္းဦးက ဘီဘီစီကိုေျပာပါတယ္။
အဲ့ဒီျပန္လည္ဝင္ေရာက္လာခဲ့သူေတြအားလုံးဟာ ထိုင္းနိုင္ငံတစ္ခုတည္းက ဝင္ေရာက္လာခဲ့ၾကတာျဖစ္ၿပီး ဧရာဝတီ၊ ရခိုင္၊ ပဲခူး၊ မေကြး စတဲ့ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြကျဖစ္ေၾကာင္းနဲ႔ သူတို႔ေတြဟာ မတ္လ ၂၆ ရက္ေန႔မွာ ျမဝတီၿမိဳ႕ကိုေရာက္ရွိခဲ့ၾကတာျဖစ္ပါတယ္။
အဲ့ဒီေနာက္ ျမဝတီကေနတစ္ဆင့္ ရန္ကုန္ၿမိဳ႕ကိုေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။
ျပန္လည္ဝင္ေရာက္လာသူအေရအတြက္ ဘယ္ေလာက္ပါဝင္တယ္ဆိုတာကို အတိအက်မသိရေပမယ့္ ရန္ကုန္ၿမိဳ႕ ေအာင္မဂၤလာအေဝးျပးကားဂိတ္ကို ေရာက္ရွိလာသူေတြထဲမွာေတာ့ ဧရာဝတီတိုင္းက အမ်ားဆုံးျဖစ္ၿပီး ရခိုင္ျပည္နယ္ ခရိုင္ငါးခရိုင္က လူေတြလည္း ပါဝင္တယ္လို႔ ဦးရဲမင္းဦးက ဆိုပါတယ္။
ျမန္မာနိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ထိုင္းနိုင္ငံနဲ႔ တ႐ုတ္နိုင္ငံေတြကို သြားေရာက္ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ ေတာ္ေတာ္မ်ားမ်ားရွိေနၾကၿပီး တ႐ုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့အခ်ိန္ကေန ျမန္မာနိုင္ငံကို တျဖည္းျဖည္း ျပန္လည္ ဝင္ေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။
ျမဝတီကထြက္လာခဲ့တဲ့ ကားေတြကို ေအာင္မဂၤလာအေဝးေျပးကားကြင္းအတြင္းမွာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ အပါအဝင္ သက္ဆိုင္ရာ ျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြက တာဝန္ရွိတဲ့အဖြဲ႕အစည္းေတြနဲ႔ က်န္းမာေရးဌာနတို႔ စုေပါင္းၿပီးေတာ့ ညလုံးေပါက္စစ္ေဆးမႈေတြျပဳလုပ္ခဲ့တာပါ။
အဲဒီေနာက္ မတ္လ ၂၈ ရက္ေန႔မနက္ပိုင္းမွာ ထြက္တဲ့ခရီးသည္ကားေတြနဲ႔ ေနရပ္ကို ထပ္မံပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။
"တိုင္းေဒသႀကီးနဲ႔ျပည္နယ္အလိုက္ သက္ဆိုင္ရာအလိုက္ လာၿပီးေတာ့ ေခၚၾကတာေတြလည္းရွိတယ္။ ဧရာဝတီတိုင္းကေတာ့ ေတာ္ေတာ္မ်ားတယ္ဗ်။ ကၽြန္ေတာ္တို႔ရခိုင္ကေတာ့ ၃၀ နီးပါးေလာက္ရွိတယ္"လို႔ ဦးရဲမင္းဦးက ေျပာပါတယ္။
ျပန္လာသူေတြကို ညလုံးေပါက္ က်န္းမာေရးစစ္ေဆးခ်က္ယူ
ဓာတ္ပုံ မူပိုင္MYINT LWIN
ျပန္လာသူေတြကို ညလုံးေပါက္ က်န္းမာေရးစစ္ေဆးခ်က္ယူ
ရခိုင္ျပည္နယ္ကိုျပန္လာၾကတဲ့သူေတြထဲမွာေတာ့ ေက်ာက္ျဖဴခရိုင္၊ သံတြဲခရိုင္၊ ေျမာက္ဦးခရိုင္၊ စစ္ေတြခရိုင္နဲ႔ ေမာင္ေတာခရိုင္ေတြက ေဒခသံေတြျဖစ္ၿပီး အဲ့ဒီလူေတြကို သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ ေဒသအာဏာပိုင္ေတြကေနတစ္ဆင့္ ေနအိမ္ေတြထိေရာက္ရွိနိုင္ေရးအတြက္ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
မိမိတို႔ရဲ့ေနအိမ္ေတြကိုေရာက္သြားတဲ့အခါမွာလည္း ေနအိမ္အျပင္ကိုမထြက္ၾကဖို႔၊ မိသားစုေတြနဲ႔ ေရာေႏွာမေနၾကဖို႔၊ အစားအေသာက္ေတြကိုဘယ္လိုစားသုံးရမယ္ဆိုတဲ့ ကာကြယ္ေစာင့္ေရွာက္မႈအပိုင္းေတြနဲ႔ အနည္းဆုံး ၁၄ ရက္ခန႔္ သီးသန႔္ေနထိုင္ၾကဖို႔အတြက္ကိုလည္း က်န္းမာေရးဌာနက ညႊန္ၾကားလိုက္တယ္လို႔ ျပန္ဝင္လာတဲ့အထဲမွာပါဝင္တဲ့ စစ္ေတြၿမိဳ႕နယ္၊ အလယ္ေခ်ာင္းေက်းရြာက ေဒၚခင္ခင္သန္းက ေျပာပါတယ္။
ထိုင္းနိုင္ငံမွာေနထိုင္ခဲ့ၿပီး မိမိကိုယ္ကို ေရာဂါကူးစက္မႈမရွိဘူးလို႔ယုံၾကည္ေပမယ့္ မိသားစုေတြနဲ႔ ျပည္သူေတြအေပၚ ေရာဂါကူးစက္မႈေတြမ ရွိေစေရးအတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြရဲ့ညႊန္ၾကားခ်က္အတိုင္း ေနအိမ္မွာ သီးျခားေနထိုင္သြားမယ္လို႔ သူကဆက္ေျပာပါတယ္။
အခုလိုမ်ိဳး ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားေနတဲ့ အိမ္နီးခ်င္းနိုင္ငံေတြကို သြားေရာက္အလုပ္လုပ္ကိုင္ၿပီး ေနရပ္ကိုျပန္လည္ေရာက္ရွိေနသူေတြထဲမွာ က်န္းမာေရးဌာနရဲ့ညႊန္ၾကားခ်က္ေတြအရ သီးျခားေနထိုင္တာမ်ိဳးမလုပ္ဘဲ ၿမိဳ႕ထဲရြာထဲေတြမွာ သြားလာေနတာေတြရွိေနတဲ့အတြက္ စိုးရိမ္ေနရတာေၾကာင့္ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြအေနနဲ႔ အနီးကပ္ၾကပ္မတ္မႈေတြ ျပဳလုပ္ေပးဖို႔လိုအပ္ေနတယ္လို႔ ရခိုင္ေဒသခံေတြက ေျပာပါတယ္။
(၄) အီတလီမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသသူတစ္ေသာင္းေက်ာ္၊ နယူးေယာက္ကို သီးသန႔္ခြဲျခားေစာင့္ၾကည့္ဖို႔ ထရမ့္စဥ္းစားေန
အီတလီနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူေပါင္း တစ္ေသာင္းေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။
မတ္လ ၂၉ ရက္မနက္အထိ ကမၻာတဝန္း ကိုရိုနာကူးစက္သူေပါင္း ၆၆၀,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၃၀,၀၀၀ ေက်ာ္နဲ႔ ျပန္လည္ က်န္းမာလာသူ ၁၄၀,၀၀၀ ေက်ာ္ ရွိေနပါတယ္။
အီတလီမွာ မေန႔ကတစ္ရက္တည္း ေသဆုံးသူ ၈၈၉ ဦးရွိၿပီး အရင္ေန႔ေတြထက္ အနည္းငယ္ေလ်ာ့က်လာတာပါ။
ဓာတ္ပုံ မူပိုင္ANADOLU AGENCY
အီတလီမွာ မေန႔ကတစ္ရက္တည္း ေသဆုံးသူ ၈၈၉ ဦးရွိၿပီး အရင္ေန႔ေတြထက္ အနည္းငယ္ေလ်ာ့က်လာတာပါ။
အီတလီမွာ မေန႔က တစ္ရက္တည္းနဲ႔ ေသဆုံးသူ ၈၈၉ ဦးရွိခဲ့ပါတယ္။
ကူးစက္ခံရသူက ၉၂၄၇၂ ဦးနဲ႔ ေသဆုံးသူ ၁၀၀၀၀ ေက်ာ္ရွိလာၿပီး ဒီေသဆုံးႏႈန္းက ဗိုင္းရပ္စ္ဗဟိုခ်က္ျဖစ္ခဲ့တဲ့ တ႐ုတ္နိုင္ငံထက္ သုံးဆရွိေနတယ္လို႔ အေမရိကန္ျပည္ေထာင္စု၊ ဂၽြန္ေဟာ့ပ္စ္ကင္း တကၠသိုလ္သုေတသန ကဆိုပါတယ္။
အီတလီမွာ သက္ႀကီးရြယ္အိုေတြမ်ားၿပီး ဒီဗိုင္းရပ္စ္ဒဏ္က သက္ႀကီးရြယ္အိုေတြမွာ အသက္အႏၲရာယ္ရွိတာေၾကာင့္ ခုလို ေသဆုံးႏႈန္းမ်ားရတာ ျဖစ္တယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ ေသဆုံးသူအမ်ားစုရဲ့ ပ်မ္းမၽွအသက္ဟာ အသက္ ၇၈ ႏွစ္နဲ႔အထက္ျဖစ္တယ္လို႔ အီတလီက်န္းမာေရးအင္စတီက်ဴ႕က မတ္လ ၂၇ ရက္ေန႔မွာ ေျပာၾကားထားပါတယ္။
အီတလီက်န္းမာေရးစနစ္က ေကာင္းေပမယ့္ ဒီဗိုင္းရပ္စ္ဟာ သက္ႀကီးပိုင္းေတြကို ပိုဒုကၡေပးတာေၾကာင့္ ခုလိုေသဆုံးႏႈန္းမ်ား
ဓာတ္ပုံ မူပိုင္MARCO CANTILE
အီတလီက်န္းမာေရးစနစ္က ေကာင္းေပမယ့္ ဒီဗိုင္းရပ္စ္ဟာ သက္ႀကီးပိုင္းေတြကို ပိုဒုကၡေပးတာေၾကာင့္ ခုလိုေသဆုံးႏႈန္းမ်ားတာျဖစ္
အေမရိကန္က ကူးစက္သူေပါင္း ၁၀၅,၀၀၀ ေက်ာ္နဲ႔ ကမၻာေပၚမွာ ကူးစက္မႈအမ်ားဆုံးျဖစ္ၿပီး ေသဆုံးသူကေတာ့ ၁,၇၀၀ ေက်ာ္ရွိေနပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ရာဗဟိုခ်က္လိုျဖစ္လာတဲ့နယူးေယာက္ျပည္နယ္ကို အဝင္ထြက္ေတြကန႔္သတ္ၿပီး သီးသန႔္ေစာင့္ၾကည့္တာေတြလုပ္ဖို႔ စဥ္းစားေနတယ္လို႔ ထရမ့္က ေျပာပါတယ္။
ထရမ့္ရဲ့ နယူးေယာက္ကို သီးသန႔္ခြဲထားမယ့္အႀကံကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက သေဘာမတူပါဘူး။
ဓာတ္ပုံ မူပိုင္EPA
ထရမ့္ရဲ့ နယူးေယာက္ကို သီးသန႔္ခြဲထားမယ့္အႀကံကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက သေဘာမတူပါဘူး။
နယူးေယာက္မွာ ဗိုင္းရပ္စ္ကူးစက္သူေပါင္း ၅၂၀၀၀ ေက်ာ္ရွိၿပီး ဒါက ကူးစက္မႈစုစုေပါင္းရဲ့ တစ္ဝက္ေလာက္ရွိေနတယ္လို႔ သူက ဆိုပါတယ္။
ဒါေပမဲ့ နယူးေယာက္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ဒီအႀကံအစည္က အဓိပၸာယ္မရွိဘူးလို႔ ဆိုၿပီး ဒီလိုလုပ္မယ္ဆိုရင္ စစ္ေၾကညာတာပဲလို႔ တုံ႔ျပန္ထားပါတယ္။
ၿဗိတိန္မွာေတာ့ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ တစ္ေထာင္ေက်ာ္လာပါၿပီ။ အိမ္ေရွ႕စံခ်ားလ္မင္းသား၊ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္တို႔လည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရလို႔ သီးသန႔္ခြဲေနထိုင္ေနၾကပါတယ္။
၀န္ႀကီးခ်ဳပ္ဟာ ကိုဗစ္အစည္းအေဝးကို ဗီဒီယိုကြန္ဖရန္းစင္းနဲ႔ တက္ေရာက္ညႊန္ၾကားေနတာပါ။
၀န္ႀကီးခ်ဳပ္ဟာ ကိုဗစ္အစည္းအေဝးကို ဗီဒီယိုကြန္ဖရန္းစင္းနဲ႔ တက္ေရာက္ညႊန္ၾကားေနတာပါ။
ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္က အေျခအေနေတြျပန္ေကာင္းမလာခင္စပ္ၾကား ဒီထက္ပိုၿပီးဆိုးရြားသြားမယ့္အေျခအေနေတြ ရင္ဆိုင္ရဖို႔ရွိတယ္လို႔ ၿဗိတိန္ျပည္သူေတြကို ပန္ၾကားတဲ့စာမွာ ေရးသားထားပါတယ္။
Unicode
ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူကြောင့် ဆရာဝန်တချို့ စိတ်ပျက်၊ ကိုဗစ်လူနာ နံပါတ် ၈ နဲ့ထိတွေ့တဲ့ ပြင်သစ် ၄ ဦးကို သီးသန့်ခွဲထားစောင့်ကြည့်အပါအဝင် မတ် ၂၉
လက်ရှိမှာ လူနာနံပါတ် ၈ ဟာ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်ကုသမှုခံယူနေပါတယ်
။ဓာတ်ပုံ မူပိုင်YE AUNG THU
လက်ရှိမှာ လူနာနံပါတ် ၈ ဟာ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်ကုသမှုခံယူနေပါတယ်။
(၁) ကိုဗစ်လူနာနံပါတ် ၈ နဲ့ ထိတွေ့ခဲ့တဲ့ပြင်သစ် ၄ လေးဦးကို ၁၄ ရက် သီးသန့်စောင့်ကြည့်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ နံပါတ် ၈ ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသား ၄ ဦးကို သူတို့ လက်ရှိတည်းခိုနေတဲ့ Green Hill ဟိုတယ်မှာ ၁၄ ရက်ကြာ သီးသန့်စောင့်ကြည့်နေပါတယ်။
"ဒီဧည့်သည်တွေကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ရက်အတိုင်း ထားမှာပါ။ လက်ရှိဟိုတယ်မှာ ရှိနေပါတယ်" လို့ Green Hill ဟိုတယ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို မတ်လ ၂၉ ရက်နံနက်မှာ ပြောပါတယ်။
ဒီပြင်သစ် ၄ ဦးဟာ မူလက ဒီကနေ့မတ်လ ၂၉ ရက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖို့စီစဉ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလူနာ ဝန်ဆောင်မှုပေးခဲ့တဲ့အထဲက ပြင်သစ်နိုင်ငံသား ခုနစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားတဲ့အတွက် အဲဒီခုနစ်ဦးကိုလည်း ပြင်သစ်သံရုံးကို အကြောင်းကြားထားပြီး သူတို့ ရောက်ရှိနေတဲ့နေရာမှာ သီးသန့် ကွာရန်တင်းလုပ်နိုင်ဖို့ အကြောင်းကြား ထားတယ်လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ဘီဘီစီကိုပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာနံပါတ် ၈ ဟာ မတ်လ ၁၄ ရက်ကနေ ၁၉ ရက်အထိ ပြင်သစ်နိုင်ငံသားခရီးသွားဧည့်သည်တွေကို ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပါတယ်။
မတ်လ ၂၅ ရက်မှာ ဖျားနာလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို သွားရောက်ပြသခဲ့ပြီးနောက် ဆေးစစ်ချက်အဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေ ရကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
"ကျွန်တော်တို့သိသလောက် ဒီနေ့ထိ ပြင်သစ် ၄ ဦးကတော့ နေကောင်းနေပါတယ်။ ဒါပေမဲ့ ပြင်သစ်ကိုပြန်သွားတဲ့သူတွေရဲ့အခြေအနေက ကျွန်တော်တို့ တိတိကျကျ မသိဘူးဖြစ်နေတယ်။ လူနာကလည်း ဒီကနေ့ထိ ကျန်းမာရေးကောင်းပါတယ်။ တစ်ခုပေါ့နော်။ ဟိုမှာပြန်သွားတဲ့ဧည့်သည်တွေလည်း အခြေအနေကောင်းတယ်။ ဒီကဧည့်သည်တွေလည်း အခြေအနေကောင်းတယ်ဆို တစ်ခုပဲ ကိုယ့်ပြည်တွင်းက ဖြစ်နေမှာစိုးလို့ ဆိုတဲ့ တစ်ချက်ပေါ့နော်။ ဖြစ်နိုင်ခြေများတာကတော့ ဧည့်သည်ကနေ ကူးစက်တာဖြစ်နိုင်ခြေများပါတယ်"လို့ ဦးအောင်ထွန်းလင်းက ပြောပါတယ်။
လက်ရှိမှာ လူနာနံပါတ် ၈ ဟာ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်ကုသမှုခံယူနေပါတယ်။
အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်ဟာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ပြင်သစ်ခရီးသည်တွေနဲ့အတူ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ ပင်းတယ၊ အင်းလေး၊ ငပလီ စတဲ့ နေရာ ၁၀ နေရာထက်မနည်းကို သွားခဲ့တာဖြစ်တယ်လို့ မန္တလေးဇုန်ဧည့်လမ်းညွှန်အသင်းက ထုတ်ပြန်ထားပါတယ်။
(၂) ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူကြောင့် ဆရာဝန်တချို့ စိတ်ပျက်
ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗဟိုကူးစက်ရောဂါဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးရဲ့ လူမှုကွန်ရက်မှာ မနေ့က ရေးသားချက်ကြောင့် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတချို့ စိတ်ပျက်ခဲ့ကြပါတယ်။
ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ဆေးရုံတွေမှာ ဆေးနဲ့ဆေးပစ္စည်းဖြန့်ဝေထားမှုစာရင်းနဲ့အတူ "အဓိပ္ပာယ်မရှိ လျှောက်တင်တဲ့သူကိုလဲ အရေးယူဖို့ကိစ္စ စီစဉ်နေပါပြီနော်၊ သေသေချာချာ တိတိကျကျမရေးဘဲ ရမ်းသန်းမှန်းတမ်းရေးပြီး attention ယူတဲ့သူတွေလည်း ပြင်ဆင်ထားပါနော်"လို့ အစချီပြီးပို့စ်တစ်ခုရေးသားခဲ့တာပါ။
အဲဒီမတိုင်ခင်က ပင်းတယက မီးအိမ်ရှင်လို့ လူသိများတဲ့ လက်ရှိပုသိမ်ပြည်သူ့ဆေးရုံဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်အပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုကဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆေးရုံအုပ်ကြီးတွေ၊ ဆရာဝန်ကြီးတွေအပါအဝင် ဆရာဝန်တွေဟာ ဆေးရုံတွေမှာ ရောဂါကာကွယ်ရေးဝတ်စုံတွေ၊ အသက်ရှူစက်တွေနဲ့ နှာခေါင်းစည်းတွေ စတဲ့ ကုသရေးပစ္စည်း ကိရိယာတွေလိုအပ်နေလို့ လှူဒါန်းပေးကြဖို့ ပြည်သူကိုပန်ကြားအသိပေးတာတွေရှိခဲ့ပါတယ်။
မနေ့က ဒေါက်တာခင်ခင်ကြီးရဲ့ အရေးယူမယ်ဆိုတဲ့ အသုံးအနှုန်းကြောင့် ရှေ့တန်းက ပါဝင်ကုသပေးနေတဲ့ ဆရာဝန်တွေ ဒေါသထွက်စိတ်ပျက်ပြီး လူမှုကွန်ရက်ကတစ်ဆင့်ပြန်လည်တုံ့ပြန်ရေးသားခဲ့ကြပါတယ်။
အခုလို ဝန်ကြီးဌာန ပြောခွင့်ရသူကိုယ်တိုင်က ဆေးဝန်ထမ်းတွေဆရာဝန်တွေရဲ့ရှေ့တန်းက ရောဂါကိုခုခံတိုက်နေရတဲ့အခြေအနေပေါ်နားမလည်ဘဲ အရေးယူမယ်ဆိုတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ အသက်စွန့်ဆေးကုပေးနေရတဲ့အခြေအနေကိုပြန်လည်သုံးသပ်ရတော့မယ်လို့ ဆရာဝန်တချို့က တုံ့ပြန်ခဲ့ကြပါတယ်။
ဒီပို့စ်ကြောင့်ပဲ အလှူရှင်တချို့က လှူဖို့ပြင်ဆင်ထားတာတွေ လှူရမှာလားမလှူရဘူးလားလို့ လူမှုကွန်ရက်မှာရေးသားမေးခွန်းထုတ်လာတာတွေရှိလာပြီး ဝေဖန်မှုတွေရှိလာတဲ့နောက် ဒေါက်တာခင်ခင်ကြီးက သူ့ပို့စ်ကို ပြန်လည်တည်းဖြတ်ပြင်ဆင်ခဲ့ပါတယ်။
ဒီပို့စ်က ဝန်ကြီးဌာနအပေါ် အစိုးရအပေါ် အယုံအကြည် ကင်းမဲ့အောင် ရေးသူကိုပဲ ဆိုလိုပါတယ်၊ ဆရာဝန်တွေ လိုတဲ့ပစ္စည်းကို အလှူခံနေတာနဲ့ မပတ်သက်ပါ လို့ သူက ပြန်ရေးခဲ့ပါတယ်။
(၃) ထိုင်းနယ်စပ်က ပြန်လာတဲ့ မြန်မာလုပ်သားတွေကို အောင်မင်္ဂလာအဝေးကွင်းကတစ်ဆင့် နေရပ်ကိုပို့ဆောင်ပေး
ပြန်ဝင်လာသူတွေထဲမှာ ရခိုင်ပြည်နယ် ခရိုင်ငါးခုက လုပ်သားတွေလည်းပါ
ပြန်ဝင်လာသူတွေထဲမှာ ရခိုင်ပြည်နယ် ခရိုင်ငါးခုက လုပ်သားတွေလည်းပါ
ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်ကနေတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှာ မတ်လ ၂၇ ရက်နေ့က လက်ခံပြီး သူတို့ရဲ့မူလနေရပ်ဒေသတွေ ဆီကို ပို့ဆောင်ပေးနေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲမင်းဦးက ဘီဘီစီကိုပြောပါတယ်။
အဲ့ဒီပြန်လည်ဝင်ရောက်လာခဲ့သူတွေအားလုံးဟာ ထိုင်းနိုင်ငံတစ်ခုတည်းက ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ဧရာဝတီ၊ ရခိုင်၊ ပဲခူး၊ မကွေး စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကဖြစ်ကြောင်းနဲ့ သူတို့တွေဟာ မတ်လ ၂၆ ရက်နေ့မှာ မြဝတီမြို့ကိုရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီနောက် မြဝတီကနေတစ်ဆင့် ရန်ကုန်မြို့ကိုရောက်လာခဲ့ကြတာဖြစ်ပါတယ်။
ပြန်လည်ဝင်ရောက်လာသူအရေအတွက် ဘယ်လောက်ပါဝင်တယ်ဆိုတာကို အတိအကျမသိရပေမယ့် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြးကားဂိတ်ကို ရောက်ရှိလာသူတွေထဲမှာတော့ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် ခရိုင်ငါးခရိုင်က လူတွေလည်း ပါဝင်တယ်လို့ ဦးရဲမင်းဦးက ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တော်တော်များများရှိနေကြပြီး တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့အချိန်ကနေ မြန်မာနိုင်ငံကို တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
မြဝတီကထွက်လာခဲ့တဲ့ ကားတွေကို အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက တာဝန်ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဌာနတို့ စုပေါင်းပြီးတော့ ညလုံးပေါက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။
အဲဒီနောက် မတ်လ ၂၈ ရက်နေ့မနက်ပိုင်းမှာ ထွက်တဲ့ခရီးသည်ကားတွေနဲ့ နေရပ်ကို ထပ်မံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
"တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် သက်ဆိုင်ရာအလိုက် လာပြီးတော့ ခေါ်ကြတာတွေလည်းရှိတယ်။ ဧရာဝတီတိုင်းကတော့ တော်တော်များတယ်ဗျ။ ကျွန်တော်တို့ရခိုင်ကတော့ ၃၀ နီးပါးလောက်ရှိတယ်"လို့ ဦးရဲမင်းဦးက ပြောပါတယ်။
ပြန်လာသူတွေကို ညလုံးပေါက် ကျန်းမာရေးစစ်ဆေးချက်ယူ
ဓာတ်ပုံ မူပိုင်MYINT LWIN
ပြန်လာသူတွေကို ညလုံးပေါက် ကျန်းမာရေးစစ်ဆေးချက်ယူ
ရခိုင်ပြည်နယ်ကိုပြန်လာကြတဲ့သူတွေထဲမှာတော့ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်၊ မြောက်ဦးခရိုင်၊ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်တွေက ဒေခသံတွေဖြစ်ပြီး အဲ့ဒီလူတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ဒေသအာဏာပိုင်တွေကနေတစ်ဆင့် နေအိမ်တွေထိရောက်ရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မိမိတို့ရဲ့နေအိမ်တွေကိုရောက်သွားတဲ့အခါမှာလည်း နေအိမ်အပြင်ကိုမထွက်ကြဖို့၊ မိသားစုတွေနဲ့ ရောနှောမနေကြဖို့၊ အစားအသောက်တွေကိုဘယ်လိုစားသုံးရမယ်ဆိုတဲ့ ကာကွယ်စောင့်ရှောက်မှုအပိုင်းတွေနဲ့ အနည်းဆုံး ၁၄ ရက်ခန့် သီးသန့်နေထိုင်ကြဖို့အတွက်ကိုလည်း ကျန်းမာရေးဌာနက ညွှန်ကြားလိုက်တယ်လို့ ပြန်ဝင်လာတဲ့အထဲမှာပါဝင်တဲ့ စစ်တွေမြို့နယ်၊ အလယ်ချောင်းကျေးရွာက ဒေါ်ခင်ခင်သန်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပြီး မိမိကိုယ်ကို ရောဂါကူးစက်မှုမရှိဘူးလို့ယုံကြည်ပေမယ့် မိသားစုတွေနဲ့ ပြည်သူတွေအပေါ် ရောဂါကူးစက်မှုတွေမ ရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ညွှန်ကြားချက်အတိုင်း နေအိမ်မှာ သီးခြားနေထိုင်သွားမယ်လို့ သူကဆက်ပြောပါတယ်။
အခုလိုမျိုး ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်ကိုပြန်လည်ရောက်ရှိနေသူတွေထဲမှာ ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်တွေအရ သီးခြားနေထိုင်တာမျိုးမလုပ်ဘဲ မြို့ထဲရွာထဲတွေမှာ သွားလာနေတာတွေရှိနေတဲ့အတွက် စိုးရိမ်နေရတာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အနီးကပ်ကြပ်မတ်မှုတွေ ပြုလုပ်ပေးဖို့လိုအပ်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
(၄) အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေသူတစ်သောင်းကျော်၊ နယူးယောက်ကို သီးသန့်ခွဲခြားစောင့်ကြည့်ဖို့ ထရမ့်စဉ်းစားနေ
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း တစ်သောင်းကျော်ရှိသွားပြီဖြစ်ပါတယ်။
မတ်လ ၂၉ ရက်မနက်အထိ ကမ္ဘာတဝန်း ကိုရိုနာကူးစက်သူပေါင်း ၆၆၀,၀၀၀ ကျော်၊ သေဆုံးသူ ၃၀,၀၀၀ ကျော်နဲ့ ပြန်လည် ကျန်းမာလာသူ ၁၄၀,၀၀၀ ကျော် ရှိနေပါတယ်။
အီတလီမှာ မနေ့ကတစ်ရက်တည်း သေဆုံးသူ ၈၈၉ ဦးရှိပြီး အရင်နေ့တွေထက် အနည်းငယ်လျော့ကျလာတာပါ။
ဓာတ်ပုံ မူပိုင်ANADOLU AGENCY
အီတလီမှာ မနေ့ကတစ်ရက်တည်း သေဆုံးသူ ၈၈၉ ဦးရှိပြီး အရင်နေ့တွေထက် အနည်းငယ်လျော့ကျလာတာပါ။
အီတလီမှာ မနေ့က တစ်ရက်တည်းနဲ့ သေဆုံးသူ ၈၈၉ ဦးရှိခဲ့ပါတယ်။
ကူးစက်ခံရသူက ၉၂၄၇၂ ဦးနဲ့ သေဆုံးသူ ၁၀၀၀၀ ကျော်ရှိလာပြီး ဒီသေဆုံးနှုန်းက ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထက် သုံးဆရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဂျွန်ဟော့ပ်စ်ကင်း တက္ကသိုလ်သုတေသန ကဆိုပါတယ်။
အီတလီမှာ သက်ကြီးရွယ်အိုတွေများပြီး ဒီဗိုင်းရပ်စ်ဒဏ်က သက်ကြီးရွယ်အိုတွေမှာ အသက်အန္တရာယ်ရှိတာကြောင့် ခုလို သေဆုံးနှုန်းများရတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သေဆုံးသူအများစုရဲ့ ပျမ်းမျှအသက်ဟာ အသက် ၇၈ နှစ်နဲ့အထက်ဖြစ်တယ်လို့ အီတလီကျန်းမာရေးအင်စတီကျူ့က မတ်လ ၂၇ ရက်နေ့မှာ ပြောကြားထားပါတယ်။
အီတလီကျန်းမာရေးစနစ်က ကောင်းပေမယ့် ဒီဗိုင်းရပ်စ်ဟာ သက်ကြီးပိုင်းတွေကို ပိုဒုက္ခပေးတာကြောင့် ခုလိုသေဆုံးနှုန်းများ
ဓာတ်ပုံ မူပိုင်MARCO CANTILE
အီတလီကျန်းမာရေးစနစ်က ကောင်းပေမယ့် ဒီဗိုင်းရပ်စ်ဟာ သက်ကြီးပိုင်းတွေကို ပိုဒုက္ခပေးတာကြောင့် ခုလိုသေဆုံးနှုန်းများတာဖြစ်
အမေရိကန်က ကူးစက်သူပေါင်း ၁၀၅,၀၀၀ ကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးဖြစ်ပြီး သေဆုံးသူကတော့ ၁,၇၀၀ ကျော်ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာဗဟိုချက်လိုဖြစ်လာတဲ့နယူးယောက်ပြည်နယ်ကို အဝင်ထွက်တွေကန့်သတ်ပြီး သီးသန့်စောင့်ကြည့်တာတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ ထရမ့်က ပြောပါတယ်။
ထရမ့်ရဲ့ နယူးယောက်ကို သီးသန့်ခွဲထားမယ့်အကြံကို ပြည်နယ်အုပ်ချုပ်ရေးမှူးက သဘောမတူပါဘူး။
ဓာတ်ပုံ မူပိုင်EPA
ထရမ့်ရဲ့ နယူးယောက်ကို သီးသန့်ခွဲထားမယ့်အကြံကို ပြည်နယ်အုပ်ချုပ်ရေးမှူးက သဘောမတူပါဘူး။
နယူးယောက်မှာ ဗိုင်းရပ်စ်ကူးစက်သူပေါင်း ၅၂၀၀၀ ကျော်ရှိပြီး ဒါက ကူးစက်မှုစုစုပေါင်းရဲ့ တစ်ဝက်လောက်ရှိနေတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီအကြံအစည်က အဓိပ္ပာယ်မရှိဘူးလို့ ဆိုပြီး ဒီလိုလုပ်မယ်ဆိုရင် စစ်ကြေညာတာပဲလို့ တုံ့ပြန်ထားပါတယ်။
ဗြိတိန်မှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်လာပါပြီ။ အိမ်ရှေ့စံချားလ်မင်းသား၊ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရလို့ သီးသန့်ခွဲနေထိုင်နေကြပါတယ်။
ဝန်ကြီးချုပ်ဟာ ကိုဗစ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရန်းစင်းနဲ့ တက်ရောက်ညွှန်ကြားနေတာပါ။
ဝန်ကြီးချုပ်ဟာ ကိုဗစ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရန်းစင်းနဲ့ တက်ရောက်ညွှန်ကြားနေတာပါ။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အခြေအနေတွေပြန်ကောင်းမလာခင်စပ်ကြား ဒီထက်ပိုပြီးဆိုးရွားသွားမယ့်အခြေအနေတွေ ရင်ဆိုင်ရဖို့ရှိတယ်လို့ ဗြိတိန်ပြည်သူတွေကို ပန်ကြားတဲ့စာမှာ ရေးသားထားပါတယ်။
0 Comments