ကိုဗစ္၁၉ ေရာဂါျပန႔္ပြားမွုကို ကာကြယ္ထိန္းခ်ဳပ္နိုင္ဖို့ ရည္ရြယ္ၿပီး ကမၻာ့နိုင္ငံအားလုံးကို မတ္လ ၂၉ ရက္ကစလို့ ဧၿပီ ၃၀ ရက္အထိ ျပည္ဝင္ခြင့္ယာယီပိတ္ထားမယ္လို့ ျမန္မာနိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။

သံတမန္ေတြ၊ ကုလအဖြဲ႕အစည္းေတြနဲ႔ ေလေၾကာင္းလိုင္းဝန္ထမ္းေတြ၊ ျပည္ပသေဘၤာအရာရွိေတြ၊ တာဝန္ရွိအမွုထမ္းေတြကလြဲလို့ က်န္တဲ့နိုင္ငံျခားသားအားလုံးကို ဘယ္ဗီဇာမွထုတ္မေပးေတာ့ဘူးလို့ အဲဒီထုတ္ျပန္ခ်က္က ေဖာ္ျပထားပါတယ္။
အာဆီယံနိုင္ငံေတြက သံတမန္နဲ႔ အထူးနိုင္ငံကူးလက္မွတ္ကိုင္ထားသူကလြဲလို့ က်န္သူေတြအားလုံးကိုလည္း ဗီဇာကင္းလြတ္ခြင့္ယာယီရပ္ဆိုင္းထားမယ္လို့ ဆိုပါတယ္။
သံတမန္ေတြ၊ ယူအန္အဖြဲ႕အစည္းဝန္ထမ္းေတြကေတာ့ သက္ဆိုင္ရာ ျပည္ပနိုင္ငံေတြက ျမန္မာသံ႐ုံးေတြကတစ္ဆင့္ ျပည္ဝင္ခြင့္ဗီဇာေလၽွာက္ထားရမွာျဖစ္ၿပီး ျမန္မာကိုမလာခင္နဲ႔ ေလယာဥ္ေပၚမတက္ခင္ေတြမွာ အသိအမွတ္ျပဳဓာတ္ခြဲခန္းကေန ထုတ္ေပးတဲ့ သုံးရက္အတြင္း ကိုဗစ္၁၉ ကင္းရွင္းေၾကာင္း ေထာက္ခံစာျပရမွာျဖစ္ပါတယ္။ အဲဒါေတြျပည့္စုံၿပီးဗီဇာရလို့ ျမန္မာျပည္ထဲဝင္လာတာနဲ႔ ၁၄ ရက္  အိမ္ထဲကအိမ္ျပင္မထြက္ဘဲ ေနရမယ္လို့ ဆိုပါတယ္။
ျမန္မာနဲ႔အျပန္အလွန္ေျပးဆြဲေနတဲ့ ေလယာဥ္ေတြ၊ သေဘၤာေတြက တာဝန္ရွိသူအမွုထမ္းေတြကလည္း အထက္ပါအတိုင္း ျပည္ဝင္ခြင့္ဗီဇာေလၽွာက္နိုင္ၿပီး ပို့ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာနက ေနာက္ဆုံးထုတ္ထားတဲ့ ထုတ္ျပန္ခ်က္ေတြကိုလိုက္နာရမယ္လို့ ဆိုပါတယ္။
ဒါေပမဲ့ ျပည္ပခရီးသြားေတြအေနနဲ႔ မလႊဲမေရွာင္သာ ဒါမွမဟုတ္ အေရးေပၚတာဝန္နဲ႔ ျမန္မာနိုင္ငံကိုလာဖို့ရွိရင္ အထက္ပါျပည္ဝင္ခြင့္ကန႔္သတ္ခ်က္ေတြကင္းလြတ္ခြင့္ရဖို့ အနီးဆုံးျမန္မာသံ႐ုံးေတြကို ဆက္သြယ္အကူအညီေတာင္းခံနိုင္တယ္လို့ေဖာ္ျပထားပါတယ္။
လက္ရွိမွာ ျမန္မာနိုင္ငံမွာ ယူအန္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦး ကိုဗစ္၁၉ ကူးစက္ခံထားရၿပီး ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံမွာ ေစာင့္ၾကည့္ကုသမွုခံယူေနရပါတယ္။

#ဘီဘီစီျမန္မာပိုင္း #ျမန္မာ #ကိုဗစ္၁၉ #နိုင္ငံျခားေရးဝန္ႀကီးဌာန



Unicode






သံတမန်နဲ့ ယူအန်ဝန်ထမ်းကလွဲလို့ နိုင်ငံခြားသားအားလုံးကို မြန်မာ ပြည်ဝင်ခွင့်ပိတ်



ကိုဗစ်၁၉ ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံအားလုံးကို မတ်လ ၂၉ ရက်ကစလို့ ဧပြီ ၃၀ ရက်အထိ ပြည်ဝင်ခွင့်ယာယီပိတ်ထားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

သံတမန်တွေ၊ ကုလအဖွဲ့အစည်းတွေနဲ့ လေကြောင်းလိုင်းဝန်ထမ်းတွေ၊ ပြည်ပသင်္ဘောအရာရှိတွေ၊ တာဝန်ရှိအမှုထမ်းတွေကလွဲလို့ ကျန်တဲ့နိုင်ငံခြားသားအားလုံးကို ဘယ်ဗီဇာမှထုတ်မပေးတော့ဘူးလို့ အဲဒီထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
အာဆီယံနိုင်ငံတွေက သံတမန်နဲ့ အထူးနိုင်ငံကူးလက်မှတ်ကိုင်ထားသူကလွဲလို့ ကျန်သူတွေအားလုံးကိုလည်း ဗီဇာကင်းလွတ်ခွင့်ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။
သံတမန်တွေ၊ ယူအန်အဖွဲ့အစည်းဝန်ထမ်းတွေကတော့ သက်ဆိုင်ရာ ပြည်ပနိုင်ငံတွေက မြန်မာသံရုံးတွေကတစ်ဆင့် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရမှာဖြစ်ပြီး မြန်မာကိုမလာခင်နဲ့ လေယာဉ်ပေါ်မတက်ခင်တွေမှာ အသိအမှတ်ပြုဓာတ်ခွဲခန်းကနေ ထုတ်ပေးတဲ့ သုံးရက်အတွင်း ကိုဗစ်၁၉ ကင်းရှင်းကြောင်း ထောက်ခံစာပြရမှာဖြစ်ပါတယ်။ အဲဒါတွေပြည့်စုံပြီးဗီဇာရလို့ မြန်မာပြည်ထဲဝင်လာတာနဲ့ ၁၄ ရက်  အိမ်ထဲကအိမ်ပြင်မထွက်ဘဲ နေရမယ်လို့ ဆိုပါတယ်။
မြန်မာနဲ့အပြန်အလှန်ပြေးဆွဲနေတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေက တာဝန်ရှိသူအမှုထမ်းတွေကလည်း အထက်ပါအတိုင်း ပြည်ဝင်ခွင့်ဗီဇာလျှောက်နိုင်ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ထားတဲ့ ထုတ်ပြန်ချက်တွေကိုလိုက်နာရမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြည်ပခရီးသွားတွေအနေနဲ့ မလွှဲမရှောင်သာ ဒါမှမဟုတ် အရေးပေါ်တာဝန်နဲ့ မြန်မာနိုင်ငံကိုလာဖို့ရှိရင် အထက်ပါပြည်ဝင်ခွင့်ကန့်သတ်ချက်တွေကင်းလွတ်ခွင့်ရဖို့ အနီးဆုံးမြန်မာသံရုံးတွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ဖော်ပြထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံမှာ ယူအန်ဝန်ထမ်းအမျိုးသမီးတစ်ဦး ကိုဗစ်၁၉ ကူးစက်ခံထားရပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ စောင့်ကြည့်ကုသမှုခံယူနေရပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ကိုဗစ်၁၉ #နိုင်ငံခြားရေးဝန်ကြီးဌာန