ရန္ကုန္၊ မတ္ ၂၅

ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ၁၃ရပ္ကြက္ ဝရုဏာ ၇လမ္းတြင္ ေနထိုင္ေသာ အသက္၃၈ႏွစ္အရြယ္ကုိေအာင္ေက်ာ္မင္းသည္ အင္းစိန္ၿမိဳ႕နယ္တြင္ ေကာ္ရိုနာေရာဂါပိုးေတြ႔ရွိသူႏွင့္ အဂၤလန္မွ ေလယာဥ္တစ္စီးတည္းစီးခဲ့သည့္အတြက္ ယေန႔ မတ္လ ၂၅ရက္ေန႔တြင္ ၎ေနအိမ္၌ ေစာင့္ၾကည့္လူနာျဖင့္ ၁၄ရက္ေစာင့္ၾကည့္သြားမည္ျဖစ္ၿပီး ၎ကုိယ္တုိင္ လုိလုိလားလားျဖင့္ေဆးစစ္မႈခံယူခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးျမင့္ကေျပာဆိုသည္။

“ အဲဒီသတင္းကနည္းနည္းလြဲေနတယ္။ အဂၤလန္ကျပန္လာတဲ့သူက ေတာင္ဥကၠလာ ၁၃ရပ္ကြက္ ဝရုဏာ ၇လမ္းမွာေနတာ အသက္က ၃၈ႏွစ္ ပထမသူလည္းမသိဘူး။ မသိဘူးဆိုတာ သူကသူနဲ႔ေလယာဥ္တစ္စီးတည္းပါလာတဲ့သူက ေရာဂါပိုးေတြ႔ဆိုလို႔ လိုင္းေပၚဖြင့္ၾကည့္ေတာ့ သိသြားေတာ့ သူလည္း စုိးရိမ္ၿပီး ဒီေန႔ မနက္ပိုင္းက ေတာင္ဥကၠလာမွာရွိတဲ့ အမ်ိဳးသမီးနဲ႔ ကေလးေဆးရံုကို ကိုယ္တိုင္သြားၿပီးေတာ့ တစ္စီးတည္းစီးမိတယ္။ ကၽြန္ေတာ္ေတာ့ကို စစ္ေဆးေပးပါဆိုၿပီးေတာ့ စစ္ေဆးခံတယ္။ စစ္ေဆးခံေတာ့ ဆရာဝန္ႀကီးေတြ ဘာေတြက အကုန္လုံးေသခ်ာစစ္ေဆးေပးၿပီးေတာ့ သူ႔မွာေရာဂါပိုးမရွိတာကိုေတြ႔ရတယ္။ ဒါေပမယ့္ ၁၄ရက္အေနနဲ႔ အိမ္မွာေစာင့္ၾကည့္ဖို႔အတြက္ ေနေပးရမယ္ဆိုေတာ့ သူကလည္းလက္ခံတယ္” ဟု၎ကေျပာဆိုသည္။

သို႔ေသာ္ ၎အိမ္ျပန္ေရာက္ၿပီးေနာက္ပိုင္းတြင္ ထိုသို႔ စစ္ေဆးမႈခံယူကာေစာင့္ၾကည့္လူနာျဖင့္ ၁၄ရက္ေစာင့္ၾကည့္ခံမည့္ ကိစၥကို မသိေသာ အိမ္နီးနားခ်င္းမ်ားက ဆူပူျခင္းမ်ား ရပ္ကြက္က ထြက္သြားရန္ေျပာဆိုျခင္းမ်ားေၾကာင့္ ၎ကိုယ္တိုင္ သြားေရာက္ရွင္းလင္း ေျပာဆိုခဲ့ရေၾကာင္း  ဦးမိုးျမင့္ကေျပာဆိုသည္။

“ ဒါမ်ိဳးသြားေရာက္ေျပာဆိုတာကို တခ်ိဳ႕က ခ်ဲ႕ကားၿပီးေတာ့ လို္င္းေပၚတင္လိုက္တာ ။ကုိယ္နည္းနည္း message ပို႔လိုက္တာ မွားသြားတာ မွားတယ္ဆိုတာ ကိုယ္ကလည္း သတင္းမွားကို သြားၿပီးေမးမိလွ်က္သားျဖစ္သြားတာ တကယ္ေတာ့ မဟုတ္ဘူး ဒီအျဖစ္အပ်က္နဲ႔ ေသခ်ာ က်န္းမာေရးဌာနတို႔ ဘာတို႔ေမးလိုက္ေတာ့မွ အေျဖမွန္ေပၚလာတာ” ဟု၎ကေျပာဆိုသည္။

အဆိုပါ ေစာင့္ၾကည့္လူနာကို လက္ရွိခ်ိန္တြင္ မည္သည့္ေရာဂါလကၡဏာမွမရွိဘဲ လက္ရွိခ်ိန္တြင္ က်န္းမာေရးအဖြဲ႔မ်ား ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားက ၎ကို ေနအိမ္တြင္ ၁၄ရက္ေစာင့္ၾကည့္ေနေၾကာင္း သိရသည္။

ေနအိမ္တြင္ ကန္႔သတ္ေနထုိင္သူ ကုိေအာင္ေက်ာ္မင္းကုိယ္တုိင္ကလည္း ၎ကုိယ္တုိင္ က်န္းမာေရးဌာနထံသုိ႔သြားေရာက္ အစစ္ေဆးခံခဲ့ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ Live လႊင့္၍ ေျပာဆုိထားသည္။

ဓာတ္ပုံ- ကိုေအာင္ေက်ာ္မင္း။





Unicode







ရန်ကုန်၊ မတ် ၂၅

တောင်ဥက္ကလာပမြို့နယ်၊ ၁၃ရပ်ကွက် ဝရုဏာ ရလမ်းတွင် နေထိုင်သော အသက်၃၈နှစ်အရွယ်ကိုအောင်ကျော်မင်းသည် အင်းစိန်မြို့နယ်တွင် ကော်ရိုနာရောဂါပိုးတွေ့ရှိသူနှင့် အင်္ဂလန်မှ လေယာဉ်တစ်စီးတည်းစီးခဲ့သည့်အတွက် ယနေ့ မတ်လ ၂၅ရက်နေ့တွင် ၎င်းနေအိမ်၌ စောင့်ကြည့်လူနာဖြင့် ၁၄ရက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ၎င်းကိုယ်တိုင် လိုလိုလားလားဖြင့်ဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကပြောဆိုသည်။

“ အဲဒီသတင်းကနည်းနည်းလွဲနေတယ်။ အင်္ဂလန်ကပြန်လာတဲ့သူက တောင်ဥက္ကလာ ၁၃ရပ်ကွက် ဝရုဏာ ရလမ်းမှာနေတာ အသက်က ၃၈နှစ် ပထမသူလည်းမသိဘူး။ မသိဘူးဆိုတာ သူကသူနဲ့လေယာဉ်တစ်စီးတည်းပါလာတဲ့သူက ရောဂါပိုးတွေ့ဆိုလို့ လိုင်းပေါ်ဖွင့်ကြည့်တော့ သိသွားတော့ သူလည်း စိုးရိမ်ပြီး ဒီနေ့ မနက်ပိုင်းက တောင်ဥက္ကလာမှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးဆေးရုံကို ကိုယ်တိုင်သွားပြီးတော့ တစ်စီးတည်းစီးမိတယ်။ ကျွန်တော်တော့ကို စစ်ဆေးပေးပါဆိုပြီးတော့ စစ်ဆေးခံတယ်။ စစ်ဆေးခံတော့ ဆရာဝန်ကြီးတွေ ဘာတွေက အကုန်လုံးသေချာစစ်ဆေးပေးပြီးတော့ သူ့မှာရောဂါပိုးမရှိတာကိုတွေ့ရတယ်။ ဒါပေမယ့် ၁၄ရက်အနေနဲ့ အိမ်မှာစောင့်ကြည့်ဖို့အတွက် နေပေးရမယ်ဆိုတော့ သူကလည်းလက်ခံတယ်” ဟု၎င်းကပြောဆိုသည်။

သို့သော် ၎င်းအိမ်ပြန်ရောက်ပြီးနောက်ပိုင်းတွင် ထိုသို့ စစ်ဆေးမှုခံယူကာစောင့်ကြည့်လူနာဖြင့် ၁၄ရက်စောင့်ကြည့်ခံမည့် ကိစ္စကို မသိသော အိမ်နီးနားချင်းများက ဆူပူခြင်းများ ရပ်ကွက်က ထွက်သွားရန်ပြောဆိုခြင်းများကြောင့် ၎င်းကိုယ်တိုင် သွားရောက်ရှင်းလင်း ပြောဆိုခဲ့ရကြောင်း  ဦးမိုးမြင့်ကပြောဆိုသည်။

“ ဒါမျိုးသွားရောက်ပြောဆိုတာကို တချို့က ချဲ့ကားပြီးတော့ လို်င်းပေါ်တင်လိုက်တာ ။ကိုယ်နည်းနည်း message ပို့လိုက်တာ မှားသွားတာ မှားတယ်ဆိုတာ ကိုယ်ကလည်း သတင်းမှားကို သွားပြီးမေးမိလျှက်သားဖြစ်သွားတာ တကယ်တော့ မဟုတ်ဘူး ဒီအဖြစ်အပျက်နဲ့ သေချာ ကျန်းမာရေးဌာနတို့ ဘာတို့မေးလိုက်တော့မှ အဖြေမှန်ပေါ်လာတာ” ဟု၎င်းကပြောဆိုသည်။

အဆိုပါ စောင့်ကြည့်လူနာကို လက်ရှိချိန်တွင် မည်သည့်ရောဂါလက္ခဏာမှမရှိဘဲ လက်ရှိချိန်တွင် ကျန်းမာရေးအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၎င်းကို နေအိမ်တွင် ၁၄ရက်စောင့်ကြည့်နေကြောင်း သိရသည်။

နေအိမ်တွင် ကန့်သတ်နေထိုင်သူ ကိုအောင်ကျော်မင်းကိုယ်တိုင်ကလည်း ၎င်းကိုယ်တိုင် ကျန်းမာရေးဌာနထံသို့သွားရောက် အစစ်ဆေးခံခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Live လွှင့်၍ ပြောဆိုထားသည်။

ဓာတ်ပုံ- ကိုအောင်ကျော်မင်း။