
ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ COVID-19 ရာဂါျဖစ္ပြားသူလူနာမေတြ႕ရွိေသးပါဘူး။ မိမိရဲ႕ပတ္ဝန္းက်င္မွာ ျပည္ပ ခရီးကျပန္လာၿပီး ဖ်ားနာ၊ ေခ်ာင္းဆိုးသူေတြ ေတြ႕ရွိရင္ Hot Line ဖုန္းနံပါတ္ 067 3420802 ကိုဆက္သြယ္ႏိုင္တယ္လို႔ ဗဟိုကူးစက္တိုက္ဖ်က္ေရးဌာနခြဲ (ေနျပည္ေတာ္)မွ ဒုတိယ ၫႊန္ၾကားေရး မႉး ေဒါက္တာခင္ခင္ႀကီးရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားသူလူနာမေတြ႕ရွိေသးေပမယ့္လည္း တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားမႈေတြ ဆက္လက္ျမင့္မားေနဆဲပဲလို႔ ေဖေဖာ္ဝါရီ ၂၃ ရက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန က ထုတ္ျပန္ခဲ့ပါတယ္။

လူစုလူေဝးမ်ားျပားတဲ့ ေနရာေတြမွာ ကို႐ိုနာဗိုင္းရပ္စ္လို႔ ေခၚတဲ့ COVID-19 ေရာဂါျဖစ္ပြားသူ (ဒါမွမဟုတ္) ေရာဂါလကၡဏာ မျပေသးေပမယ့္ ေရာဂါရွိသူတစ္ဦးထံကေန အျခားသူတစ္ဦးထံကို ေရာဂါကူးစက္ျပန႔္ပြားႏိုင္တယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း ေရာဂါျဖစ္ပြားသူေတြ ႐ုတ္တရက္တစ္ၿပိဳင္နက္ေတြ႕ရွိလာႏိုင္ၿပီး ျပည္သူေတြ အတြင္းကူးစက္မႈျဖစ္ပြားႏိုင္တယ္လို႔ ဆိုပါတယ္။
“ လက္ရွိ ျမန္မာႏိုင္ငံမွာ COVID-19 သံသယလူနာေရာ၊ ေစာင့္ၾကည့္လူနာေရာ မရွိေသးပါဘူး။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံမွာ ဆက္ျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ လူနာနဲ႔ အနီးကပ္ထိေတြ႕သူေတြ၊ ေရာဂါျဖစ္ပြားေနတဲ့ႏိုင္ငံေတြကို သြားခဲ့တဲ့သူေတြမွာ ကူးစက္လာတာေတြ႕ရတယ္။ ကိုယ့္ႏိုင္ငံမွာ မျဖစ္လာေသးေပမယ့္ တစ္ခ်ိန္မွာ အစုလိုက္အၿပဳံလိုက္မေတြ႕လာဘူးလို႔ မေျပာႏိုင္ဘူး။ ျပည္သူေတြအေနနဲ႔ ဒီေရာဂါနဲ႔ပတ္သက္ၿပီး ေသြးေအးမေနဘဲ က်န္းမာေရးအသိပညာေပးတာေတြ လိုက္နာႏိုင္ဖို႔ ထုတ္ျပန္ရတာပါ” လို႔ ဗဟိုကူးစက္တိုက္ဖ်က္ေရးဌာနခြဲ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက Duwun ကိုေျပာပါတယ္။

ေခ်ာင္းဆိုးႏွာေခ်ရင္ အုပ္ဆိုးဖို႔၊ လက္ကို ဆပ္ျပာနဲ႔ ေဆးဖို႔၊ Hand Gel သုံးဖို႔ ဖ်ားနာေခ်ာင္းဆိုးေနတဲ့သူေတြနဲ႔ ေတြ႕ရင္ (၃) ေပအကြာမွာေနဖို႔၊ ကိုယ္ခံအားေကာင္းေအာင္ႏိုင္ဖို႔ အတြက္လည္း ေဒါက္တာခင္ခင္ႀကီးက ဆိုပါတယ္။ျပည္သူေတြအေနနဲ႔ အခုကာလအတြင္း လူစုလူေဝးမ်ားျပားတဲ့ေနရာေတြနဲ႔ ပြဲလမ္းသဘင္ေတြကို အတတ္ႏိုင္ဆုံးေရွာင္ၾကည္ၾကဖို႔၊ အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ မျဖစ္မေနက်င္းပရမယ့္ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကိုသာ ျပဳလုပ္ၾကဖို႔၊ မျဖစ္မေနက်င္းပရမယ္ဆိုပါကလည္း ထုတ္ျပန္ထားတဲ့ ေရာဂါကာကြယ္ေရး က်န္းမာေရးအသိပညာေပးႏႈိးေဆာ္ခ်က္ေတြကို စနစ္တက်လိုက္နာေဆာင္႐ြက္ၾကဖို႔လည္း သတိေပးထားပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါအတြက္ ဓာတ္ခြဲ စမ္းသပ္မႈ အေျခအေနအရ လူနာ (၄၀) ဦးမွာ ေရာဂါပိုးမေတြ႕ရွိရဘူးလို႔ ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။ဒါ့အျပင္ေဖေဖာ္ဝါရီ ၂၂ ရက္က မြန္ျပည္နယ္၊ ေရးၿမိဳ႕ကို ေရာက္ရွိလာတဲ့ တ႐ုတ္ႏိုင္ငံသားတစ္ဦး ႐ုတ္တရက္ မူးလဲက်ေသဆုံးသြားခဲ့တဲ့ျဖစ္စဥ္မွာလည္း COVID-19 ေရာဂါေၾကာင့္မဟုတ္ဘဲ ေသြးတိုးေရာဂါနဲ႔ ေသဆုံးရတာျဖစ္တယ္လို႔ သိရပါတယ္။ မေန႔က ေဖေဖာ္ဝါရီ ၂၃ ရက္ မနက္ပိုင္းက ရန္ကုန္ေလဆိပ္ရွိ YBS ကားေပၚမွာ ေတြ႕ရတဲ့ လူနာမွာလည္း အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာ မေတြ႕ရတာေၾကာင့္ ေဝဘာဂီေဆး႐ုံမွာ ျပင္ပလူနာ အျဖစ္ ေဆးကုသေပးခဲ့တယ္လို႔ ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓူဝံ
Unicode
ပတ်ဝန်းကျင်မှာ ဖျားနာချောင်းဆိုးသူတွေ့ရှိရင် Hot Line ဖုန်းကို ဆက်သွယ်အကြောင်းကြားနိုင်
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ရာဂါဖြစ်ပွားသူလူနာမတွေ့ရှိသေးပါဘူး။ မိမိရဲ့ပတ်ဝန်းကျင်မှာ ပြည်ပ ခရီးကပြန်လာပြီး ဖျားနာ၊ ချောင်းဆိုးသူတွေ တွေ့ရှိရင် Hot Line ဖုန်းနံပါတ် 067 3420802 ကိုဆက်သွယ်နိုင်တယ်လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်)မှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာခင်ခင်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူလူနာမတွေ့ရှိသေးပေမယ့်လည်း တရုတ်နိုင်ငံမှာ ဖြစ်ပွားမှုတွေ ဆက်လက်မြင့်မားနေဆဲပဲလို့ ဖေဖော်ဝါရီ ၂၃ ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါတယ်။
လူစုလူဝေးများပြားတဲ့ နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်လို့ ခေါ်တဲ့ COVID-19 ရောဂါဖြစ်ပွားသူ (ဒါမှမဟုတ်) ရောဂါလက္ခဏာ မပြသေးပေမယ့် ရောဂါရှိသူတစ်ဦးထံကနေ အခြားသူတစ်ဦးထံကို ရောဂါကူးစက်ပြန့်ပွားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူတွေ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေ အတွင်းကူးစက်မှုဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
“ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 သံသယလူနာရော၊ စောင့်ကြည့်လူနာရော မရှိသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ဆက်ဖြစ်နေတယ်။ နောက်ပြီးတော့ လူနာနဲ့ အနီးကပ်ထိတွေ့သူတွေ၊ ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကို သွားခဲ့တဲ့သူတွေမှာ ကူးစက်လာတာတွေ့ရတယ်။ ကိုယ့်နိုင်ငံမှာ မဖြစ်လာသေးပေမယ့် တစ်ချိန်မှာ အစုလိုက်အပြုံလိုက်မတွေ့လာဘူးလို့ မပြောနိုင်ဘူး။ ပြည်သူတွေအနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး သွေးအေးမနေဘဲ ကျန်းမာရေးအသိပညာပေးတာတွေ လိုက်နာနိုင်ဖို့ ထုတ်ပြန်ရတာပါ” လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။
ချောင်းဆိုးနှာချေရင် အုပ်ဆိုးဖို့၊ လက်ကို ဆပ်ပြာနဲ့ ဆေးဖို့၊ Hand Gel သုံးဖို့ ဖျားနာချောင်းဆိုးနေတဲ့သူတွေနဲ့ တွေ့ရင် (၃) ပေအကွာမှာနေဖို့၊ ကိုယ်ခံအားကောင်းအောင်နိုင်ဖို့ အတွက်လည်း ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။ပြည်သူတွေအနေနဲ့ အခုကာလအတွင်း လူစုလူဝေးများပြားတဲ့နေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို အတတ်နိုင်ဆုံးရှောင်ကြည်ကြဖို့၊ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမယ့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုသာ ပြုလုပ်ကြဖို့၊ မဖြစ်မနေကျင်းပရမယ်ဆိုပါကလည်း ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်တွေကို စနစ်တကျလိုက်နာဆောင်ရွက်ကြဖို့လည်း သတိပေးထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအတွက် ဓာတ်ခွဲ စမ်းသပ်မှု အခြေအနေအရ လူနာ (၄၀) ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါ့အပြင်ဖေဖော်ဝါရီ ၂၂ ရက်က မွန်ပြည်နယ်၊ ရေးမြို့ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတစ်ဦး ရုတ်တရက် မူးလဲကျသေဆုံးသွားခဲ့တဲ့ဖြစ်စဉ်မှာလည်း COVID-19 ရောဂါကြောင့်မဟုတ်ဘဲ သွေးတိုးရောဂါနဲ့ သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။ မနေ့က ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်လေဆိပ်ရှိ YBS ကားပေါ်မှာ တွေ့ရတဲ့ လူနာမှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ မတွေ့ရတာကြောင့် ဝေဘာဂီဆေးရုံမှာ ပြင်ပလူနာ အဖြစ် ဆေးကုသပေးခဲ့တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓူဝံ
0 Comments