Image may contain: 2 people, beard
Image may contain: 2 people, people sitting
မိုမိုလေး



Unicode




အလုပ်သွားတော့မယ့် ချစ်သူကို ချစ်စရာကောင်းတဲ့အမူအယာတွေနဲ့ အချွဲပိုလိုက်တဲ့ ဥက္ကာမင်းမောင်



Mister တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ မင်းသားချော ဥက္ကာမင်းမောင်က LGBT တစ်ယောက်ဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးထားသူပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က လက်ရှိမှာတော့ အမေရိကန်နိုင်ငံ Arizona ပြည်နယ်၊ Phoenix မြို့မှာ အခြေချ နေထိုင်နေတာ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင် အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်ရင်း သူချစ်ရတဲ့ချစ်သူနဲ့ သာယာအေးချမ်းတဲ့ ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။



ဥက္ကာမင်းမောင်က သူ့ရဲ့ ချစ်သူနဲ့ လက်တွဲခဲ့တာ အခုဆိုရင် (၂) နှစ်ကျော်ရှိပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ယံကြည်မှုတွေအပြည့်နဲ တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။



ဒီနေ့မှာတော့ ဥက္ကာမင်းမောင်က အလုပ်သွားခါနီး ချစ်သူကို ဦးထုပ်လေးသိမ်းပြီး အချွဲပိုလိုက်တဲ့အကြောင်းကို ပရိသတ်တွေ ကြည်နူးရအောင် အခုလိုပဲ ပြောထားပါတယ်။



“ကဲ.. ဦးထုပ်ပြန်လိုချင်လား.. အာဝါးတချက်တော့ပေးလိုက်ဆိုတဲ့ရုပ်.. မဟုတ်ရင် အလုပ်မသွားရဘူး..ငှဲငှဲ.. တခါတလေတော့လဲ ကလေးအထာလေးတွေနဲ့ နှစ်ယောက်သား ရန်ဖြစ်လိုက် ပြန်ချစ်လိုက်” ဆိုပြီး ပြောထားပါတယ်။


ဥက္ကာမင်းမောင်က LGBT တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘဝကို အသန့်စင်ဆုံးနဲ့ အရိုးရှင်းဆုံး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။





မိုမိုလေး