
ရန္ကုန္ျမစ္အတြင္းတြင္ ယေန႔ ညေန ၃ နာရီ ၄၅ မိနစ္က ျဖတ္သန္းသြားေၾကာင္း ဦးျပည့္ၿဖိဳးေငြ အေကာင့္ပိုင္ရွင္က လူမႈကြန္ရက္မွတစ္ဆင့္ ဓာတ္ပုံႏွင့္တကြ သတင္းမ်ွေ၀ထားသည္။ အဆုိပါသတင္းႏွင့္ပတ္သက္၍ တပ္မေတာ္ေရအတြက္ ၀ယ္ယူထားသည္ဆုိေသာ ေရငုပ္သေဘၤာ အမွန္တကယ္ ေရာက္ရွိလာျခင္း ဟုတ္၊ မဟုတ္ ရန္ကုန္ေခတ္သစ္အေနျဖင့္ အတည္ျပဳႏုိင္ျခင္းမရွိပါ။

ဦးျပည့္ၿဖိဳးေငြအေကာင့္ပုိင္ရွင္သည္ လူမႈကြန္ရက္တြင္ ေဖာ္ျပခ်က္အရ ေရေၾကာင္းအင္ဂ်င္နီယာအသင္းမွ ျဖစ္ၿပီး ေရေၾကာင္းတကၠသုိလ္မွ ကထိကႏွင့္ေရေၾကာင္းအင္ဂ်င္နီယာကၽြမ္းက်င္သူျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ Aung T HA အေကာင့္ပုိင္ရွင္ကမူ ေရငုပ္သေဘၤာသည္ အိႏိၵယမွ လာလည္ျခင္းျဖစ္သည္ဟု လူမႈကြန္ရက္တြင္ ဓာတ္ပုံႏွင့္တကြ ထားၿပီး အဆုိပါအေကာင့္ရွင္မွာ ေရတပ္မွ တပ္မေတာ္သားတစ္ဦးျဖစ္သည္ကုိ ရန္ကုန္ေခတ္သစ္က စိစစ္ေတြ႕ရွိရသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက တပ္မေတာ္အေနျဖင့္ ေရငုပ္သေဘၤာ တစ္စင္း၀ယ္ယူထားၿပီး ယင္းေရငုပ္သေဘၤာသည္ ေလ့က်င့္ေရး ေရငုပ္သေဘၤာအျဖစ္အသုံးျပဳမည္ျဖစ္ေၾကာင္း သတင္းမီဒီယာမ်ားသုိ႔ တရား၀င္ ထုတ္ေဖာ္ေျပာဆိုထားၿပီးျဖစ္သည္။

ေခတ္သစ္မီဒီယာ
Unicode
ရန်ကုန်မြစ်တွင် ရေငုပ်သင်္ဘောတစ်စင်း ဖြတ်သန်းသွားကြောင်း လူမှုကွန်ရက်ဓာတ်ပုံများ ထွက်ပေါ်လာ
ရန်ကုန်မြစ်အတွင်းတွင် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်က ဖြတ်သန်းသွားကြောင်း ဦးပြည့်ဖြိုးငွေ အကောင့်ပိုင်ရှင်က လူမှုကွန်ရက်မှတစ်ဆင့် ဓာတ်ပုံနှင့်တကွ သတင်းမျှဝေထားသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်ရေအတွက် ဝယ်ယူထားသည်ဆိုသော ရေငုပ်သင်္ဘော အမှန်တကယ် ရောက်ရှိလာခြင်း ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပါ
ဦးပြည့်ဖြိုးငွေအကောင့်ပိုင်ရှင်သည် လူမှုကွန်ရက်တွင် ဖော်ပြချက်အရ ရေကြောင်းအင်ဂျင်နီယာအသင်းမှ ဖြစ်ပြီး ရေကြောင်းတက္ကသိုလ်မှ ကထိကနှင့်ရေကြောင်းအင်ဂျင်နီယာကျွမ်းကျင်သူဖြစ်ကြောင်း ဖော်ပြထားသည်။ Aung T HA အကောင့်ပိုင်ရှင်ကမူ ရေငုပ်သင်္ဘောသည် အိန္ဒိယမှ လာလည်ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ထားပြီး အဆိုပါအကောင့်ရှင်မှာ ရေတပ်မှ တပ်မတော်သားတစ်ဦးဖြစ်သည်ကို ရန်ကုန်ခေတ်သစ်က စိစစ်တွေ့ရှိရသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ရေငုပ်သင်္ဘော တစ်စင်းဝယ်ယူထားပြီး ယင်းရေငုပ်သင်္ဘောသည် လေ့ကျင့်ရေး ရေငုပ်သင်္ဘောအဖြစ်အသုံးပြုမည်ဖြစ်ကြောင်း သတင်းမီဒီယာများသို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
ခေတ်သစ်မီဒီယာ
0 Comments