Zawgyiဖြင့်ဖတ်ရန်




Unicode ဖြင့်ဖတ်ရန်


ပရိသတ်ကြီးရေ G-Fattကတော့ တစ်နိုင်ငံလုံးကပရိသတ်တွေ အားပေးဝန်းရံခြသ်ခံရတဲ့ Hip Hop အဆိုတော်တစ်ဦးဆိုတာ အမှန်ပါပဲနော်။ မိန်းကလေးပရိသတ်တွေဝန်းရံအားပေးခြင်းကိုခံရရုံသာမက ယောကျာ်းလေးပရိသတ်တွေကလည်း သူ့ရဲ့ထိမိနေတဲ့စာသားတွေ Flow တေါကို အသေကြွေကြတယ်လို့ ပြောရမှာပါ။ အခုလက်ရှိမှာတော့ ယောကျာ်းလေးမိန်းကလေးပရိသတ်တွေသာမက မူလတန်းကလေး အရွယ်တွေကပါ အားပေးဝန်းရံခြင်းခံရတဲ့ သူတစ်ယောက်လို့ဆိုရမှာပါ။
သူ့ရဲ့အချစ်ရေးကတော့ နိုင်ငံကျော်မင်းသမီးလေး တစ်ဦးဖြစ်တဲ့ ရှမ်းတရုတ်ကပြားမလေးနန်းဆုရတီစိုးနဲ့ ချစ်ကြိုက်ခဲ့ပြီးနှစ်ဦးသဘောတူလမ်းခွဲ ပြတ်စဲကာ Singleအဖြစ်နဲ့ အနုပညာအလုပ်တွေကိုအားစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ တစ်ချို့ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ပြတ်စဲမှုအတွက် ဝမ်းနည်းနေကြတယ်လို့ဆိုရမှာပါ။
လတ်တလောမှာတော့ G-fattတစ်ယောက် မန္တလေးမြို့ကိုရောက်ရှိနေပြီး သူ့ရဲ့ရင်တွင်းခံစားချက်တွေကိုရင်ဖွင့်လာတာတွေ့ရပါတယ်နော်။” ကျုံးတစ်ပါတ်ပါတ်ပြီး Ro ချင်သေးပါရဲ့ ဆိုင်ကယ်စီးတက်အောင် ဘယ်လိုသင်ပေးမှာလဲ ” ဆိုတဲ့ စာသားလေးနဲ့အတူ ပုံလေးနဲ့တင်လာခဲ့တာပါ။ တစ်ချို့ပရိသတ်တွေကတော့ G-Fattတစ်ယောက် Single ဘဝကြီးကို စွန့်လွှတ်ပြီး အချစ်သစ်တွေ့နေပြီလားလို့ မှတ်ချက်တွေပေးနေကြတာပါပဲနော်။
Credit: Burmese asia