LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
လုိင္းေ ပၚ ပ်ံ႕ေန သည့္ ပုစြန္မ်ားကုိ FDA စစ္ေ ဆးလိုက္ေ သာအခါ
လုိင္းေ ပၚ ပ်ံ႕ေန သည့္ ပုစြန္မ်ားကုိ FDA စစ္ေ ဆးလိုက္ေ သာအခါ
Lotayanet Burmese
-
January 14, 2020
Zawgyiျဖင့္ဖတ္ရန္
သ တင္းေပးတိုင္ၾကားမႈႏွင့္ လမ္းၫႊန္မႈအရ ေမာ္လၿမိဳင္ ေက်ာက္မီးေသြးရံု ငါးပုဇြန္လက္ကားဒိုင္မ်ားသို႔ေရာက္ ရွိျဖန္႔ခ်ီလ်က္ရွိေသာ ငါးပုဇြန္မ်ားတြင္ အႏၲရာယ္ရွိ အစားအေသာက္တြင္ ထည့္သံုးရန္ခြင့္မျပဳထားေသာ တာရွည္ခံဓါတုေဆးရည္မ်ား ထည့္သြင္းသံုးစြဲထားျခင္းရွိမရွိ ေရွာင္တခင္ စစ္ေဆးမႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။
ၿမိဳ႕နယ္အစာေဆးဝါးႀကီးၾကပ္မႈေကာ္မတီ ျပည္နယ္စားသံုးသူေရးရာဦးစီးဌာနႏွင့္ ပူးေပါင္းၿပီး mobile lab van ႏွင့္အတူ မိမိတို႔ အဖြဲ႕သားမ်ား ကြင္းဆင္း နမူနာယူ ဓါတ္ခြဲစစ္ေ ဆးမႈမ်ား တစ္ၿပိဳင္တည္း ေဆာင္ရြက္ခဲ့ၾကပါတယ္။
နယ္စံုမွ ေရာက္ရွိလာေသာ ငါးပုဇြန္မ်ား အိမ္နီးခ်င္းထိုင္းႏိုင္ငံမွ တင္သြင္းလာသည္ဟုဆိုေသာ ငါးပုဇြန္မ်ား မ်ိဳးစံုေတြ႕ရွိရၿပီး ငါးပုဇြန္ဒိုင္ ၁၅ ဆိုင္မွ သံသယရွိနမူနာ ၁၃ မ်ိဳး နမူနာရယူစစ္ေဆးခဲ့ရာမွာ ဆိုင္၄ ဆိုင္ (စစ္ေဆးခ်ိန္မွာ ၎ ၄ဆိုင္သာငါးႏွပ္ငါးက်န္ရွိ)ရွိ ငါးႏွပ္ငါး အမယ္အားလံုးမွာ တာရွည္ခံ FORMALIN ေဖာ္မလင္ ထည့္သြင္းသံုးစြဲထားေျကာင္း ဓါတ္ခြဲစစ္ေဆး အတည္ျပဳခ်က္အရ အတူလိုက္ပါလာေသာ ပူးေပါင္းအဖြဲ႕၏ ဆံုးျဖတ္ခ်က္ျဖင့္ ငါးပိႆာခ်ိန္ ၁၈၀ ကို သိမ္းဆည္း၊
ဆိုင္ရွင္မ်ားကိုခံဝန္ေရးထိုးေစျပီး စားသံုးရန္မသင့္ အဆိုပါငါးႏွပ္မ်ားကို မုေယာင္းအမွိုက္က်င္းသို႔ပို႔ေဆာင္ ဖ်က္ဆီးမႈ ျပဳလုပ္ခဲ့ပါတယ္ပူးေပါင္းစစ္ေဆးမႈျပဳခဲ့ေသာဌာနဆိုင္ရာမ်ား ႏွင့္ ပူးေပါင္းအဖြဲ႕ကို မိမိတို႔အက်ိဳးအျမတ္အတြက္ပဓါနမထား ဆံုးရွံုးခံၿပီး ပူးေပါင္းကူညီေပးပါေသာ ငါးပုဇြန္ဒိုင္ လုပ္ငန္းရွင္မ်ား ကို ေက်းဇူးတင္ပါေၾကာင္း….ငါးပုဇြန္မ်ားတာရွည္ခံဖို႔အတြက္ ဝိသမ စီးပြါးေရးသမားမ်ားက သိလို႔ျဖစ္ေစ တမင္သက္သက္ျဖစ္ေစ ျပည္သူမ်ားေဘးကင္းေရးကို အေလးမမူပဲ ခြင့္မျပဳထားေသာ ေဖာ္မလင္ ဓါတုေဆးရည္မ်ား သံုးစြဲတတ္ၾကပါတယ္။
ျမန္ျမန္ပုပ္သိုးလြယ္ေသာ ပင္လယ္စာ ငါးပုဇြန္မ်ားမွာလည္းသံုးစြဲလာၾကပါတယ္ ။ ယေန႔ျဖစ္စဥ္မွာ လက္ရွိ ဒိုင္မ်ားမွ formalin အသံုးျပဳျခင္း အေနအထား သံသယအျဖစ္မေတြ႕ရွိေသာ္ျငားလည္း ငါးမ်ားစတင္ ဖမ္းဆီး ပို႔ေဆာင္ သယ္ယူရာတစ္ေလွ်ာက္မွာ တနည္းနည္းနဲ႔ ထည့္သြင္းခဲ့ေသာ အေနအထားမ်ိဳးျဖစ္ပါတယ္။
ပထမအႀကိမ္ ျဖစ္တဲ့အတြက္ စီမံခန္႔ခြဲမႈနည္းလမ္းနဲ႔ အေရးယူေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး မူရင္း ထည့္သြင္းလာႏိုင္ေသာ ျဖစ္ႏိုင္ေခ် ေဖါက္သည္တင္သြင္းသည့္ ေနရာမ်ားကို ေဖၚထုတ္ ဆက္လက္စံုစမ္းေဆာင္ရြက္သြားပါမည္။ေနာင္တြင္ ယခုအေနအထားမ်ိဳး ဆက္လက္ေတြ႕ရွိပါက ထိေရာက္ျပင္းထန္ေသာ အေရးယူမႈမ်ား ေဆာင္ရြက္သြားပါမည္ ။
ကိုယ့္ျပည္နယ္အတြင္းရွိ ျပည္သူမ်ား ေဘးကင္းေရးအတြက္ အားထုတ္ေဆာင္ရြက္သြားမွာျဖစ္သလို ျပည္သူမ်ားဘက္ကလည္း တာဝန္သိစြာျဖင့္ တိက်ေသခ်ာေသာ သတင္းေပး ပူးေပါင္းေဆာင္ရြက္ၾကပါရန္ ေလးစားစြာတင္ျပ တ္ိုက္တြန္းအပ္ပါသည္။
Unicode ဖြင့်ဖတ်ရန်
သ တင်းပေးတိုင်ကြားမှုနှင့် လမ်းညွှန်မှုအရ မော်လမြိုင် ကျောက်မီးသွေးရုံ ငါးပုဇွန်လက်ကားဒိုင်များသို့ရောက် ရှိဖြန့်ချီလျက်ရှိသော ငါးပုဇွန်များတွင် အန္တရာယ်ရှိ အစားအသောက်တွင် ထည့်သုံးရန်ခွင့်မပြုထားသော တာရှည်ခံဓါတုဆေးရည်များ ထည့်သွင်းသုံးစွဲထားခြင်းရှိမရှိ ရှောင်တခင် စစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
မြို့နယ်အစာဆေးဝါးကြီးကြပ်မှုကော်မတီ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းပြီး mobile lab van နှင့်အတူ မိမိတို့ အဖွဲ့သားများ ကွင်းဆင်း နမူနာယူ ဓါတ်ခွဲစစ်ေ ဆးမှုများ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြပါတယ်။
နယ်စုံမှ ရောက်ရှိလာသော ငါးပုဇွန်များ အိမ်နီးချင်းထိုင်းနိုင်ငံမှ တင်သွင်းလာသည်ဟုဆိုသော ငါးပုဇွန်များ မျိုးစုံတွေ့ရှိရပြီး ငါးပုဇွန်ဒိုင် ၁၅ ဆိုင်မှ သံသယရှိနမူနာ ၁၃ မျိုး နမူနာရယူစစ်ဆေးခဲ့ရာမှာ ဆိုင်၄ ဆိုင် (စစ်ဆေးချိန်မှာ ၎င်း ၄ဆိုင်သာငါးနှပ်ငါးကျန်ရှိ)ရှိ ငါးနှပ်ငါး အမယ်အားလုံးမှာ တာရှည်ခံ FORMALIN ဖော်မလင် ထည့်သွင်းသုံးစွဲထားကြောင်း ဓါတ်ခွဲစစ်ဆေး အတည်ပြုချက်အရ အတူလိုက်ပါလာသော ပူးပေါင်းအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ငါးပိဿာချိန် ၁၈၀ ကို သိမ်းဆည်း၊
ဆိုင်ရှင်များကိုခံဝန်ရေးထိုးစေပြီး စားသုံးရန်မသင့် အဆိုပါငါးနှပ်များကို မုယောင်းအမှိုက်ကျင်းသို့ပို့ဆောင် ဖျက်ဆီးမှု ပြုလုပ်ခဲ့ပါတယ်ပူးပေါင်းစစ်ဆေးမှုပြုခဲ့သောဌာနဆိုင်ရာများ နှင့် ပူးပေါင်းအဖွဲ့ကို မိမိတို့အကျိုးအမြတ်အတွက်ပဓါနမထား ဆုံးရှုံးခံပြီး ပူးပေါင်းကူညီပေးပါသော ငါးပုဇွန်ဒိုင် လုပ်ငန်းရှင်များ ကို ကျေးဇူးတင်ပါကြောင်း….ငါးပုဇွန်များတာရှည်ခံဖို့အတွက် ဝိသမ စီးပွါးရေးသမားများက သိလို့ဖြစ်စေ တမင်သက်သက်ဖြစ်စေ ပြည်သူများဘေးကင်းရေးကို အလေးမမူပဲ ခွင့်မပြုထားသော ဖော်မလင် ဓါတုဆေးရည်များ သုံးစွဲတတ်ကြပါတယ်။
မြန်မြန်ပုပ်သိုးလွယ်သော ပင်လယ်စာ ငါးပုဇွန်များမှာလည်းသုံးစွဲလာကြပါတယ် ။ ယနေ့ဖြစ်စဉ်မှာ လက်ရှိ ဒိုင်များမှ formalin အသုံးပြုခြင်း အနေအထား သံသယအဖြစ်မတွေ့ရှိသော်ငြားလည်း ငါးများစတင် ဖမ်းဆီး ပို့ဆောင် သယ်ယူရာတစ်လျှောက်မှာ တနည်းနည်းနဲ့ ထည့်သွင်းခဲ့သော အနေအထားမျိုးဖြစ်ပါတယ်။
ပထမအကြိမ် ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုနည်းလမ်းနဲ့ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မူရင်း ထည့်သွင်းလာနိုင်သော ဖြစ်နိုင်ချေ ဖေါက်သည်တင်သွင်းသည့် နေရာများကို ဖေါ်ထုတ် ဆက်လက်စုံစမ်းဆောင်ရွက်သွားပါမည်။နောင်တွင် ယခုအနေအထားမျိုး ဆက်လက်တွေ့ရှိပါက ထိရောက်ပြင်းထန်သော အရေးယူမှုများ ဆောင်ရွက်သွားပါမည် ။
ကိုယ့်ပြည်နယ်အတွင်းရှိ ပြည်သူများ ဘေးကင်းရေးအတွက် အားထုတ်ဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူများဘက်ကလည်း တာဝန်သိစွာဖြင့် တိကျသေချာသော သတင်းပေး ပူးပေါင်းဆောင်ရွက်ကြပါရန် လေးစားစွာတင်ပြ တိုက်တွန်းအပ်ပါသည်။
Credit: Tts, ZN.H (ေလးစားမႈျဖင့္ ခရက္ဒစ္)
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments