Zawgyi ျဖင့္ဖတ္ရန္



တစ္ခါတစ္ေလ ေယာက်ၤားေတြက နားလည္ရခက္တယ္လို႔ ဆိုၾကေလ့ရွိပါတယ္။ ခံယူခ်က္အမ်ိဳးမ်ိဳး၊ ေတြးေခၚပုံအမ်ိဳးမ်ိဳးနဲ႔ သူတို႔ေတြရဲ႕ ခံစားမႈပုံစံေတြဟာ အမ်ိဳးသမီးေတြထက္ေတာင္ ခန႔္မွန္းရ ခက္ေနတတ္ပါတယ္။ လမ္းခြဲသြားတဲ့ ေကာင္ေလးက ကိုယ့္ကို ဘာ့ေၾကာင့္မ်ားထားခဲ့ရတာလဲလို႔ ကိုယ့္ဘက္က အျပစ္ရွိသလို ေတြးေနတတ္တဲ့ အမ်ိဳးသမီးေတြအတြက္ သူတို႔ေတြလမ္းခြဲေလ့ရွိတဲ့ အေၾကာင္းျပခ်က္ေလးေတြကို ခုလိုေဖာ္ျပေပးလိုက္ပါတယ္။
၁။သင့္ကိုမနာက်င္ေစခ်င္လို႔
သူတို႔ေျပာေလ့ရွိတာကေတာ့ သူတို႔ေၾကာင့္ ကိုယ္ခံစားေနရမွာစိုးလို႔။ သူတို႔ရဲ႕ ပတ္ဝန္းက်င္အေျခအေန၊ ဒါမွမဟုတ္ ကိုယ္နဲ႔မေတြ႕ခင္က သူ႔အရႈပ္ေတာ္ပုံေတြေၾကာင့္ ကိုယ္နဲ႔ေရွ႕ဆက္လက္တြဲသြားရင္ ကိုယ့္ဘဝေလး မလွပႏိုင္ေတာ့ဘူးလို႔ ေတြးၿပီး ခ်စ္ရက္နဲ႔ လက္တြဲျဖဳတ္လိုက္တာမ်ိဳးေပါ့။
၂။တစ္ေယာက္တည္းပဲ ေနေတာ့မလားလို႔
ရန္ေတြျဖစ္ရတာ၊ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပေအာင္ ညႇိဳႏႈိင္းေနရတာ၊ သူ႔မိသားစု၊ ကိုယ့္မိသားစုအပူေတြ ထည့္ထည့္ေတြးေပးေနရတာေတြ စိတ္ကုန္လာလို႔ တစ္ေယာက္တည္းပဲ ေနပါေတာ့မယ္ေပါ့။ အဓိပၸါယ္မရွိေပမယ့္ ဒီလိုဆုံးျဖတ္ခ်က္ခ်ၿပီး ခ်စ္သူနဲ႔ လမ္းခြဲခဲ့သူေတြ ရွိေနပါတယ္။
၃။သူခ်စ္တာထက္ ကိုယ္ကပိုခ်စ္ေနမိလို႔
အမွန္ေတာ့ ဒါဟာ သူ႔အတြက္ ေက်နပ္စရာေကာင္းပါတယ္။ ဒါေပမယ့္ သူတို႔ေတြက တင္းက်ပ္မႈကို မခံစားႏိုင္ၾကပါဘူး။ လြတ္လပ္မႈကိုသာ ျမတ္ႏိုးတတ္ၾကတာမို႔ ကိုယ္က အေသးစိတ္လိုက္ဂ႐ုစိုက္ေနတာ၊ တစ္ေန႔ကို ေလး၊ ငါးခါဖုန္းဆက္ေနတာ၊ ဘယ္ေရာက္ေနလဲဆိုတဲ့အေၾကာင္း sms ပို႔ေမးတာမ်ိဳးေတြကို သူတို႔ ႏွစ္သက္ၾကမွာ မဟုတ္ပါဘူး။
၄။အနာဂတ္မွာ ကိုယ္နဲ႔ဘယ္လိုမွ အဆင္မေျပႏိုင္ဘူးလို႔ ေတြးလိုက္လို႔
ခ်စ္သူရည္းစားထားတဲ့အခါ အေပ်ာ္ထားတာလား၊ ဘဝအတြက္ တကယ္ရည္႐ြယ္ၿပီးထားတာလား ဆိုတာမ်ိဳးရွိပါတယ္။ သူတို႔က ကိုယ္နဲ႔တြဲၾကည့္ရင္းနဲ႔ သူတို႔မႏွစ္ၿခိဳက္တဲ့ အျပဳအမူ၊ သူတို႔ လုံၿခဳံမႈမရွိဘူးလို႔ ခံစားရတဲ့ အပိုင္းေတြ ရွိလာမယ္ဆိုရင္ ဘဝအတြက္ ကိုယ့္ကိုလက္တြဲမွာ မဟုတ္ပါဘူး။
၅။လိင္ကိစၥနဲ႔ ပတ္သက္ၿပီး သူတို႔အဆင္မေျပလို႔
ဒီလိုေယာက်ၤားမ်ိဳးဆိုရင္ေတာ့ ျမန္ျမန္ဒိုးေလ ေကာင္းေလေပါ့ေနာ္။ ဒါေပမယ့္ သူတို႔ေတြဟာ ဒီအခ်က္ကိုလည္း ထည့္စဥ္းစားေလ့ရွိပါတယ္။
၆။ကိုယ့္ဘက္က အသင့္မျဖစ္ေသးဘဲ သူတို႔က အတည္ႀကီးေတြ လုပ္လာတဲ့အခါ
သူနဲ႔ကိုယ္နဲ႔ တြဲၾကည့္တဲ့အခါ ကိုယ္ကေတာ့ အဲ့ဒီေလာက္ႀကီး အသည္းအသန္မဟုတ္ေပမယ့္ သူ႔ဘက္က အသည္းအသန္ေတြ ျဖစ္လာတဲ့အခါ ျပႆနာ နည္းနည္းရွိသြားပါၿပီ။ ကိုယ့္ဘက္က သူ႔ကို သူ႔ေလာက္မခ်စ္ဘူးဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ကိုယ့္ကို လမ္းခြဲဖို႔ ဆုံးျဖတ္တတ္ၾကပါတယ္။
၇။ကိုယ့္ကိုႀကိဳက္ေပမယ့္ အဲ့ဒီေလာက္လည္း မဟုတ္တဲ့အခါ
ခ်စ္သူရည္းစားေတြၾကားမွာ ျပႆနာအႀကီးအက်ယ္ မရွိပါဘဲ ကြဲသြားတဲ့အတြဲေတြ အမ်ားႀကီးပါ။ အဆင္လည္းေျပတယ္၊ ေမွ်ာ္လင့္ထားတာကလည္း အမ်ားႀကီး။ ဒါေပမယ့္ သူတို႔ကိုယ္နဲ႔ၾကားက ဆက္ဆံေရးကေတာ့ ဒီအတိုင္း ေအးေအးႀကီးပါပဲ။ ဒီလိုမ်ိဳးဆိုရင္လည္း သူတို႔က လက္ေလွ်ာ့သြားတတ္ၾကပါတယ္။
၈။အနာဂတ္အတြက္ ညႇိလို႔မရတဲ့အခါ
အိမ္ေထာင္က်ၿပီးရင္ ဘာေတြလုပ္ၾကမယ္ဆိုတာမ်ိဳး ခ်စ္သူနဲ႔ေျပာဖူးတဲ့အခါ သူက ကေလးလိုခ်င္တယ္၊ ကိုယ္က မလိုခ်င္ဘူး။ သူက ကိုယ့္ကို အိမ္မွာေနၿပီး အိမ္အလုပ္လုပ္ေစခ်င္တယ္၊ ကိုယ္က အဲ့ဒီလိုမ်ိဳး မလုပ္ႏိုင္ဘူးဆိုပါစို႔။ ဒီလိုအေျခအေနမ်ိဳးေတြကလည္း လမ္းခြဲဖို႔အတြက္ ဦးတည္သြားတာပဲေလ။
၉။သူဟာ ကိုယ့္လို စြမ္းေဆာင္ရည္မရွိဘူးလို႔ ထင္ေနလို႔
သူဟာ ဘာအလုပ္မွ မယ္မယ္ရရ မရွိခ်ိန္မွာ ကိုယ္ကေတာ့ ကိုယ့္အလုပ္မွာ ရာထူးခပ္ႀကီးႀကီးနဲ႔ ထက္ထက္ျမက္ျမက္ရွိတဲ့သူဆို သူ႔အေနနဲ႔ သိမ္ငယ္လာႏိုင္ပါတယ္။ သူ႔အေပါင္းအသင္းနဲ႔ ကိုယ့္အေပါင္းအသင္း မတူညီတာထက္ ကိုယ့္အေပါင္းအသင္းမွာ သူမဝင္ဆန႔္ဘူးလို႔ ထင္လာတဲ့အခါ ေနာက္ဆုံးေတာ့ ကိုယ့္ကိုခ်စ္ရက္နဲ႔ လက္ေလွ်ာ့သြားတာမ်ိဳးေပါ့။
၁၀။အခ်ိန္အတိုင္းအတာတစ္ခုေၾကာင့္ လမ္းခြဲသြားတာမ်ိဳး
တစ္ခ်ိဳ႕ေယာက်ၤားေတြရဲ႕ စိတ္ကထူးဆန္းပါတယ္။ ပုံေသကားခ်ပ္အတိုင္း တြက္ထားၿပီး ဘယ္အခ်ိန္မွာ ဘာျဖစ္မယ္ဆိုတဲ့ ေယာက်ၤားမ်ိဳးနဲ႔ သြားေတြ႕ရင္ေတာ့ ကိုယ့္ကိုလည္း အဲ့ဒီလို တြက္ခ်က္ေနပါလိမ့္မယ္။ ကိုယ္က သူစီစဥ္ထားတဲ့အခ်ိန္မွာ သူျဖစ္ေစခ်င္သလို ျဖစ္မလာလို႔ ကိုယ္နဲ႔လမ္းခြဲသြားတာမ်ိဳးဆိုရင္ ဒါကို ခံစားမေနဖို႔ လိုပါတယ္။


Credit: trend


Unicode ဖြင့်ဖတ်ရန်


အမျိုးသားတွေ သူ့ချစ်သူကို လမ်းခွဲတတ်တဲ့ အကြောင်းအရင်း (၁၀) ချက်
တစ်ခါတစ်လေ ယောင်္ကျားတွေက နားလည်ရခက်တယ်လို့ ဆိုကြလေ့ရှိပါတယ်။ ခံယူချက်အမျိုးမျိုး၊ တွေးခေါ်ပုံအမျိုးမျိုးနဲ့ သူတို့တွေရဲ့ ခံစားမှုပုံစံတွေဟာ အမျိုးသမီးတွေထက်တောင် ခန့်မှန်းရ ခက်နေတတ်ပါတယ်။ လမ်းခွဲသွားတဲ့ ကောင်လေးက ကိုယ့်ကို ဘာ့ကြောင့်များထားခဲ့ရတာလဲလို့ ကိုယ့်ဘက်က အပြစ်ရှိသလို တွေးနေတတ်တဲ့ အမျိုးသမီးတွေအတွက် သူတို့တွေလမ်းခွဲလေ့ရှိတဲ့ အကြောင်းပြချက်လေးတွေကို ခုလိုဖော်ပြပေးလိုက်ပါတယ်။
၁။သင့်ကိုမနာကျင်စေချင်လို့
သူတို့ပြောလေ့ရှိတာကတော့ သူတို့ကြောင့် ကိုယ်ခံစားနေရမှာစိုးလို့။ သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ ဒါမှမဟုတ် ကိုယ်နဲ့မတွေ့ခင်က သူ့အရှုပ်တော်ပုံတွေကြောင့် ကိုယ်နဲ့ရှေ့ဆက်လက်တွဲသွားရင် ကိုယ့်ဘဝလေး မလှပနိုင်တော့ဘူးလို့ တွေးပြီး ချစ်ရက်နဲ့ လက်တွဲဖြုတ်လိုက်တာမျိုးပေါ့။
၂။တစ်ယောက်တည်းပဲ နေတော့မလားလို့
ရန်တွေဖြစ်ရတာ၊ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ညှိုနှိုင်းနေရတာ၊ သူ့မိသားစု၊ ကိုယ့်မိသားစုအပူတွေ ထည့်ထည့်တွေးပေးနေရတာတွေ စိတ်ကုန်လာလို့ တစ်ယောက်တည်းပဲ နေပါတော့မယ်ပေါ့။ အဓိပ္ပါယ်မရှိပေမယ့် ဒီလိုဆုံးဖြတ်ချက်ချပြီး ချစ်သူနဲ့ လမ်းခွဲခဲ့သူတွေ ရှိနေပါတယ်။
၃။သူချစ်တာထက် ကိုယ်ကပိုချစ်နေမိလို့
အမှန်တော့ ဒါဟာ သူ့အတွက် ကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေက တင်းကျပ်မှုကို မခံစားနိုင်ကြပါဘူး။ လွတ်လပ်မှုကိုသာ မြတ်နိုးတတ်ကြတာမို့ ကိုယ်က အသေးစိတ်လိုက်ဂရုစိုက်နေတာ၊ တစ်နေ့ကို လေး၊ ငါးခါဖုန်းဆက်နေတာ၊ ဘယ်ရောက်နေလဲဆိုတဲ့အကြောင်း sms ပို့မေးတာမျိုးတွေကို သူတို့ နှစ်သက်ကြမှာ မဟုတ်ပါဘူး။
၄။အနာဂတ်မှာ ကိုယ်နဲ့ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ တွေးလိုက်လို့
ချစ်သူရည်းစားထားတဲ့အခါ အပျော်ထားတာလား၊ ဘဝအတွက် တကယ်ရည်ရွယ်ပြီးထားတာလား ဆိုတာမျိုးရှိပါတယ်။ သူတို့က ကိုယ်နဲ့တွဲကြည့်ရင်းနဲ့ သူတို့မနှစ်ခြိုက်တဲ့ အပြုအမူ၊ သူတို့ လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့ အပိုင်းတွေ ရှိလာမယ်ဆိုရင် ဘဝအတွက် ကိုယ့်ကိုလက်တွဲမှာ မဟုတ်ပါဘူး။
၅။လိင်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့အဆင်မပြေလို့
ဒီလိုယောင်္ကျားမျိုးဆိုရင်တော့ မြန်မြန်ဒိုးလေ ကောင်းလေပေါ့နော်။ ဒါပေမယ့် သူတို့တွေဟာ ဒီအချက်ကိုလည်း ထည့်စဉ်းစားလေ့ရှိပါတယ်။
၆။ကိုယ့်ဘက်က အသင့်မဖြစ်သေးဘဲ သူတို့က အတည်ကြီးတွေ လုပ်လာတဲ့အခါ
သူနဲ့ကိုယ်နဲ့ တွဲကြည့်တဲ့အခါ ကိုယ်ကတော့ အဲ့ဒီလောက်ကြီး အသည်းအသန်မဟုတ်ပေမယ့် သူ့ဘက်က အသည်းအသန်တွေ ဖြစ်လာတဲ့အခါ ပြဿနာ နည်းနည်းရှိသွားပါပြီ။ ကိုယ့်ဘက်က သူ့ကို သူ့လောက်မချစ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကိုယ့်ကို လမ်းခွဲဖို့ ဆုံးဖြတ်တတ်ကြပါတယ်။
၇။ကိုယ့်ကိုကြိုက်ပေမယ့် အဲ့ဒီလောက်လည်း မဟုတ်တဲ့အခါ
ချစ်သူရည်းစားတွေကြားမှာ ပြဿနာအကြီးအကျယ် မရှိပါဘဲ ကွဲသွားတဲ့အတွဲတွေ အများကြီးပါ။ အဆင်လည်းပြေတယ်၊ မျှော်လင့်ထားတာကလည်း အများကြီး။ ဒါပေမယ့် သူတို့ကိုယ်နဲ့ကြားက ဆက်ဆံရေးကတော့ ဒီအတိုင်း အေးအေးကြီးပါပဲ။ ဒီလိုမျိုးဆိုရင်လည်း သူတို့က လက်လျှော့သွားတတ်ကြပါတယ်။
၈။အနာဂတ်အတွက် ညှိလို့မရတဲ့အခါ
အိမ်ထောင်ကျပြီးရင် ဘာတွေလုပ်ကြမယ်ဆိုတာမျိုး ချစ်သူနဲ့ပြောဖူးတဲ့အခါ သူက ကလေးလိုချင်တယ်၊ ကိုယ်က မလိုချင်ဘူး။ သူက ကိုယ့်ကို အိမ်မှာနေပြီး အိမ်အလုပ်လုပ်စေချင်တယ်၊ ကိုယ်က အဲ့ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုပါစို့။ ဒီလိုအခြေအနေမျိုးတွေကလည်း လမ်းခွဲဖို့အတွက် ဦးတည်သွားတာပဲလေ။
၉။သူဟာ ကိုယ့်လို စွမ်းဆောင်ရည်မရှိဘူးလို့ ထင်နေလို့
သူဟာ ဘာအလုပ်မှ မယ်မယ်ရရ မရှိချိန်မှာ ကိုယ်ကတော့ ကိုယ့်အလုပ်မှာ ရာထူးခပ်ကြီးကြီးနဲ့ ထက်ထက်မြက်မြက်ရှိတဲ့သူဆို သူ့အနေနဲ့ သိမ်ငယ်လာနိုင်ပါတယ်။ သူ့အပေါင်းအသင်းနဲ့ ကိုယ့်အပေါင်းအသင်း မတူညီတာထက် ကိုယ့်အပေါင်းအသင်းမှာ သူမဝင်ဆန့်ဘူးလို့ ထင်လာတဲ့အခါ နောက်ဆုံးတော့ ကိုယ့်ကိုချစ်ရက်နဲ့ လက်လျှော့သွားတာမျိုးပေါ့။
၁၀။အချိန်အတိုင်းအတာတစ်ခုကြောင့် လမ်းခွဲသွားတာမျိုး
တစ်ချို့ယောင်္ကျားတွေရဲ့ စိတ်ကထူးဆန်းပါတယ်။ ပုံသေကားချပ်အတိုင်း တွက်ထားပြီး ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတဲ့ ယောင်္ကျားမျိုးနဲ့ သွားတွေ့ရင်တော့ ကိုယ့်ကိုလည်း အဲ့ဒီလို တွက်ချက်နေပါလိမ့်မယ်။ ကိုယ်က သူစီစဉ်ထားတဲ့အချိန်မှာ သူဖြစ်စေချင်သလို ဖြစ်မလာလို့ ကိုယ်နဲ့လမ်းခွဲသွားတာမျိုးဆိုရင် ဒါကို ခံစားမနေဖို့ လိုပါတယ်။
Credit: trend