Zawgyi ျဖင့္ဖတ္ရန္



အစာစားၿပီးၿပီးခ်င္း ေရမကူးရဘူးဆိုတာမ်ိဳးေတာ့ ၾကားဖူးၾကမွာပါ။ တကယ္ေတာ့ အစာစားၿပီးၿပီးခ်င္း မလုပ္သင့္တဲ့အရာေတြ အမ်ားႀကီးရွိပါေသးတယ္။ က်န္းမာတဲ့ ဘဝကိုရဖို႔ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာေတြ စားဖို႔လိုသလို စားၿပီးတဲ့အခါလည္း ေနခ်င္သလိုေနလို႔မရပါဘူး။

အစာေကာင္းေကာင္း ေၾကညက္ဖို႔၊ ဝမ္းဗိုက္ျပႆနာေတြ မျဖစ္ဖို႔၊ စားလိုက္တဲ့အာဟာရေတြကို ေကာင္းစြာ စုပ္ယူႏိုင္ဖို႔အတြက္ အစာစားၿပီးတဲ့အခါ ဒီအခ်က္ေတြကို ခ်က္ခ်င္းမလုပ္မိေအာင္ ေရွာင္သင့္ပါတယ္။

(၁) အိပ္စက္ျခင္း

ထမင္းစားၿပီးၿပီးခ်င္း အိပ္တာ၊ တစ္ေရးတစ္ေမာ ေမွးစက္တာက က်န္းမာေရးနဲ႔မညီၫြတ္ပါဘူး။ အစာစားခ်ိန္နဲ႔ နာရီအနည္းငယ္ျခားၿပီး အိပ္တာက ေလျဖတ္ျခင္းနဲ႔ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ် ရာခိုင္ႏႈန္း နည္းေစပါတယ္။ အစာစားၿပီး လဲေလ်ာင္းလိုက္တဲ့အခါ အစာေခ်အက္ဆစ္ေတြဟာ အစာႁပြန္နံရံေတြကို တိုက္စားသြားပါတယ္။

အဲဒီအခါ ဗိုက္နာတာ၊ ဗိုက္ေအာင့္တာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။ တီဗြီထိုင္ၾကည့္တာ၊ မိသားစု(သို႔) သူငယ္ခ်င္းနဲ႔စကားေျပာတာမ်ိဳးေတြ လုပ္လို႔ရပါတယ္။ အိပ္သာ မအိပ္ပါနဲ႔။ အစာစားၿပီး ၂ နာရီ၊ ၃ နာရီေလာက္ၾကာမွ အိပ္ပါ

(၂) ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ႀကိဳက္တတ္သူအမ်ားစုဟာ အစာစားၿပီးရင္ ေဆးလိပ္ေလးဖြာလိုက္ရမွ ေနသာထိုင္သာ ရွိၾကပါတယ္။ တကယ္ေတာ့ ဒါဟာ အရမ္းကို အႏၲရာယ္ရွိပါတယ္။ အစာစားၿပီးၿပီးခ်င္း ေဆးလိပ္ ၁ လိပ္ေသာက္တာက ပုံမွန္အခ်ိန္မွာ ေဆးလိပ္ ၁၀ လိပ္ေသာက္တာနဲ႔ ညီမွ်ပါတယ္။ ေဆးလိပ္ေသာက္ျခင္းက ဆိုး႐ြားပါတယ္။ ထမင္းစားၿပီး ေဆးလိပ္ေသာက္တာက ဆယ္ဆ ဆိုး႐ြားပါတယ္။ ေဆးလိပ္မွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ Car cin oge ns ဓာတ္ေတြမ်ားစြာ ပါဝင္ပါတယ္။

အစာအိမ္က အစာေခ်ဖ်က္ေနတဲ့အခ်ိန္ ေဆးလိပ္ေသာက္လိုက္တဲ့အခါ နီကိုတင္းဓာတ္ဟာ ေသြးထဲက ေအာက္စီဂ်င္နဲ႔ေပါင္းစပ္သြားၿပီး Car cin oge ns ဓာတ္ေတြကို ပိုစုပ္ယူပါတယ္။ အဲဒီကေန အူမႀကီးကင္ဆာ၊ အဆုတ္ကင္ဆာျဖစ္ႏႈန္းကို ပိုျမင့္တက္ေစပါတယ္။

(၃) ေရခ်ိဳးျခင္း

အစာစားၿပီး ေရခ်ိဳးရင္ ေရဖ်င္းဆြဲတတ္တယ္လို႔ ၾကားဖူးၾကမွာပါ။ တကယ္ေတာ့ အစာစားၿပီးခ်င္းေရခ်ိဳးတဲ့အခါ အစာေခ်ဖ်က္ႏႈန္းေႏွးေကြးသြားၿပီး အစာမေၾကျဖစ္တတ္တာပါ။ ေရခ်ိဳးလိုက္တဲ့အခါ ခႏၶာကိုယ္ထဲက ေသြးေတြဟာ လက္နဲ႔ေျခေထာက္ဆီကို စီးဆင္းသြားၿပီး ဝမ္းဗိုက္ဆီကို စီးဆင္းတာ နည္းသြားပါတယ္။

အစာအိမ္မွာ ေသြးစီးတာ နည္းသြားတဲ့အခါ အစာေခ်ဖ်က္ျခင္းကို ေႏွးေကြးသြားေစပါတယ္။ ဒါေၾကာင့္ အစာစားၿပီး ၁ နာရီ (သို႔) ၂ နာရီၾကာမွသာ ေရခ်ိဳးသင့္ပါတယ္။

(၄) အသီးစားျခင္း

အသီးစားတာက ေကာင္းပါတယ္။ ထမင္းစားၿပီး အသီးစားတာေတာ့ မေကာင္းပါဘူးတဲ့။ အံၾသသြားၿပီလား။ ပုံမွန္က ထမင္းစားၿပီး အသီးကို အခ်ိဳတည္းေနက်ေလ။ တကယ္ေတာ့ ဒါကမွားပါတယ္တဲ့။ အသီးေတြဟာ အစာေခ်ဖ်က္ရတာလြယ္ပါတယ္။ စားလိုက္တဲ့အသီးေတြ ေၾကညက္သြားဖို႔ မိနစ္ ၂၀ ေလာက္ပဲ ၾကာပါတယ္။

ထမင္းစားၿပီးအသီးစားလိုက္တဲ့အခါ အစာအိမ္က ထမင္းေတြကို ေခ်ဖ်က္ေနရေသးတဲ့အတြက္ အသီးေတြကို မေခ်ဖ်က္ႏိုင္ေတာ့ပါဘူး။ အဲဒီကေန ေလခံတာ၊ အစာမေၾကတာေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အစာစားၿပီး အနည္းဆုံး ၁ နာရီေလာက္ၾကာမွ အသီးစားပါ။

(၅) လဖၻက္ရည္၊ ေကာ္ဖီေသာက္ျခင္း

လဖၻက္ရည္၊ ေကာ္ဖီကို အစာမစားခင္ ေသာက္တာက ပိုမွန္ပါတယ္။ အစာစားၿပီးမွ ေသာက္တဲ့အခါ အစာထဲမွာပါတဲ့ သံဓာတ္ေတြကို စုပ္ယူမႈ ေလ်ာ့က်ေစပါတယ္။ သံဓာတ္ စုပ္ယူမႈ ေလ်ာ့က်တဲ့အခါ ေသြးအားနည္းျခင္း၊ ျဖဴဖတ္ျဖဴေရာ္ျဖစ္ျခင္း၊ လက္ဖ်ားေျခဖ်ားေအးစက္ျခင္း၊ မူးေဝျခင္း၊ ခံတြင္းပ်က္ျခင္းေတြ ျဖစ္ေစပါတယ္။

လဖၻက္ရည္၊ ေကာ္ဖီမွာလည္း သူ႔အက်ိဳးအာနိသင္နဲ႔သူ ရွိတာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ အစာစားၿပီးၿပီးခ်င္းေတာ့ မေသာက္ပါနဲ႔။ ထမင္းစားၿပီး ၁ နာရီၾကာမွ ေသာက္ပါ။

(၆) ေရေသာက္ျခင္း

ေရကို တစ္ေန႔၈ ခြက္ေသာက္တာက က်န္းမာေရးအတြက္ ေကာင္းပါတယ္။ ဒါေပမဲ့ အစားစားၿပီးၿပီးခ်င္း ေသာက္တာကေတာ့ မေကာင္းပါဘူး။ ထမင္းစားၿပီး ေရအမ်ားႀကီးေသာက္တဲ့အခါ အစာေခ်ဖ်က္တဲ့ အက္ဆစ္ဓာတ္ေတြကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ေရခဲေရဆိုရင္ ပိုဆိုးပါတယ္။

အစားစားၿပီးၿပီးခ်င္း ေရမေသာက္သင့္သလို၊ အစားစားေနစဥ္မွာလည္း မေသာက္သင့္ပါဘူး။ အနည္းဆုံး အစာနဲ႔ တစ္နာရီျခား ေသာက္ေပးပါ။

(၇) လမ္းေလွ်ာက္ျခင္း

အစားစားၿပီးခ်င္း ထိုင္ရင္ဝိတ္တက္မွာစိုးလို႔ ခဏတျဖဳတ္ လမ္းေလွ်ာက္တာမ်ိဳး လုပ္တတ္ၾကပါတယ္။ တကယ္ေတာ့ မေလွ်ာက္သင့္ပါဘူး။ အစာမေၾက၊ ေလထိုးေလေအာင့္ ျဖစ္တတ္ပါတယ္။ အစာစားၿပီး မိနစ္ ၃၀ ေလာက္ၾကာမွ လမ္းေလွ်ာက္ပါ။

(၈) သြားတိုက္ျခင္း

အစားစားၿပီးခ်င္း သြားတိုက္တာက သြားေတြအတြက္ အႏၲရာယ္ရွိပါတယ္။ အစားစားၿပီးသြားတိုက္တဲ့အခါ သြားေႂကြလႊာေတြကို ပ်က္စီးေစပါတယ္။ အထူးသျဖင့္ အခ်ဥ္ဓာတ္နဲ႔ အခ်ိဳဓာတ္မ်ားတဲ့ အစားအစာေတြကို စားၿပီးၿပီးခ်င္း သြားတိုက္ျခင္းက ပိုအႏၲရာယ္မ်ားပါတယ္။

အစားစားၿပီးခ်င္းမွာ သြားေတြကို ကာကြယ္ထားဖို႔ လုံေလာက္တဲ့ တံေတြးျပန္မျပည့္ေသးပါဘူး။ ဒါေၾကာင့္ သြားေႂကြလႊာေတြ မပ်က္စီးေစခ်င္ဘူးဆိုရင္ေတာ့ အနည္းဆုံး နာရီဝက္ေလာက္ေနမွ သြားတိုက္ပါ။

(၉) ကားေမာင္းျခင္း

ေနာက္အေရးႀကီးတဲ့ တစ္ခုကေတာ့ အစာစားၿပီးၿပီးခ်င္း ကားမေမာင္းပါနဲ႔။ အေပၚမွာ ေျပာခဲ့သလို အစာစားၿပီးတဲ့အခါ အစာေခ်ဖ်က္ဖို႔ အစာအိမ္ကို ေသြးေတြစီးဆင္းေနရပါတယ္။ အဲဒီအခ်ိန္မွာ ဦးေႏွာက္ဆီကို ေသြးမေရာက္ေတာ့ပါဘူး။ ဒါေၾကာင့္ ကားေမာင္းတာကို အာ႐ုံမစိုက္ႏိုင္ ျဖစ္ေစပါတယ္။

ဒါ့အျပင္ ထမင္းစားၿပီး ေသြးေလးေနတဲ့အတြက္ အိပ္ငိုက္တတ္ပါတယ္။ အိပ္ငိုက္ၿပီး ကားေမာင္းတာ ဘယ္နည္းနဲ႔မွ မေကာင္းႏိုင္ပါဘူး။ ဒါေၾကာင့္ အစာစားၿပီး ၂ နာရီေလာက္ၾကာမွပဲ ကားေမာင္းသင့္ပါတယ္။

share from: alinnpya

Unicode ဖြင့်ဖတ်ရန်

ထမင်းစားပြီးပြီးချင်း မလုပ်သင့်သောအရာများ

အစာစားပြီးပြီးချင်း ရေမကူးရဘူးဆိုတာမျိုးတော့ ကြားဖူးကြမှာပါ။ တကယ်တော့ အစာစားပြီးပြီးချင်း မလုပ်သင့်တဲ့အရာတွေ အများကြီးရှိပါသေးတယ်။ ကျန်းမာတဲ့ ဘဝကိုရဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားဖို့လိုသလို စားပြီးတဲ့အခါလည်း နေချင်သလိုနေလို့မရပါဘူး။

အစာကောင်းကောင်း ကြေညက်ဖို့၊ ဝမ်းဗိုက်ပြဿနာတွေ မဖြစ်ဖို့၊ စားလိုက်တဲ့အာဟာရတွေကို ကောင်းစွာ စုပ်ယူနိုင်ဖို့အတွက် အစာစားပြီးတဲ့အခါ ဒီအချက်တွေကို ချက်ချင်းမလုပ်မိအောင် ရှောင်သင့်ပါတယ်။

(၁) အိပ်စက်ခြင်း

ထမင်းစားပြီးပြီးချင်း အိပ်တာ၊ တစ်ရေးတစ်မော မှေးစက်တာက ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ အစာစားချိန်နဲ့ နာရီအနည်းငယ်ခြားပြီး အိပ်တာက လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေ ရာခိုင်နှုန်း နည်းစေပါတယ်။ အစာစားပြီး လဲလျောင်းလိုက်တဲ့အခါ အစာချေအက်ဆစ်တွေဟာ အစာပြွန်နံရံတွေကို တိုက်စားသွားပါတယ်။

အဲဒီအခါ ဗိုက်နာတာ၊ ဗိုက်အောင့်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ တီဗွီထိုင်ကြည့်တာ၊ မိသားစု(သို့) သူငယ်ချင်းနဲ့စကားပြောတာမျိုးတွေ လုပ်လို့ရပါတယ်။ အိပ်သာ မအိပ်ပါနဲ့။ အစာစားပြီး ၂ နာရီ၊ ၃ နာရီလောက်ကြာမှ အိပ်ပါ

(၂) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ကြိုက်တတ်သူအများစုဟာ အစာစားပြီးရင် ဆေးလိပ်လေးဖွာလိုက်ရမှ နေသာထိုင်သာ ရှိကြပါတယ်။ တကယ်တော့ ဒါဟာ အရမ်းကို အန္တရာယ်ရှိပါတယ်။ အစာစားပြီးပြီးချင်း ဆေးလိပ် ၁ လိပ်သောက်တာက ပုံမှန်အချိန်မှာ ဆေးလိပ် ၁၀ လိပ်သောက်တာနဲ့ ညီမျှပါတယ်။ ဆေးလိပ်သောက်ခြင်းက ဆိုးရွားပါတယ်။ ထမင်းစားပြီး ဆေးလိပ်သောက်တာက ဆယ်ဆ ဆိုးရွားပါတယ်။ ဆေးလိပ်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ Car cin oge ns ဓာတ်တွေများစွာ ပါဝင်ပါတယ်။

အစာအိမ်က အစာချေဖျက်နေတဲ့အချိန် ဆေးလိပ်သောက်လိုက်တဲ့အခါ နီကိုတင်းဓာတ်ဟာ သွေးထဲက အောက်စီဂျင်နဲ့ပေါင်းစပ်သွားပြီး Car cin oge ns ဓာတ်တွေကို ပိုစုပ်ယူပါတယ်။ အဲဒီကနေ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာဖြစ်နှုန်းကို ပိုမြင့်တက်စေပါတယ်။

(၃) ရေချိုးခြင်း

အစာစားပြီး ရေချိုးရင် ရေဖျင်းဆွဲတတ်တယ်လို့ ကြားဖူးကြမှာပါ။ တကယ်တော့ အစာစားပြီးချင်းရေချိုးတဲ့အခါ အစာချေဖျက်နှုန်းနှေးကွေးသွားပြီး အစာမကြေဖြစ်တတ်တာပါ။ ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက သွေးတွေဟာ လက်နဲ့ခြေထောက်ဆီကို စီးဆင်းသွားပြီး ဝမ်းဗိုက်ဆီကို စီးဆင်းတာ နည်းသွားပါတယ်။

အစာအိမ်မှာ သွေးစီးတာ နည်းသွားတဲ့အခါ အစာချေဖျက်ခြင်းကို နှေးကွေးသွားစေပါတယ်။ ဒါကြောင့် အစာစားပြီး ၁ နာရီ (သို့) ၂ နာရီကြာမှသာ ရေချိုးသင့်ပါတယ်။

(၄) အသီးစားခြင်း

အသီးစားတာက ကောင်းပါတယ်။ ထမင်းစားပြီး အသီးစားတာတော့ မကောင်းပါဘူးတဲ့။ အံသြသွားပြီလား။ ပုံမှန်က ထမင်းစားပြီး အသီးကို အချိုတည်းနေကျလေ။ တကယ်တော့ ဒါကမှားပါတယ်တဲ့။ အသီးတွေဟာ အစာချေဖျက်ရတာလွယ်ပါတယ်။ စားလိုက်တဲ့အသီးတွေ ကြေညက်သွားဖို့ မိနစ် ၂၀ လောက်ပဲ ကြာပါတယ်။

ထမင်းစားပြီးအသီးစားလိုက်တဲ့အခါ အစာအိမ်က ထမင်းတွေကို ချေဖျက်နေရသေးတဲ့အတွက် အသီးတွေကို မချေဖျက်နိုင်တော့ပါဘူး။ အဲဒီကနေ လေခံတာ၊ အစာမကြေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားပြီး အနည်းဆုံး ၁ နာရီလောက်ကြာမှ အသီးစားပါ။

(၅) လဖ္ဘက်ရည်၊ ကော်ဖီသောက်ခြင်း

လဖ္ဘက်ရည်၊ ကော်ဖီကို အစာမစားခင် သောက်တာက ပိုမှန်ပါတယ်။ အစာစားပြီးမှ သောက်တဲ့အခါ အစာထဲမှာပါတဲ့ သံဓာတ်တွေကို စုပ်ယူမှု လျော့ကျစေပါတယ်။ သံဓာတ် စုပ်ယူမှု လျော့ကျတဲ့အခါ သွေးအားနည်းခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ လက်ဖျားခြေဖျားအေးစက်ခြင်း၊ မူးဝေခြင်း၊ ခံတွင်းပျက်ခြင်းတွေ ဖြစ်စေပါတယ်။

လဖ္ဘက်ရည်၊ ကော်ဖီမှာလည်း သူ့အကျိုးအာနိသင်နဲ့သူ ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အစာစားပြီးပြီးချင်းတော့ မသောက်ပါနဲ့။ ထမင်းစားပြီး ၁ နာရီကြာမှ သောက်ပါ။

(၆) ရေသောက်ခြင်း

ရေကို တစ်နေ့၈ ခွက်သောက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ အစားစားပြီးပြီးချင်း သောက်တာကတော့ မကောင်းပါဘူး။ ထမင်းစားပြီး ရေအများကြီးသောက်တဲ့အခါ အစာချေဖျက်တဲ့ အက်ဆစ်ဓာတ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ရေခဲရေဆိုရင် ပိုဆိုးပါတယ်။

အစားစားပြီးပြီးချင်း ရေမသောက်သင့်သလို၊ အစားစားနေစဉ်မှာလည်း မသောက်သင့်ပါဘူး။ အနည်းဆုံး အစာနဲ့ တစ်နာရီခြား သောက်ပေးပါ။

(၇) လမ်းလျှောက်ခြင်း

အစားစားပြီးချင်း ထိုင်ရင်ဝိတ်တက်မှာစိုးလို့ ခဏတဖြုတ် လမ်းလျှောက်တာမျိုး လုပ်တတ်ကြပါတယ်။ တကယ်တော့ မလျှောက်သင့်ပါဘူး။ အစာမကြေ၊ လေထိုးလေအောင့် ဖြစ်တတ်ပါတယ်။ အစာစားပြီး မိနစ် ၃၀ လောက်ကြာမှ လမ်းလျှောက်ပါ။

(၈) သွားတိုက်ခြင်း

အစားစားပြီးချင်း သွားတိုက်တာက သွားတွေအတွက် အန္တရာယ်ရှိပါတယ်။ အစားစားပြီးသွားတိုက်တဲ့အခါ သွားကြွေလွှာတွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် အချဉ်ဓာတ်နဲ့ အချိုဓာတ်များတဲ့ အစားအစာတွေကို စားပြီးပြီးချင်း သွားတိုက်ခြင်းက ပိုအန္တရာယ်များပါတယ်။

အစားစားပြီးချင်းမှာ သွားတွေကို ကာကွယ်ထားဖို့ လုံလောက်တဲ့ တံတွေးပြန်မပြည့်သေးပါဘူး။ ဒါကြောင့် သွားကြွေလွှာတွေ မပျက်စီးစေချင်ဘူးဆိုရင်တော့ အနည်းဆုံး နာရီဝက်လောက်နေမှ သွားတိုက်ပါ။

(၉) ကားမောင်းခြင်း

နောက်အရေးကြီးတဲ့ တစ်ခုကတော့ အစာစားပြီးပြီးချင်း ကားမမောင်းပါနဲ့။ အပေါ်မှာ ပြောခဲ့သလို အစာစားပြီးတဲ့အခါ အစာချေဖျက်ဖို့ အစာအိမ်ကို သွေးတွေစီးဆင်းနေရပါတယ်။ အဲဒီအချိန်မှာ ဦးနှောက်ဆီကို သွေးမရောက်တော့ပါဘူး။ ဒါကြောင့် ကားမောင်းတာကို အာရုံမစိုက်နိုင် ဖြစ်စေပါတယ်။

ဒါ့အပြင် ထမင်းစားပြီး သွေးလေးနေတဲ့အတွက် အိပ်ငိုက်တတ်ပါတယ်။ အိပ်ငိုက်ပြီး ကားမောင်းတာ ဘယ်နည်းနဲ့မှ မကောင်းနိုင်ပါဘူး။ ဒါကြောင့် အစာစားပြီး ၂ နာရီလောက်ကြာမှပဲ ကားမောင်းသင့်ပါတယ်။

share from: alinnpya