Zawgyiျဖင့္ဖတ္ရန္

ေၾကးအိုး ခ်က္နည္းမွာ ဟင္းရည္က အဓိက က်တာမို႔ အခု ေပးထားတဲ့ ခ်က္နည္းအတိုင္းသာ ခ်က္ပါ။

တထပ္တည္း မက်ရင္ေတာင္ စားရတာ စိတ္တိုင္းေတာ့ က်ပါမယ္။

အသားလုံးတဲ့ အခါမွာလည္း တ႐ုပ္မဆလာ ႀကိဳက္ရင္ ထည့္ၿပီး ႏွပ္ထားႏိုင္ပါတယ္။

အသားလုံးကို ငါးဖယ္ထည့္လုံးႏိုင္ရင္ေတာ့ အေကာင္းဆုံးပါဘဲ။ ငါးဖယ္ ဝယ္မရႏိုင္ခဲ့ရင္ေတာ့ ေကာ္မႈန႔္ ႏိုင္ႏိုင္ေလးနဲ႔ လုံးေပးပါ။

ပါဝင္ေသာ ပစၥည္းမ်ား

၁။ ၾကက္႐ိုး (သို.မဟုတ္) ဝက္႐ိုး

၂။ အူစုံ ၊ အသည္းစုံ

၃၊ ေတာက္ေတာက္စင္းထားေသာ အသား

၄။ ငံုးဥ

၅။ ပဲျပား

၆။ မုန္ညင္းစိမ္း

ရ။ ဆန္ျပား၊ ၾကာဆံ

၈။ ဘဲငန္းပ်ံ င႐ုပ္ဆီ

၉။ ရွာလကာရည္

၁၀။ င႐ုပ္သီးစိမ္း

၁၁။ ၾကက္သြန္ျဖဴ

ဟင္းရည္

အ႐ိုးကို ေရေဆးၿပီး အိုးႀကီးႀကီးထဲတြင္ ေရ ႐ိုး႐ိုးႏွင့္ ထည့္ျပဳတ္ပါ၊ ဆား ၊ အခ်ိဳမႈန္. သုံးလွ်င္ အခ်ိဳမႈန္. ထည့္လို.ရတယ္၊ ဒါေပမဲ့ ၾကက္သားမႈန္. မထည့္ပါနဲ.၊ အရသာကို ေျပာင္းသြားႏိုင္လို.ပါ၊ ေနာက္ၿပီး သၾကားကို ခ်ိန္ဆ ၿပီး ထည့္ပါ၊အခ်ိဳ ေလးေလး ျဖစ္ေအာင္ ခ်ိန္ဆ ထည့္ပါ၊ အ႐ိုးမ်ား ႏူး ေနသည္အထိ ျပဳတ္ေပးပါ၊

သတိျပဳရန္မွာ-

အထက္ပါ အစာပလာမ်ားမွ လြဲၿပီး တျခား ေကာင္းႏိုင္မည္ ထင္သည့္ အရာမ်ား ေလွ်ာက္မထည့္ပါနဲ.။ အထူးသျဖင့္ ဂ်င္း၊ တ႐ုပ္နံနံ လုံး၀ မထည့္ရ။

အသားႏွင့္ အ႐ြက္မ်ား ျပင္ဆင္ျခင္း

၁၊ ေတာက္ေတာက္စင္းထားေသာ အသားမ်ားကို ေကာ္မႈန္.၊ ဆား၊ အခ်ိဳမႈန္.၊ ၾကက္ဥ အကာ ( ႏွေျမာလွ်င္ အႏွစ္ပါ ထည့္)၊ တ႐ုပ္ၾကက္သြန္မိတ္၊ င႐ုပ္ေကာင္း တို.ႏွင့္ နယ္ၿပီး ႏွပ္ထားပါ၊

၂၊ မုန္ညင္းစိမ္းကို အ႐ြက္ေခြၽထားပါ၊

၃၊ အသည္းအျမစ္၊ အူစုံ အသည္းစုံကို ေရစင္စင္ေဆး၊ အေနေတာ္လွီး ၿပီး ဆား၊ အခ်ိဳမႈန္.တို.ႏွင့္ နယ္ထားပါ၊ အမ်ိဳးအစား တခု ခ်င္းဆီကို ေရလဲၿပီး တခု ခ်င္းစီ ျပဳတ္ပါ၊ ဗန္းထဲတြင္ အသင့္ျပင္ထားပါ၊

( ဟင္းရည္ ထဲတြင္ အလြယ္ ထည့္မျပဳတ္ပါႏွင့္)

၄၊ ငုံးဥ ကို ျပဳတ္၊ အခြံႏြာ အသင့္ျပင္ထားပါ။

၅၊ ပဲျပားကို လိုသေလာက္ လြာထားပါ၊

၆၊ ဆန္ျပား ႏွင့္ ၾကာဆံ ကို ေရစိမ္ၿပီ စစ္ထား၊ ၿပီးရင္ ဗန္းထဲတြင္ ခင္းထားပါ၊

ႏွမ္းဆီ င႐ုပ္ေကာင္း ျပင္ဆင္ထားျခင္း

ႏွမ္းဆီကို ပူေအာင္ ဒယ္အိုးမွာ တည္၊ ခြက္ထဲမွာ င႐ုပ္ေကာင္း ေလွာ္ေထာင္းကို ထည့္ထား၊ ေနာက္ ဆီပူ ေလာင္းထည့္ ၿပီး ပြဲျပင္မည့္ နားတြင္ အဆင္သင့္ ျပင္ထားပါ၊

ပြဲျပင္နည္း…

– သီးသန္. လက္ကိုင္ အိုးထဲတြင္ တပြဲစာ ဟင္းရည္ထည့္၊ ပြက္ေအာင္တည္၊ တည္ေနခ်ိန္တြင္ အသားကို လုံးၿပီး ထည့္၊

– အူစုံ အသည္းစုံထည့္

– ၾကာဆံ (သို.) ဆန္ျပားကို အလိုရွိ

သေလာက္ထည့္ျပဳတ္

– ပဲျပားထည့္

– ငုံးဥ ထည့္

– အ႐ြက္စိမ္း ေနာက္ဆုံးမွ ထည့္

– ပြက္ပြက္ဆူလာလွ်င္ အသား က်တ္မက်တ္ ခ်ိန္ဆ ၿပီးမွ ပန္းကန္ထဲကို ေလာင္းထည့္ပါ။

– ၿပီးရင္ ႏွမ္းဆီ င႐ုပ္ေကာင္း (သို.) င႐ုပ္ေကာင္း ေလွာ္ေထာင္းကို လိုသေလာက္ထည့္ၿပီး စားပါ။

အခ်ဥ္ရည္ ျပင္ဆင္နည္း

င႐ုပ္သီး စိမ္း ကို ပါးပါးလွီး ၊ ရွာလကာရည္ ၃ ဇြန္း ၊သၾကားတဇြန္း၊ ဆားအနည္းငယ္၊ ငံျပာရည္ အနည္း ငယ္ ႏွင့္ ေရအနည္းငယ္ ထည့္( ေရက်တ္ေအး) အားလုံးကို ထည့္ေမြ၊ ၿပီးလွ်င္ အခ်ဥ္ နဲ. အေပါ့ကို ျမည္း၊ လိုတာ ထပ္ထည့္ င႐ုပ္ဆီ ႏွင့္ တြဲၿပီ ေၾကးအိုးကို စားႏိုင္ပါၿပီ။

Unicode ဖြင့်ဖတ်ရ

ကြေးအိုးချက်နည်းမှာ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။

တထပ်တည်း မကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။

အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။

အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ဝယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

ပါဝင်သော ပစ္စည်းများ

၁။ ကြက်ရိုး (သို.မဟုတ်) ဝက်ရိုး

၂။ အူစုံ ၊ အသည်းစုံ

၃၊ တောက်တောက်စင်းထားသော အသား

၄။ ငုံးဥ

၅။ ပဲပြား

၆။ မုန်ညင်းစိမ်း

ရ။ ဆန်ပြား၊ ကြာဆံ

၈။ ဘဲငန်းပျံ ငရုပ်ဆီ

၉။ ရှာလကာရည်

၁၀။ ငရုပ်သီးစိမ်း

၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊

သတိပြုရန်မှာ-

အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊

၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊

၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊

( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

၄၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။

၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊

၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း…

– သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊ တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊

– အူစုံ အသည်းစုံထည့်

– ကြာဆံ (သို.) ဆန်ပြားကို အလိုရှိ

သလောက်ထည့်ပြုတ်

– ပဲပြားထည့်

– ငုံးဥ ထည့်

– အရွက်စိမ်း နောက်ဆုံးမှ ထည့်

– ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။

– ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး ၊ ရှာလကာရည် ၃ ဇွန်း ၊သကြားတဇွန်း၊ ဆားအနည်းငယ်၊ ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့်( ရေကျတ်အေး) အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့် ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။

Credit – ခ်က္ႀကီးတို႔ မီးဖိုေခ်ာင္။