Zawgyi ျဖင့္ဖတ္ရန္ၾသစေတးလ်ႏိုင္ငံက ကိုယ္ဝန္ေဆာင္ မိခင္တစ္ဦးဟာ အသက္ ၃ ႏွစ္အ႐ြယ္ ခ်စ္စရာသမီးငယ္ေလးကို မေတာ္တဆ ကားနဲ႔ႀကိတ္မိခဲ့ရာမွ ကေလးမွာ ေနရာတင္ ေသဆုံးသြားခဲ့ၿပီး မိခင္ျဖစ္သူ အိမ္မွာမေနရဲေတာ့ပဲ အ႐ူးတစ္ေယာက္လို ေၾကကြဲခံစားေနရတဲ့ ျဖစ္ရပ္တစ္ခု ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ပြားခဲ့ပါတယ္။အဲဒီေန႔က မိခင္ျဖစ္တဲ့ Amanda Furner ဟာ SUV ကားကို ေမာင္းႏွင္ၿပီး ေန႔ကေလးထိန္းေက်ာင္းမွာ သမီးေလး Charlotte Smithers ကို သြားႀကိဳခဲ့ပါတယ္။ ကားထဲမွာ သူမရဲ႕အျခားကေလး ၃ ေယာက္လဲ ပါလာပါတယ္။ ကားကို ပါကင္ထိုးထားၿပီးေနာက္ ဟန္းဘရိတ္လည္း ဆြဲထားခဲ့ပါတယ္။ အဲဒီေနာက္ ကေလးကို ကားေပၚသို႔ မတင္ခင္ ရာသီဥတုက ပူျပင္းလြန္းတဲ့အတြက္ ကားေပၚတက္ကာ အဲယားကြန္းဖြင့္ၿပီး ကားနားမွာ ရပ္ေနတဲ့ သမီးေလးကို ကားေပၚတင္ေပးဖို႔ ျပန္ဆင္းလာစဥ္ ႐ုတ္တရက္ ကားက ေနာက္ျပန္လိမ့္ၿပီး သမီးငယ္ေလးကို ႀကိတ္မိခဲ့တာျဖစ္ပါတယ္။အဲအခ်ိန္မွာ အနီးနားက လူေတြက ဝိုင္းဝန္းကူညီၿပီး ေရွးဦးသူနာျပဳစုနည္းနဲ႔ ကယ္တင္ခဲ့ေပမယ့္ သမီးေလးမွာ ေနရာတင္ ေသဆုံးသြားခဲ့ပါတယ္။ မိခင္ျဖစ္သူကေတာ့ ေဆာက္တည္ရာမရ အ႐ူးတစ္ပိုင္း ျဖစ္ခဲ့ပါတယ္။



Ms Furner ကို လည္း အေရးေပၚကားနဲ႔ တင္ၿပီး ေဆး႐ုံပို႔လိုက္ၾကရပါတယ္။ သတိလစ္ေမ့ေမ်ာသြားတာကို ကုသေပးခဲ့ရာမွာ သူမရဲ႕ ဘယ္ဘက္အျခမ္း ထိခိုက္ဒဏ္ရာရၿပီး ဗိုက္ထဲက ကေလးကိုပါ ထိခိုက္ခဲ့ပါတယ္။သူမရဲ႕ ကားဟာ Ford Territory အမ်ိဳးအစား ျဖစ္ၿပီး ဟန္းဘရိတ္ဆြဲထားပါလ်က္ ကားေနာက္ျပန္လိမ့္တဲ့ အတြက္ ကားငွားတဲ့ ကုမၸဏီကို တရားစြဲဆိုဖို႔ ျပင္ဆင္ေနပါတယ္။သမီးေလးရဲ႕ နာေရးအခမ္းအနားအၿပီးမွာေတာ့ Ms Furner ဟာ လစ္လပ္ေနတဲ့ သမီးေလးအခန္းကို မၾကည့္ရဲေလာက္ေအာင္ ေျခာက္ျခားခဲ့ရတဲ့အတြက္ မိုတယ္တစ္ခုမွာ ခတၱေျပာင္းေ႐ြ႕ေနထိုင္းရင္း စိတ္ေဝဒနာကို ေျဖသိမ့္ေနရပါတယ္။သူမနဲ႔အတူ ကေလးေတြအားလုံး အျခားေနရာကို ေ႐ြ႕ေျပာင္းကာ ဘဝသစ္ ျပန္စႏိုင္ဖို႔ ေငြေၾကး အကူအညီေတြ အလႈခံေနေၾကာင္း သိရသည္။Credit: popolayUnicode ဖြင့်ဖတ်ရန်၃ နှစ်သမီးလေးကို မတော်တဆ သတ်လိုက်မိတဲ့ မိခင် ရူးမတတ်ခံစားနေရသြစတေးလျနိုင်ငံက ကိုယ်ဝန်ဆောင် မိခင်တစ်ဦးဟာ အသက် ၃ နှစ်အရွယ် ချစ်စရာသမီးငယ်လေးကို မတော်တဆ ကားနဲ့ကြိတ်မိခဲ့ရာမှ ကလေးမှာ နေရာတင် သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူ အိမ်မှာမနေရဲတော့ပဲ အရူးတစ်ယောက်လို ကြေကွဲခံစားနေရတဲ့ ဖြစ်ရပ်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။အဲဒီနေ့က မိခင်ဖြစ်တဲ့ Amanda Furner ဟာ SUV ကားကို မောင်းနှင်ပြီး နေ့ကလေးထိန်းကျောင်းမှာ သမီးလေး Charlotte Smithers ကို သွားကြိုခဲ့ပါတယ်။ ကားထဲမှာ သူမရဲ့အခြားကလေး ၃ ယောက်လဲ ပါလာပါတယ်။ ကားကို ပါကင်ထိုးထားပြီးနောက် ဟန်းဘရိတ်လည်း ဆွဲထားခဲ့ပါတယ်။ အဲဒီနောက် ကလေးကို ကားပေါ်သို့ မတင်ခင် ရာသီဥတုက ပူပြင်းလွန်းတဲ့အတွက် ကားပေါ်တက်ကာ အဲယားကွန်းဖွင့်ပြီး ကားနားမှာ ရပ်နေတဲ့ သမီးလေးကို ကားပေါ်တင်ပေးဖို့ ပြန်ဆင်းလာစဉ် ရုတ်တရက် ကားက နောက်ပြန်လိမ့်ပြီး သမီးငယ်လေးကို ကြိတ်မိခဲ့တာဖြစ်ပါတယ်။အဲအချိန်မှာ အနီးနားက လူတွေက ဝိုင်းဝန်းကူညီပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ကယ်တင်ခဲ့ပေမယ့် သမီးလေးမှာ နေရာတင် သေဆုံးသွားခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ ဆောက်တည်ရာမရ အရူးတစ်ပိုင်း ဖြစ်ခဲ့ပါတယ်။Ms Furner ကို လည်း အရေးပေါ်ကားနဲ့ တင်ပြီး ဆေးရုံပို့လိုက်ကြရပါတယ်။ သတိလစ်မေ့မျောသွားတာကို ကုသပေးခဲ့ရာမှာ သူမရဲ့ ဘယ်ဘက်အခြမ်း ထိခိုက်ဒဏ်ရာရပြီး ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခဲ့ပါတယ်။သူမရဲ့ ကားဟာ Ford Territory အမျိုးအစား ဖြစ်ပြီး ဟန်းဘရိတ်ဆွဲထားပါလျက် ကားနောက်ပြန်လိမ့်တဲ့ အတွက် ကားငှားတဲ့ ကုမ္ပဏီကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။သမီးလေးရဲ့ နာရေးအခမ်းအနားအပြီးမှာတော့ Ms Furner ဟာ လစ်လပ်နေတဲ့ သမီးလေးအခန်းကို မကြည့်ရဲလောက်အောင် ခြောက်ခြားခဲ့ရတဲ့အတွက် မိုတယ်တစ်ခုမှာ ခတ္တပြောင်းရွေ့နေထိုင်းရင်း စိတ်ဝေဒနာကို ဖြေသိမ့်နေရပါတယ်။သူမနဲ့အတူ ကလေးတွေအားလုံး အခြားနေရာကို ရွေ့ပြောင်းကာ ဘဝသစ် ပြန်စနိုင်ဖို့ ငွေကြေး အကူအညီတွေ အလှုခံနေကြောင်း သိရသည်။Credit: popolay