ရုရွားႏုိင္ငံက တရုတ္ႏုိင္ငံႏွင့္ထိစပ္ေနေသာ အေရွ႕ဘက္နယ္စပ္ကုိ လုံး၀ပိတ္ပင္ေသာ အမိန္႔တစ္ရပ္ကုိ ယေန႔တြင္ ရုရွား၀န္ႀကီးခ်ဳပ္ Mikhail Mishustin က လက္မွတ္ေရးထုိးၿပီး နယ္စပ္မ်ားကုိ ပိတ္ပင္လုိက္ေၾကာင္း သိရွိရသည္။ 
တရုတ္ႏုိင္ငံတြင္ျဖစ္ပြားေနေသာ ၀ူဟန္ ဗုိင္းရပ္စ္ပုိး ကူးစက္မႈကို ဟန္႔တားႏုိင္ရန္ ယင္းသုိ႔ နယ္စပ္ကုိ ပိတ္ပင္လုိက္ျခင္းျဖစ္ေၾကာင္း ရုရွားအစုိးရပုိင္ ရုပ္သံ ထုတ္ျပန္ေၾကညာသည္။ 
“ဒီေန႔ပဲ အမိန္႔ကို လက္မွတ္ထုိးလုိက္ၿပီ။ ဒါက အခု စၿပီး အသက္၀င္ပါၿပီ။ ဒီေန႔ကစလို႔ က်ေနာ္တုိ႔အေနနဲ႔ အေရွ႕ဘက္နယ္စပ္ကို ပိတ္ပင္လုိက္ၿပီျဖစ္တဲ့အတြက္ လိုအပ္တဲ့ ေဆာင္ရြက္မႈေတြ စတင္ၿပီးေဆာင္ရြက္မွာ ျဖစ္မွာပါတယ္။ အျခားလုပ္ေဆာင္ရမယ့္ အရာေတြကားလုံးကို အစုိးရအေနနဲ႔ လုပ္ေဆာင္သြားမယ္” ဟု ရုရွား၀န္ႀကီးခ်ဳပ္က ေျပာဆုိေၾကာင္း ရုရွားRIA သတင္းဌာနက သတင္းေဖာ္ျပသည္။ 
ရုရွားအေရွ႕ဘက္ နယ္စပ္သည္ တရုတ္ႏုိင္ငံ၊ မြန္ဂုိးလီးယား၊ ေျမာက္ကုိရီးယားတုိ႔ႏွင့္ ထိစပ္ေနသည္။ 
ရုရွားခရီးသြားကုမၸဏီမ်ားႏွင့္ေလေၾကာင္းလုိင္းမ်ားကလည္း တရုတ္ႏုိင္ငံသုိ႔ ပ်ံသန္းသည့္ ခရီးစဥ္မ်ားအားလုံးကို ဖ်က္သိမ္းလုိက္ၿပီျဖစ္သည္။ 
ေခတ္သစ္



Unicode






ရုရှားနိုင်ငံက ဝူဟန်ဗိုင်းရပ်စ်ကူးစက်မည်စိုး၍ တရုတ်နှင့်ထိစပ်သော အရှေ့ဘက်နယ်စပ်ကို ယနေ့စတင်ပိတ်ပင်လိုက်ပြီ



ရုရှားနိုင်ငံက တရုတ်နိုင်ငံနှင့်ထိစပ်နေသော အရှေ့ဘက်နယ်စပ်ကို လုံးဝပိတ်ပင်သော အမိန့်တစ်ရပ်ကို ယနေ့တွင် ရုရှားဝန်ကြီးချုပ် Mikhail Mishustin က လက်မှတ်ရေးထိုးပြီး နယ်စပ်များကို ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ 



တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော ဝူဟန် ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ဟန့်တားနိုင်ရန် ယင်းသို့ နယ်စပ်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ရုရှားအစိုးရပိုင် ရုပ်သံ ထုတ်ပြန်ကြေညာသည်။ 



“ဒီနေ့ပဲ အမိန့်ကို လက်မှတ်ထိုးလိုက်ပြီ။ ဒါက အခု စပြီး အသက်ဝင်ပါပြီ။ ဒီနေ့ကစလို့ ကျနော်တို့အနေနဲ့ အရှေ့ဘက်နယ်စပ်ကို ပိတ်ပင်လိုက်ပြီဖြစ်တဲ့အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ စတင်ပြီးဆောင်ရွက်မှာ ဖြစ်မှာပါတယ်။ အခြားလုပ်ဆောင်ရမယ့် အရာတွေကားလုံးကို အစိုးရအနေနဲ့ လုပ်ဆောင်သွားမယ်” ဟု ရုရှားဝန်ကြီးချုပ်က ပြောဆိုကြောင်း ရုရှားRIA သတင်းဌာနက သတင်းဖော်ပြသည်။ 



ရုရှားအရှေ့ဘက် နယ်စပ်သည် တရုတ်နိုင်ငံ၊ မွန်ဂိုးလီးယား၊ မြောက်ကိုရီးယားတို့နှင့် ထိစပ်နေသည်။ 

ရုရှားခရီးသွားကုမ္ပဏီများနှင့်လေကြောင်းလိုင်းများကလည်း တရုတ်နိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ 

ခေတ်သစ်