Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ချစ်သူရဲ့အလုပ်က အထင်ကြီးစရာမရှိဘူးဆိုပြီး ပစ်ပယ်ခဲ့တဲ့ ကောင်မလေးရဲ့နောင်တ
ချစ်သူရဲ့အလုပ်က အထင်ကြီးစရာမရှိဘူးဆိုပြီး ပစ်ပယ်ခဲ့တဲ့ ကောင်မလေးရဲ့နောင်တ
တရုတ်နိုင်ငံက လူမှုပလက်ဖောင်းတစ်ခုဖြစ်တဲ့ Weibo မှာ ပျံ့နှံ့နေတဲ့ သတင်းတစ်ခုမှာတော့ ကောင်မလေးက ချစ်သူကောင်လေးရဲ့အလုပ်ကို အထင်ကြီးစရာ မရှိဘူးဆိုပြီး ဇာတ်လမ်းဖြတ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ သူမရဲ့ကောင်လေးဟာ Delivery အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုသူပါ။
ဒီအကြောင်းကို ကောင်မလေးကိုယ်တိုင်က ပြန်လည်မျှဝေထားတာပါ။ သူမတို့နှစ်ယောက်စလုံးဟာ ရှန်ဟိုင်းမှာ နေထိုင်ကြပါတယ်။ သူမရဲ့ချစ်သူက အစားအစာလိုက်ပို့တဲ့အလုပ် လုပ်လို့၊ မိဘတွေကို ပြောရမှာ ရှက်တဲ့အတွက် ဇာတ်လမ်းဖြတ်ခဲ့တာလို့ ဆိုပါတယ်။
နောက်ပြီး သူမရဲ့ကောင်လေးဟာ ပညာအရည်အချင်း ဘွဲ့လက်မှတ်တွေ ဘာတွေ မရှိပါဘူးတဲ့။ ဒီအတွက် သူမရဲ့ကောင်လေးဟာ အနာဂတ်အတွက် အားကိုးအားထားပြုရမယ့် ယောက်ျားမဟုတ်ဘူးလို့ ကောင်မလေးက ဆုံးဖြတ်ပြီး ဇာတ်လမ်းဖြတ်လိုက်တာပါ။
သို့သော်လည်း ကောင်လေးရဲ့လစာဟာ သူမထက် (၃)ဆကျော် ပိုများတယ်လို့ သိရပါတယ်။ သူမက တစ်လကို ယွမ်(၄၀၀၀)ပဲ ရနေချိန်၊ ကောင်လေးက တစ်လကို ယွမ် (၁၅၀၀၀) ရပါတယ်။ ဒီပမာဏဟာ မြန်မာငွေနဲ့ဆိုရင် (၃၁)သိန်းကျော်လောက် ရှိပါတယ်။
သူမက လူမှုကွန်ရက်မှာ မေးထားတာကတော့ သူမအနေနဲ့ ကောင်လေးကို ဖြတ်လိုက်တာ မှန်ရဲ့လားဆိုတာပါ။ သူတို့နှစ်ယောက် အပြန်အလှန်ပြောထားတဲ့ စာတွေကိုလည်း SS ရိုက်ပြီး ထည့်ထားပါသေးတယ်။ အများစုကတော့ သူမကို ဝေဖန်ခဲ့ကြပြီး ဒီထက်ပိုနိမ့်တဲ့ဘဝကို ရောက်လိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။
share from: D Nae Khit Media
0 Comments