Zawgyiျဖင့္ဖတ္ရန္

ဗုဒၶဘာသာဝင္တိုင္း သိထားသင့္တဲ့ ေဂါတမ ျမတ္စြာဘုရား ပါရမီျဖည့္က်င့္ခဲ့တဲ့ ကာလ ေလးအသေခ်ၤႏွင့္ ကမ႓ာတစ္သိန္း ေရတြက္ပုံ အေၾကာင္းကို ေဖာ္ျပ ေပးလိုက္ပါတယ္။

ေလးအသေခ်ဆႋုသည္မွာ —

၁။ ​ေသလ အ​သ​ေခ်ၤ
၂။ ဘာသ အသ​ေခ်ၤ
၃။ ဇယ အ​သ​ေခ်ၤ
၄။ ႐ုစိရ အသ​ေခ်ၤ တို႔ုျဖစ္​သည္​။

၁။ သု​ေမဓာရွင္​ရ​ေသ့ ဗ်ာဒိတ္​ခံယူသည္​့ ကမာၻ၏ ေနာက္​ဆုံးပြင္​့​ေတာ္​မူေသာ ဘုရားျဖစ္​သည့္ ဒီပကၤရာဘုရားႏွင္​့​ ေကာ႑ည ဘုရားတို႔အၾကား ဘုရားလုံးဝမပြင့္ေသာ မ​ေရတြက္​ႏိုင္​သည္​့ ကမာၻမ်ားကို “ေသလအသ​ေခ်ၤ” ဟူ၍ တစ္​သ​ေခ်ၤ​ ေရတြက္​ရသည္​။

၂။ ​ေကာ႑ညဘုရားႏွင္​့ မဂၤလဘုရားတို႔အၾကား ဘုရားလုံးဝမပြင္​့​ေသာ မ​ေရတြက္​ႏိုင္​သည္​့ ကမ႓ာမ်ားကို
“ဘာသအသ​ေခ်ၤ”ဟူ၍ တစ္​သ​ေခ်ၤ​ ေရတြက္​ရသည္​။

၃။ ​ေသာဘိတဘုရားႏွင္​့ အ​ေနာမဒႆီ ဘုရားတို႔အၾကား ဘုရားလုံးဝမပြင္​့​ေသာ မ​ေရတြက္​ႏိုင္​သည္​့ ကမ႓ာမ်ားကို “ဇယအသ​ေခ်ၤ” ဟူ၍ တစ္​သ​ေခ်ၤ​ ေရတြက္​ရသည္​ ။

၄။ နာရဒဘုရားရွင္​ႏွင္​့ မဒုမုတၱရဘုရားတို႔အၾကား ဘုရားလုံးဝမပြင္​့​ေသာ မ​ေရတြက္​ႏိုင္​သည္​့ ကမာၻမ်ားကို “႐ုစိရ အသ​ေခ်ၤ” ဟူ၍​ တစ္သ​ေခ်ၤ​ ေရတြက္​ရသည္​။

ကမာၻ တစ္​သိန္​းဆိုသည္​မွာ

ပဒုမုတၱရဘုရားပြင္​့ၿပီး​ေနာက္​ ဘုရားမ်ား ဆိတ္သုဥ္းခဲ့ေသာ ကမာၻ​ေပါင္​း ” ရ၀၀၀၀ ”

သုဇာတဘုရားႏွင္​့ ပိယဒႆီ ဘုရားအၾကား ကမ႓ာေပါင္​း ” ၂၈၁၉၉ ”

ဓမၼဒႆီဘုရားႏွင္​့ သိဒၶတၳဘုရားအၾကား ကမာၻေပါင္​း ” ၁၇၀၅ ”

သိဒၶတၳဘုရားႏွင္​့ တိႆဘုရားအၾကား ” ၁ “ကမာၻ

ဝိပႆီဘုရားႏွင္​့ သိခီဘုရားအၾကား ကမာၻ​ေပါင္​း “၅၉ ”

​ေဝႆဘူဘုရားႏွင္​့ ကကုသန္​ဘုရားအၾကား ကမာၻ ​ေပါင္​း ” ၂၉ ”

ပဒုမုတၱရဘုရား​ေနာက္​ဘုရားပြင္​့​ေသာကမာၻ ​ေပါင္​း ” ရ ”

စုစု​ေပါင္​း ကမာၻတစ္​သိန္​းျဖစ္​ပါသည္​။

Unicode ဖြင့်ဖတ်ရန်

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ ဂေါတမ မြတ်စွာဘုရား ပါရမီဖြည့်ကျင့်ခဲ့တဲ့ ကာလ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်။

လေးအသချေင်္ဆိုသည်မှာ —

၁။ သေလ အသင်္ချေ
၂။ ဘာသ အသင်္ချေ
၃။ ဇယ အသင်္ချေ
၄။ ရုစိရ အသင်္ချေ တို့ဖြစ်သည်။

၁။ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသည့် ကမ္ဘာ၏ နောက်ဆုံးပွင့်တော်မူသော ဘုရားဖြစ်သည့် ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍည ဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို “သေလအသင်္ချေ” ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။

၂။ ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို
“ဘာသအသင်္ချေ”ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။

၃။ သောဘိတဘုရားနှင့် အနောမဒဿီ ဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို “ဇယအသင်္ချေ” ဟူ၍ တစ်သင်္ချေ ရေတွက်ရသည် ။

၄။ နာရဒဘုရားရှင်နှင့် မဒုမုတ္တရဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို “ရုစိရ အသင်္ချေ” ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။

ကမ္ဘာ တစ်သိန်းဆိုသည်မှာ

ပဒုမုတ္တရဘုရားပွင့်ပြီးနောက် ဘုရားများ ဆိတ်သုဉ်းခဲ့သော ကမ္ဘာပေါင်း ” ရ၀၀၀၀ ”

သုဇာတဘုရားနှင့် ပိယဒဿီ ဘုရားအကြား ကမ္ဘာပေါင်း ” ၂၈၁၉၉ ”

ဓမ္မဒဿီဘုရားနှင့် သိဒ္ဓတ္ထဘုရားအကြား ကမ္ဘာပေါင်း ” ၁၇၀၅ ”

သိဒ္ဓတ္ထဘုရားနှင့် တိဿဘုရားအကြား ” ၁ “ကမ္ဘာ

ဝိပဿီဘုရားနှင့် သိခီဘုရားအကြား ကမ္ဘာပေါင်း “၅၉ ”

ဝေဿဘူဘုရားနှင့် ကကုသန်ဘုရားအကြား ကမ္ဘာ ပေါင်း ” ၂၉ ”

ပဒုမုတ္တရဘုရားနောက်ဘုရားပွင့်သောကမ္ဘာ ပေါင်း ” ရ ”

စုစုပေါင်း ကမ္ဘာတစ်သိန်းဖြစ်ပါသည်။

Credit – ဓမၼရတနာ