လူရယ္လို့ျဖစ္လာျပီဆိုရင္ ဘဝမွာ သူငယ္ခ်င္းမိတ္ေဆြမရွိဘဲ ေနလို့မရပါဘူး။ သူငယ္ခ်င္းေကာင္းတစ္ေယာက္ ရွိေနျခင္းက ဘဝမွာ ေရွ့ဆက္ဖို့ခြန္အားေပးသလိုပါပဲတဲ့။ အသက္ၾကီးလာတာနဲ့အမွ် သူငယ္ခ်င္းအေရအတြက္ တျဖည္းျဖည္းေလ်ာ့နည္းလာသလို တန္ဖိုးရွိတဲ့ သူငယ္ခ်င္းအစစ္ဆိုတာမ်ိဳးကလည္း ရွားလာပါတယ္။

အခုေခတ္မွာဆိုရင္ Social Media ေတြက လူငယ္ေတြအေပၚ အရမ္းလႊမ္းမိုးလာတာကို သတိထားမိၾကမွာပါ။ Facebook ေပၚမွာ Like ဘယ္ေလာက္ရမွ၊ Comment ဘယ္ေလာက္ရမွဆိုုျပီး တင္လာၾကတာေတြ အမ်ားၾကီးပါ။ ဒါကိုၾကည့္ျခင္းအားျဖင့္ လူငယ္ေတြရဲ ့စိတ္ပိုင္းဆိုင္ရာ စိတ္ခံစားခ်က္ေတြကို Social Media ကအရမ္း လႊမ္းမိုးထားတဲ့အတြက္ လံုးဝမေကာင္းတဲ့ကိစၥပါ။ Facebook ေပၚမွာ သိတဲ့သူေရာ မသိတဲ့သူေရာ အေယာက္ ၅၀၀၀ ျပည့္တဲ့အထိ လိုက္ Add ၊ Friend Request ေတြလက္ခံ၊ အဲ့လိုေတြေၾကာင့္ Social Media ေပၚမွာတင္ ျပႆနာတက္ၾကတာ မနည္းေတာ့ပါဘူး။

ကၽြန္ေတာ္တို့ ငယ္ငယ္တုန္းကဆိုရင္ ေျမၾကီးနဲ့အရမ္းရင္းႏွီးခဲ့ရတယ္။ ေျမၾကီးေပၚမွာ ေဆာ့ရတာကိုပဲ ေပ်ာ္စရာအေကာင္းဆံုးလို့ သတ္မွတ္ခဲ့ၾကတယ္။ အခုေခတ္လို စမတ္ဖုန္းေတြမေပၚခင္က ဖုန္းေျပာခ်င္ရင္ေတာင္ ၾကိဳးဖုန္းသံုးျပီးေတာ့ပဲ သူငယ္ခ်င္းေတြနဲ့ ဖုန္းေျပာခဲ့ရတယ္။ အျပင္မွာခ်ိန္းျပီး ေတြ ့ၾကတဲ့အခါဆိုရင္လည္း စကားေတြက ေျပာလို့ကိုမကုန္ႏိုင္ဘူး။

အခုမ်ားေတာ့ Gathering ဆုိျပီးခ်ိန္းလိုက္ရင္ တစ္ေယာက္ေယာက္က စကားမစမခ်င္း စကားမေျပာၾကေတာ့ဘူး။ ေဖ့စ္ဘုတ္သံုးတဲ့သူကသံုး၊ ဂိမ္းေဆာ့တဲ့သူကေဆာ့၊ ရည္းစားနဲ့ Chat တဲ့သူက chat နဲ့ ေတာ္ေတာ္ကို ေပ်ာ္စရာမေကာင္းေတာ့တာပါ။ ဒါေတြရဲ့ ေနာက္ဆံုးရလဒ္ကေတာ့ ရင္းႏွီးမႈေတြ ေပ်ာက္ဆံုးကုန္တာပါပဲ။

စစ္မွန္တ့ဲ့ မိတ္ေဆြသူငယ္ခ်င္းေကာင္း တစ္ေယာက္ဆိုတာ ကိုယ္လိုအပ္တဲ့အခ်ိန္၊ ကိုယ္ဒုကၡေရာက္ေနတဲ့အခ်ိန္ေတြမွာ အျမဲအဆင္သင့္ရွိေနတတ္တဲ့သူမ်ိဳးပါ။ သူတို့လိုတဲ့အခ်ိန္ ေရာက္လာတတ္ျပီး ကိုယ္လိုတဲ့အခ်ိန္မွာ ေရွာင္သြားတတ္တာမ်ိဳးက သူငယ္ခ်င္းအစစ္အမွန္ မဟုတ္ပါဘူး။ လူတစ္ေယာက္မွာ အနည္းဆံုး ရင္ဖြင့္ေဖာ္ ရင္ဖြင့္ဘက္၊ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ တစ္ေယာက္ေတာ့ ရွိသင့္တယ္လို့ ေလ့လာေတြ ့ရွိခ်က္ေတြအရ သိရပါတယ္။ Social media ေပၚမွာ Status တင္ျပီး အားေပးမႈမခံယူခ်င္ပါနဲ့။ တကယ္စိတ္ညစ္ေနျပီဆိုရင္ သူငယ္ခ်င္းဆီ ဖုန္းဆက္ျပီးသာ ရင္ဖြင့္လိုက္ပါ။ ။ MyStyle Myanmar ပရိသတ္ၾကီးအားလံုးလည္း Social media ရဲ့ လႊမ္းမိုးမႈေအာက္ကေန ရုန္းထြက္ႏိုင္ျပီး သူငယ္ခ်င္းအစစ္အမွန္ေတြ ရၾကပါေစလို့ ဆုေတာင္းေပးလို္က္ပါတယ္။



Unicode




မိတ်ဆွေသူငယ်ချင်းဆိုတာ ဘဝအတွက် ဘာလို့အရေးကြီးတာလဲ



လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝမှာ သူငယ်ချင်းမိတ်ဆွေမရှိဘဲ နေလို့မရပါဘူး။ သူငယ်ချင်းကောင်းတစ်ယောက် ရှိနေခြင်းက ဘဝမှာ ရှေ့ဆက်ဖို့ခွန်အားပေးသလိုပါပဲတဲ့။ အသက်ကြီးလာတာနဲ့အမျှ သူငယ်ချင်းအရေအတွက် တဖြည်းဖြည်းလျော့နည်းလာသလို တန်ဖိုးရှိတဲ့ သူငယ်ချင်းအစစ်ဆိုတာမျိုးကလည်း ရှားလာပါတယ်။

အခုခေတ်မှာဆိုရင် Social Media တွေက လူငယ်တွေအပေါ် အရမ်းလွှမ်းမိုးလာတာကို သတိထားမိကြမှာပါ။ Facebook ပေါ်မှာ Like ဘယ်လောက်ရမှ၊ Comment ဘယ်လောက်ရမှဆိုုပြီး တင်လာကြတာတွေ အများကြီးပါ။ ဒါကိုကြည့်ခြင်းအားဖြင့် လူငယ်တွေရဲ ့စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို Social Media ကအရမ်း လွှမ်းမိုးထားတဲ့အတွက် လုံးဝမကောင်းတဲ့ကိစ္စပါ။ Facebook ပေါ်မှာ သိတဲ့သူရော မသိတဲ့သူရော အယောက် ၅၀၀၀ ပြည့်တဲ့အထိ လိုက် Add ၊ Friend Request တွေလက်ခံ၊ အဲ့လိုတွေကြောင့် Social Media ပေါ်မှာတင် ပြဿနာတက်ကြတာ မနည်းတော့ပါဘူး။

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် မြေကြီးနဲ့အရမ်းရင်းနှီးခဲ့ရတယ်။ မြေကြီးပေါ်မှာ ဆော့ရတာကိုပဲ ပျော်စရာအကောင်းဆုံးလို့ သတ်မှတ်ခဲ့ကြတယ်။ အခုခေတ်လို စမတ်ဖုန်းတွေမပေါ်ခင်က ဖုန်းပြောချင်ရင်တောင် ကြိုးဖုန်းသုံးပြီးတော့ပဲ သူငယ်ချင်းတွေနဲ့ ဖုန်းပြောခဲ့ရတယ်။ အပြင်မှာချိန်းပြီး တွေ ့ကြတဲ့အခါဆိုရင်လည်း စကားတွေက ပြောလို့ကိုမကုန်နိုင်ဘူး။

အခုများတော့ Gathering ဆိုပြီးချိန်းလိုက်ရင် တစ်ယောက်ယောက်က စကားမစမချင်း စကားမပြောကြတော့ဘူး။ ဖေ့စ်ဘုတ်သုံးတဲ့သူကသုံး၊ ဂိမ်းဆော့တဲ့သူကဆော့၊ ရည်းစားနဲ့ Chat တဲ့သူက chat နဲ့ တော်တော်ကို ပျော်စရာမကောင်းတော့တာပါ။ ဒါတွေရဲ့ နောက်ဆုံးရလဒ်ကတော့ ရင်းနှီးမှုတွေ ပျောက်ဆုံးကုန်တာပါပဲ။

စစ်မှန်တဲ့့ မိတ်ဆွေသူငယ်ချင်းကောင်း တစ်ယောက်ဆိုတာ ကိုယ်လိုအပ်တဲ့အချိန်၊ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်တွေမှာ အမြဲအဆင်သင့်ရှိနေတတ်တဲ့သူမျိုးပါ။ သူတို့လိုတဲ့အချိန် ရောက်လာတတ်ပြီး ကိုယ်လိုတဲ့အချိန်မှာ ရှောင်သွားတတ်တာမျိုးက သူငယ်ချင်းအစစ်အမှန် မဟုတ်ပါဘူး။ လူတစ်ယောက်မှာ အနည်းဆုံး ရင်ဖွင့်ဖော် ရင်ဖွင့်ဘက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက် တစ်ယောက်တော့ ရှိသင့်တယ်လို့ လေ့လာတွေ ့ရှိချက်တွေအရ သိရပါတယ်။ Social media ပေါ်မှာ Status တင်ပြီး အားပေးမှုမခံယူချင်ပါနဲ့။ တကယ်စိတ်ညစ်နေပြီဆိုရင် သူငယ်ချင်းဆီ ဖုန်းဆက်ပြီးသာ ရင်ဖွင့်လိုက်ပါ။ ။ MyStyle Myanmar ပရိသတ်ကြီးအားလုံးလည်း Social media ရဲ့ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်နိုင်ပြီး သူငယ်ချင်းအစစ်အမှန်တွေ ရကြပါစေလို့ ဆုတောင်းပေးလို်က်ပါတယ်။