Zawgyi ဖြင့်ဖတ်ရန်



( ၁ ) မဟာဒေဝီ



( ၃ ) ရွှေတဆုပ်
( ၅ ) သဇင်ဥ
– မြန်မာ့သစ်ခွပင်​များဟာ ဘယ်​​လောက်​အထိ တိုင်းရင်း​ဆေးအတွက်​အသုံးတည့်​တယ်​ ၊ ​ဆေးဖက်​၀င်​တယ်​ဆိုတာ သိကြပြီမို့ ကာကွယ်​ထိန်းသိမ်းတန်​ဘိုးထားသင့်​ပါတယ်​ခင်​ဗျာ …..


Unicode ဖြင့်ဖတ်ရန်



မြန်မာ့ သစ်ခွကို ဘာလို့ တရုတ်က ဝယ်တာလဲ
– တရုတ်နိုင်ငံ ၊ ကူမင်းကလာတဲ့အဖွဲ့ထဲက သစ်ခွပညာရှင်တစ်ဦးရဲ့ ပြောပြခဲ့တာလေးကိုဖတ်မိလို့ ဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ …
– တိုင်းရင်းဆေးဖော်စပ်ဖို့အတွက် အဓိကဝယ်ယူကြတာဖြစ်ပြီး ၊ သစ်ခွအစိုက ပိုဆေးစွမ်းထက်ပေမယ့် သစ်ခွအခြောက်တွေဝယ်ရတာက အစိုကိုသူတို့ဆီအရောက်ယူဆောင်ရတာ မလွယ်ကူလို့ဆိုတာ ပြောပြခဲ့ပါတယ် …
( ၁ ) မဟာဒေဝီ
– ခုခံမှုအားကျဆင်းတဲ့ရောဂါ ( AIDS ) ဖြစ်နေသူများသောက်သုံးရင် အားအင်ပြည့်လွယ်ပြီး အစာစားချင်စိတ်ဖြစစေပါတယ် …
– ပင်စည်အရိုးကို လက်တဆစ်လောက်ဖြတ်ပြီး တစ်နေ့သုံးကြိမ် ပြုတ်သောက်ရတယ်လို့ သိရပါတယ်ခင်ဗျာ …
( ၂ ) ခမောက်ကြိုး ၊ နန်းမာလာ ၊ သုံးပန်လှ
– အမျိုးသမီးများအတွက် မီးယပ်နဲ့ပါတ်သက်တဲ့ရောဂါ ၊ သားသမီးမထွန်းကားတဲ့ရောဂါ ၊ အမျိုးသားများအတွက်
ယောက်ကျားအားတိုးဆေးအဖြစ်အသုံးပြုကြပါတယ် …
– သူ့ကိုလဲ လက်တဆစ်စာပြုတ်ပြီး ပြုတ်ရည်ကိုတနေ့သုံးကြိမ်
သောက်သုံးရပါတယ်တဲ့ခင်ဗျာ …
( ၃ ) ရွှေတဆုပ်
– အာရုံကြောအပါအဝင် အကြောအားတိုးဆေး ၊ အာရုံကြောမကောင်းသူများ ၊ ခေါင်းခဏခဏကိုက်သူများ ၊ ခြေလက်မသယ်ချင်အောင်မောပန်းနွယ်းနယ်နေသူများ ၊ အားယုတ်ပြီးမူးနေသူများ ၊ အရက်ဒဏ်ကြောင့်အရက်နာကျသူများအတွက် အသုံးပြုကြပါတယ် …
– လက်တဆစ်စီလောက်ဖြတ်ပြီး ကြက်သားနဲ့ချက်စား / ပြုတ်သောက် ချက်ခြင်းယူပစ်သလို သက်သာပါတယ်တဲ့ခင်ဗျာ …
( ၄ ) ဝါဆိုပန်း ၊ ဆင်မမျက်ကွင်း
– လေးဘက်နာ ၊ နှလုံးရောဂါ ၊ ကျောက်ကပ် ၊ ဆီးချို ၊ သွေးတိုး ရောဂါများအတွက် အသုံးပြုကြပါတယ် …
– ပင်စည်ကို လက်တဆစ်စာလောက် လေးငါးခြောင်းရေနွေးကြမ်းဗူးထဲထဲ့ပြီး တနေကုန်သောက်ရပါတယ်တဲ့ခင်ဗျာ …
( ၅ ) သဇင်ဥ
– ဒူလာရောဂါသမားများအတွက် အသုံးပြုကြပါတယ် …
– ဟင်းချက်စားရင် ယောက်ကျားလေးတွေ ဒူလာအတွက်ကောင်းပါတယ်တဲ့ခင်ဗျာ …
( ၆ ) တောင်နဘေးပေါက် ၊ ဂနိုင်ဘေးပေါက်
– လေဖြတ်သောသူများအတွက် အသုံးပြုကြပါတယ် …
– အပင်၏ပင်စည်အား လေဖြတ်သွားသူကို ချက်ခြင်းအစိမ်းဝါးစားခိုင်းပါ ၊ ပါးစပ်မဟနိုင်ရင်လဲ အစိမ်းရည်ကို ဇွန်းနဲ့ပါးစပ်ထဲထဲ့တိုက်ရင်ချက်ခြင်းသက်သာပါတယ်တဲ့ခင်ဗျာ …
– မြန်မာ့သစ်ခွပင်များဟာ ဘယ်လောက်အထိ တိုင်းရင်းဆေးအတွက်အသုံးတည့့်တယ် ၊ ဆေးဖက်ဝင်တယ်ဆိုတာ သိကြပြီမို့ ကာကွယ်ထိန်းသိမ်းတန်ဘိုးထားသင့့်ပါတယ်ခင်ဗျာ …..
တော်ဝင်ပန်း မြေယာရှုခင်း