Zawgyi ဖြင့်ဖတ်ရန်
share from : shwekhit.
Unicode ဖြင့်ဖတ်ရန်
လက်မောင်းထဲမှာ သားဆက်ခြားပစ္စည်းထည့်တဲ့အမျိုးသမီးများ သတိထားသင့်သော အချက်များ
Brittany Rivera ဆိုသူအမျိုးသမီးသည် လက်မောင်းထဲထည့်သားဆက်ခြားပစ္စည်း ဘားကိုအသုံးပြုထားသူဖြစ်ပါသည်။ထိုဘားပြန်ထုတ်ရန်ဆရာဝန်ဆီသွားသောအခါငါးမိနစ်ခန့် ကြိုး စား ၍ဆရာဝန်ကဘားကိုထုတ်သော်လည်းဘားကိုရှာမတွေ့သဖြင့်ဓာတ်မှန်ရိုက်ကြည့်သောအခါ
ချိုင်းကြားဆီသို့နေရာပြောင်းနေသည်ကိုတွေ့ရ၍ထပ်မံ၍အပေါ်ဖက်တွင်အပေါက်ထပ်ဖောက်ကာ၂နာရီကြာရှာ သော် လည်းထုတ်မရပါ။ထို့ကြောင့် ခွဲစိတ်ခန်းဝင်၍ထုတ်ရပါတော့မည်။ထို့ကြောင့်လက်မောင်းထည့်သားဆက်ခြားပစ္စည်းသုံးလျှင်ဂရုစိုက်ကြပါလို့သူမ Account တွင်ရေးသားဖော်ပြထားပါသည်။
စိတ်ချကျွမ်းကျင်အတွေ့အကြုံရှိသူနှင့်သာထည့်ပါ။ဆောင်ရန်၊ရှောင်ရန်တွေတခါတည်းမေးပါ။ လိုက်နာပါ။ရက်ချိန်းပါကအချိန်မှန်ပြန်ပြပါ။နေရာမှန်တွင်ရှိလားသတိထားစမ်းသပ်ကြည့်ပါ။
သံသယရှိပါကဆရာဝန်နှင့်ချက်ခြင်းပြသပါ။မှန်ကန်ပြီးတိကျသောသားဆက်ခြားစနစ်ကျင့်သုံးမှသာသင့်မိသားစုပိုမိုပြည့်စုံစိတ်ချမ်းသာရပါမည်။
share from : shwekhit.