Zawgyi ျဖင့္ဖတ္ရန္

ေဆးလိပ္မေသာက္ရံုနဲ႔ အဆုတ္က်န္းမာေနျပီေျပာလို႔မရပါဘူး။ကုိယ္စားေနတဲ႔အစားအစာေတြ၊ကုိယ့္ရဲ႔ေနထုိင္မႈပံုစံေတြအေပၚမူတည္ျပီး အဆုတ္က်န္းမာေရးေကာင္းမေကာင္းၾကည့္ရပါတယ္။တစ္ခ်ိဳ႔အစားအစာေတြက အဆုတ္ကုိဆုိး၀ါးေစသလုိ တစ္ခိ်ဳ႔အစားအစာေတြကေတာ့
အဆုတ္က်န္းမာေရးေကာင္းေအာင္ကူညီေပးႏုိင္စြမ္းရွိပါတယ္။ဒါေၾကာင့္ အဆုတ္က်န္းမာသန္႔ရွင္းေစမယ့္အစားအစာေတြက ဘာေတြလဲဆုိတာ မ်ွေ၀ေပးလုိက္ပါတယ္။

*ပန္းသီး

အမ်ွင္ဓာတ္ၾကြယ္၀တဲ႔ပန္းသီးဟာ ဗီတာမင္စီ၊ဗီတာမင္အီးနဲ႔ Beta-carotene တုိ႔လည္းပါ၀င္တဲ႔အတြက္ အဆုတ္က်န္းမာေရးေကာင္းမြန္ေအာင္ကူညီေပးပါတယ္။ေလ့လာခ်က္ေတြအရ တစ္ပတ္ကို ပန္းသီး ငါးလံုး ဒါမွမဟုတ္ ငါးလံုးထက္ပုိစားတဲ႔အမိ်ဳးသားေတြဟာ မစားတဲ႔သူေတြထက္ အဆုတ္လုပ္ေဆာင္ပံုပုိျပီးေကာင္းမြန္တယ္လုိ႔သိရပါတယ္။ဒါေၾကာင့္ပဲ တစ္ခ်ိဳ႔က ပန္းသီးတစ္ေန႔တစ္လံုးစား က်န္းမာေရးေကာင္းလုိ႔ ဆရာ၀န္ျပဖုိ႔ေတာင္မလိုေတာ့ဘူးလုိ႔ေျပာၾကတာေပါ့။

*ငါး

အုိမီဂါသရီးအက္စစ္ပါ၀င္တဲ႔ငါးမ်ားမ်ားစားေပးတာက ႏွလံုး၊ဦးေႏွာက္နဲ႔ အသားအရည္အတြက္လည္းေကာင္းမြန္ပါတယ္။ဒါ့အျပင္ ေလ့လာခ်က္ေတြအရ ငါးမွာပါ၀င္တဲ႔ EPA ဓာတ္ဟာ အဆုတ္ထဲက arachidonic acid level ကုိ ပံုမွန္လည္ပတ္ေစတဲ႔အျပင္ အဆုတ္နဲ႔ပတ္သက္တဲ႔
တစ္ျခားေရာဂါေ၀ဒနာေတြလည္းမျဖစ္ပြားေအာင္ကူညီေပးႏုိင္ပါတယ္။

*အနီေရာင္ငရုတ္ပြသီး၊မုန္လာဥ

အနီေရာင္ငရုတ္ပြသီးနဲ႔မုန္လာဥေတြဟာ ကြ်န္ေတာ္တို႔ရဲ႔ အဆုတ္က်န္းမာေရးကုိ အမ်ားၾကီးအေထာက္အကူျပဳပါတယ္။အနီေရာင္ငရုတ္ပြသီးနဲ႔ မုန္လာဥမွာပါ၀င္တဲ႔ beta-cryptoxanthin ဓာတ္ဟာ အဆုတ္ေကာင္းေကာင္းအလုပ္လုပ္ႏုိင္ေအာင္ကူညီေပးပါတယ္။တရုတ္လူမ်ိဳးအမ်ားစုကုိေလ့လာၾကည့္ခ်က္အရ ဒီအစားအစာေတြစားသံုးတဲ႔ လူဦးေရ ၁၅ ရာခုိင္ႏႈန္းကေန ၄၀ ရာခုိင္ႏႈန္းထိဟာ အဆုတ္ကင္ဆာျဖစ္ပြားမႈႏႈန္းေလ်ာ့နည္းတယ္လုိ႔ေတြ႔ရွိခဲ႔ရပါတယ္။

*ဂ်င္း

တစ္ခ်ိဳ႔သူေတြက ဂ်င္းျပဳတ္ရည္ေသာက္ၾကသလို တစ္ခ်ိဳ႔ကလည္း အစားအစာေတြမွာ အျမဲထည့္သြင္းခ်က္ျပဳတ္ေလ့ရွိၾကပါတယ္။ဒီဂ်င္းဟာ အစားအစာေတြကုိ ပုိျပီးအရသာရွိေစသလို အဆုတ္က်န္းမာေရးေကာင္းေအာင္လည္းကူညီေပးပါတယ္။ဒါေၾကာင့္ ထမင္းဟင္းခ်က္ျပဳတ္စားေသာက္တဲ႔အခါထည့္ခ်က္တာျဖစ္ေစ၊တစ္ပတ္ကုိတစ္ၾကိမ္ေလာက္ ဂ်င္းလက္ဖက္ရည္ေသာက္ေပးတာျဖစ္ေစ လုပ္ေပးသင့္ပါတယ္။

ဒီအစားအစာေတြကိုတစ္ပတ္ကုိတစ္ၾကိမ္ေလာက္ပါ၀င္ေအာင္စားေသာက္ေပးမယ္ဆုိရင္ အဆုတ္က်န္းမာေရးကုိလည္းတစ္ဖက္တစ္လမ္းကေစာင့္ေရွာက္ျပီးသားျဖစ္ေစပါတယ္။ေန႔စဥ္ကုိယ္လက္လႈပ္ရွားမႈရွိဖို႔၊ေဆးလိပ္ေတြေလ်ွာ့ေသာက္ဖုိ႔လည္းလိုအပ္ပါတယ္။

Credit: trend

Unicode ဖြင့်ဖတ်ရန်

သင့်ရဲ့ အဆုတ်ကျန်းမာသန့်ရှင်းစေဖို့ ဘယ်လိုအစားအစာတွေအဓိက စားပေးသင့်လဲ?

ဆေးလိပ်မသောက်ရုံနဲ့ အဆုတ်ကျန်းမာနေပြီပြောလို့မရပါဘူး။ကိုယ်စားနေတဲ့အစားအစာတွေ၊ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေအပေါ်မူတည်ပြီး အဆုတ်ကျန်းမာရေးကောင်းမကောင်းကြည့်ရပါတယ်။တစ်ချို့အစားအစာတွေက အဆုတ်ကိုဆိုးဝါးစေသလို တစ်ချို့အစားအစာတွေကတော့
အဆုတ်ကျန်းမာရေးကောင်းအောင်ကူညီပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် အဆုတ်ကျန်းမာသန့်ရှင်းစေမယ့်အစားအစာတွေက ဘာတွေလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

*ပန်းသီး

အမျှင်ဓာတ်ကြွယ်ဝတဲ့ပန်းသီးဟာ ဗီတာမင်စီ၊ဗီတာမင်အီးနဲ့ Beta-carotene တို့လည်းပါဝင်တဲ့အတွက် အဆုတ်ကျန်းမာရေးကောင်းမွန်အောင်ကူညီပေးပါတယ်။လေ့လာချက်တွေအရ တစ်ပတ်ကို ပန်းသီး ငါးလုံး ဒါမှမဟုတ် ငါးလုံးထက်ပိုစားတဲ့အမျိုးသားတွေဟာ မစားတဲ့သူတွေထက် အဆုတ်လုပ်ဆောင်ပုံပိုပြီးကောင်းမွန်တယ်လို့သိရပါတယ်။ဒါကြောင့်ပဲ တစ်ချို့က ပန်းသီးတစ်နေ့တစ်လုံးစား ကျန်းမာရေးကောင်းလို့ ဆရာဝန်ပြဖို့တောင်မလိုတော့ဘူးလို့ပြောကြတာပေါ့။

*ငါး

အိုမီဂါသရီးအက်စစ်ပါဝင်တဲ့ငါးများများစားပေးတာက နှလုံး၊ဦးနှောက်နဲ့ အသားအရည်အတွက်လည်းကောင်းမွန်ပါတယ်။ဒါ့အပြင် လေ့လာချက်တွေအရ ငါးမှာပါဝင်တဲ့ EPA ဓာတ်ဟာ အဆုတ်ထဲက arachidonic acid level ကို ပုံမှန်လည်ပတ်စေတဲ့အပြင် အဆုတ်နဲ့ပတ်သက်တဲ့
တစ်ခြားရောဂါဝေဒနာတွေလည်းမဖြစ်ပွားအောင်ကူညီပေးနိုင်ပါတယ်။

*အနီရောင်ငရုတ်ပွသီး၊မုန်လာဥ

အနီရောင်ငရုတ်ပွသီးနဲ့မုန်လာဥတွေဟာ ကျွန်တော်တို့ရဲ့ အဆုတ်ကျန်းမာရေးကို အများကြီးအထောက်အကူပြုပါတယ်။အနီရောင်ငရုတ်ပွသီးနဲ့ မုန်လာဥမှာပါဝင်တဲ့ beta-cryptoxanthin ဓာတ်ဟာ အဆုတ်ကောင်းကောင်းအလုပ်လုပ်နိုင်အောင်ကူညီပေးပါတယ်။တရုတ်လူမျိုးအများစုကိုလေ့လာကြည့်ချက်အရ ဒီအစားအစာတွေစားသုံးတဲ့ လူဦးရေ ၁၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိဟာ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းလျော့နည်းတယ်လို့တွေ့ရှိခဲ့ရပါတယ်။

*ဂျင်း

တစ်ချို့သူတွေက ဂျင်းပြုတ်ရည်သောက်ကြသလို တစ်ချို့ကလည်း အစားအစာတွေမှာ အမြဲထည့်သွင်းချက်ပြုတ်လေ့ရှိကြပါတယ်။ဒီဂျင်းဟာ အစားအစာတွေကို ပိုပြီးအရသာရှိစေသလို အဆုတ်ကျန်းမာရေးကောင်းအောင်လည်းကူညီပေးပါတယ်။ဒါကြောင့် ထမင်းဟင်းချက်ပြုတ်စားသောက်တဲ့အခါထည့်ချက်တာဖြစ်စေ၊တစ်ပတ်ကိုတစ်ကြိမ်လောက် ဂျင်းလက်ဖက်ရည်သောက်ပေးတာဖြစ်စေ လုပ်ပေးသင့်ပါတယ်။

ဒီအစားအစာတွေကိုတစ်ပတ်ကိုတစ်ကြိမ်လောက်ပါဝင်အောင်စားသောက်ပေးမယ်ဆိုရင် အဆုတ်ကျန်းမာရေးကိုလည်းတစ်ဖက်တစ်လမ်းကစောင့်ရှောက်ပြီးသားဖြစ်စေပါတယ်။နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ဆေးလိပ်တွေလျှော့သောက်ဖို့လည်းလိုအပ်ပါတယ်။

Credit: trend