Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
လွတ်မြောက်မယ်လို့ မျှော်လင့်ထားရာကနေ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အပေါ် ပြောပြလာတဲ့ အစ္စဏီရဲ့ မိခင် ဒေါ်ဥမ္မာမြင့်
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
အဆိုတော် အစ္စဏီနဲ့ စူးရှထက်တို့အမှုကို ပရိသတ်ကြီးတို့လည်း သိကြမှာပါ…. ၂၀၁၈ ခုနှစ်တည်းက တရားရင်ဆိုင်ခဲ့ရတဲ့ အဆိုပါအမှုဟာ ၁ နှစ်ခွဲကျော်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်….. အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားရင်ဆိုင်ခဲ့ရတာဖြစ်ပြီးတော့ တရားလို စူးရှထက်က ကျေအေးပေးခဲ့ပေမဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတာပါ…
အမှုရင်ဆိုင်စဉ်မှာ နှစ်ဖက် မကြေလည်မှုတွေရှိနေခဲ့ပေမယ့် အဆိုတော် အစ္စဏီက ဒူးထောက်တောင်းပန်ရင် ခွင့်လွှတ်မယ်လို့ စူးရှထက်က ဆိုခဲ့တဲ့အတွက်လည်း အစ္စဏီတစ်ယောက် သူ့အမှားအတွက် တောင်းပန်ခဲ့ပါတယ်။ ဒီအတွက်လည်း တရားရုံးမှာ စူးရှထက်တစ်ယောက်က အမှုကို ကျေအေးပေးခဲ့ပေမယ့် တရားသူကြီးက အများပြည်သူအကျိုး ၊ တရားဥပဒေစိုးမိုးရေးကို ရှေ့ရှုပြီးတော့ အမှုကို ဆက်လက် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အစ္စဏီရဲ့မိခင်ဟာလည်း သားရဲ့ သီချင်းဆိုတဲ့ငွေပေါ် တည်မှီစားသောက်နေရတာဖြစ်ပြီးတော့ ကျန်းမာရေးလည်း မကောင်းဘူးလို့ သိရပါတယ်။
အဆိုပါ အမှုနဲ့ပတ်သတ်ပြီး မိခင်က အမှုအသွားအလာအရ ကောင်းမွန်နေပြီး ဒီနေ့ဆိုရင် လွတ်ပြီလို့ ထင်ခဲ့ကြောင်း၊ ယခုလိုမျှော်လင့်ခဲ့ပေမယ့်လည်း သူမရဲ့ သားကို ၇ နှစ် ခုမှတ်ခဲ့ကြကြောင်း၊ ဒီလိုဖြစ်ခဲ့လို့ ပြောမပြတတ်အောင်ကို ဝမ်းနည်းကြောင်း။ အစ်စဏီရဲ့ ဝမ်းနည်းစွာ ဖြေကြားထားတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပေးကြပါဦးနော် ပရိတ်သတ်ကြီး …………။
Writer- ME(Shwe Yaung Lan)
0 Comments