ကိုရိုနာဗိုင္းရပ္စ္ကိုကုသႏိုင္မည့္ ေဆးကို (၃) လအတြင္းထုတ္လုပ္ႏိုင္ဖြယ္ရွိ…
ကိုရိုနာဗိုင္းရပ္စ္ကို ကုသႏိုင္မည့္ေဆးဝါးကို တီထြင္ ႏိုင္ေရးအတြက္ တရုတ္ႏိုင္ငံ၏အခ်မ္းသာဆံုးပုဂၢိဳလ္ ျဖစ္သည့္ Jack Ma က ျဗိတိန္စတာလင္ေပါင္ ၁၁ သန္း(အေမရိကန္ေဒၚလာ ၁၄.၄ သန္း)ႏွင့္ညီမွ်သည့္ တရုတ္ယြမ္ေငြ သန္း ၁၀၀ ကို ထပ္မံလွဴဒါန္းမည္ဟု သိရသည္။ကိုရိုနာဗိုင္းရပ္စ္အႏၱရာယ္ကို တရုတ္ႏိုင္ငံတြင္ ဆိုးရြားစြာခံစားေနရသည္။ ယေန ့(ဇန္နဝါရီ ၃၀) နံနက္ စာရင္းမ်ားအရ တစ္ကမၻာလုံးတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရသူေပါင္း ၇,၈၁၇ ဦးရွိလာျပီျဖစ္ကာ ဗိုင္း ရပ္စ္ကူးစက္ခံရၿပီး ‌ေသဆုံးသြားသူမွာ ၁၇၀ ဦးရွိလာ ျပီျဖစ္သည္။ ေသဆံုးသူမ်ားအားလံုးမွာ တရုတ္ႏိုင္ငံမွပင္ ျဖစ္သည္။
ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ လူနာမ်ားကို ကုသမွုေပးႏိုင္ရန္ လိုအပ္သည့္ေဆးဝါးအေထာက္ အကူျပဳပစၥည္းမ်ားဝယ္ယူေရးအတြက္ ဂ်က္မား ပိုင္ ဆိုင္သည့္ Alibaba စီးပြားေရးလုပ္ငန္းစုမွ (ေပါင္ ၁၁၀ သန္း) ကန္ေဒၚလာ ၁၄၄ သန္း ကို လွဴဒါန္းထားေပးျပီးေနာက္ ေဆးဝါးေဖာ္စပ္ ႏိုင္ေရးအတြက္ ေနာက္ထပ္ (ေပါင္ ၁၁ သန္း) ကန္ေဒၚလာ ၁၄.၄ သန္းကို ထပ္ မံလွဴဒါန္းလိုက္ျခင္းျဖစ္သည္။
ဝူဟန္ျမိဳ ့ႏွင့္ဟူေဘးျပည္နယ္အတြင္းမွ ေဆးရံုမ်ားအတြက္ ယြမ္ ၁ ဘီလ်ံ (ေပါင္ ၁၁၀ သန္း၊ ကန္ေဒၚလာ ၁၄၄ သန္း) ကို လွဴဒါန္းထားသည္ဟု Alibaba စီးပြားေရးလုပ္ငန္းစုမွ ျပီးခဲ့သည့္တနဂၤေႏြေန ့က ေၾကညာခ်က္ထုတ္ျပန္ခဲ့သလို ကိုရိုနာဗိုင္းရပ္စ္ကုသႏိုင္မည့္ ေဆးဝါးထုတ္ႏိုင္ေရးအတြက္ ေနာက္ထပ္ ယြမ္ သန္း ၁၀၀ (ေပါင္ ၁၁ သန္း၊ ကန္ေဒၚလာ ၁၄.၄သန္း) ကို လွဴဒါန္းလိုက္ျခင္းျဖစ္သည္။
ေနာက္ထပ္လွဴဒါန္းသည့္ ယြမ္ သန္း ၁၀၀ ၏ ၄၀ ရာခိုင္ႏွုန္းမွာ တရုတ္သိပၸံအကယ္ဒမီမ်ားႏွင့္ေဆးဝါးေဖာ္ စပ္ႏိုင္ေရးအတြက္ ဦးေဆာင္ၾကိဳးစားေနၾကသည့္ တရုတ္သိပၸံပညာရွင္၊ အင္ဂ်င္နီယာမ်ားသို ့ ေထာက္ပံ့ ေပးသြားမည္ျဖစ္သည္။
Image result for jackma
က်န္သည့္ ၆၀ ရာခိုင္ႏွုန္းကိုမူ တရုတ္ႏွင့္ကမ႓ာတစ္ ဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္အား ထိန္းခ်ဳပ္ကာကြယ္ႏိုင္ ေရးအတြက္ သိပၸံသုေတသနဓါတ္ခြဲခန္းမ်ား တည္ ေဆာက္ရန္ႏွင့္ ဝန္ထမ္းမ်ားအတြက္လွဴဒါန္းရန္ စီစဥ္ ထားသည္။Jack Ma မွာ ေပါင္ ၃၂.၉ ဘီလ်ံ (အေမရိကန္ေဒၚလာ ၄၂.၈ ဘီလ်ံ)ၾကြယ္ဝၿပီး တရုတ္ႏိုင္ငံ၏ အခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံထားရသည္။
Image result for jackma
ဝူဟန္ျမိဳ ့မွစတင္ျဖစ္ပြားခဲ့သည့္ဗိုင္းရပ္စ္ဆိုးကို ကာကြယ္ တိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ားအတြက္ တရုတ္ စီးပြားေရးလုပ္ငန္းရွင္မ်ား၏ စုစုေပါင္းလွဴဒါန္းမွု ပမာဏမွာ ယြမ္ ၄.၅ ဘီလ်ံ (ေပါင္ ၄၉၉ သန္း၊ အေမရိကန္ေဒၚလာ ၆၄၉သန္း) ရွိေနျပီျဖစ္သည္ဟု တရုတ္ စြန္ ့ဦးတီထြင္စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း မဂၢ ဇင္း၏ ေဖာ္ျပမွုအရ သိရသည္။
Image result for laboratory china
ထိုကဲ့သို ့ဝိုင္းဝန္းလွဴဒါန္းမွုမ်ားထဲတြင္ Pony Ma ၏ Tencent မွ ေဒၚလာ ၄၃ သန္း၊Robin Li ၏ Baidu မွ ေဒၚလာ ၄၃ သန္း၊ Xu Jiayin ၏ Evergrande Group မွ ကန္ေဒၚလာ ၂၈ သန္း၊ Ren Zhengfei ၏ Huawei မွ ကန္ေဒၚလာ ၄.၃သန္း တို ့အပါအဝင္ တရုတ္စီးပြားေရးလုပ္ငန္းစု စုစုေပါင္း ၁၅၀ ေက်ာ္ကဝိုင္းဝန္းလွဴဒါန္းေပးထားၾကျခင္းျဖစ္သည္။
Image result for laboratory china
တရုတ္ႏိုင္ငံ၏ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္မွ ပညာရွင္ Li Lanjuan ၏ တရုတ္ႏိုင္ငံပိုင္သတင္းဌာနသို ့ေျပာၾကားမွုအရ ကိုရိုနာဗိုင္းရပ္စ္ကိုကုသႏိုင္မည့္ ေဆးကို ၃ လအတြင္းထုတ္လုပ္ႏိုင္ဖြယ္ရွိေနသည္ဟုလည္း သိရသည္။က်ြမ္းက်င္ပညာရွင္မ်ားက ကုသေဆးနမူနာကို လက္ ရွိအခ်ိန္မွစကာ ၁ လ အတြင္း တီထြင္ႏိုင္ဖြယ္ရွိေနသည္ဟု Li Lanjuan ဇန္နဝါရီ၂၈ အဂၤါေန ့က China News သို ့ေျပာၾကားခဲ့သည္။ ထိုသို ့ရရွိလာ မည့္ေဆးနမူနာကို က်ြမ္းက်င္ပညာရွင္မ်ားက စမ္းသပ္ ရန္ သီတင္း ၂ ပတ္ၾကာ အခ်ိန္ယူရမည္ဟုဆိုသည္။ ထို ့ေနာက္တြင္ ကုသေဆးကို အစိုးရက အတည္ျပဳ ႏိုင္ရန္ အနည္းဆံုး သီတင္း ၆ ပတ္ၾကာ အခ်ိန္ယူရမည္ဟု Li Lanjuan က ေျေျပာၾကားထားသည္


Unicode




ကိုရိုနာဗိုင်းရပ်စ် ကုသဆေး တီထွင်နိုင်ရန် တရုတ်ဘီလျှံနာ ဂျက်မားက ဒေါ်လာသန်း ၁၅၀ လှူဒါန်း




ကိုရိုနာဗိုင်းရပ်စ်ကိုကုသနိုင်မည့် ဆေးကို (၃) လအတွင်းထုတ်လုပ်နိုင်ဖွယ်ရှိ…

ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မည့်ဆေးဝါးကို တီထွင် နိုင်ရေးအတွက် တရုတ်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည့် Jack Ma က ဗြိတိန်စတာလင်ပေါင် ၁၁ သန်း(အမေရိကန်ဒေါ်လာ ၁၄.၄ သန်း)နှင့်ညီမျှသည့် တရုတ်ယွမ်ငွေ သန်း ၁၀၀ ကို ထပ်မံလှူဒါန်းမည်ဟု သိရသည်။ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တရုတ်နိုင်ငံတွင် ဆိုးရွားစွာခံစားနေရသည်။ ယနေ ့(ဇန်နဝါရီ ၃၀) နံနက် စာရင်းများအရ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၇,၈၁၇ ဦးရှိလာပြီဖြစ်ကာ ဗိုင်း ရပ်စ်ကူးစက်ခံရပြီး ‌သေဆုံးသွားသူမှာ ၁၇၀ ဦးရှိလာ ပြီဖြစ်သည်။ သေဆုံးသူများအားလုံးမှာ တရုတ်နိုင်ငံမှပင် ဖြစ်သည်။



ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများကို ကုသမှုပေးနိုင်ရန် လိုအပ်သည့်ဆေးဝါးအထောက် အကူပြုပစ္စည်းများဝယ်ယူရေးအတွက် ဂျက်မား ပိုင် ဆိုင်သည့် Alibaba စီးပွားရေးလုပ်ငန်းစုမှ (ပေါင် ၁၁၀ သန်း) ကန်ဒေါ်လာ ၁၄၄ သန်း ကို လှူဒါန်းထားပေးပြီးနောက် ဆေးဝါးဖော်စပ် နိုင်ရေးအတွက် နောက်ထပ် (ပေါင် ၁၁ သန်း) ကန်ဒေါ်လာ ၁၄.၄ သန်းကို ထပ် မံလှူဒါန်းလိုက်ခြင်းဖြစ်သည်။



ဝူဟန်မြို ့နှင့်ဟူဘေးပြည်နယ်အတွင်းမှ ဆေးရုံများအတွက် ယွမ် ၁ ဘီလျံ (ပေါင် ၁၁၀ သန်း၊ ကန်ဒေါ်လာ ၁၄၄ သန်း) ကို လှူဒါန်းထားသည်ဟု Alibaba စီးပွားရေးလုပ်ငန်းစုမှ ပြီးခဲ့သည့်တနင်္ဂနွေနေ ့က ကြေညာချက်ထုတ်ပြန်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကုသနိုင်မည့် ဆေးဝါးထုတ်နိုင်ရေးအတွက် နောက်ထပ် ယွမ် သန်း ၁၀၀ (ပေါင် ၁၁ သန်း၊ ကန်ဒေါ်လာ ၁၄.၄သန်း) ကို လှူဒါန်းလိုက်ခြင်းဖြစ်သည်။



နောက်ထပ်လှူဒါန်းသည့် ယွမ် သန်း ၁၀၀ ၏ ၄၀ ရာခိုင်နှုန်းမှာ တရုတ်သိပ္ပံအကယ်ဒမီများနှင့်ဆေးဝါးဖော် စပ်နိုင်ရေးအတွက် ဦးဆောင်ကြိုးစားနေကြသည့် တရုတ်သိပ္ပံပညာရှင်၊ အင်ဂျင်နီယာများသို ့ ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။



ကျန်သည့် ၆၀ ရာခိုင်နှုန်းကိုမူ တရုတ်နှင့်ကမ႓ာတစ် ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်ကာကွယ်နိုင် ရေးအတွက် သိပ္ပံသုတေသနဓါတ်ခွဲခန်းများ တည် ဆောက်ရန်နှင့် ဝန်ထမ်းများအတွက်လှူဒါန်းရန် စီစဉ် ထားသည်။Jack Ma မှာ ပေါင် ၃၂.၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၂.၈ ဘီလျံ)ကြွယ်ဝပြီး တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။



ဝူဟန်မြို ့မှစတင်ဖြစ်ပွားခဲ့သည့်ဗိုင်းရပ်စ်ဆိုးကို ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် တရုတ် စီးပွားရေးလုပ်ငန်းရှင်များ၏ စုစုပေါင်းလှူဒါန်းမှု ပမာဏမှာ ယွမ် ၄.၅ ဘီလျံ (ပေါင် ၄၉၉ သန်း၊ အမေရိကန်ဒေါ်လာ ၆၄၉သန်း) ရှိနေပြီဖြစ်သည်ဟု တရုတ် စွန် ့ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအသင်း မဂ္ဂ ဇင်း၏ ဖော်ပြမှုအရ သိရသည်။



ထိုကဲ့သို ့ဝိုင်းဝန်းလှူဒါန်းမှုများထဲတွင် Pony Ma ၏ Tencent မှ ဒေါ်လာ ၄၃ သန်း၊Robin Li ၏ Baidu မှ ဒေါ်လာ ၄၃ သန်း၊ Xu Jiayin ၏ Evergrande Group မှ ကန်ဒေါ်လာ ၂၈ သန်း၊ Ren Zhengfei ၏ Huawei မှ ကန်ဒေါ်လာ ၄.၃သန်း တို ့အပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းစု စုစုပေါင်း ၁၅၀ ကျော်ကဝိုင်းဝန်းလှူဒါန်းပေးထားကြခြင်းဖြစ်သည်။



တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်မှ ပညာရှင် Li Lanjuan ၏ တရုတ်နိုင်ငံပိုင်သတင်းဌာနသို ့ပြောကြားမှုအရ ကိုရိုနာဗိုင်းရပ်စ်ကိုကုသနိုင်မည့် ဆေးကို ၃ လအတွင်းထုတ်လုပ်နိုင်ဖွယ်ရှိနေသည်ဟုလည်း သိရသည်။ကျွမ်းကျင်ပညာရှင်များက ကုသဆေးနမူနာကို လက် ရှိအချိန်မှစကာ ၁ လ အတွင်း တီထွင်နိုင်ဖွယ်ရှိနေသည်ဟု Li Lanjuan ဇန်နဝါရီ၂၈ အင်္ဂါနေ ့က China News သို ့ပြောကြားခဲ့သည်။ ထိုသို ့ရရှိလာ မည့်ဆေးနမူနာကို ကျွမ်းကျင်ပညာရှင်များက စမ်းသပ် ရန် သီတင်း ၂ ပတ်ကြာ အချိန်ယူရမည်ဟုဆိုသည်။ ထို ့နောက်တွင် ကုသဆေးကို အစိုးရက အတည်ပြု နိုင်ရန် အနည်းဆုံး သီတင်း ၆ ပတ်ကြာ အချိန်ယူရမည်ဟု Li Lanjuan က ပြောကြားထားသည်။