Zawgyi ျဖင့္ဖတ္ရန္

ဗုဒၶျမတ္စြာဘုရားရွင္၏ တရားေဟာ မုျဒာဟန္ပန္မ်ားထဲမွ မုျဒာ(၉)မ်ိဳးအေၾကာင္းကို ဖူးေမွ်ာ္ ၾကည္ညိဳ သဒၵါပြားမ်ား၍ ဗဟုသုတမ်ားတိုးပြားေစရန္ အလို႔ဌာတင္ျပေပးလိုက္ပါတယ္။
(၁) ဓမၼစၾကမုျဒာ
—————
ဓမၼစကၠပဝတၱနမုျဒာ ဟုလည္းေကာင္း၊ ဗ်ာခ်ာနမုျဒာ ဟုလည္းေကာင္း ေခၚသည္။
တရားဦးကိုေဟာၾကားေနဟန္ျဖစ္သည္။ တရားစက္ဝိုင္း လွည္းဘီးကို လွည့္ေတာ့မည့္ဟန္မ်ိဳး ျဖစ္သည္။
ဥတၱရေဗာဓိမုျဒာဟန္ႏွင့္ ဆင္တူယိုးမွားျဖစ္သည္။
လက်္ာဘက္လက္မႏွင့္ လက္ညႇိဳးတို႔ကို လက္ဝဲလက္မ လက္ညႇိဳးတို႔ႏွင့္ ထိထားကာ လက်္ာလက္က စက္ဝိုင္းလွည္းဘီးတခုကို လည္ပတ္ လွည့္ေပးေတာ့မည့္ဟန္မ်ိဳးျဖင့္ ရွိသည္။ လက္ႏွစ္ဘက္စလုံး ရင္ၫြန႔္ အထက္နားေလာက္ေရာက္ေအာင္ ျမႇင့္တင္ထားသည္။ မ်ားေသာအားျဖင့္ လက္ဝဲလက္သည္ လက်္ာလက္ကို ဖုံးအုပ္ထားေလ့ရွိသည္။
ေဂါတမျမတ္စြာဘုရားရွင္သည္ ဗာရာဏသီျပည္ ဣသိပတန မိဂဒါဝုန္ေတာ၌ ပၪၥဝဂၢီရဟန္းမ်ားအား ဓမၼစကၠပဝတၱနသုတ္ကို ေဟာၾကးေနဟန္ သ႐ုပ္ေဖၚျပျခင္းျဖစ္သည္။ တရားဦးေဟာဟန္ျဖစ္၍ အဦးအစမြန္ျမတ္၍ မဂၤလာရွိသည္ဟု ယုံၾကည္ကိုးကြယ္ၾကသည္။
ကာေလန ဓမၼသဝနမဂၤလာ၊ ဓေမၼသု အပၸမာဒမဂၤလာ၊ ဓမၼသာကစာၦမဂၤလာ ေသာဝစႆတာမဂၤလာ၊ အရိယသစၥာန ဒႆနမဂၤလာ၊ နိဗၺာနသစၦိကိရိယမဂၤလာမ်ားကို သ႐ုပ္ေဖၚ ျပထားျခင္း ျဖစ္ေပသည္။
ဝိမုတၱိရသ၊ သႏၲရသတို႔ကို ေပၚလြင္ေစသည္။
ပညာပါရမီ၊ သစၥာပါရမီ၊ ဝီရိယပါရမီ စခန္းမ်ားသို႔ ၫႊန္ျပထားျခင္း အနက္သေဘာကိုေဆာင္ေလသည္။
ဓမၼစၾကမုျဒာပါေသာ ႐ုပ္ပြားဆင္းတုကို ကိုးကြယ္သူသည္ တရားထူးကိုရရွိျခင္း၊ ဉာဏ္ပညာ ထြန္းကားတိုးတက္ျခင္း၊ အမွန္တရားကို သိလြယ္ျမင္လြယ္ျခင္း၊ ယုံမွားသံသယ ကင္းရွင္းျခင္း၊ သိဒၶိ အမ်ိဳးမ်ိဳး ၿပီးျပည့္စုံျခင္း၊ ရာထူးဌာနႏၲရ တိုးတက္ႀကီးပြားျခင္း၊ ဆင္းရဲဒုကၡအေပါင္းမွ လြတ္ၿငိမ္းခ်မ္းသာျခင္း၊ ရန္သူမ်ား၏ အႀကံအစည္ အဖ်က္အဆီးတို႔ကို လႊမ္းမိုးေက်ာ္လြားႏိုင္ျခင္း၊ တန္ခိုးအာဏာစက္ျပင္းျပျခင္း၊ တိုင္းျပည္ႏိုင္ငံ သာယာဝေျပာျခင္းစေသာ အက်ိဳးထူးမ်ားကို ရရွိႏိုင္သည္ဟု ဝဇီရာယာနက်မ္းဂန္မ်ား၌ အက်ယ္တဝင့္ ဖြင့္ဆိုထားေလသည္။
(၂) မဟာက႐ုဏာမုျဒာ
———————-
လက္ဝဲလက္ကိုျဖစ္ေစ၊ လက်္ာလက္ကိုျဖစ္ေစ၊ ရင္ဘတ္ သို႔မဟုတ္ ရင္အုံ အထက္ပိုင္းေလာက္ဆီသို႔ ေျမႇာက္ခ်ီထားကာ လက္ဝါးကိုအတြင္းဘက္သို႔လွည့္၍ ရင္ဘတ္ ရင္အုံ ပခုံးစပ္ကို ဖုံးအုပ္ဖိႏွိပ္ျပထားေသာ ပုံမ်ိဳးျဖစ္သည္။ သနားက႐ုဏာ ျဖစ္ျခင္းသေဘာကို ပုံေဆာင္ျပထားျခင္းျဖစ္သည္။ ျမတ္စြာဘုရားပုံေတာ္တြင္ေတြ႕ရပါမူ မဟာက႐ုဏာေတာ္ရွင္ ျဖစ္ေၾကာင္း ေဖၚျပလိုရင္းျဖစ္ပါသည္။
လက်္ာလက္က မဟာက႐ုဏာမုျဒာျပလွ်င္ လက္ဝဲလက္က ဘူမိဖႆမုျဒာျဖင့္ ျပေလ့ရွိပါသည္။ ျမတ္စြာဘုရားသခင္သည္ သေခ်ၤမ်ားစြာ ကမာၻမ်ားစြာပတ္လုံး သတၱဝါမ်ားအေပၚ၌ မဟာက႐ုဏာေတာ္ ႀကီးမားလွသျဖင့္ ပါရမီေတာ္တို႔ကို ျဖည့္ဆည္းခဲ့သည္မွာ အမွန္ပင္ျဖစ္ေၾကာင္း ဤသစၥာစကားကို ပထဝီေျမႀကီးက သက္ေသအရာ၌ ရပ္တည္ပါေစသတည္း ဟူေသာ သစၥာအဓိဌာန္ ျပဳေတာ္မူခန္းအတြက္ ရည္စူးပူေဇာ္ထားျခင္း ျဖစ္ပါသည္။
က႐ုဏာရသ၊ သႏၲရသတို႔ကို ေပၚလြင္ေစပါသည္။ ပညာပါရမီ၊ ခႏၲီပါရမီ၊ ေမတၱာပါရမီ၊ သစၥာပါရမီစခန္းမ်ားသို႔ ရည္ၫႊန္းပါသည္။
ဉာတကာနၪၥ သဂၤဟမဂၤလာ၊ အပၸမာေဒါ စ ဓေမၼသုမဂၤလာ၊ သမဏာနၪၥ ဒႆနမဂၤလာ၊ ဖုဌႆ ေလာကဓေမၼဟိ စိတၱံ ယႆ န ကမၸတိစေသာ မဂၤလာတရားေတာ္မ်ားကို ရည္ၫႊန္းေဖၚေဆာင္ထားပါသည္။
ဤမုျဒာကို ျမတ္စြာဘုရားသည္ တာဝတိ ံသာနတ္ျပည္မွ လူ႔ျပည္သို႔ သက္ဆင္းႂကြေတာ္မူပုံမ်ားႏွင့္ ပူေဆြးဒုကၡ ေသာကပရိေဒဝ ခံစားေနရသူမ်ားအား တရားဓမၼ ေဟာျပေနပုံမ်ား စသည္တို႔တြင္ အမ်ားဆုံးေတြ႕ရတတ္ပါသည္။
ဤ မဟာက႐ုဏာမုျဒာပုံေတာ္မ်ားကို ကိုးကြယ္ျခင္းအားျဖင့္ ကယ္ဆယ္ကူညီ ေစာင္မသူမ်ား ေပၚေပါက္လာျခင္း၊ စိုးရိမ္ငိုေႂကြး ပူေဆြးမႈမွ လြတ္ၿငိမ္းခ်မ္းသာရာရျခင္း၊ ရန္သူမ်ားကပင္ မိမိအား သနားၾကင္နာခြင့္လႊတ္လာျခင္း၊ ရန္ေျပမာန္ေျပျဖစ္ျခင္း၊ တရားတေဘာင္ အမႈအခင္းမ်ား၌ ေအာင္ႏိုင္ျခင္း၊ မင္းအာဏာ တန္ခိုးေတေဇာ ႀကီးျမင့္ထက္ျမက္ျခင္း၊ ဘုန္းႀကီးျခင္း၊ ၾကည္ညိဳေလးစားသူမ်ားျခင္း၊ မိမိအားခ်ီးျမႇင့္ ေျမာက္စားမည့္ ပုဂၢိဳလ္ျမတ္ ေပၚေပါက္လာျခင္းစေသာ အက်ိဳးထူးမ်ားကို ရရွိႏိုင္သည္ဟု တႏၲရာယာနက်မ္းမ်ား၌ ျပဆိုထားပါသည္။
(၃) ဈာနမုျဒာ
———-
တရားအားထုတ္ဟန္ (သို႔မဟုတ္) ဈာန္ဝင္စားဟန္ျဖစ္သည္။ ေယာဂမုျဒာ ဟုလည္းေခၚသည္။
လက္ႏွစ္ဖက္ကို ေပါင္ခြင္ေပၚတြင္ လက္ဝါးႏွစ္ဖက္စလုံးလွန္၍ လက်္ာလက္ဝါးသည္ လက္ဝဲလက္ဝါးေပၚတြင္ထပ္ၿပီးလွ်င္ မေတာင့္မတင္းေစပဲ အေၾကာမ်ားကို ေလွ်ာ့ထားကာ သက္သက္သာသာ တင္ထားေသာပုံဟန္ျဖစ္သည္။ ဈာန္ဝင္စားေနပုံ သမာဓိရေနပုံမ်ိဳး ေပၚလာေအာင္စီရင္ထားသည္။ ဤပုံမ်ားတြင္ တခါတရံ လက္မႏွစ္ခု ထိပ္ခ်င္းေတ့ဆိုင္ထားျခင္း၊ က်န္လက္ေခ်ာင္းမ်ား ျဖန႔္တင္ထားျခင္းမ်ားကို ေတြ႕ရတတ္သည္။
တေပါစမဂၤလာ၊ ျဗဟၼစရိယမဂၤလာ၊ အရိယသစၥာနဒႆနမဂၤလာမ်ားကို ရည္ေဆာင္ပုံေဖၚျပထားျခင္းျဖစ္သည္။
သႏၲရသႏွင့္ ဝိမုတၱိရသတို႔ကို ေပၚလြင္ေစရန္ ရည္ၫႊန္းေပသည္။
ေဗာဓိပကၡိယ တရားမ်ားအနက္ ဈာန္တရားမ်ားကို ပဓာနအားျဖင့္ ရည္ၫႊန္းထားသည္ဟု အဆိုရွိသည္။ သမထလုပ္ငန္း အက်င့္စခန္းကို ၫႊန္ျပလ်က္ရွိေပသည္။
ဈာနမုျဒာပါေသာ ႐ုပ္ပြားဆင္းတုမ်ားကို ကိုးကြယ္သူသည္ တည္ၾကည္ၿငိမ္သက္ျခင္း၊ ဓါတ္သေဘာ အျပည့္အဝရရွိျခင္း၊ စိတ္ေဝဒနာ ေသာကပရိေဒဝ ကင္းၿငိမ္းျခင္း၊ ဉာဏ္ပညာ တိုးတက္ပြင့္လင္းျခင္း၊ တရားထူးကို ရလြယ္ျခင္း၊ သမထေပါက္လြယ္ျခင္း၊ ထြက္ရပ္ေပါက္လြယ္ျခင္း၊ သိဒၶိၿပီးျခင္း၊ မေကာင္းက်ိဳးဟူသမွ် ေလာင္ကြၽမ္းခ်ဳပ္ၿငိမ္းသြားျခင္းစေသာအက်ိဳးထူးမ်ားရႏိုင္ေၾကာင္းျဖင့္ ဝဇီရာယာနက်မ္းဂန္မ်ား၌ ဖြင့္ဆိုထားေပသည္။
(၄) ဉာဏမုျဒာ
————
လက္ႏွစ္ဖက္စလုံးကို ႏွလုံးသားတည္ရာ ရင္ဘတ္ဆီသို႔ ေျမႇာက္ခ်ီကာ လက္ဝါးမ်ားကို ရင္ဘတ္ဖက္သို႔ လွည့္ထားၿပီးလွ်င္ လက္မႏွင့္ လက္ခလယ္တို႔ကို ထိ၍ထားေသာ လက္ဟန္အေနအထား ျဖစ္သည္။
အသိဉာဏ္ပညာ ေဗာဓိဉာဏ္၊ သဗၺညဳတဉာဏ္၊ သစၥဉာဏ္၊ ကိစၥဉာဏ္၊ ကတဉာဏ္တည္းဟူေသာ သေဘာတရားမ်ားကို ၫႊန္ၾကားေဟာျပလိုေသာ အနက္အဓိပၸာယ္ကို ေဆာင္ေပသည္။
အခ်ိဳ႕ပညာရွိမ်ား၏ အလိုအရ ဤမုျဒာသည္ ဓမၼစကၠပဝတၱနမုျဒာ တမ်ိဳးပင္ျဖစ္သည္ဟု ဆိုသည္။
ဗာဟုသစၥမဂၤလာ၊ သိပၸမဂၤလာ၊ အတၱသမာပဏီဓိမဂၤလာမ်ားကို သဏၭာန္ပုံဟန္ ေဆာင္ထားျခင္းျဖစ္ေပသည္။
အဗၻဳတရသႏွင့္ သႏၲရသမ်ားကို ေပၚလြင္ထင္ရွားေစသည္။
ပညာပါရမီကို အဓိကအားျဖင့္ ရည္ၫႊန္းထားေပသည္။ပဋိစၥသမုပၸါဒ္ႏွင့္ ေဗာဇၩင္တရားမ်ားကို ပဓာနအားျဖင့္ ရည္ၫႊန္းထားေလသည္။
ဉာဏမုျဒာပါေသာ ႐ုပ္ပြားဆင္းတုကို ကိုးကြယ္ပါက အသိဉာဏ္ပညာ ပြင့္လင္းတိုးပြားျခင္း၊ တရားအဆင့္တက္ျခင္း၊ ပညာရွိျဖစ္ျခင္း အက်ိဳးမ်ားကို ရရွိႏိုင္သည္ဟု တႏၲရာယာနက်မ္းမ်ား၌ ေဖၚျပထားေပသည္။
(၅) ဝိတကၠမုျဒာ
————-
ႀကံစည္ဟန္ ေဆြးေႏြးဟန္ျဖစ္သည္။
လက်္ာလက္ေမာင္းကို ေကြး၍ လက္ဝါးကို အျပင္ဘက္သို႔ လွန္ျပထားကာ လက္ညႇိဳးႏွင့္လက္သူႂကြယ္တေခ်ာင္း ေခ်ာင္းကို လက္မထိပ္ႏွင့္ ထိထားသည္။ က်န္လက္ေခ်ာင္းမ်ားကို အေပၚသို႔ ေထာင္ထားေသာဟန္ ျဖစ္သည္။ ႀတိပတက ဟတၳပုံတြင္ လက္သူႂကြယ္ကို လက္မျဖင့္ဖိထား၍ က်န္သုံးေခ်ာင္းကို ေထာင္ျပထားသည္ကို ႏႈိင္းယွဥ္ၾကည့္သင့္သည္။
ဓေမၼသု အပၸမာဒမဂၤလာ၊ ဓမၼသာကစာၦ မဂၤလာမ်ားကို သ႐ုပ္ျပထားသည္။
အဗၻဳတရသ၊ သႏၲရသ တို႔ကို ေပၚလြင္ေစသည္။
ဈာနပါရမီ၊ ပညာပါရမီ စခန္းမ်ားသို႔ ၫႊန္ျပရည္ေဆာင္ေပသည္။
ဝိတကၠမုျဒာ ပုံဟန္ျဖင့္ ႐ုပ္ပြားဆင္းတုမ်ားကို ထုလုပ္စီရင္ ကိုးကြယ္ေသာသူသည္ အႀကံအစည္ ထိုးထြင္းေအာင္ျမင္ျခင္း၊ စိတ္ကူးဉာဏ္ ဆန္းသစ္ပြင့္လင္းျခင္း၊ အဘိဓမၼာ သဘာဝတရားကို ဟုတ္တိုင္းမွန္စြာ ေပါက္ေရာက္သိျမင္ျခင္း၊ ဗဟုသုတ ႂကြယ္ဝျခင္း၊ ဉာဏ္ပညာထက္ျမက္ျခင္း၊ သမာဓိဈာန္ အဘိညာဥ္ရရွိျခင္း၊ အယူဝါဒထူးျခား ဆန္းျပားခ်က္မ်ားကို သိရွိနားလည္ျခင္း၊ တီထြင္မႈ ေအာင္ျမင္ျခင္းစေသာ အက်ိဳးထူးမ်ားကို ရရွိႏိုင္သည္ဟူ၍၎၊ ဤမုျဒာဟန္ျဖင့္ ႐ုပ္ပြားေတာ္ရွိေသာ ရပ္႐ြာေဒသျပည္နယ္တြင္ ပညာရွိသူေတာ္စင္မ်ား ေပၚေပါက္ထြန္းကားတတ္သည္ဟူ၍၎၊ ပဋိမာ သိပၸံက်မ္းမ်ား၌ ႁမြက္ဆိုေဖၚျပ ထားေလသည္။
(၆) ဘူမိဖႆမုျဒာ
—————–
ေျမႀကီးကို လက္မ်ားထိထားေသာဟန္ျဖစ္သည္။ ဝသုႏၶရီေျမႀကီးကို သက္ေသၫႊန္းေသာဟန္ ဟူ၍လည္းေခၚသည္။
လက်္ာလက္သည္ လက်္ာဒူးမွ ေအာက္သို႔တြဲလဲခ်၍ထားသည္။ လက္ဝါးကို အတြင္းဘက္သို႔ လွည့္ထားၿပီးလွ်င္ လက္ေခ်ာင္းမ်ား အားလုံးကိုျဖန႔္၍ ေအာက္တည့္တည့္သို႔ စိုက္ကာ ၾကာပလႅင္ကိုျဖစ္ေစ၊ ေျမႀကီးကိုျဖစ္ေစ၊ ထိုင္ခုံတခုခုကိုျဖစ္ေစ ထိထားေသာဟန္ျဖစ္သည္။ လက္ဝဲလက္မွာ ေပါင္ခြင္ေပၚတြင္ လက္ဖဝါးလွန္၍ တင္ထားေလ့ရွိသည္။ လက်္ာလက္ဖမိုးကို ျမင္ရသည္။ လက္ဝဲ လက္ဖဝါးကိုလည္း ျမင္ႏိုင္သည္။
ဤမုျဒာ ျဖစ္ေပၚလာရပုံမွာ ေဂါတမျမတ္စြာဘုရားရွင္သည္ ေဗာဓိပင္ရင္း၌ ဘုရားအျဖစ္သို႔ေရာက္၍ အပရာဇိတပလႅင္ထက္ဝယ္ စံေနေတာ္မူစဥ္ မာရ္နတ္သားက လာေရာက္တိုက္ခိုက္ေလသည္။ ထိုအခါ ဘုရားရွင္က ဝသုႏၶရာပထဝီေျမႀကီးကို သက္ေသၫႊန္းျခင္းျဖင့္ မာရ္ စစ္သည္အေပါင္းကို ေအာင္ႏိုင္ေတာ္မူခဲ့ေလသည္။ ဤအျဖစ္အပ်က္ကိုစြဲ၍ မာရ္နတ္ကို ေအာင္ျမင္ေတာ္မူခန္းကို သ႐ုပ္ေဖၚရာ၌ ဤမုျဒာကို တည္ထြင္ခဲ့သည္ဟု ေရွးဆို႐ိုး ရွိခဲ့ေလသည္။ ထို႔ေၾကာင့္ ျမန္မာအႏုပညာသဘင္တြင္ ဝသုန္ ဤေျမ သိၾကားေစ သက္ေသၫႊန္းဟူ၍ စပ္ဆိုခဲ့ၾကပါသည္။
တိဗက္ျမန္မာ အယူအဆအရဆိုပါလွ်င္ ပထဝီေျမႀကီးဓာတ္သည္ မကုန္ခမ္းႏိုင္ေသာသေဘာ၊ ခိုင္မာခက္ေက်ာေသာသေဘာ၊ ေထာက္ခံေသာသေဘာ၊ ထိေတြ႕ကိုင္တြယ္၍ ရႏိုင္ေသာသေဘာတည္း ဟူေသာ ဂုဏ္ထူးဝိေသသမ်ားျဖင့္ ျပည့္စုံသည္။ ထို ပထဝီေျမထုကို လက္ၫႊန္ျပထားေသာ မုျဒာ၏ဆိုလိုရင္းမွာ ဤ႐ုပ္ပြားေတာ္သည္လည္း အထက္ပါဂုဏ္ထူး ဝိေသသမ်ားႏွင့္ ျပည့္စုံေတာ္မူေသာ အေကၡာဘ် ျမတ္စြာဘုရား ဈာနိဗုဒၶ၏ပုံေတာ္ ျဖစ္သည္ဟူ၍ နိမိတ္ျပထားေၾကာင္း တိဗက္ဘာသာ က်မ္းရင္းမ်ား၌ မိန႔္ဆိုထားေလသည္။
မႏၲေလးၿမိဳ႕ မဟာမုနိ ႐ုပ္ရွင္ေတာ္ျမတ္ႀကီးသည္ ဘူမိဖႆမုျဒာဟန္ ျဖစ္ေပသည္။
ပုေဗၺစ ကတပုညတာမဂၤလာ၊ အတၱသမာပဏိဓိမဂၤလာ၊ ခႏၲီမဂၤလာ၊ ဖုဌႆ ေလာကဓေမၼဟိ စိတၱံ ယႆ န ကမၸတိမဂၤလာတို႔ကို သ႐ုပ္သဏၭာန္ ေဆာင္ျပထားေပသည္။
သစၥာပါရမီ၊ အဓိဌာန္ပါရမီ၊ ဥေပကၡာပါရမီ စခန္းမ်ာသို႔ ၫႊန္ျပသည္။
ဝီရရသ၊ အဗၻဳတရသ မ်ားကို ေပၚလြင္ေစသည္။
ေလာကီဂႏၶာရီ အလိုအရမူကား –
ရန္သူတကာကို ေအာင္ျမင္ႏိုင္ျခင္း၊ တရားအမႈတြင္ မိမိဘက္မွ လြတ္လြတ္ကြၽတ္ကြၽတ္ အႏိုင္ရျခင္း၊ အစိမ္းသရဲ သင္းကြဲၿပိတၱာ နတ္မိစာၦတို႔၏ ပေယာဂ ေႏွာက္ယွက္မႈကို ႏွိမ္နင္းႏိုင္ျခင္း၊ ေသလုေမ်ာပါးျဖစ္ေနေသာ လူနာအား အသက္မေသ ေဝဒနာမွ ခ်မ္းသာရာရေစျခင္း၊ ဆင္ၾကမ္း ျမင္းၾကမ္း ႏြားၾကမ္း သူရဲၾကမ္းတို႔ကို ေအာင္ႏိုင္ျခင္း၊ ၿမိဳ႕ နယ္ အိမ္ ေျမ ေက်ာင္းေနရာ စသည္တို႔ကို ရွင္းလင္းခုတ္ထြင္ရာ၌ ေျမၾကမ္းကိုေအာင္ႏိုင္ျခင္း၊ ရဲရင့္ေစျခင္း၊ စစ္ထိုးစစ္ဆင္ စစ္ခ်ီရာ၌ ရန္သူတကာကို ေအာင္ပြဲရျခင္း၊ သုံ႔ပန္းမ်ားကို အရွင္လတ္လတ္ ဖမ္းဆီးရမိျခင္း၊ တႏိုင္ငံလုံးကို စိုးမိုးလႊမ္းၿခဳံ၍ အာဏာတန္ခိုးထက္ျမက္ျခင္း၊ ဘုန္းတန္ခိုး အာႏုေဘာ္ႀကီးျခင္း စသည့္ အက်ိဳးထူးမ်ားကို မုခ် ေအာင္ျမင္ ရရွိႏိုင္ေပသည္။
(၇) ဝရဒမုျဒာ
———-
ေကာင္းခ်ီးေပးဟန္၊ ဆုေပးဟန္ဟုေခၚသည္။
ဝရမုျဒာ၊ ဝရဒမုျဒာ၊ ဒါနမုျဒာ၊ ဝရဒဟတၳဟူ၍ ပရိယာယ္ပုဒ္ အမ်ိဳးမ်ိဳးျဖင့္ ေခၚေဝၚတတ္ၾကသည္။
လက်္ာဘက္လက္ကို ေအာက္သို႔ခ်ကာ လက္ဝါးကို အျပင္ဘက္လွည့္ၿပီး လက္ေခ်ာင္းမ်ားကို ျဖန႔္ခ်ထားေသာဟန္ျဖစ္သည္။ လက္ဝဲလက္ကို ေပါင္ခြင္ေပၚတြင္တင္ထားသည္။
လိုေသာဆုမ်ားႏွင့္ တလုံးတဝတည္း ျပည့္စုံၾကပါေစဟု ဆိုလိုေသာ အနက္သေဘာကို ေဆာင္ေပသည္။ ထို႔ေၾကာင့္ ဆုေတာင္းျပည့္ဘုရားမ်ားတြင္ ဤ ဝရဒမုျဒာမ်ိဳးကို ေတြ႕ရတတ္သည္။ သားဆုေတာင္းလွ်င္ ရရွိႏိုင္သည္ဟု ကိုးကြယ္ယုံၾကည္ထားၾကေသာ နတ္ဘုရား သိၾကား စသည္မ်ား၏ ႐ုပ္ပြားဆင္းတုတို႔တြင္ ဤမုျဒာကို ေတြ႕ရွိႏိုင္ေပသည္။
ပုေဗၺစ ကတပုညတာ မဂၤလာ၊ ဒါနမဂၤလာ၊ ဉာတကာနံ သဂၤဟ မဂၤလာ၊ ပုတၱဒါရႆ သဂၤဟ မဂၤလာမ်ားကို သ႐ုပ္ေဆာင္သည္။
က႐ုဏာရသ၊ ဟႆရသတို႔ကို ေပၚလြင္ေစသည္။
ဒါနပါရမီ၊ ေမတၱာပါရမီ စခန္းမ်ားသို႔ ရည္ၫႊန္းထားေလသည္။
ဝရဒမုျဒာပါရွိေသာ ႐ုပ္ပြားဆင္းတုေတာ္မ်ားကို ကိုးကြယ္ပူေဇာ္သူသည္ ေကာင္းခ်ီးမဂၤလာဆုလာဘ္မ်ားကို ရရွိျခင္း၊ ဆုေတာင္းျပည့္ျခင္း၊ ဆႏၵအတိုင္း ကိစၥၿပီးေျမာက္ျခင္း၊ လိုအပ္ဆႏၵတလုံးတဝတည္း ၿပီးျပည့္စုံျခင္း၊ သားဆုကိုရရွိျခင္း၊ သစၥာအဓိဌာန္ျပဳရာ၌ ထိေရာက္ျခင္း၊ဓါတ္သက္ဝင္ျခင္း၊ ဓါတ္စည္းျခင္း၊ ရာထူးဌာနႏၲရ တိုးတက္ျခင္း၊ စည္းစိမ္ တိုးပြားျခင္း၊ ကုန္ေရာင္းကုန္ဝယ္ ျမတ္စြန္းျခင္း၊ ကစား ေလာင္းကစားရာ၌ ေအာင္ႏိုင္ျခင္း၊ စစ္ခ်ီ စစ္တက္ရာ၌ ေအာင္ျမင္ျခင္း၊ ပူေဇာ္သကၠာရကို ရရွိျခင္း၊ လက္ေဆာင္ပ႑ာ ခြန္တုပ္မ်ား ရရွိျခင္း၊ ေႁခြရံသင္းပင္း ေပါမ်ားႂကြယ္ဝျခင္း စေသာ အက်ိဳးထူးမ်ားကို ရႏိုင္သည္ဟု တႏၲရာယာန က်မ္းဂန္မ်ား၌ ဖြင့္ဆိုထားပါသည္။
(၈) ဒါနမုျဒာ
———
အလႉေပးဟန္ဟု ေခၚသည္။ ေကာင္းခ်ီးေပးဟန္ ဆုေပးဟန္ႏွင့္ ဆင္တူျဖစ္သည္။
လက်္ာလက္ကို ေျမႀကီးသို႔ ေအာက္စိုက္ခ်ထားကာ လက္ဝါးကို အျပင္ဘက္သို႔ ၫႊန္၍ျပထားသည္။ လက္ေခ်ာင္းမ်ားကို ျဖန႔္ျပထားၿပီး တစုံတခု ေပးေတာ့မည့္ပုံဟန္ကို ေဆာင္သည္။ ဘူမိဖႆမုျဒာႏွင့္ လက္ဝါးထားပုံ ေျပာင္းျပန္ျဖစ္သည္။
အႏွစ္သာရအားျဖင့္ ဒါနမဂၤလာ၊ ပူဇာ စ ပူဇေနယ်ာနံ မဂၤလာမ်ားကို သ႐ုပ္ေဆာင္ထားျခင္းျဖစ္သည္။
ဒါနပါရမီစခန္းသို႔ ၫႊန္ျပေလ့ရွိသည္။ ဝီရရသ၊ သန ၱရသမ်ားကို ေဖၚေဆာင္သည္။
ပုံစံအားျဖင့္ ရတနသမၻဝဈာနိ ဗုဒၶဘုရားပုံေတာ္ကို ဤ ဒါနမုျဒာျဖင့္ ေတြ႕ရတတ္သည္။ ဖူးေျမာ္လာသူအား ကိုးကြယ္လဲေလ်ာင္း အားထားစရာ ရတနာသုံးပါးတည္းဟူေသာ ဘုရား တရား သံဃာ တို႔ကို ေပးေတာ္မူ၏၊ ခံယူကိုးကြယ္ၾကပါေလာ့ဟု တိုက္တြန္း သတိေပးသည့္ အနက္အဓိပၸာယ္ကို ေဆာင္ေပသည္။
ဒါနမုျဒာပါေသာ ႐ုပ္ပြားဆင္းတုကို ထုလုပ္ကိုးကြယ္သူသည္ လာဘ္႐ႊင္ျခင္း၊ ေ႐ႊေငြ ဥစၥာရတနာ ဆင္ ျမင္းစေသာ စီးပြားေရးတြင္ေအာင္ျမင္ျခင္း၊ ေႂကြးၿမီေဟာင္းကိုေတာင္းခံရာ၌ လြယ္လင့္တကူ ရႏိုင္ျခင္း၊ သူတပါးထံမွ လက္ေဆာင္ပ႑ာမ်ားကို ရရွိႏိုင္ျခင္း၊ အခြန္တုတ္ပႏၷာမ်ား ေပါမ်ားႂကြယ္ဝစြာ ရရွိႏိုင္ျခင္း၊ တိုင္းျပည္ႏိုင္ငံအတြင္း ဆန္ေရစပါး ေပါမ်ားျခင္းစေသာ အက်ိဳးထူးမ်ားကို ခံစားရသည္ဟု တႏၲရာယာနက်မ္း ေလာကီက်မ္းမ်ား၌ ေဖၚျပထားေပသည္။
(၉) ဥတၱရေဗာဓိမုျဒာ
——————-
အထြတ္အထိပ္သို႔ ေရာက္၍ ပြင့္ေတာ္မူဟန္ျဖစ္သည္။
လက္ဝဲလက္ညႇိဳးႏွင့္ လက္မတို႔ကို ထိထား၍၎၊ လက်္ာလက္ညႇိဳးႏွင့္ လက္မတို႔ကိုလည္း ထိထား၍၎၊ ႏွလုံးသား ရွိေလာက္ရာအရပ္ ရင္ဘတ္ကို ထိလုနီးပါးမွ် ေထာင္ျပထားေသာ လက္ဟန္အေနအထားမ်ိဳး ျဖစ္သည္။ က်န္လက္ေခ်ာင္းမ်ားကိုမူ အေပၚသို႔ ေထာင္ထားသည္။
ဓမၼစၾကာမုျဒာပုံႏွင့္ ဆင္တူယိုးမွားျဖစ္သည္။
အရိယသစၥာနဒႆနမဂၤလာႏွင့္ နိဗၺာနသစၦိကိရိယမဂၤလာမ်ားကို သ႐ုပ္ေဆာင္ထားျခင္း ျဖစ္ေလသည္။
ဝိမုတၱိရသႏွင့္ သႏၲရသတို႔ကို ေပၚလြင္ထင္ရွားေစသည္။
ပါရမီဆယ္ပါးတို႔၏ ၿပီးျပည့္စုံျခင္းကိုလည္း ၫႊန္ျပထားျခင္းသေဘာ ရွိေပသည္။ ေဗာဓိပကၡိယတရား (၃၇)ပါးတို႔၏ ၿပီးဆုံးျခင္း အထြတ္အထိပ္သို႔ ေရာက္ေတာ္မူျခင္းတို႔ကို ၫႊန္ျပသ႐ုပ္ေဆာင္ထားျခင္း ျဖစ္သည္ဟု အခ်ိဳ႕ပညာရွိႀကီးမ်ားက မိန႔္မွာခဲ့ၾကသည္။
ဥတၱရေဗာဓိမုျဒာပါေသာဘုရားကို ကိုးကြယ္သူသည္ ဉာဏ္ပညာေကာင္းျခင္း၊ စာေမးပြဲ စာျပန္ပြဲတို႔၌ အဖ်က္အဆီး အဟန႔္အတားမရွိ ေအာင္ျမင္ျခင္းအက်ိဳးကို ရရွိႏိုင္ေၾကာင္း တႏၲရာယာနက်မ္းမ်ား၌ ေဖၚျပပါရွိပါသည္။



share from: XYZ


Unicode ဖြင့်ဖတ်ရန်
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားဟော မုဒြာဟန်ပန်များထဲမှ မုဒြာ(၉)မျိုးအကြောင်း
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားဟော မုဒြာဟန်ပန်များထဲမှ မုဒြာ(၉)မျိုးအကြောင်းကို ဖူးမျှော် ကြည်ညို သဒ္ဒါပွားများ၍ ဗဟုသုတများတိုးပွားစေရန် အလို့ဌာတင်ပြပေးလိုက်ပါတယ်။
(၁) ဓမ္မစကြမုဒြာ
—————
ဓမ္မစက္ကပဝတ္တနမုဒြာ ဟုလည်းကောင်း၊ ဗျာချာနမုဒြာ ဟုလည်းကောင်း ခေါ်သည်။
တရားဦးကိုဟောကြားနေဟန်ဖြစ်သည်။ တရားစက်ဝိုင်း လှည်းဘီးကို လှည့်တော့မည့်ဟန်မျိုး ဖြစ်သည်။
ဥတ္တရဗောဓိမုဒြာဟန်နှင့် ဆင်တူယိုးမှားဖြစ်သည်။
လကျ်ာဘက်လက်မနှင့် လက်ညှိုးတို့ကို လက်ဝဲလက်မ လက်ညှိုးတို့နှင့် ထိထားကာ လကျ်ာလက်က စက်ဝိုင်းလှည်းဘီးတခုကို လည်ပတ် လှည့်ပေးတော့မည့်ဟန်မျိုးဖြင့် ရှိသည်။ လက်နှစ်ဘက်စလုံး ရင်ညွန့် အထက်နားလောက်ရောက်အောင် မြှင့်တင်ထားသည်။ များသောအားဖြင့် လက်ဝဲလက်သည် လကျ်ာလက်ကို ဖုံးအုပ်ထားလေ့ရှိသည်။
ဂေါတမမြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီရဟန်းများအား ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြးနေဟန် သရုပ်ဖေါ်ပြခြင်းဖြစ်သည်။ တရားဦးဟောဟန်ဖြစ်၍ အဦးအစမွန်မြတ်၍ မင်္ဂလာရှိသည်ဟု ယုံကြည်ကိုးကွယ်ကြသည်။
ကာလေန ဓမ္မသဝနမင်္ဂလာ၊ ဓမ္မေသု အပ္ပမာဒမင်္ဂလာ၊ ဓမ္မသာကစ္ဆာမင်္ဂလာ သောဝစဿတာမင်္ဂလာ၊ အရိယသစ္စာန ဒဿနမင်္ဂလာ၊ နိဗ္ဗာနသစ္ဆိကိရိယမင်္ဂလာများကို သရုပ်ဖေါ် ပြထားခြင်း ဖြစ်ပေသည်။
ဝိမုတ္တိရသ၊ သန္တရသတို့ကို ပေါ်လွင်စေသည်။
ပညာပါရမီ၊ သစ္စာပါရမီ၊ ဝီရိယပါရမီ စခန်းများသို့ ညွှန်ပြထားခြင်း အနက်သဘောကိုဆောင်လေသည်။
ဓမ္မစကြမုဒြာပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်သူသည် တရားထူးကိုရရှိခြင်း၊ ဉာဏ်ပညာ ထွန်းကားတိုးတက်ခြင်း၊ အမှန်တရားကို သိလွယ်မြင်လွယ်ခြင်း၊ ယုံမှားသံသယ ကင်းရှင်းခြင်း၊ သိဒ္ဓိ အမျိုးမျိုး ပြီးပြည့်စုံခြင်း၊ ရာထူးဌာနန္တရ တိုးတက်ကြီးပွားခြင်း၊ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ငြိမ်းချမ်းသာခြင်း၊ ရန်သူများ၏ အကြံအစည် အဖျက်အဆီးတို့ကို လွှမ်းမိုးကျော်လွားနိုင်ခြင်း၊ တန်ခိုးအာဏာစက်ပြင်းပြခြင်း၊ တိုင်းပြည်နိုင်ငံ သာယာဝပြောခြင်းစသော အကျိုးထူးများကို ရရှိနိုင်သည်ဟု ဝဇီရာယာနကျမ်းဂန်များ၌ အကျယ်တဝင့် ဖွင့်ဆိုထားလေသည်။
(၂) မဟာကရုဏာမုဒြာ
———————-
လက်ဝဲလက်ကိုဖြစ်စေ၊ လကျ်ာလက်ကိုဖြစ်စေ၊ ရင်ဘတ် သို့မဟုတ် ရင်အုံ အထက်ပိုင်းလောက်ဆီသို့ မြှောက်ချီထားကာ လက်ဝါးကိုအတွင်းဘက်သို့လှည့်၍ ရင်ဘတ် ရင်အုံ ပခုံးစပ်ကို ဖုံးအုပ်ဖိနှိပ်ပြထားသော ပုံမျိုးဖြစ်သည်။ သနားကရုဏာ ဖြစ်ခြင်းသဘောကို ပုံဆောင်ပြထားခြင်းဖြစ်သည်။ မြတ်စွာဘုရားပုံတော်တွင်တွေ့ရပါမူ မဟာကရုဏာတော်ရှင် ဖြစ်ကြောင်း ဖေါ်ပြလိုရင်းဖြစ်ပါသည်။
လကျ်ာလက်က မဟာကရုဏာမုဒြာပြလျှင် လက်ဝဲလက်က ဘူမိဖဿမုဒြာဖြင့် ပြလေ့ရှိပါသည်။ မြတ်စွာဘုရားသခင်သည် သင်္ချေများစွာ ကမ္ဘာများစွာပတ်လုံး သတ္တဝါများအပေါ်၌ မဟာကရုဏာတော် ကြီးမားလှသဖြင့် ပါရမီတော်တို့ကို ဖြည့်ဆည်းခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း ဤသစ္စာစကားကို ပထဝီမြေကြီးက သက်သေအရာ၌ ရပ်တည်ပါစေသတည်း ဟူသော သစ္စာအဓိဌာန် ပြုတော်မူခန်းအတွက် ရည်စူးပူဇော်ထားခြင်း ဖြစ်ပါသည်။
ကရုဏာရသ၊ သန္တရသတို့ကို ပေါ်လွင်စေပါသည်။ ပညာပါရမီ၊ ခန္တီပါရမီ၊ မေတ္တာပါရမီ၊ သစ္စာပါရမီစခန်းများသို့ ရည်ညွှန်းပါသည်။
ဉာတကာနဉ္စ သင်္ဂဟမင်္ဂလာ၊ အပ္ပမာဒေါ စ ဓမ္မေသုမင်္ဂလာ၊ သမဏာနဉ္စ ဒဿနမင်္ဂလာ၊ ဖုဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိစသော မင်္ဂလာတရားတော်များကို ရည်ညွှန်းဖေါ်ဆောင်ထားပါသည်။
ဤမုဒြာကို မြတ်စွာဘုရားသည် တာဝတိ ံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းကြွတော်မူပုံများနှင့် ပူဆွေးဒုက္ခ သောကပရိဒေဝ ခံစားနေရသူများအား တရားဓမ္မ ဟောပြနေပုံများ စသည်တို့တွင် အများဆုံးတွေ့ရတတ်ပါသည်။
ဤ မဟာကရုဏာမုဒြာပုံတော်များကို ကိုးကွယ်ခြင်းအားဖြင့် ကယ်ဆယ်ကူညီ စောင်မသူများ ပေါ်ပေါက်လာခြင်း၊ စိုးရိမ်ငိုကြွေး ပူဆွေးမှုမှ လွတ်ငြိမ်းချမ်းသာရာရခြင်း၊ ရန်သူများကပင် မိမိအား သနားကြင်နာခွင့်လွှတ်လာခြင်း၊ ရန်ပြေမာန်ပြေဖြစ်ခြင်း၊ တရားတဘောင် အမှုအခင်းများ၌ အောင်နိုင်ခြင်း၊ မင်းအာဏာ တန်ခိုးတေဇော ကြီးမြင့်ထက်မြက်ခြင်း၊ ဘုန်းကြီးခြင်း၊ ကြည်ညိုလေးစားသူများခြင်း၊ မိမိအားချီးမြှင့် မြောက်စားမည့် ပုဂ္ဂိုလ်မြတ် ပေါ်ပေါက်လာခြင်းစသော အကျိုးထူးများကို ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ပြဆိုထားပါသည်။
(၃) ဈာနမုဒြာ
———-
တရားအားထုတ်ဟန် (သို့မဟုတ်) ဈာန်ဝင်စားဟန်ဖြစ်သည်။ ယောဂမုဒြာ ဟုလည်းခေါ်သည်။
လက်နှစ်ဖက်ကို ပေါင်ခွင်ပေါ်တွင် လက်ဝါးနှစ်ဖက်စလုံးလှန်၍ လကျ်ာလက်ဝါးသည် လက်ဝဲလက်ဝါးပေါ်တွင်ထပ်ပြီးလျှင် မတောင့်မတင်းစေပဲ အကြောများကို လျှော့ထားကာ သက်သက်သာသာ တင်ထားသောပုံဟန်ဖြစ်သည်။ ဈာန်ဝင်စားနေပုံ သမာဓိရနေပုံမျိုး ပေါ်လာအောင်စီရင်ထားသည်။ ဤပုံများတွင် တခါတရံ လက်မနှစ်ခု ထိပ်ချင်းတေ့ဆိုင်ထားခြင်း၊ ကျန်လက်ချောင်းများ ဖြန့်တင်ထားခြင်းများကို တွေ့ရတတ်သည်။
တပေါစမင်္ဂလာ၊ ဗြဟ္မစရိယမင်္ဂလာ၊ အရိယသစ္စာနဒဿနမင်္ဂလာများကို ရည်ဆောင်ပုံဖေါ်ပြထားခြင်းဖြစ်သည်။
သန္တရသနှင့် ဝိမုတ္တိရသတို့ကို ပေါ်လွင်စေရန် ရည်ညွှန်းပေသည်။
ဗောဓိပက္ခိယ တရားများအနက် ဈာန်တရားများကို ပဓာနအားဖြင့် ရည်ညွှန်းထားသည်ဟု အဆိုရှိသည်။ သမထလုပ်ငန်း အကျင့်စခန်းကို ညွှန်ပြလျက်ရှိပေသည်။
ဈာနမုဒြာပါသော ရုပ်ပွားဆင်းတုများကို ကိုးကွယ်သူသည် တည်ကြည်ငြိမ်သက်ခြင်း၊ ဓါတ်သဘော အပြည့်အဝရရှိခြင်း၊ စိတ်ဝေဒနာ သောကပရိဒေဝ ကင်းငြိမ်းခြင်း၊ ဉာဏ်ပညာ တိုးတက်ပွင့်လင်းခြင်း၊ တရားထူးကို ရလွယ်ခြင်း၊ သမထပေါက်လွယ်ခြင်း၊ ထွက်ရပ်ပေါက်လွယ်ခြင်း၊ သိဒ္ဓိပြီးခြင်း၊ မကောင်းကျိုးဟူသမျှ လောင်ကျွမ်းချုပ်ငြိမ်းသွားခြင်းစသောအကျိုးထူးများရနိုင်ကြောင်းဖြင့် ဝဇီရာယာနကျမ်းဂန်များ၌ ဖွင့်ဆိုထားပေသည်။
(၄) ဉာဏမုဒြာ
————
လက်နှစ်ဖက်စလုံးကို နှလုံးသားတည်ရာ ရင်ဘတ်ဆီသို့ မြှောက်ချီကာ လက်ဝါးများကို ရင်ဘတ်ဖက်သို့ လှည့်ထားပြီးလျှင် လက်မနှင့် လက်ခလယ်တို့ကို ထိ၍ထားသော လက်ဟန်အနေအထား ဖြစ်သည်။
အသိဉာဏ်ပညာ ဗောဓိဉာဏ်၊ သဗ္ဗညုတဉာဏ်၊ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်တည်းဟူသော သဘောတရားများကို ညွှန်ကြားဟောပြလိုသော အနက်အဓိပ္ပာယ်ကို ဆောင်ပေသည်။
အချို့ပညာရှိများ၏ အလိုအရ ဤမုဒြာသည် ဓမ္မစက္ကပဝတ္တနမုဒြာ တမျိုးပင်ဖြစ်သည်ဟု ဆိုသည်။
ဗာဟုသစ္စမင်္ဂလာ၊ သိပ္ပမင်္ဂလာ၊ အတ္တသမာပဏီဓိမင်္ဂလာများကို သဏ္ဌာန်ပုံဟန် ဆောင်ထားခြင်းဖြစ်ပေသည်။
အဗ္ဘုတရသနှင့် သန္တရသများကို ပေါ်လွင်ထင်ရှားစေသည်။
ပညာပါရမီကို အဓိကအားဖြင့် ရည်ညွှန်းထားပေသည်။ပဋိစ္စသမုပ္ပါဒ်နှင့် ဗောဇ္ဈင်တရားများကို ပဓာနအားဖြင့် ရည်ညွှန်းထားလေသည်။
ဉာဏမုဒြာပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်ပါက အသိဉာဏ်ပညာ ပွင့်လင်းတိုးပွားခြင်း၊ တရားအဆင့်တက်ခြင်း၊ ပညာရှိဖြစ်ခြင်း အကျိုးများကို ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ဖေါ်ပြထားပေသည်။
(၅) ဝိတက္ကမုဒြာ
————-
ကြံစည်ဟန် ဆွေးနွေးဟန်ဖြစ်သည်။
လကျ်ာလက်မောင်းကို ကွေး၍ လက်ဝါးကို အပြင်ဘက်သို့ လှန်ပြထားကာ လက်ညှိုးနှင့်လက်သူကြွယ်တချောင်း ချောင်းကို လက်မထိပ်နှင့် ထိထားသည်။ ကျန်လက်ချောင်းများကို အပေါ်သို့ ထောင်ထားသောဟန် ဖြစ်သည်။ တြိပတက ဟတ္ထပုံတွင် လက်သူကြွယ်ကို လက်မဖြင့်ဖိထား၍ ကျန်သုံးချောင်းကို ထောင်ပြထားသည်ကို နှိုင်းယှဉ်ကြည့်သင့်သည်။
ဓမ္မေသု အပ္ပမာဒမင်္ဂလာ၊ ဓမ္မသာကစ္ဆာ မင်္ဂလာများကို သရုပ်ပြထားသည်။
အဗ္ဘုတရသ၊ သန္တရသ တို့ကို ပေါ်လွင်စေသည်။
ဈာနပါရမီ၊ ပညာပါရမီ စခန်းများသို့ ညွှန်ပြရည်ဆောင်ပေသည်။
ဝိတက္ကမုဒြာ ပုံဟန်ဖြင့် ရုပ်ပွားဆင်းတုများကို ထုလုပ်စီရင် ကိုးကွယ်သောသူသည် အကြံအစည် ထိုးထွင်းအောင်မြင်ခြင်း၊ စိတ်ကူးဉာဏ် ဆန်းသစ်ပွင့်လင်းခြင်း၊ အဘိဓမ္မာ သဘာဝတရားကို ဟုတ်တိုင်းမှန်စွာ ပေါက်ရောက်သိမြင်ခြင်း၊ ဗဟုသုတ ကြွယ်ဝခြင်း၊ ဉာဏ်ပညာထက်မြက်ခြင်း၊ သမာဓိဈာန် အဘိညာဉ်ရရှိခြင်း၊ အယူဝါဒထူးခြား ဆန်းပြားချက်များကို သိရှိနားလည်ခြင်း၊ တီထွင်မှု အောင်မြင်ခြင်းစသော အကျိုးထူးများကို ရရှိနိုင်သည်ဟူ၍၎င်း၊ ဤမုဒြာဟန်ဖြင့် ရုပ်ပွားတော်ရှိသော ရပ်ရွာဒေသပြည်နယ်တွင် ပညာရှိသူတော်စင်များ ပေါ်ပေါက်ထွန်းကားတတ်သည်ဟူ၍၎င်း၊ ပဋိမာ သိပ္ပံကျမ်းများ၌ မြွက်ဆိုဖေါ်ပြ ထားလေသည်။
(၆) ဘူမိဖဿမုဒြာ
—————–
မြေကြီးကို လက်များထိထားသောဟန်ဖြစ်သည်။ ဝသုန္ဓရီမြေကြီးကို သက်သေညွှန်းသောဟန် ဟူ၍လည်းခေါ်သည်။
လကျ်ာလက်သည် လကျ်ာဒူးမှ အောက်သို့တွဲလဲချ၍ထားသည်။ လက်ဝါးကို အတွင်းဘက်သို့ လှည့်ထားပြီးလျှင် လက်ချောင်းများ အားလုံးကိုဖြန့်၍ အောက်တည့်တည့်သို့ စိုက်ကာ ကြာပလ္လင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ ထိုင်ခုံတခုခုကိုဖြစ်စေ ထိထားသောဟန်ဖြစ်သည်။ လက်ဝဲလက်မှာ ပေါင်ခွင်ပေါ်တွင် လက်ဖဝါးလှန်၍ တင်ထားလေ့ရှိသည်။ လကျ်ာလက်ဖမိုးကို မြင်ရသည်။ လက်ဝဲ လက်ဖဝါးကိုလည်း မြင်နိုင်သည်။
ဤမုဒြာ ဖြစ်ပေါ်လာရပုံမှာ ဂေါတမမြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ရောက်၍ အပရာဇိတပလ္လင်ထက်ဝယ် စံနေတော်မူစဉ် မာရ်နတ်သားက လာရောက်တိုက်ခိုက်လေသည်။ ထိုအခါ ဘုရားရှင်က ဝသုန္ဓရာပထဝီမြေကြီးကို သက်သေညွှန်းခြင်းဖြင့် မာရ် စစ်သည်အပေါင်းကို အောင်နိုင်တော်မူခဲ့လေသည်။ ဤအဖြစ်အပျက်ကိုစွဲ၍ မာရ်နတ်ကို အောင်မြင်တော်မူခန်းကို သရုပ်ဖေါ်ရာ၌ ဤမုဒြာကို တည်ထွင်ခဲ့သည်ဟု ရှေးဆိုရိုး ရှိခဲ့လေသည်။ ထို့ကြောင့် မြန်မာအနုပညာသဘင်တွင် ဝသုန် ဤမြေ သိကြားစေ သက်သေညွှန်းဟူ၍ စပ်ဆိုခဲ့ကြပါသည်။
တိဗက်မြန်မာ အယူအဆအရဆိုပါလျှင် ပထဝီမြေကြီးဓာတ်သည် မကုန်ခမ်းနိုင်သောသဘော၊ ခိုင်မာခက်ကျောသောသဘော၊ ထောက်ခံသောသဘော၊ ထိတွေ့ကိုင်တွယ်၍ ရနိုင်သောသဘောတည်း ဟူသော ဂုဏ်ထူးဝိသေသများဖြင့် ပြည့်စုံသည်။ ထို ပထဝီမြေထုကို လက်ညွှန်ပြထားသော မုဒြာ၏ဆိုလိုရင်းမှာ ဤရုပ်ပွားတော်သည်လည်း အထက်ပါဂုဏ်ထူး ဝိသေသများနှင့် ပြည့်စုံတော်မူသော အက္ခောဘျ မြတ်စွာဘုရား ဈာနိဗုဒ္ဓ၏ပုံတော် ဖြစ်သည်ဟူ၍ နိမိတ်ပြထားကြောင်း တိဗက်ဘာသာ ကျမ်းရင်းများ၌ မိန့်ဆိုထားလေသည်။
မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးသည် ဘူမိဖဿမုဒြာဟန် ဖြစ်ပေသည်။
ပုဗ္ဗေစ ကတပုညတာမင်္ဂလာ၊ အတ္တသမာပဏိဓိမင်္ဂလာ၊ ခန္တီမင်္ဂလာ၊ ဖုဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိမင်္ဂလာတို့ကို သရုပ်သဏ္ဌာန် ဆောင်ပြထားပေသည်။
သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊ ဥပေက္ခာပါရမီ စခန်းမျာသို့ ညွှန်ပြသည်။
ဝီရရသ၊ အဗ္ဘုတရသ များကို ပေါ်လွင်စေသည်။
လောကီဂန္ဓာရီ အလိုအရမူကား –
ရန်သူတကာကို အောင်မြင်နိုင်ခြင်း၊ တရားအမှုတွင် မိမိဘက်မှ လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခြင်း၊ အစိမ်းသရဲ သင်းကွဲပြိတ္တာ နတ်မိစ္ဆာတို့၏ ပယောဂ နှောက်ယှက်မှုကို နှိမ်နင်းနိုင်ခြင်း၊ သေလုမျောပါးဖြစ်နေသော လူနာအား အသက်မသေ ဝေဒနာမှ ချမ်းသာရာရစေခြင်း၊ ဆင်ကြမ်း မြင်းကြမ်း နွားကြမ်း သူရဲကြမ်းတို့ကို အောင်နိုင်ခြင်း၊ မြို့ နယ် အိမ် မြေ ကျောင်းနေရာ စသည်တို့ကို ရှင်းလင်းခုတ်ထွင်ရာ၌ မြေကြမ်းကိုအောင်နိုင်ခြင်း၊ ရဲရင့်စေခြင်း၊ စစ်ထိုးစစ်ဆင် စစ်ချီရာ၌ ရန်သူတကာကို အောင်ပွဲရခြင်း၊ သုံ့ပန်းများကို အရှင်လတ်လတ် ဖမ်းဆီးရမိခြင်း၊ တနိုင်ငံလုံးကို စိုးမိုးလွှမ်းခြုံ၍ အာဏာတန်ခိုးထက်မြက်ခြင်း၊ ဘုန်းတန်ခိုး အာနုဘော်ကြီးခြင်း စသည့် အကျိုးထူးများကို မုချ အောင်မြင် ရရှိနိုင်ပေသည်။
(၇) ဝရဒမုဒြာ
———-
ကောင်းချီးပေးဟန်၊ ဆုပေးဟန်ဟုခေါ်သည်။
ဝရမုဒြာ၊ ဝရဒမုဒြာ၊ ဒါနမုဒြာ၊ ဝရဒဟတ္ထဟူ၍ ပရိယာယ်ပုဒ် အမျိုးမျိုးဖြင့် ခေါ်ဝေါ်တတ်ကြသည်။
လကျ်ာဘက်လက်ကို အောက်သို့ချကာ လက်ဝါးကို အပြင်ဘက်လှည့်ပြီး လက်ချောင်းများကို ဖြန့်ချထားသောဟန်ဖြစ်သည်။ လက်ဝဲလက်ကို ပေါင်ခွင်ပေါ်တွင်တင်ထားသည်။
လိုသောဆုများနှင့် တလုံးတဝတည်း ပြည့်စုံကြပါစေဟု ဆိုလိုသော အနက်သဘောကို ဆောင်ပေသည်။ ထို့ကြောင့် ဆုတောင်းပြည့်ဘုရားများတွင် ဤ ဝရဒမုဒြာမျိုးကို တွေ့ရတတ်သည်။ သားဆုတောင်းလျှင် ရရှိနိုင်သည်ဟု ကိုးကွယ်ယုံကြည်ထားကြသော နတ်ဘုရား သိကြား စသည်များ၏ ရုပ်ပွားဆင်းတုတို့တွင် ဤမုဒြာကို တွေ့ရှိနိုင်ပေသည်။
ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ၊ ဒါနမင်္ဂလာ၊ ဉာတကာနံ သင်္ဂဟ မင်္ဂလာ၊ ပုတ္တဒါရဿ သင်္ဂဟ မင်္ဂလာများကို သရုပ်ဆောင်သည်။
ကရုဏာရသ၊ ဟဿရသတို့ကို ပေါ်လွင်စေသည်။
ဒါနပါရမီ၊ မေတ္တာပါရမီ စခန်းများသို့ ရည်ညွှန်းထားလေသည်။
ဝရဒမုဒြာပါရှိသော ရုပ်ပွားဆင်းတုတော်များကို ကိုးကွယ်ပူဇော်သူသည် ကောင်းချီးမင်္ဂလာဆုလာဘ်များကို ရရှိခြင်း၊ ဆုတောင်းပြည့်ခြင်း၊ ဆန္ဒအတိုင်း ကိစ္စပြီးမြောက်ခြင်း၊ လိုအပ်ဆန္ဒတလုံးတဝတည်း ပြီးပြည့်စုံခြင်း၊ သားဆုကိုရရှိခြင်း၊ သစ္စာအဓိဌာန်ပြုရာ၌ ထိရောက်ခြင်း၊ဓါတ်သက်ဝင်ခြင်း၊ ဓါတ်စည်းခြင်း၊ ရာထူးဌာနန္တရ တိုးတက်ခြင်း၊ စည်းစိမ် တိုးပွားခြင်း၊ ကုန်ရောင်းကုန်ဝယ် မြတ်စွန်းခြင်း၊ ကစား လောင်းကစားရာ၌ အောင်နိုင်ခြင်း၊ စစ်ချီ စစ်တက်ရာ၌ အောင်မြင်ခြင်း၊ ပူဇော်သက္ကာရကို ရရှိခြင်း၊ လက်ဆောင်ပဏ္ဍာ ခွန်တုပ်များ ရရှိခြင်း၊ ခြွေရံသင်းပင်း ပေါများကြွယ်ဝခြင်း စသော အကျိုးထူးများကို ရနိုင်သည်ဟု တန္တရာယာန ကျမ်းဂန်များ၌ ဖွင့်ဆိုထားပါသည်။
(၈) ဒါနမုဒြာ
———
အလှူပေးဟန်ဟု ခေါ်သည်။ ကောင်းချီးပေးဟန် ဆုပေးဟန်နှင့် ဆင်တူဖြစ်သည်။
လကျ်ာလက်ကို မြေကြီးသို့ အောက်စိုက်ချထားကာ လက်ဝါးကို အပြင်ဘက်သို့ ညွှန်၍ပြထားသည်။ လက်ချောင်းများကို ဖြန့်ပြထားပြီး တစုံတခု ပေးတော့မည့်ပုံဟန်ကို ဆောင်သည်။ ဘူမိဖဿမုဒြာနှင့် လက်ဝါးထားပုံ ပြောင်းပြန်ဖြစ်သည်။
အနှစ်သာရအားဖြင့် ဒါနမင်္ဂလာ၊ ပူဇာ စ ပူဇနေယျာနံ မင်္ဂလာများကို သရုပ်ဆောင်ထားခြင်းဖြစ်သည်။
ဒါနပါရမီစခန်းသို့ ညွှန်ပြလေ့ရှိသည်။ ဝီရရသ၊ သန ္တရသများကို ဖေါ်ဆောင်သည်။
ပုံစံအားဖြင့် ရတနသမ္ဘဝဈာနိ ဗုဒ္ဓဘုရားပုံတော်ကို ဤ ဒါနမုဒြာဖြင့် တွေ့ရတတ်သည်။ ဖူးမြော်လာသူအား ကိုးကွယ်လဲလျောင်း အားထားစရာ ရတနာသုံးပါးတည်းဟူသော ဘုရား တရား သံဃာ တို့ကို ပေးတော်မူ၏၊ ခံယူကိုးကွယ်ကြပါလော့ဟု တိုက်တွန်း သတိပေးသည့် အနက်အဓိပ္ပာယ်ကို ဆောင်ပေသည်။
ဒါနမုဒြာပါသော ရုပ်ပွားဆင်းတုကို ထုလုပ်ကိုးကွယ်သူသည် လာဘ်ရွှင်ခြင်း၊ ရွှေငွေ ဥစ္စာရတနာ ဆင် မြင်းစသော စီးပွားရေးတွင်အောင်မြင်ခြင်း၊ ကြွေးမြီဟောင်းကိုတောင်းခံရာ၌ လွယ်လင့်တကူ ရနိုင်ခြင်း၊ သူတပါးထံမှ လက်ဆောင်ပဏ္ဍာများကို ရရှိနိုင်ခြင်း၊ အခွန်တုတ်ပန္နာများ ပေါများကြွယ်ဝစွာ ရရှိနိုင်ခြင်း၊ တိုင်းပြည်နိုင်ငံအတွင်း ဆန်ရေစပါး ပေါများခြင်းစသော အကျိုးထူးများကို ခံစားရသည်ဟု တန္တရာယာနကျမ်း လောကီကျမ်းများ၌ ဖေါ်ပြထားပေသည်။
(၉) ဥတ္တရဗောဓိမုဒြာ
——————-
အထွတ်အထိပ်သို့ ရောက်၍ ပွင့်တော်မူဟန်ဖြစ်သည်။
လက်ဝဲလက်ညှိုးနှင့် လက်မတို့ကို ထိထား၍၎င်း၊ လကျ်ာလက်ညှိုးနှင့် လက်မတို့ကိုလည်း ထိထား၍၎င်း၊ နှလုံးသား ရှိလောက်ရာအရပ် ရင်ဘတ်ကို ထိလုနီးပါးမျှ ထောင်ပြထားသော လက်ဟန်အနေအထားမျိုး ဖြစ်သည်။ ကျန်လက်ချောင်းများကိုမူ အပေါ်သို့ ထောင်ထားသည်။
ဓမ္မစကြာမုဒြာပုံနှင့် ဆင်တူယိုးမှားဖြစ်သည်။
အရိယသစ္စာနဒဿနမင်္ဂလာနှင့် နိဗ္ဗာနသစ္ဆိကိရိယမင်္ဂလာများကို သရုပ်ဆောင်ထားခြင်း ဖြစ်လေသည်။
ဝိမုတ္တိရသနှင့် သန္တရသတို့ကို ပေါ်လွင်ထင်ရှားစေသည်။
ပါရမီဆယ်ပါးတို့၏ ပြီးပြည့်စုံခြင်းကိုလည်း ညွှန်ပြထားခြင်းသဘော ရှိပေသည်။ ဗောဓိပက္ခိယတရား (၃၇)ပါးတို့၏ ပြီးဆုံးခြင်း အထွတ်အထိပ်သို့ ရောက်တော်မူခြင်းတို့ကို ညွှန်ပြသရုပ်ဆောင်ထားခြင်း ဖြစ်သည်ဟု အချို့ပညာရှိကြီးများက မိန့်မှာခဲ့ကြသည်။
ဥတ္တရဗောဓိမုဒြာပါသောဘုရားကို ကိုးကွယ်သူသည် ဉာဏ်ပညာကောင်းခြင်း၊ စာမေးပွဲ စာပြန်ပွဲတို့၌ အဖျက်အဆီး အဟန့်အတားမရှိ အောင်မြင်ခြင်းအကျိုးကို ရရှိနိုင်ကြောင်း တန္တရာယာနကျမ်းများ၌ ဖေါ်ပြပါရှိပါသည်။
share from: XYZ