ဇန်နဝါရီ - ၁








ဇန်နဝါရီ - ၁







Unicode

မန္တလေး အောင်မြင်တာ စည်းနဲ့ ကမ်းနဲ့ နေတဲ့ မန္တလေးသူ မန္တလေးသားတွေကြောင့်လို့ ဝန်ကြီးချုပ်ပြော

ဇန်နဝါရီ - ၁

မန္တလေး အောင်မြင်တာဟာ စည်းနဲ့ ကမ်းနဲ့ နေတဲ့ မန္တလေးသူ မန္တလေးသားတွေကြောင့် ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ခရစ်နှစ်သစ်ကူးပွဲ အခမ်းအနားမှာ ပြောကြားခဲ့သည် ။

ယင်းနှစ်သစ်ကူးအခမ်းအနားကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ပြုလုပ်ခဲ့ကာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ဆေးကုသမှုခံယူအပြီး ပထမဆုံး ပြန်လည်တွေ့ရှိရခြင်းဖြစ်သည် ။

``ကျွန်တော်တို့ မန္တလေးတိုင်းကြီးအောင်မြင်တာ ဘယ်သူတွေကြောင့်လို့ သိသလဲ။ ခင်ဗျားတို့ကြောင့် မလို့ ခင်ဗျားတို့ကြောင့် မလို့ စည်းနဲ့ ကမ်းနဲ့ နေတဲ့ မန္တလေးသူ မန္တလေးသားတွေကြောင့် ကျွန်တော်တို့ မန္တလေးတိုင်း ဒီလိုအောင်မြင်တာ ။ ကျွန်တော် က ဆက်ပြီးတော့ အောင်မြင်တာမြင်ချင်ပါတယ်။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

ထို့အပြင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံသည့်ပွဲတွင် ပါဝင်ခဲ့သည့် မန္တလေးမြို့သူ မြို့သားများအား ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားခဲ့သည် ။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ဖြစ်ပွားနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်ထဲက ထိုင်းနိုင်ငံသို့ ဆေးကုသခံယူရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲက မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

မန္တလေးမြို့ ကို စီမံခန့်ခွဲရသည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နိုင်ငံတကာ မှ ပေးအပ်သည့် ဆု (၅) ခု ရှိပြီဖြစ်ကာ ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အတွက် Top 10 ASEAN Smart Cities တွင် အမှတ်စဉ် ၅ ၊ ASEAN Public Toilet Award 2019-2021 ၊ ၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု၊  ASOCIO Smart City Award 2019 နှင့် The Rising Star Award of GonInsider တို့ဖြစ်သည် ။