
ျပည္နယ္မ်ားတိုးတက္ေစလိုပါက အစိုးရကိုအားမကိုးဘဲကိုယ္တိုင္လုပ္ၾကရန္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။ကယားျပည္နယ္တြင္ ဇန္န၀ါရီလ ၁၅ ရက္ကက်င္းပေသာ ၆၈ ႏွစ္ေျမာက္ကယားျပည္နယ္ေန႔အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ သမၼတႀကီးရဲ႕မိန္႔ခြန္းထဲမွာလည္း လြိဳင္ေကာ္ဟာ အာဆီယံခရီးသြားအသန္႔ရွင္းဆုံးအျဖစ္သတ္မွတ္ခံရတာ ၾကားၿပီးၿပီျဖစ္ပါတယ္။ ဒီလုိျဖစ္ေအာင္လုိ႔လုပ္ႏုိင္တာအားလုံးရဲ႕၀ုိင္း၀န္းႀကဳိးစားမႈပဲ။ ကြ်န္မတုိ႔ျပည္ေထာင္စုအစုိးရလည္း ပါတယ္။ ျပည္နယ္အစုိးရလည္းပါတယ္။ အထူးသျဖင့္ ျပည္နယ္သူျပည္နယ္သားမ်ားပါတယ္။ ကုိယ့္ျပည္နယ္ကုိတုိးတက္ေစခ်င္ရင္ကုိယ္ကုိယ္တုိင္လုပ္ရမယ္။ အစုိးရလုပ္ပါဆုိၿပီးေတာ့လည္းအားမကုိးပါနဲ႔။ တျခားလူလုပ္ပါဆုိၿပီးလည္းအားမကုိးပါနဲ႔။ ကုိယ္ကုိယ္တုိင္ လုပ္ၾကပါ’’ဟု ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္္။

သန္႔ရွင္းေသာၿမိဳ႕နယ္ျဖစ္လိုပါက လူတိုင္းသည္ မိမိပတ္၀န္းက်င္ကိုသန္႔ရွင္းရန္ထားရွိရမည္ျဖစ္ကာ အစိုးရတစ္ခုတည္းမွ သန္႔ရွင္းေအာင္ေဆာင္ရြက္ျခင္းမွာ မျဖစ္ႏိုင္ေၾကာင္းလည္း ၄င္းက ဆက္လက္ေျပာသည္။ကယားျပည္နယ္သည္ ျမန္မာႏုိင္ငံ၏အေရွ႕ပုိင္းတြင္တည္ရွိၿပီး ၿမိဳ႕ေတာ္မွာ လြိဳင္ေကာ္ျဖစ္၍ လူဦးေရ ၂၈၆၆၂၇ ဦး၊ ဧရိယာ ၄၅၂၉.၆ စတုရန္းမုိင္က်ယ္၀န္းေၾကာင္း သိရသည္။

အကုန္သိ
Unicode
ပြည်နယ်များတိုးတက်စေလိုပါက အစိုးရကိုအားမကိုးဘဲကိုယ်တိုင်လုပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ကယားပြည်နယ်တွင် ဇန်နဝါရီလ ၁၅ ရက်ကကျင်းပသော ၆၈ နှစ်မြောက်ကယားပြည်နယ်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ သမ္မတကြီးရဲ့မိန့်ခွန်းထဲမှာလည်း လွိုင်ကော်ဟာ အာဆီယံခရီးသွားအသန့်ရှင်းဆုံးအဖြစ်သတ်မှတ်ခံရတာ ကြားပြီးပြီဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လို့လုပ်နိုင်တာအားလုံးရဲ့ဝိုင်းဝန်းကြိုးစားမှုပဲ။ ကျွန်မတို့ပြည်ထောင်စုအစိုးရလည်း ပါတယ်။ ပြည်နယ်အစိုးရလည်းပါတယ်။ အထူးသဖြင့် ပြည်နယ်သူပြည်နယ်သားများပါတယ်။ ကိုယ့်ပြည်နယ်ကိုတိုးတက်စေချင်ရင်ကိုယ်ကိုယ်တိုင်လုပ်ရမယ်။ အစိုးရလုပ်ပါဆိုပြီးတော့လည်းအားမကိုးပါနဲ့။ တခြားလူလုပ်ပါဆိုပြီးလည်းအားမကိုးပါနဲ့။ ကိုယ်ကိုယ်တိုင် လုပ်ကြပါ’’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည််။
သန့်ရှင်းသောမြို့နယ်ဖြစ်လိုပါက လူတိုင်းသည် မိမိပတ်ဝန်းကျင်ကိုသန့်ရှင်းရန်ထားရှိရမည်ဖြစ်ကာ အစိုးရတစ်ခုတည်းမှ သန့်ရှင်းအောင်ဆောင်ရွက်ခြင်းမှာ မဖြစ်နိုင်ကြောင်းလည်း ၄င်းက ဆက်လက်ပြောသည်။ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏အရှေ့ပိုင်းတွင်တည်ရှိပြီး မြို့တော်မှာ လွိုင်ကော်ဖြစ်၍ လူဦးရေ ၂၈၆၆၂၇ ဦး၊ ဧရိယာ ၄၅၂၉.၆ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရသည်။
အကုန်သိ
0 Comments