Zawgyi ဖြင့်ဖတ်ရန်









Unicode ဖြင့်ဖတ်ရန်


ရောဂါကြောင့် ကျွန်တော့ကိုတောင်မမှတ်မိတော့ဘူးလို့ ဗေလုဝရဲ့ ရောဂါအခြေအနေနဲ့ပတ်သတ်ပြီးပြောလာတဲ့ နေဆန်း
Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ်
ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဗေလုဝဟာ ရုတ်တရက် ဦးနှောက်သွေးခဲတဲ့ ဝေဒနာကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေရပါတယ်….လူအများကို ရယ်မောပျော်ရွှင်စေပြီး သရုပ်ဆောင်ပိုင်နိုင်လွန်းလို့ ဇာတ်ပို့ဆုနဲ့ အကယ်ဒမီရခဲ့တဲ့ ဗေလုဝရဲ့ သတင်းကြောင့် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ကြပြီး အမြန်နေကောင်းလာပါစေလို့ ဆုတောင်းပေးနေကြတာပါ….
ခုလိုဗေလုဝတစ်ယောက် ဆေးရုံတက်ရောက်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် သတင်းမေးခဲ့တဲ့ သရုပ်ဆောင်နေဆန်းက အင်တာဗျူးတစ်ခုကနေ ယခုလို ပြောပြခဲ့ပါတယ်…
“နံနက်ခင်းလက်ဘက်ရည်သောက်ရင်းနဲ့ ယခုလိုဖြစ်သွားတာဖြစ်ပြီး ဗေလုဝရဲ့ အခြေအနေကို ၂ ရက် ၃ ရက်စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်….ဒီလိုဖြစ်သွားကြောင့် ဗေလုဝဟာ နေဆန်းကိုတောင် မမှတ်မိတော့ဘဲ ယခုလိုဖြစ်ရတာဟာ ဆီးချိုကြောင့်ဖြစ်တယ်လို့ နေဆန်းက ဗေလုဝရဲ့ လက်ရှိအခြေအနေကို ပြောပြခဲ့တာပါ…”
ဗေလုဝရဲ့ သတင်းကြောင့် အနုပညာလောက က သူငယ်ချင်းမိတ်ဆွေတွေကလည်း ဆေးရုံကို သွားရောက်သတင်းမေးနေကြတာဖြစ်ပြီး လောလောဆယ်မှာတော့ သူတို့ကို ဗေလုဝအနေနဲ့ မမှတ်ဘူးဖြစ်နေကြောင်း သိရပါတယ်…..ဗေလုဝရဲ့ အခြေအနေ ဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးတို့ ကြည့်ရှုပြီး အမြန်နေကောင်းပါစေလို့ ဆုတောင်းစကားလေးတွေပြောခဲ့ကြပါအုံးနော်…..ပရိသတ်တွေကို ရယ်မောစေတဲ့ ဦးဗေလုဝတစ်ယောက် အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်…
ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ
Writer – HW (Shwe Yaung Lan)