Zawgyi ဖြင့်ဖတ်ရန်
” မုဒိမ်းမှု ”
——————–
– သေစေမည်
ရှင်းလင်းချက်
ရှင်းပြမယ်
နံပတ် (၁)
နံပတ် (၂)
နံပတ် (၃)
# ဥပမာ….
နံပတ် (၄)
နံပတ် (၅)
# ထောင်ဒဏ် (၁၀) နှစ် အပြင်
# ထောင်ဒဏ် (၂) နှစ်
# ငွေဒဏ် ချမှတ်ရမည် ။
မည်သူမဆို (ကျား/ မ)
> ယောက်ျားနှင့်ဖြစ်စေ….
> မိန်းမနှင့် ဖြစ်စေ….
# ထောင်ဒဏ် (၁၀) နှစ် အပြင်
ရှင်းလင်းချက်
သတိထား!
# ကျွန်းဒဏ်
# ထောင်ဒဏ်(၁၀)နှစ်ပဲ…..??
“ဒါ မြန်မာနိုင်ငံ”
Credit –xyznews
Unicode ဖြင့်ဖတ်ရန်
ယောက်ျားလေးတိုင်း သိထားသင့်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မများ -၃၇၅, ၃၇၆, ၃၇၇
ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၅
” မုဒိမ်းမှု ”
——————–
ယောက်ျားသည် မိန်းမနှင့် ကာမစပ်ယှက်သည့်အခါ အောက်ပါတစ်ချက်ချက်နှင့် အကျုံးဝင်လျှင် မုဒိမ်းမှုဖြစ်သည် –
(၁) မိန်းမက အလိုမတူငြင်းဆန်ခြင်း ။
(၂) မိန်းမက ခွင့်မပြုခြင်း ။
(၃) မိန်းမက ခွင့်ပြုသော်လည်း ခွင့်ပြုရခြင်း အကြောင်းခြင်းရာမှာ
– သေစေမည်
-နာကျင်စေမည်ဟု ကြောက်ရွံ့၍ ခွင့်ပြုရခြင်း ။
(၄) မိန်းမက ခွင့်ပြုသော်လည်း ဖြစ်ခြင်းအကြောင်းခြင်းရာကို အယူအဆလွဲ၍ ခွင့်ပြုရခြင်း ။
(၅) ခွင့်ပြုသည်ဖြစ်စေ ၊ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက် (၁၆) နှစ်အောက် ငယ်ခြင်း ။
ကင်းလွတ်ချက်။ ။ယောက်ျားသည် အသက်(၁၅)နှစ်အောက်မဟုတ်သော မိမိ၏မယားနှင့် ကာမစပ်ယှက်ခြင်းမှာ မုဒိမ်းမှုမဟုတ်။
# လူပိန်းမှတ်နည်းမှတ်လိုက် ?မိန်းမကအလိုမတူပဲ လုပ်ရင်မုဒိမ်းမှုပဲ” ??
မိန်းမဆိုတာ…..မိမိဇနီးလည်းပါသလို…. တခြားမိန်းကလေးတွေလည်း ပါတယ်??ok?
ရှင်းလင်းချက်
ယောကျာ်း၏အင်္ဂါစပ်သည် မိန်းမ၏အင်္ဂါစပ်တွင် သွင်းဝင်မိလျှင် ၊ မုဒိမ်းမှုကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမစပ်ယှက်မှု မြောက်ရန်လုံလောက်သည်။
?ဆိုလိုတာက မုဒိမ်းမှုမြောက်တယ်ဆိုတာပါပဲ?
{ဒီဥပဒေမသိတဲ့ ယောက်ျားတချို့ကပြောကြတယ်….
ကိုယ်တရားဝင် မင်္ဂလာဆောင်ပီးယူထားတဲ့ မိန်းမကိုတောင် “ကိုယ့်ဇနီးပဲ / ကိုယ့်မိန်းမပဲ/ကိုယ့်မယားပဲ” ကိုယ်လုပ်ချင်သလို လုပ်လို့ရတယ်….ကိုယ့်မိန်းမကို ကိုယ်လုပ်တာ ဘာဖြစ်လဲ?
ဘယ်သူ့ကို စောက်ခရုစိုက်စရာလိုလို့လဲတဲ့…ဒါမဲ့…ကိုယ့်မိန်းမ အလိုမတူတဲ့အခါ…”}
ရှင်းပြမယ်
နံပတ် (၁)
> မိန်းမက သဘောမတူပဲ ငြင်းနေရဲ့သားနဲ့လုပ်ရင် …ဒါ မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…
နံပတ် (၂)
> မိန်းမက ခွင့်မပြုဘူး….မလုပ်ဖို့တားတဲ့ကြား လုပ်ရင်မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…..
နံပတ် (၃)
> မိန်းမက ခွင့်ပြုတယ် ….ဒါပေမဲ့ သူစိတ်ထဲမှာတော့ သဘောမတူဘူး….မင်းကို ကြောက်လို့တာ ခွင့်ပြုလိုက်ရတယ်ဆိုရင်လည်း မုဒိမ်းမှု ကျူးလွန်တာပါပဲ…..
# ဥပမာ….
ဟိုက သဘောမတူဘူးလို့ ငြင်းတော့ မင်းက ပြောပီလေ….
?ပြောသလို လုပ်မလား မလုပ်ဘူးလား..?
?မလုပ်ရင် သတ်မယ်/ ဖြတ်မယ်…
?မင်းခန္ဒာကို အရိုးတွေ ချိုးပစ်မယ်….
?ဓား/သေနတ် လက်နက်တွေ သုံးပီး ချိန်း၆ပီးမရရအောင် သူမကို ကြံစည်ရင် ဒါမုဒိမ်းမှုကိုကျူးလွန်နေတာပါပဲ….
နံပတ် (၄)
မိန်းမက ခွင့်ပြုတယ်….ဒါပေမဲ့ လူမှားပီး ခွင့်ပြုတယ်ဆိုရင် မုဒိမ်းမှုကို ကျူးလွန်လိုက်တာပါပဲ….
#ဥပမာ….(ထိုနာမည်များသည် အပြင်လူတဦးတယောက်ကို မရည်ရွယ်ပါ…?)
“ထွေးညို နဲ့ သာဒင် လင်မယား (၂)ယောက်ဆိုပါတော့”
” ထွေးညို”က နေ့မှာ ပင်ပန်းထားတဲ့ အလုပ် ကိစ္စတွေကြောင့် မောမောပန်းပန်းနဲ့ အိပ်နေတယ်…..
“သာဒင်”ကလည်း အဲညမှာ အလုပ်ကိစ္စကြောင့် အိမ်ပြန်မလာဘူး…..
“အဲဒီအချိန်မှာ “မြမောင် ” က “သာဒင်”ဟန်ဆောင်ပီး
“ထွေးညို”ကို လုပ်နေတယ်ဆိုပါတော့….
” ထွေးညို” ကလည်း သူခင်ပွန်း “သာဒင်” လို့ ထင်မှတ်ပီးခွင့်ပြုတယ်ဆိုပါတော့….
“ကိစ္စတွေလည်း ပီးရော “ထွေးညို” မျက်စိဖွင့်ကြည့်လိုက်တော့ သူ့ခင်ပွန်း ” သာဒင်” မဟုတ်ဘဲ “မြမောင်” ဖြစ်နေတယ်….(ကိစ္စမပီးခင်သိရင်လည်း မုဒိမ်းမှုပဲ)
ဒါဆို “မြမောင်”က မုဒိမ်းမှုကို ကျူးလွန်လိုက်တာပါပဲ….
“သူ့လင်ထင်မှတ်လို့ သူခွင့်ပြုလိုက်တာလေ….”
နံပတ် (၅)
ခွင့်ပြုပြု မပြုပြု….မိန်းမက အသက် (၁၆)နှစ်အောက်ဖြစ်နေရင် မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…..
#”မိန်းကလေးတွေကို လိုရင်း ပြောလိုက်မယ်…..”
“မင်းတို့ခွင့်မပြုပဲ အတင်းအဓမ္မလုပ်တဲ့ ယောက်ျားကို မင်းတို့ သဘောမတူဘူးဆိုရင် ရဲစခန်းလာတိုင်ပါ…..”Welcome ! ကြိုဆိုလျက်ပါ….?‍♂️?‍♂️
?ယောက်ျားဖြစ်ဖြစ် ၊ ချစ်သူဖြစ်ဖြစ် ၊ ဘယ်သူ ဖြစ်ဖြစ်သဘောမတူပဲလုပ်ရင် လာခဲ့ ရဲစခန်း?‍♂️?‍♂️
ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆
“မုဒိမ်းမှုအတွက် ပြစ်ဒဏ် ”
မည်သူမဆို စုံစမ်းစစ်ဆေး၍ မုဒိမ်းမှုကျူးလွန်ကြောင်းပေါ်ပေါက်ပါက
# တစ်သက်တစ်ကျွန်းဒဏ်ဖြစစေ
# ထောင်ဒဏ် (၁၀) နှစ် အပြင်
# ငွေဒဏ် လည်းချမှတ်နိုင်သည်။
မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏မယားဖြစ်၍ အသက် (၁၂)နှစ်အောက် မဟုတ်လျှင် မုဒိမ်းကျင့်သော ထိုလင်ကို
# ထောင်ဒဏ် (၂) နှစ်
# ငွေဒဏ် ချမှတ်ရမည် ။
ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၇
“ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု”
မည်သူမဆို (ကျား/ မ)
> ယောက်ျားနှင့်ဖြစ်စေ….
> မိန်းမနှင့် ဖြစ်စေ….
> တိရိစ္ဆာန်နှင့် ဖြစ်စေ….
မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလျှင်
# တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ
# ထောင်ဒဏ် (၁၀) နှစ် အပြင်
# ငွေဒဏ် လည်း ချမှတ်နိုင်သည် ။
# ဒဏ် (၂) ရပ်စလုံး ချမှတ်နိုင်သည် ။
ရှင်းလင်းချက်
အင်္ဂါစပ်တစ်ခုသည် အခြားအင်္ဂါစပ် တစ်ခုအတွင်းသို့ ဝင်မိလျှင် ဤပုဒ်မ၌ ဖော်ပြထားသောပြစ်မှုကျူးလွန်ခြင်းအတွက် လိုအပ်သော ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်မှု မြောက်ရန် လုံလောက်သည်။ ဆိုလိုတာက ပြစ်မှုမြောက်တယ်ဆိုတာပါပဲ
မှတ်ချက် ။ ။ နှစ်ဦးစလုံး တရားခံအဖြစ် တရားစွဲတင်ရမည် ။
သတိထား!
?”ကျား”အချင်းအချင်း ပူးတဲ့လူတွေ / “မ”အချင်းချင်းပူးတဲ့လူတွေ….
?ဖော်ပြပါ ဆန့်ကျင်ဖက် ပူးတဲ့လူတွေ….
?ဖော်ပြပါ….၃၇၇နဲ့ ဆွဲစိမှာပါ….??
စုံစမ်းစစ်ဆေးလို့ ပြစ်မှုပေါ်ပေါက်ရင်
# ကျွန်းဒဏ်
# ထောင်ဒဏ်(၁၀)နှစ်ပဲ…..??
” လုပ်ချင်တိုင်း လုပ်ရအောင် ဒါဖာနိုင်ငံမဟုတ်ဘူး”
“ဒါ မြန်မာနိုင်ငံ”
“မြန်မာပြည်မှာ မှီတင်း နေထိုင်တဲ့ လူတွေအားလုံးမြန်မာနိုင်ငံက ချမှတ်တဲ့ ဥပဒေကို လိုက်နာရမှာပဲ…”
” မလိုက်နာချင်ရင် တခြားနိုင်ငံသွားနေ ”
#” မြန်မာနိုင်ငံဆိုတာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံ”
” တခြားနိုင်ငံနဲ့ နှိုင်းယှဉ်ပီး တခြားနိုင်ငံရဲ့ အကျင့်ဆိုး/အမြင်ဆိုးတွေနဲ့ လာလုပ်လို့မရဘူး…”
?နောက်ဆုံးစကား ” မုဒိမ်းမှုတွေ ပပျောက်ချင်ရင်ဒီ Postကို Shareခြင်းဖြင့် ကူညီပါ….
? ဒါတွေ လူတိုင်း မသိလို့ “မုဒိမ်းမှုတွေ” ထူထပ်များပြားနေတာ….ဒါကြောင့် ကူညီပါ…..
? “မင်းသာ နိုင်ငံကြီးသားပီသရင်ပေါ့??
{{{{စကားမစပ်…..ကြော်ငြာဝင်ပါရစေ…??
?ဒီဥပဒေနဲ့ပတ်သက်ပီး မိန်းကလေးတွေလည်း ယောက်ျားတွေကို “ဂျင်း” ထည့်လို့ မရပါဘူး…. ဟုတ်မဟုတ် သေချာစစ်ဆေးပါတယ်…မဟုတ်ဘဲ စွတ်စွဲရင် ဂုဏ်သရေ ညိုးနွမ်းစေမှု /အသားရေဖျက်မှုနဲ့ တရားပြန်လည်းစွဲဆိုခြင်း ခံရမှာပါ??}}}}}
“ဒီပြစ်မှုတွေ မကျူးလွန်မိအောင် ငါတို့ ရဲတပ်ဖွဲ့လည်းကြိုးစားပီး ကာကွယ်နေတာပဲ”
“ဒါမဲ့ လိုသည်ထက် မကာကွယ်နိုင်ဘူး….ပြည်သူတစ်ဦးချင်းစီရဲ့ ပါဝင်ကူညီမှု လိုအပ်နေတယ် ။
?ဒီဥပဒေအကြောင်းကို တယောက်နဲ့တယောက် မသိတဲ့လူတွေကို ပြန်လည် နားချခြင်းဖြင့်ကူညီပါ….
?”အားလုံးကို ကျေးဇူးတင်ပါတယ်….☺???”
Credit –xyznews