မုံရြာ၊ ဇန္နဝါရီ ၁၀

အာဆီယံအေမြအႏွစ္အျဖစ္ သတ္မွတ္ထားျခင္းခံရသည့္ အေလာင္းေတာ္ကသပေတာအတြင္းရွိ သက္တမ္းရင့္ ပိေတာက္အပါအဝင္ သက္တမ္းရင့္ သစ္ပင္ႀကီးမ်ားအား ခိုးယူခုတ္လွဲခံေနရေၾကာင္း ယင္းေဒသမွ စုံစမ္းသိရွိရသည္။

အေလာင္းေတာ္ကသပဘုရားဖူးလမ္းေဘး ဝဲယာရွိ ပင္စည္လုံးပတ္ႀကီးေသာ ပိေတာက္၊ သစ္ယာ၊ အင္ၾကင္း၊ ပ်ဥ္းကတိုး၊ ကၽြန္း၊ အင္၊ ကညင္ သစ္ပင္မ်ားအနက္ လမ္းေဘး ပိေတာက္ပင္ႀကီးမ်ားမွာ ယမန္ႏွစ္ကစကာ ခုတ္လွဲခိုးယူခံေနရေၾကာင္း ယင္းေဒသေနမ်ားကေျပာသည္။

သစ္ခိုးသူေတြ လမ္းမႀကီးေဘးက သစ္ပင္ေတြကို မႏွစ္ကစၿပီး ရဲရဲတင္းတင္းခိုးလာတယ္၊ ဒီႏွစ္ ဘုရားဖူးလမ္းမဖြင့္ခင္ လမ္းေဘးက ပိေတာက္ပင္ေတြကို ခုတ္လွဲျဖတ္ေတာက္ၿပီး တင္ယူသြားတယ္၊ လူမျမင္နိုင္တဲ့ေနရာေတြမွာ ဒီထက္မက ခိုးခံေနရတယ္ဟု ကပိုင္ေက်းရြာသားတစ္ဦးကေျပာသည္။

အဆိုပါ ဥယာဥ္ အတြင္း၌ ဆယ္စုႏွစ္မက တရားမဝင္သစ္ခိုးထုတ္မႈမ်ားေၾကာင့္ တမလန္ပင္လုံးဝမရွိေတာ့ သျဖင့္ ေစ်းေကာင္းရသည့္ ပိေတာက္ပင္မ်ားကို လမ္းမႀကီးေဘးထိ လာေရာက္ခိုးခုတ္ၾကျခင္းျဖစ္သည္။



အေလာင္းေတာ္ကသပ အမ်ိဳးသားဥယာဥ္ အုပ္ခ်ဳပ္ေရးမႉး ဦးတင္စိုးက ဘုရားဖူးလမ္းေဘး သနပ္ခါးေရႏွင့္ ျပာပုံေကြ႕ၾကားရွိ ပိေတာက္ပင္ ၅ ပင္ ၿပီးခဲ့သည့္ သီတင္းကၽြတ္လတြင္ ခိုးယူခုတ္လွဲခံထားရသျဖင့္ ဥယာဥ္ဝန္ထမ္းအခ်ိဳ႕ကို ေနျပည္ေတာ္မွ လာေရာက္စစ္ေဆးလ်က္ရွိေၾကာင္း အတည္ျပဳေျပာၾကားသည္။

“သီတင္းကၽြတ္လေလာက္မွာ ဗ်ဴဟာလမ္းဘက္ က်ေတာ္တို႔ ဖမ္းဆီးေရးလုပ္ေနတုံး ေနာက္ကဝင္ခိုးတယ္၊ ဝန္ထမ္းအင္အား မလုံေလာက္ဘူး၊ လက္နက္က ေမာင္းျပန္ေသနတ္ေလာက္ျဖစ္သင့္တယ္” ဟု အမ်ိဳးသားဥယာဥ္အုပ္ခ်ဳပ္ေရးမႈး ဦးတင္စိုးက ေျပာၾကားသည္။

ဘုရားဖူးလမ္းမွာ ႏွစ္စဥ္ ဒီဇင္ဘာလခန႔္တြင္ဖြင့္ၿပီး သၾကၤန္ကာလအၿပီးတြင္ ပိတ္ကာ အမ်ိဳးသားဥယာဥ္၏ အုပ္ခ်ဳပ္ေရးေအာက္တြင္ရွိေသာ္လည္း အေလာင္းေတာ္ကသပဘုရားဖူးမ်ား အသုံးျပဳရာ လမ္းေဘးတြင္ ယာဥ္ဝင္ထြက္မႈမ်ား အခ်ိန္မေရြးရွိေနသျဖင့္ သစ္ခိုးသမားမ်ား၏ ထြက္ေပါက္ျဖစ္ေနသည္ဟု ေဝဖန္မႈမ်ားရွိသည္။

ဧက သုံးသိန္းေက်ာ္က်ယ္ဝန္းသည့္ အေလာင္းေတာ္ကသပအမ်ိဳးသားဥယာဥ္တြင္ ဆင္၊ က်ားသစ္၊ အင္းက်ား၊ ဆတ္၊ ဒရယ္၊ ေတာဝက္၊ သားငွက္ စေသာ တိရစၧာန္မ်ိဳးစုံေနထိုင္ၾကၿပီး ဥယာဥ္အုပ္ခ်ဳပ္ေရးအတြက္ ဝန္ထမ္း ၇၈ ဦးရွိကာ လက္နက္ကိုင္ေဆာင္ခြင့္ေပးထားသည္။

ခင္ေမစန္း




Unicode




အလောင်းတော်ကသပတောအတွင်း သက်တမ်းရင့် ပိတောင်ပင်ကြီးများ ခုတ်လှဲ ခိုးယူခံရ




မုံရွာ၊ ဇန်နဝါရီ ၁၀

အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ထားခြင်းခံရသည့် အလောင်းတော်ကသပတောအတွင်းရှိ သက်တမ်းရင့် ပိတောက်အပါအဝင် သက်တမ်းရင့် သစ်ပင်ကြီးများအား ခိုးယူခုတ်လှဲခံနေရကြောင်း ယင်းဒေသမှ စုံစမ်းသိရှိရသည်။

အလောင်းတော်ကသပဘုရားဖူးလမ်းဘေး ဝဲယာရှိ ပင်စည်လုံးပတ်ကြီးသော ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ ပျဉ်းကတိုး၊ ကျွန်း၊ အင်၊ ကညင် သစ်ပင်များအနက် လမ်းဘေး ပိတောက်ပင်ကြီးများမှာ ယမန်နှစ်ကစကာ ခုတ်လှဲခိုးယူခံနေရကြောင်း ယင်းဒေသနေများကပြောသည်။

သစ်ခိုးသူတွေ လမ်းမကြီးဘေးက သစ်ပင်တွေကို မနှစ်ကစပြီး ရဲရဲတင်းတင်းခိုးလာတယ်၊ ဒီနှစ် ဘုရားဖူးလမ်းမဖွင့်ခင် လမ်းဘေးက ပိတောက်ပင်တွေကို ခုတ်လှဲဖြတ်တောက်ပြီး တင်ယူသွားတယ်၊ လူမမြင်နိုင်တဲ့နေရာတွေမှာ ဒီထက်မက ခိုးခံနေရတယ်ဟု ကပိုင်ကျေးရွာသားတစ်ဦးကပြောသည်။

အဆိုပါ ဥယာဉ် အတွင်း၌ ဆယ်စုနှစ်မက တရားမဝင်သစ်ခိုးထုတ်မှုများကြောင့် တမလန်ပင်လုံးဝမရှိတော့ သဖြင့် စျေးကောင်းရသည့် ပိတောက်ပင်များကို လမ်းမကြီးဘေးထိ လာရောက်ခိုးခုတ်ကြခြင်းဖြစ်သည်။



အလောင်းတော်ကသပ အမျိုးသားဥယာဉ် အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ဘုရားဖူးလမ်းဘေး သနပ်ခါးရေနှင့် ပြာပုံကွေ့ကြားရှိ ပိတောက်ပင် ၅ ပင် ပြီးခဲ့သည့် သီတင်းကျွတ်လတွင် ခိုးယူခုတ်လှဲခံထားရသဖြင့် ဥယာဉ်ဝန်ထမ်းအချို့ကို နေပြည်တော်မှ လာရောက်စစ်ဆေးလျက်ရှိကြောင်း အတည်ပြုပြောကြားသည်။

“သီတင်းကျွတ်လလောက်မှာ ဗျူဟာလမ်းဘက် ကျတော်တို့ ဖမ်းဆီးရေးလုပ်နေတုံး နောက်ကဝင်ခိုးတယ်၊ ဝန်ထမ်းအင်အား မလုံလောက်ဘူး၊ လက်နက်က မောင်းပြန်သေနတ်လောက်ဖြစ်သင့်တယ်” ဟု အမျိုးသားဥယာဉ်အုပ်ချုပ်ရေးမှုး ဦးတင်စိုးက ပြောကြားသည်။

ဘုရားဖူးလမ်းမှာ နှစ်စဉ် ဒီဇင်ဘာလခန့်တွင်ဖွင့်ပြီး သင်္ကြန်ကာလအပြီးတွင် ပိတ်ကာ အမျိုးသားဥယာဉ်၏ အုပ်ချုပ်ရေးအောက်တွင်ရှိသော်လည်း အလောင်းတော်ကသပဘုရားဖူးများ အသုံးပြုရာ လမ်းဘေးတွင် ယာဉ်ဝင်ထွက်မှုများ အချိန်မရွေးရှိနေသဖြင့် သစ်ခိုးသမားများ၏ ထွက်ပေါက်ဖြစ်နေသည်ဟု ဝေဖန်မှုများရှိသည်။

ဧက သုံးသိန်းကျော်ကျယ်ဝန်းသည့် အလောင်းတော်ကသပအမျိုးသားဥယာဉ်တွင် ဆင်၊ ကျားသစ်၊ အင်းကျား၊ ဆတ်၊ ဒရယ်၊ တောဝက်၊ သားငှက် စသော တိရစ္ဆာန်မျိုးစုံနေထိုင်ကြပြီး ဥယာဉ်အုပ်ချုပ်ရေးအတွက် ဝန်ထမ်း ၇၈ ဦးရှိကာ လက်နက်ကိုင်ဆောင်ခွင့်ပေးထားသည်။

ခင်မေစန်း