Zawgyiျဖင့္ဖတ္ရန္


မာလာရွမ္းေကာတိို႔ ေဟာ့ေပါ့တိို႔စားရင္အျမဲတမ္းပါတတ္တဲ့ ရွည္ရွည္္ သြယ္သြယ္ ပုံစံနဲ႔ ပန္းစည္းလို အစုလိုက္ အပ္မွိုေလးေတြကို သတိထားမိၾကလားပရိတ္သတ္တို႔ေရ …… ေရႊအပ္မွိုိဟာ ျမန္မာနိုင္ငံမွာေကာ တကမၻာလုံးမွာပါ အစားမ်ားတဲ့မွိုိတမ်ိဳးျဖစ္ပါတယ္။ အပ္မွိုကို ဟင္းရည္လုပ္ေသာက္တာ၊ ေၾကာ္စားတာ၊ ဝက္သားလိပ္ထဲထည့္ကာ ကင္စားတာ၊ ဆူရွီထမင္းလိပ္ထဲထည့္စားတာ စသျဖင့္ အမ်ိဳးမ်ိဳးလည္းလုပ္စားၾကပါတယ္။
အပ္မွိုကို အဂၤလိပ္လိို Golden Needle Mushroom လို႔ေခၚၿပီး ဂ်ပန္လို Enoki လို႔ေခၚပါတယ္။ ႐ုကၡေဗဒနာမည္ကေတာ့ Flammulina velutipes ျဖစ္ပါတယ္။ သစ္ပင္ႀကီးေတြရဲ့ပင္စည္ေတြမွာ သဘာဝအတိုင္းေပါက္ေရာက္သလို စိုက္ပ်ိဳးလို႔လည္းရပါတယ္။စိုက္ပ်ိဳးရလည္းလြယ္ပါတယ္။ သဘာဝအတိုင္းေပါက္ေရာက္တဲ့ေရႊအပ္မွိုကေတာ့ ညိဳေရႊေရာင္ ရွိပါတယ္။
အပ္မွိုိမွာ အဓိကပါဝင္တဲ့ အာဟာရဓာတ္မ်ား အပ္မွိုဟာ တျခားမွိုေတြလိုပါပဲ ကယ္လိုရီနည္းတဲ့ အသားဓာတ္နဲ႔ ကာဘြန္ဟိုက္ဒရိတ္ ဓာတ္ေတြပါဝင္တဲ့ အစားအစာတစ္မ်ိဳးပါ ေယာင္းေရ။ အေမရိကန္ စိုက္ပ်ိဳးေရးအဖြဲ႕ရဲ့အဆိုအရ ၂.၃ ေအာင္စေလာက္ ရွိတဲ့အပ္မွိုပမာဏမွာ စြမ္းအင္ ၂၄ ကယ္လိုရီ၊ အသားဓာတ္ ၁.၇ ဂရမ္နဲ႔ ကာဘြန္ဟိုက္ဒရိတ္ ၅ ဂရမ္ ပါဝင္ပါတယ္။ အပ္မွိုေတြမွာ အဆီနဲ႔ သၾကားဓာတ္ မပါသေလာက္ပါပဲေနာ္။
ဗီတာမင္နဲ႔ သတၱဳဓာတ္မ်ားအပ္မွိုိဟာ တျခားမွိုေတြလိုပါပဲ ဗီတာမင္ဘီ အမ်ားႀကီး ပါဝင္ပါတယ္။ အထူးသျဖင့္ နိုင္ယာစင္ဆိုတဲ့ ဓာတ္ အဓိက ပါဝင္ပါတယ္။
အပ္မွိုအိစိမ္း ၂.၃ ေအာင္စေလာက္မွာ တစ္ေန႔တာ လိုအပ္တဲ့ နိုင္ယာစင္ပမာဏရဲ့ ေလးပုံတစ္ပုံေလာက္ ပါဝင္ပါတယ္။ အေမရိကန္ စိုက္ပ်ိဳးေရးအဖြဲ႕ရဲ့အဆိုအရ သိုင္ယာမင္း၊ ပန္သိုသန္းနစ္ အက္စစ္၊ ရြိဳင္ဘိုဖလက္ဗင္နဲ႔ ေဖာ္လစ္ အက္စစ္ေတြကိုလဲ တစ္ေန႔တာ လိုအပ္တဲ့ ပမာဏရဲ့ ဆယ္ပုံ တစ္ပုံေလာက္ရနိုင္ေသးတယ္လို႔ ဆိုပါတယ္။
အပ္မွိုေတြဟာ သတၱဳဓာတ္ ပါဝင္မႈနည္းေပမဲ့ တစ္ေန႔တာလိုအပ္တဲ့ ပိုတက္ဆီယမ္နဲ႔ ေဖာ့စေဖာရပ္စ္ ပမာဏရဲ့ ၇ ရာခိုင္ႏႈန္းေလာက္ကို ျဖည့္ဆည္းေပးနိုင္ပါေသးတယ္။ ဒါ့အျပင္ အပ္မွိုမွာ သံဓာတ္၊ ေကာ့ပါး၊ ဇင့္ နဲ႔ ဆီလီယမ္ဓာတ္ နည္းနည္းစီပါ ပါေသးတယ္။အျခားဓာတ္မ်ားအပ္မွိုိရဲ့ အာဟာရ တန္ဖိုးဟာ တျခားဓာတ္ေတြြ ျဖစ္တဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္း (Antioxidant) လိုဟာမ်ိဳးေတြ ပါတာေၾကာင့္ ပိုၿပီးတန္ဖိုးတက္လာရပါတယ္။
ဒီတျခားဓာတ္ေတြအထဲမွာ အမၽွင္ဓာတ္ကလည္း တစ္ခု အပါအဝင္ျဖစ္ပါတယ္။ ၂.၃ ေအာင္စရွိတဲ့ အပ္မွို အစိမ္းဟာ တစ္ေန႔တာ လိုအပ္တဲ့ အမၽွင္ဓာတ္ရဲ့ ၇ ရာခိုင္ႏႈန္းကို ေထာက္ပံေပးနိုင္ပါတယ္။ ဒါ့အျပင္ အပ္မွိုမွာ ဘီတာဂလူကန္ (Beta-glucan) ဆိုတဲ့ အမၽွင္ဓာတ္တစ္မ်ိဳးလည္း မ်ားမ်ားစားစား ပါဝင္ၿပီး ကိုလက္စ္စထေရာဓာတ္ ေလ်ာ့ခ်ရာမွာ အေရးပါ ပါတယ္။
ဒီလိုလူစားမ်ားၿပီး အက်ိဳးျပဳဓါတ္ေတြမ်ားစြာပါဝင္တဲ့ အပ္မွိုရဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ေအာက္ပါအတိုင္းျဖစ္ပါတယ္။
၁။ ေသြးဖိအားကိုေလ်ာ့က်ေစနိုင္ျခင္း
ေရႊအပ္မွိုမွာ ပိုတက္ဆီယမ္ဓါတ္ႂကြယ္ဝစြာပါရွိပါတယ္။ပိုတက္ဆီယမ္ဓါတ္က ေသြးေၾကာေတြကိုက်ယ္ေစၿပီး ေသြးစီးဆင္းလည္ပတ္မႈေကာင္းေအာင္ ကူညီေပးတဲ့အတြက္ တက္ေနတဲ့ေသြးေပါင္ခ်ိန္ကိုေလ်ာ့က်ေစနိုင္ပါတယ္။
၂။ ကိုယ္တြင္းရွိ အဆီဓါတ္ေတြကို ေလ်ာ့က်ေစနိုင္ျခင္း
ေရႊအပ္မွိုမွာပါတဲ့ linoleic acid ဓါတ္ဟာ အူလမ္းေၾကာင္းမွာရွိတဲ့ အဆီဓါတ္ေတြကို ေခ်ဖ်က္ေပးတဲ့အတြက္ ကိုယ္တြင္းမွာ အဆီေတြစုလာၿပီး ဝလာျခင္းမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးနိုင္ပါတယ္။ ဒါေၾကာင့္ အဝလြန္ေရာဂါျဖစ္နိုင္ေျခနဲေအာင္ဆိုရင္ ေရႊအပ္မွိုိကို မၾကာခဏစားသုံးေပးသင့္ပါတယ္။
၃။ ႏွလုံးက်န္းမာေရးကိုအေထာက္အကူျပဳျခင္း
ေရႊအပ္မွိုဟာ ေသြးေပါင္ခ်ိန္တက္ေနတာကို ေလ်ာ့က်ေစနိုင္ၿပီး ကိုယ္တြင္းအဆီဓါတ္ေတြကိုလည္း ေလ်ာ့က်ေစနိုင္တာေၾကာင့္္ ႏွလုံးေသြးေၾကာက်ဥ္းတာ၊ႏွလုံးႀကီးတာ၊ႏွလုံးအဆီဖုံးတာစတဲ့ ႏွလုံးေရာဂါျဖစ္နိုင္ေျခေတြကိုေလ်ာ့နည္းေစပါတယ္။
၄။ အူလမ္းေၾကာင္းက်န္းမာေရးကိိုအေထာက္အကူျပဳျခင္း
ေရႊအပ္မွိုိမွာ အမၽွင္ဓါတ္ႂကြယ္ဝစြာပါရွိၿပီး အူလမ္းေၾကာင္းရွိအဆီဓါတ္ေတြကိုဖယ္ရွားနိုင္တဲ့ linoleic acid ဓါတ္လည္းႂကြယ္ဝစြာပါရွိတာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကင္းေဝေစၿပီး ဝမ္းမွန္ေစကာ အူမႀကီးကင္ဆာျဖစ္ပြားနိုင္ေျခကိုေလ်ာ့နည္းေစပါတယ္။
၅။ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညႇိေပးနိိုင္ျခင္း
ေရႊအပ္မွိုမွာ ႂကြယ္ဝစြာပါတဲ့ အမၽွင္ဓါတ္ဟာ အူလမ္းေၾကာင္းက်န္းမာေရးကိုအေထာက္အကူျပဳ႐ုံသာမက ခႏၶာကိုယ္ထဲက အင္ဆူလင္ေဟာ္မုန္းထုတ္လႈပ္မႈကိုပါ လႈံ႔ေဆာ္ေပးၿပီး သၾကားဓါတ္စုပ္ယူမႈကိုထိန္းညႇိေပးပါတယ္။ ဒါေၾကာင့္ ေရႊအပ္မွို မၾကာခဏစားေပးျခင္းျဖင့္ ဆီးခ်ိဳေရာဂါျဖစ္ပြားနိုင္ေျခကိုေလ်ာ့က်ေစနိုင္ပါတယ္။
၆။ ဦးေႏွာက္မွတ္ဉာဏ္ကို တိုးတက္ေစျခင္း
ေရႊအပ္မွိုမွာပါတဲ့ အမိုင္နိုအက္စစ္(ပရိုတင္း)ဓါတ္ေတြဟာ ဦးေႏွာက္မွတ္ဉာဏ္တိုးတက္ေစဖို႔အေထာက္အကူျပဳေၾကာင္းသုေသသနေလ့လာမႈေတြအရသိရပါတယ္။
၇။ ဓါတ္မတည့္မႈျဖစ္ျခင္းေတြကိုေလ်ာ့နည္းေစနိုင္ျခင္း
သုေတသန ေလ့လာခ်က္ေတြအရ ေရႊအပ္မွိုကို မၾကာမၾကာ ပုံမွန္စားသုံးေပးျခင္းျဖင့္ ပန္းနာရင္ၾကပ္ျဖစ္တာ၊အေရျပားေရာင္ရမ္းတာ၊ႏွင္းခူျဖစ္တာစတဲ့ ဓါတ္မတည့္လို႔ျဖစ္တဲ့ေရာဂါေတြ ျဖစ္ပြားနိုင္ေျခကိုေလ်ာ့နည္းေစနိုင္ေၾကာင္း သိရပါတယ္။
၈။ သံံဓါတ္ခ်ိဳ႕တဲ့ေသြးအားနည္းေရာဂါျဖစ္နိုင္ေျခကိုေလ်ာ့က်ေစနိုင္ျခင္း
သံဓါတ္ဆိုတာဟာ ခႏၶာကိုယ္နဲ႔ ဦးေႏွာက္ဖြံ့ၿဖိဳးတိုးတက္ဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ သတၳဳဓါတ္တမ်ိဳးျဖစ္ပါတယ္။ ကေလးငယ္ေတြဟာ ႀကီးထြားဖြံ့ၿဖိဳးေနဆဲအရြယ္ျဖစ္လိို႔ အရြယ္ေရာက္ၿပီးသား လူငယ္ေတြလူႀကီးေတြထက္္ သံဓါတ္ပိုလိုအပ္ပါတယ္။
သံဓါတ္ခ်ိဳ႕တဲ့ပါက အစာစားခ်င္စိတ္မရွိတာ၊ ကိုယ္အေလးခ်ိိန္မတက္တာ၊ ဦးေႏွာက္ဖြံ့ၿဖိဳးမႈေႏွးတာ ျဖဴဖတ္ျဖဴေရာ္ျဖစ္တာ၊ နည္းနည္းလႈပ္ရွားတာနဲ႔ေမာတဲ့အတြက္ သိပ္မေဆာ့သိပ္လႈပ္လႈပ္ရွားရွားမရွိတာ၊ ပင္ပန္းႏြမ္းနယ္ေနတာ၊ လက္သည္းေတြဆိုလည္း ဇြန္းလိုမ်ိဴးခြက္ေနတာ ပါးပီးက်ိဴးလြယ္တာ စတာေတြျဖစ္နိုင္ပါတယ္။
ေရႊအပ္မွိုိမွာ အိုင္းရြန္းေခၚ သံဓါတ္ႂကြယ္ဝစြာပါရွိတာေၾကာင့္ မၾကာခဏစားေပးျခင္းျဖင့္္ သံဓါတ္ခ်ိဳ႕တဲ့ျခင္းမျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။
ဆိုးက်ိဳးေတြက ဘာေတြရွိလဲဲ
ဘယ္အရာမဆို တန္ေဆးလြန္ေဘးရွိနိုင္ပါတယ္္။ အပ္မွိုကလည္း မွိုတစ္မ်ိဳး ျဖစ္တဲ့အတြက္ တျခားမွိုေတြလိို ေမာလြယ္ပန္းလြယ္ျဖစ္ျခင္း၊ အစာမေၾကျခင္း၊ ဓာတ္မတည့္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ေခါင္းမူးျခင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ကိိုယ္ဝန္ေဆာင္စဥ္နဲ႔ နို႔တိုက္စဥ္မွာ ျပႆနာၾကဳံဖူးတာမရွိေပမဲ့ ဆရာဝန္အမ်ားစုကေတာ့ မွိုကိို ေရွာင္ၾကဥ္ခိုင္းပါတယ္။
သတိိထားရမယ့္ အခ်က္ေတြကေတာ့
အပ္မွိုဝယ္တဲ့အခါ လတ္လတ္ဆတ္ဆတ္ရွိိတဲ့ အပ္မွိုကိုေရြးဝယ္ပါ။ ႏြမ္းၿပီးရိရြဲေနတာ အေရာင္မေကာင္းတာမ်ိဳးကိုေရွာင္ပါ။ ဝယ္ၿပီးသုံးရက္ကေန ၅ ရက္အတြင္းစားပါ။ မခ်က္ျပဳတ္ခင္မွာ ေရနဲ႔ေသခ်ာေျပာင္ေအာင္ေဆးပါ လိို႔ အဆုံးသတ္အေနနဲ႔မွာၾကားခ်င္ပါတယ္။


Unicode ဖြင့်ဖတ်ရန်



မာလာရှမ်းကောတို့ ဟော့ပေါ့တို့စားရင်အမြဲတမ်းပါတတ်တဲ့ ရှည်ရှည် သွယ်သွယ် ပုံစံနဲ့ ပန်းစည်းလို အစုလိုက် အပ်မှိုလေးတွေကို သတိထားမိကြလားပရိတ်သတ်တို့ရေ …… ရွှေအပ်မှိုဟာ မြန်မာနိုင်ငံမှာကော တကမ္ဘာလုံးမှာပါ အစားများတဲ့မှိုတမျိုးဖြစ်ပါတယ်။ အပ်မှိုကို ဟင်းရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ဝက်သားလိပ်ထဲထည့်ကာ ကင်စားတာ၊ ဆူရှီထမင်းလိပ်ထဲထည့်စားတာ စသဖြင့် အမျိုးမျိုးလည်းလုပ်စားကြပါတယ်။
အပ်မှိုကို အင်္ဂလိပ်လို Golden Needle Mushroom လို့ခေါ်ပြီး ဂျပန်လို Enoki လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Flammulina velutipes ဖြစ်ပါတယ်။ သစ်ပင်ကြီးတွေရဲ့ပင်စည်တွေမှာ သဘာဝအတိုင်းပေါက်ရောက်သလို စိုက်ပျိုးလို့လည်းရပါတယ်။စိုက်ပျိုးရလည်းလွယ်ပါတယ်။ သဘာဝအတိုင်းပေါက်ရောက်တဲ့ရွှေအပ်မှိုကတော့ ညိုရွှေရောင် ရှိပါတယ်။
အပ်မှိုမှာ အဓိကပါဝင်တဲ့ အာဟာရဓာတ်များ အပ်မှိုဟာ တခြားမှိုတွေလိုပါပဲ ကယ်လိုရီနည်းတဲ့ အသားဓာတ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ဓာတ်တွေပါဝင်တဲ့ အစားအစာတစ်မျိုးပါ ယောင်းရေ။ အမေရိကန် စိုက်ပျိုးရေးအဖွဲ့ရဲ့အဆိုအရ ၂.၃ အောင်စလောက် ရှိတဲ့အပ်မှိုပမာဏမှာ စွမ်းအင် ၂၄ ကယ်လိုရီ၊ အသားဓာတ် ၁.၇ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၅ ဂရမ် ပါဝင်ပါတယ်။ အပ်မှိုတွေမှာ အဆီနဲ့ သကြားဓာတ် မပါသလောက်ပါပဲနော်။
ဗီတာမင်နဲ့ သတ္တုဓာတ်များအပ်မှိုဟာ တခြားမှိုတွေလိုပါပဲ ဗီတာမင်ဘီ အများကြီး ပါဝင်ပါတယ်။ အထူးသဖြင့် နိုင်ယာစင်ဆိုတဲ့ ဓာတ် အဓိက ပါဝင်ပါတယ်။
အပ်မှိုအိစိမ်း ၂.၃ အောင်စလောက်မှာ တစ်နေ့တာ လိုအပ်တဲ့ နိုင်ယာစင်ပမာဏရဲ့ လေးပုံတစ်ပုံလောက် ပါဝင်ပါတယ်။ အမေရိကန် စိုက်ပျိုးရေးအဖွဲ့ရဲ့အဆိုအရ သိုင်ယာမင်း၊ ပန်သိုသန်းနစ် အက်စစ်၊ ရွိုင်ဘိုဖလက်ဗင်နဲ့ ဖော်လစ် အက်စစ်တွေကိုလဲ တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ဆယ်ပုံ တစ်ပုံလောက်ရနိုင်သေးတယ်လို့ ဆိုပါတယ်။
အပ်မှိုတွေဟာ သတ္တုဓာတ် ပါဝင်မှုနည်းပေမဲ့ တစ်နေ့တာလိုအပ်တဲ့ ပိုတက်ဆီယမ်နဲ့ ဖော့စဖောရပ်စ် ပမာဏရဲ့ ၇ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်ပါသေးတယ်။ ဒါ့အပြင် အပ်မှိုမှာ သံဓာတ်၊ ကော့ပါး၊ ဇင့် နဲ့ ဆီလီယမ်ဓာတ် နည်းနည်းစီပါ ပါသေးတယ်။အခြားဓာတ်များအပ်မှိုရဲ့ အာဟာရ တန်ဖိုးဟာ တခြားဓာတ်တွေ ဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) လိုဟာမျိုးတွေ ပါတာကြောင့် ပိုပြီးတန်ဖိုးတက်လာရပါတယ်။
ဒီတခြားဓာတ်တွေအထဲမှာ အမျှင်ဓာတ်ကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ၂.၃ အောင်စရှိတဲ့ အပ်မှို အစိမ်းဟာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၇ ရာခိုင်နှုန်းကို ထောက်ပံပေးနိုင်ပါတယ်။ ဒါ့အပြင် အပ်မှိုမှာ ဘီတာဂလူကန် (Beta-glucan) ဆိုတဲ့ အမျှင်ဓာတ်တစ်မျိုးလည်း များများစားစား ပါဝင်ပြီး ကိုလက်စ်စထရောဓာတ် လျော့ချရာမှာ အရေးပါ ပါတယ်။
ဒီလိုလူစားများပြီး အကျိုးပြုဓါတ်တွေများစွာပါဝင်တဲ့ အပ်မှိုရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ သွေးဖိအားကိုလျော့ကျစေနိုင်ခြင်း
ရွှေအပ်မှိုမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါရှိပါတယ်။ပိုတက်ဆီယမ်ဓါတ်က သွေးကြောတွေကိုကျယ်စေပြီး သွေးစီးဆင်းလည်ပတ်မှုကောင်းအောင် ကူညီပေးတဲ့အတွက် တက်နေတဲ့သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပါတယ်။
၂။ ကိုယ်တွင်းရှိ အဆီဓါတ်တွေကို လျော့ကျစေနိုင်ခြင်း
ရွှေအပ်မှိုမှာပါတဲ့ linoleic acid ဓါတ်ဟာ အူလမ်းကြောင်းမှာရှိတဲ့ အဆီဓါတ်တွေကို ချေဖျက်ပေးတဲ့အတွက် ကိုယ်တွင်းမှာ အဆီတွေစုလာပြီး ဝလာခြင်းမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အဝလွန်ရောဂါဖြစ်နိုင်ခြေနဲအောင်ဆိုရင် ရွှေအပ်မှိုကို မကြာခဏစားသုံးပေးသင့်ပါတယ်။
၃။ နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း
ရွှေအပ်မှိုဟာ သွေးပေါင်ချိန်တက်နေတာကို လျော့ကျစေနိုင်ပြီး ကိုယ်တွင်းအဆီဓါတ်တွေကိုလည်း လျော့ကျစေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊နှလုံးကြီးတာ၊နှလုံးအဆီဖုံးတာစတဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလျော့နည်းစေပါတယ်။
၄။ အူလမ်းကြောင်းကျန်းမာရေးကိုအထောက်အကူပြုခြင်း
ရွှေအပ်မှိုမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါရှိပြီး အူလမ်းကြောင်းရှိအဆီဓါတ်တွေကိုဖယ်ရှားနိုင်တဲ့ linoleic acid ဓါတ်လည်းကြွယ်ဝစွာပါရှိတာကြောင့် ဝမ်းချုပ်ခြင်းကင်းဝေစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။
၅။ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ခြင်း
ရွှေအပ်မှိုမှာ ကြွယ်ဝစွာပါတဲ့ အမျှင်ဓါတ်ဟာ အူလမ်းကြောင်းကျန်းမာရေးကိုအထောက်အကူပြုရုံသာမက ခန္ဓာကိုယ်ထဲက အင်ဆူလင်ဟော်မုန်းထုတ်လှုပ်မှုကိုပါ လှုံ့ဆော်ပေးပြီး သကြားဓါတ်စုပ်ယူမှုကိုထိန်းညှိပေးပါတယ်။ ဒါကြောင့် ရွှေအပ်မှို မကြာခဏစားပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။
၆။ ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်စေခြင်း
ရွှေအပ်မှိုမှာပါတဲ့ အမိုင်နိုအက်စစ်(ပရိုတင်း)ဓါတ်တွေဟာ ဦးနှောက်မှတ်ဉာဏ်တိုးတက်စေဖို့အထောက်အကူပြုကြောင်းသုသေသနလေ့လာမှုတွေအရသိရပါတယ်။
၇။ ဓါတ်မတည့်မှုဖြစ်ခြင်းတွေကိုလျော့နည်းစေနိုင်ခြင်း
သုတေသန လေ့လာချက်တွေအရ ရွှေအပ်မှိုကို မကြာမကြာ ပုံမှန်စားသုံးပေးခြင်းဖြင့် ပန်းနာရင်ကြပ်ဖြစ်တာ၊အရေပြားရောင်ရမ်းတာ၊နှင်းခူဖြစ်တာစတဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေနိုင်ကြောင်း သိရပါတယ်။
၈။ သံံဓါတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း
သံဓါတ်ဆိုတာဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓါတ်တမျိုးဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်ဖြစ်လို့ အရွယ်ရောက်ပြီးသား လူငယ်တွေလူကြီးတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။
သံဓါတ်ချို့တဲ့ပါက အစာစားချင်စိတ်မရှိတာ၊ ကိုယ်အလေးချိန်မတက်တာ၊ ဦးနှောက်ဖွံ့ဖြိုးမှုနှေးတာ ဖြူဖတ်ဖြူရော်ဖြစ်တာ၊ နည်းနည်းလှုပ်ရှားတာနဲ့မောတဲ့အတွက် သိပ်မဆော့သိပ်လှုပ်လှုပ်ရှားရှားမရှိတာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ လက်သည်းတွေဆိုလည်း ဇွန်းလိုမျိူးခွက်နေတာ ပါးပီးကျိူးလွယ်တာ စတာတွေဖြစ်နိုင်ပါတယ်။
ရွှေအပ်မှိုမှာ အိုင်းရွန်းခေါ် သံဓါတ်ကြွယ်ဝစွာပါရှိတာကြောင့် မကြာခဏစားပေးခြင်းဖြင့် သံဓါတ်ချို့တဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဆိုးကျိုးတွေက ဘာတွေရှိလဲ
ဘယ်အရာမဆို တန်ဆေးလွန်ဘေးရှိနိုင်ပါတယ်။ အပ်မှိုကလည်း မှိုတစ်မျိုး ဖြစ်တဲ့အတွက် တခြားမှိုတွေလို မောလွယ်ပန်းလွယ်ဖြစ်ခြင်း၊ အစာမကြေခြင်း၊ ဓာတ်မတည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်စဉ်မှာ ပြဿနာကြုံဖူးတာမရှိပေမဲ့ ဆရာဝန်အများစုကတော့ မှိုကို ရှောင်ကြဉ်ခိုင်းပါတယ်။
သတိထားရမယ့် အချက်တွေကတော့
အပ်မှိုဝယ်တဲ့အခါ လတ်လတ်ဆတ်ဆတ်ရှိတဲ့ အပ်မှိုကိုရွေးဝယ်ပါ။ နွမ်းပြီးရိရွဲနေတာ အရောင်မကောင်းတာမျိုးကိုရှောင်ပါ။ ဝယ်ပြီးသုံးရက်ကနေ ၅ ရက်အတွင်းစားပါ။ မချက်ပြုတ်ခင်မှာ ရေနဲ့သေချာပြောင်အောင်ဆေးပါ လို့ အဆုံးသတ်အနေနဲ့မှာကြားချင်ပါတယ်။
Credit: Nicole (Mandalay Directory)