Zawgyi ဖြင့်ဖတ်ရန်
ကပ် ဖြစ်ကျန်ရစ်မည်။
ပျားရည်မစစ်ချေ။
( 10 ) ပျားရည် ထည့်ထားသော ပုလင်း ကို နေရောင်၌ ထောင်ကြည့်ပါက ဝါယောဓာတ်ကြေင့် အမြှုပ်ကလေးများ အပေါ်သို့တက်နေပြီး ဖယောင်းဖြစ်နေပါက ပျားရည်အစစ်ဟု မှတ်ယူနိုင်ပါသည်။
လည်း မသေဘဲ ပျံတက်နိုင်မှ ပျားရည် အစစ် ဖြစ်သည်ဟု
မှတ်ယူကြသည်။
ထိုမျှလောက်ဆိုလျှင် ကျွန်ုပ် ၏ friများ အတုယောင်ပေါများလှသော ဤခေတ်ကြီးထဲတွင် ပျားရည် အတု အစစ် ကို တစ်နည်းနည်းဖြင့် ခွဲခြားသိနိုင်လောက်ပြီဟုမျှော်လင့်ပါသည်။




Unicode ဖြင့်ဖတ်ရန်


ပျားရည် အတု အစစ် ခွဲနည်း
( 1 )ပျားရည်ကို လက်ဖြင့် ကိုင်ဆုပ်ပြီးနောက် လက်ဆေးပါ၊
သကြားရည် ရောထားလျှင် လက်မှာ မပြောင်ဘဲ စေးကပ်
ကပ် ဖြစ်ကျန်ရစ်မည်။
( 2 ) ပျားရည်တစ်ဇွန်းနှင့် နှမ်းဆီတစ်ဇွန်း နှစ်ဇွန်းပေါင်း၍
ရောသမ မွှေလိုက်ပါက တစ်ဇွန်းစာသာ ကျန်ရပါမည်၊
တစ်ဇွန်းထက် ပိုလာပါက ထိုပိုလာမျှ အတုများသာဖြစ်သည်။
( 3 )ပျားရည်ကို ရေအေးခွပ်ထဲသို့ ချကြည့်ပါ၊ စုခဲထိုင်နေပါက ပျားရည်စစ်၏၊ အရည်ကျဲသွားခြင်း ရေထဲမှာပျော်ဝင်သွားပါက ပျားရည်မစစ်ချေ။
( 4 ) စက္ကူပွပွပေါ်မှာ ပျားရည်စက် ချကြည့်ပါ ပြန့်သွားခြင်း အရည်အောက်သို့ စိမ့်ဝင်သွားမူ ပျားရည်အစစ်မဟုတ်ပေ။
( 5 ) လက်ဖက်ရည်ကျကျ ကျိုထားသော ပန်းကန်ထဲသို့
ပျားရည်စက် ချကြည့်လိုက်ပါ ပြာသွားခြင်း အပြာနုရောင်သမ်းလာလျှင် ပြားရည်မစစ်ပါ။
( 6 ) မီးခြစ်ဆံကို ပျားရည်တို့၍ မီးခြစ်ကြည့်ပါ၊ သို့မဟုတ် တုတ်ချောင်းထိပ်၌ ပျားရည်တို့ပြီး မီးရှို့ကြည့်ပါ၊ မီးတောက်လျှင် ပျားရည်စစ်သည်၊ လုံးဝမီးမတောက်ပါက ပျားရည် မစစ်ချေ။
( 7 ) ပျားရည်ထဲသို့ လက်ထည့်၍ ခပ်နာနာမွှေကြည့်ပါ၊
ထုံးရောင်ကဲ့ အဖြူရောင် အမှုန့်များရလျှင် ပျားရည်စစ်သည်၊ အခြားအရောင်များ ပြောင်းလာပါက ပျားရည်မစစ်ပါ။
( 8 ) ပျားရည်ထည့်ထားသော ပုလင်းကို လက်ဖြင့် တီးကြည့်ပါ၊ အသံမှာ တင်းခြင်း လုံးခြင်း ထက်ခြင်း
ကျစ်လျစ် စသည်တို့ထွတ်မှ ပျားရည်စစ်သည်၊
တဘုတ်ဘုတ်နှင့်မြည်နေပါက ပျားရည်မစစ်ချေ။
( 9 ) ပျားရည်ကို ကြေးခွတ်၌ထည့်ပြီး နေလှမ်းကြည့်ပါ
အနည်မထိုင်လျှင် ပျားရည်စစ်ပြီး အနည်ထိုင်ပါက
ပျားရည်မစစ်ချေ။
( 10 ) ပျားရည် ထည့်ထားသော ပုလင်း ကို နေရောင်၌ ထောင်ကြည့်ပါက ဝါယောဓာတ်ကြေင့် အမြှ ုပ်ကလေးများ အပေါ်သို့တက်နေပြီး ဖယောင်းဖြစ်နေပါက ပျားရည်အစစ်ဟု မှတ်ယူနိူင်ပါသည်။
( 11 ) အချို့က ပျားရည် ကို ခွေးကျွေးကြည့်သည်၊ ပျားရည်စစ်ပါက ခွေးမစားပေ။
**မှတ်ချက်**ခွေးအငတ်နဲ့တိုးလို့ကတော့ စစ်စစ် မစစ်စစ် ဒင်းကတော့ စွဲမှာပဲ သွားမလုပ်နဲ့ နှမြောစရာကြီး ဟီးဟီး။
( 12 ) အချို့က ဝါဂွမ်း ကို ပျားရည်တို့ပြီး မီးရှို့ကြည့်ရာ
မီးလောင်မှ ပျားရည်အစစ်ဟု လက်ခံသည်။
( 13 ) အချို့ကတော့ ပျားရည် ထဲသို့ ပျားကောင်ကျသော်
လည်း မသေဘဲ ပျံတက်နိူင်မှ ပျားရည် အစစ် ဖြစ်သည်ဟု
မှတ်ယူကြသည်။
ထိုမျှလောက်ဆိုလျှင် ကျွနု်ပ် ၏ friများ အတုယောင်ပေါများလှသော ဤခေတ်ကြီးထဲတွင် ပျားရည် အတု အစစ် ကို တစ်နည်းနည်းဖြင့် ခွဲခြားသိနိူင်လောက်ပြီဟုမျှော်လင့်ပါသည်။
Credit : Original Uploder