
ေလွ်ာက္ထားသူ တစ္ေသာင္းေက်ာ္ရွိခဲ့ပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကေရာင္းခ်ေပးမယ့္ သိန္း(၆၀)တန္ေျမကြက္ေတြကို ဝယ္ယူခြင့္ရရွိသူ (၁၉)ဦးက (၂)လအတြင္းၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကို ဆက္သြယ္ေငြသြင္းဝယ္ယူရမွာျဖစ္တယ္လို႔ တိုင္းအစိုးရက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေရာင္းခ်ေပးမယ့္ ေျမကြက္ေတြကိုဝယ္ယူဖို႔ သတ္မွတ္ခ်က္ေတြနဲ႕အညီ ေျမကြက္ဝယ္ယူခြင့္တင္ဒါေအာင္တဲ့သူက (၁၉)ဦး ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ေျမကြက္ေလွ်ာက္ထားသူ တစ္ေသာင္းေက်ာ္ထဲက တင္ဒါေအာင္တဲ့သူ (၁၉) ဦးသာရွိခဲ့တာပါ။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံခန႔္ခြဲပိုင္ခြင့္ရွိတဲ့ ေျမေတြကို ျပည္သူေတြဝယ္ယူခြင့္ရရွိဖို႔ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလကေန နိုဝင္ဘာလအထိ ေလွ်ာက္လႊာေပါင္း (၁၂,၀၀၀)ကိုေရာင္းခ်ေပးခဲ့တာျဖစ္ပါတယ္။
ေလွ်ာက္လႊာတစ္ခုကို ေငြက်ပ္(၁၀,၀၀၀)ႏႈန္းနဲ႕ေရာင္းခ်ေပးခဲ့တာျဖစ္ၿပီး ျပည္သူေတြအေနနဲ႕ကလည္း ေျမကြက္ဝယ္ယူခြင့္ရရွိဖို႔ ေန႕စဥ္ လူေပါင္းေထာင္ေက်ာ္ေလာက္က တန္းစီၿပီး ေလွ်ာက္ထားခဲ့ၾကတာလည္းျဖစ္ပါတယ္။ တင္ဒါေအာင္တဲ့သူ (၁၉)ေယာက္ကေတာ့ ဇန္နဝါရီလ(၁၇)ရက္ေန႕ကစၿပီး (၂)လအတြင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကို ဆက္သြယ္ေငြေပးသြင္းၿပီး ဝယ္ယူနိုင္တယ္လို႔သိရပါတယ္။
တင္ဒါေအာင္တဲ့သူေတြဝယ္ယူရရွိတဲ့ေျမကြက္ေနရာေတြက ေ႐ႊျပည္သာ၊ လွိုင္သာယာ၊ ဒဂုံေတာင္၊ ဒဂုံေျမာက္၊ ဒဂုံအေရွ႕နဲ႕ ဒဂုံဆိပ္ကမ္းဘက္ေတြက ေျမကြက္ေတြကို ဝယ္ယူခြင့္ရရွိတာျဖစ္ပါတယ္။
ယခင္က ၿမိဳ႕ျပစီမံကိန္းေျမအျဖစ္ သတ္မွတ္ထားၿပီး ယေန႕အခ်ိန္ထိၿမိဳ႕ျပလူေနအိမ္မ်ားအျဖစ္ အေကာင္အထည္မေဖာ္နိုင္ေသးတဲ့ ေျမေနရာေတြမွာ ေပ(၄၀×၆၀)ေျမတစ္ကြက္ကို သိန္း(၆၀)နဲ႕ေရာင္းခ်ေပးမွာျဖစ္တယ္လို႔ ကနဦးေလွ်ာက္လႊာေတြေရာင္းခ်ခဲ့စဥ္ကတည္းက တိုင္းအစိုးရကေျပာၾကားခဲ့တာပါ။
ဓူဝံ
Unicode
သိန်း(၆၀)တန်မြေကွက် လျှောက်ထားသူ တစ်သောင်းကျော်မှာ (၁၉)ယောက်သာဝယ်ယူခွင့်ရရှိ
လျှောက်ထားသူ တစ်သောင်းကျော်ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရောင်းချပေးမယ့် သိန်း(၆၀)တန်မြေကွက်တွေကို ဝယ်ယူခွင့်ရရှိသူ (၁၉)ဦးက (၂)လအတွင်းမြို့တော်စည်ပင်သာယာရေးကော်မတီကို ဆက်သွယ်ငွေသွင်းဝယ်ယူရမှာဖြစ်တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချပေးမယ့် မြေကွက်တွေကိုဝယ်ယူဖို့ သတ်မှတ်ချက်တွေနဲ့အညီ မြေကွက်ဝယ်ယူခွင့်တင်ဒါအောင်တဲ့သူက (၁၉)ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။မြေကွက်လျှောက်ထားသူ တစ်သောင်းကျော်ထဲက တင်ဒါအောင်တဲ့သူ (၁၉) ဦးသာရှိခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေတွေကို ပြည်သူတွေဝယ်ယူခွင့်ရရှိဖို့ ၂၀၁၉ခုနှစ် အောက်တိုဘာလကနေ နိုဝင်ဘာလအထိ လျှောက်လွှာပေါင်း (၁၂,၀၀၀)ကိုရောင်းချပေးခဲ့တာဖြစ်ပါတယ်။
လျှောက်လွှာတစ်ခုကို ငွေကျပ်(၁၀,၀၀၀)နှုန်းနဲ့ရောင်းချပေးခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ကလည်း မြေကွက်ဝယ်ယူခွင့်ရရှိဖို့ နေ့စဉ် လူပေါင်းထောင်ကျော်လောက်က တန်းစီပြီး လျှောက်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။ တင်ဒါအောင်တဲ့သူ (၁၉)ယောက်ကတော့ ဇန်နဝါရီလ(၁၇)ရက်နေ့ကစပြီး (၂)လအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ဆက်သွယ်ငွေပေးသွင်းပြီး ဝယ်ယူနိုင်တယ်လို့သိရပါတယ်။
တင်ဒါအောင်တဲ့သူတွေဝယ်ယူရရှိတဲ့မြေကွက်နေရာတွေက ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့နဲ့ ဒဂုံဆိပ်ကမ်းဘက်တွေက မြေကွက်တွေကို ဝယ်ယူခွင့်ရရှိတာဖြစ်ပါတယ်။
ယခင်က မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ထားပြီး ယနေ့အချိန်ထိမြို့ပြလူနေအိမ်များအဖြစ် အကောင်အထည်မဖော်နိုင်သေးတဲ့ မြေနေရာတွေမှာ ပေ(၄၀×၆၀)မြေတစ်ကွက်ကို သိန်း(၆၀)နဲ့ရောင်းချပေးမှာဖြစ်တယ်လို့ ကနဦးလျှောက်လွှာတွေရောင်းချခဲ့စဉ်ကတည်းက တိုင်းအစိုးရကပြောကြားခဲ့တာပါ။
ဓူဝံ

0 Comments