Zawgyiျဖင့္ဖတ္ရန္
အေၾကာင္း အမ်ိဳးမ်ိဳး႐ွာ၍ အိမ္တြင္း၌ ေနမေပ်ာ္ၾကေသာ ခင္ပြန္း(သို႔)ဇနီးသည္အတြက္၊ အခ်ိန္တန္ အိမ္ျပန္မလာ၍ ေန႔စဥ္ စိုးရိမ္ေသာက ေရာက္ေနၾကရမည္မွာ အေသအခ်ာပါ။ တခ်ိဳ႕မိန္းမေတြမ်ား အိမ္အလည္ေကာင္းလိုက္တာ ထမင္း ခ်က္ခ်ိန္ေတာင္ ျပန္မေရာက္လို႔ ေယာက်ာ္းနဲ႔ နပန္းလုံးရသတဲ့ …။
တခ်ိဳ႕ေယာက်ာ္းေတြလည္း အိမ္အလည္ လြန္ေနလို႔ ညႀကီးသန္း ေခါင္မွာ မိန္းမက တံခါးဖြင့္မေပးလို႔ဆိုၿပီး တစ္ရပ္ကြက္လုံး ပြက္ပြက္ ညံ့ရသတဲ့ …။
ထိုသို႔ ထိုႏွယ္ …ေယာက်ာ္းျဖစ္ေစ၊ မိန္းမျဖစ္ေစ အိမ္အ လည္ က်ဴးတတ္၍၊ အိမ္မကပ္၍ စိုးရိမ္ေသာက ေရာက္ေနၾကရေသာ အိမ္ေထာင္သည္မ်ားအတြက္ ေသာကၿငိမ္းေအးေစမယ့္ နည္းေကာင္းေလးတစ္ခု၊ အိမ္ၿမဲေစေ သာ ယၾတာတစ္ခု ျပဳလုပ္ပုံကို လက္ဆင့္ကမ္းလိုက္ပါတယ္။ မိမိတို႔၏ ခင္ပြန္း(သို႔)ဇနီး ေျပာင္း လဲလာမႈကို လက္ေတြ႕ အက်ိဳးခံစားရမွာပါ။ ယၾတာျပဳလုပ္ပုံအား ခုႏွစ္ရက္သားသမီးမ်ားအတြက္ ေဖာ္ျပလိုက္ပါတယ္။
အိမ္မကပ္သူက –
တနဂၤေႏြသားသမီးဆိုခဲ့ရင္ – သီဟိုဠ္အ႐ြက္ အားနင္း၍ အေနာက္အရပ္ကိုမ်က္ႏွာမူၿပီး ထန္း႐ြက္ေပၚတြင္ တနဂၤေႏြသားသမီး အိမ္ၿမဲပါေစဟု ေရးပါ။
တနလၤာသားသမီးဆိုခဲ့ရင္ – ထန္း႐ြက္အားနင္း၍ ေျမာက္အရပ္ကို မ်က္ႏွာမူၿပီး အုန္း႐ြက္ေပၚတြင္ တနလၤာသားသမီး အိမ္ၿမဲပါ ေစဟု ေရးပါ။
အဂၤါသားသမီးဆိုခဲ့ရင္ – အုန္း႐ြက္အား နင္း၍ အေနာက္ေတာင္အရပ္ကို မ်က္ႏွာ မူၿပီး ကံေကာ္သားေပၚတြင္ အဂၤါသားသမီး အိမ္ၿမဲပါေစဟု ေရးပါ။
ဗုဒၶဟူးသားသမီးဆိုခဲ့ရင္ – ကံ့ေကာ္သာအား နင္း၍ အေ႐ွ႕ေျမာက္အရပ္ကို မ်က္ႏွာမူၿပီး ဆီးသားေပၚတြင္ ဗုဒၶဟူးသားသမီး အိမ္ၿမဲပါေစဟု ေရးပါ။
ၾကာသပေတးသားသမီးဆိုခဲ့ရင္ – ဆီးသားအားနင္း၍ အေ႐ွ႕အရပ္ကို မ်က္ႏွာမူၿပီး ႐ြက္လွ႐ြက္ေပၚတြင္ ၾကာသပေတးသားသမီး အိမ္ၿမဲပါေစဟု ေရးပါ။
ေသာၾကာသားသမီးဆိုခဲ့ရင္ – ႐ြက္လွ႐ြက္အားနင္း၍ အေ႐ွ႕ေတာင္အရပ္ကို မ်က္ႏွာမူၿပီး ပ်ဥ္မ႐ြက္ေပၚတြင္ ေသာၾကာ သားသမီး အိမ္ၿမဲပါေစဟု ေရးပါ။
စေနသားသမီးဆိုခဲ့ရင္ – ပ်ဥ္မ႐ြက္အားနင္း၍ ေတာင္အရပ္ကို မ်က္ႏွာမူၿပီး သီဟိုဠ္႐ြက္ ေပၚတြင္ စေနသားသမီး အိမ္ၿမဲပါေစဟု ေရးပါ။
အဲဒီအစီအရင္ကို ဘယ္ေန႔မွာမဆို နံနက္(၇း၃၀)နာရီမွ (၉းဝဝ)နာရီအတြင္း ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ အခ်ိန္၏ တိက်ျခင္း၊ အ႐ြက္၏ တိက်ျခင္း၊ ဆုေတာင္းသစၥာတို႔တိက်ျခင္းမ်ားျပည့္စုံပါက ခင္ပြန္း (သို႔) ဇနီးတို႔သည္ အေပါင္းအသင္းမ်ားကို မမင္ေတာ့ဘဲ အိမ္မွာ အၿမဲတြယ္ကပ္ေနမွာ အေသအခ်ာပင္ ျဖစ္ပါေၾကာင္း …။ ။
Unicode ဖြင့်ဖတ်ရ
အကြောင်း အမျိုးမျိုးရှာ၍ အိမ်တွင်း၌ နေမပျော်ကြသော ခင်ပွန်း(သို့)ဇနီးသည်အတွက်၊ အချိန်တန် အိမ်ပြန်မလာ၍ နေ့စဉ် စိုးရိမ်သောက ရောက်နေကြရမည်မှာ အသေအချာပါ။ တချို့မိန်းမတွေများ အိမ်အလည်ကောင်းလိုက်တာ ထမင်း ချက်ချိန်တောင် ပြန်မရောက်လို့ ယောကျာ်းနဲ့ နပန်းလုံးရသတဲ့ …။
တချို့ယောကျာ်းတွေလည်း အိမ်အလည် လွန်နေလို့ ညကြီးသန်း ခေါင်မှာ မိန်းမက တံခါးဖွင့်မပေးလို့ဆိုပြီး တစ်ရပ်ကွက်လုံး ပွက်ပွက် ညံ့ရသတဲ့ …။
ထိုသို့ ထိုနှယ် …ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ အိမ်အ လည် ကျူးတတ်၍၊ အိမ်မကပ်၍ စိုးရိမ်သောက ရောက်နေကြရသော အိမ်ထောင်သည်များအတွက် သောကငြိမ်းအေးစေမယ့် နည်းကောင်းလေးတစ်ခု၊ အိမ်မြဲစေေ သာ ယတြာတစ်ခု ပြုလုပ်ပုံကို လက်ဆင့်ကမ်းလိုက်ပါတယ်။ မိမိတို့၏ ခင်ပွန်း(သို့)ဇနီး ပြောင်း လဲလာမှုကို လက်တွေ့ အကျိုးခံစားရမှာပါ။ ယတြာပြုလုပ်ပုံအား ခုနှစ်ရက်သားသမီးများအတွက် ဖော်ပြလိုက်ပါတယ်။
အိမ်မကပ်သူက –
တနင်္ဂနွေသားသမီးဆိုခဲ့ရင် – သီဟိုဠ်အရွက် အားနင်း၍ အနောက်အရပ်ကိုမျက်နှာမူပြီး ထန်းရွက်ပေါ်တွင် တနင်္ဂနွေသားသမီး အိမ်မြဲပါစေဟု ရေးပါ။
တနင်္လာသားသမီးဆိုခဲ့ရင် – ထန်းရွက်အားနင်း၍ မြောက်အရပ်ကို မျက်နှာမူပြီး အုန်းရွက်ပေါ်တွင် တနင်္လာသားသမီး အိမ်မြဲပါ စေဟု ရေးပါ။
အင်္ဂါသားသမီးဆိုခဲ့ရင် – အုန်းရွက်အား နင်း၍ အနောက်တောင်အရပ်ကို မျက်နှာ မူပြီး ကံကော်သားပေါ်တွင် အင်္ဂါသားသမီး အိမ်မြဲပါစေဟု ရေးပါ။
ဗုဒ္ဓဟူးသားသမီးဆိုခဲ့ရင် – ကံ့ကော်သာအား နင်း၍ အရှေ့မြောက်အရပ်ကို မျက်နှာမူပြီး ဆီးသားပေါ်တွင် ဗုဒ္ဓဟူးသားသမီး အိမ်မြဲပါစေဟု ရေးပါ။
ကြာသပတေးသားသမီးဆိုခဲ့ရင် – ဆီးသားအားနင်း၍ အရှေ့အရပ်ကို မျက်နှာမူပြီး ရွက်လှရွက်ပေါ်တွင် ကြာသပတေးသားသမီး အိမ်မြဲပါစေဟု ရေးပါ။
သောကြာသားသမီးဆိုခဲ့ရင် – ရွက်လှရွက်အားနင်း၍ အရှေ့တောင်အရပ်ကို မျက်နှာမူပြီး ပျဉ်မရွက်ပေါ်တွင် သောကြာ သားသမီး အိမ်မြဲပါစေဟု ရေးပါ။
စနေသားသမီးဆိုခဲ့ရင် – ပျဉ်မရွက်အားနင်း၍ တောင်အရပ်ကို မျက်နှာမူပြီး သီဟိုဠ်ရွက် ပေါ်တွင် စနေသားသမီး အိမ်မြဲပါစေဟု ရေးပါ။
အဲဒီအစီအရင်ကို ဘယ်နေ့မှာမဆို နံနက်(ရး၃၀)နာရီမှ (၉းဝဝ)နာရီအတွင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အချိန်၏ တိကျခြင်း၊ အရွက်၏ တိကျခြင်း၊ ဆုတောင်းသစ္စာတို့တိကျခြင်းများပြည့်စုံပါက ခင်ပွန်း (သို့) ဇနီးတို့သည် အပေါင်းအသင်းများကို မမင်တော့ဘဲ အိမ်မှာ အမြဲတွယ်ကပ်နေမှာ အသေအချာပင် ဖြစ်ပါကြောင်း …။ ။
Credit ဟိန္းထက္ေဇယ်ာ(အယူေတာ္မဂၤလာ-ေမာ္လၿမိဳင္)
0 Comments