ျမန္မာႏိုင္ငံတြင္ အေပ်ာ္ တမ္း Paramotor စီးၿပီး ေနာင္ ခ်ိဳၿမိဳ႕ႏွင့္ ဂုတ္ထိပ္တံတား အလွ ႐ူခင္းၾကည့္ႏိုင္ေသာ ဝန္ေဆာင္ မႈ ကိုစတင္ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္း အဆိုပါဝန္ေဆာင္မႈ ကို ေဆာင္႐ြက္ေပးေနေသာ ေဒၚပိုးအိေျပာၾကားခ်က္အရ ဇန္ နဝါရီလ ၁၀ ရက္တြင္ သိရ သည္။
Image may contain: cloud, sky, outdoor and nature
အဆိုပါ Paramotor သည္ ေလထီးႏွင့္ ေမာ္တာေပါင္း စက္ထားေသာ fan flying တစ္ မ်ိဳးျဖစ္ၿပီး ေမာင္းႏွင္သည့္ အခါ ေပါ့ပါးသည့္ အေပ်ာ္စီး Self-Regulated Sports တစ္မ်ိဳးျဖစ္ကာ ပါရာမိုတာစီးရန္အတြက္ စာရင္းေပးထား သူ ၂၀၀ ေက်ာ္ရွိေန ေၾကာင္းသိရသည္။ ]]ဝါသနာတူတဲ့သူေတြစီးရင္းကေန ႏွစ္ေယာက္စီးတစ္ခုနဲ႔ ေဆာင္႐ြက္ေပးတာပါ။ ပါရာမိုတာ စီးမယ္ဆိုရင္ စီးနင္း သူအပါအဝင္ Pilot တစ္ဦးပါတယ္။ ေလာေလာဆယ္ စီးနင္းမယ့္ သူက ေပါင္ ၁၂၀ ဝိတ္တန္းထိ ပဲလက္ခံတယ္။ ေပါင္ ၁၃၀ ေက်ာ္ဝိတ္တန္း စီးနင္းႏိုင္မယ့္ ေလထီးလည္း ဘန္ေကာက္ကေန ေရာက္ေနပါၿပီ။ လိုအပ္တာေတြလုပ္ေန ပါတယ္}} ဟု၎ကေျပာသည္။
Image may contain: mountain, sky, cloud, nature and outdoor
ပါရာမိုတာ စီးခ်ိန္ကို ၁၅ မိနစ္ ခန္႔သတ္မွတ္ထားၿပီး ေနာက္ပိုင္းတြင္ ေနာင္ခ်ိဳၿမိဳ႕အျပင္ အျခား ေဒသမ်ားတြင္ တိုးခ်ဲ႕ ပ်ံသန္းေပးႏိုင္ရန္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ပါရာမိုတာစီးျခင္းအျပင္တံတား ေအာက္ရွိဂူထဲသို႔သြားေရာက္ျခင္းႏွင့္ ေရတံခြန္မ်ားသို႔ လည္ပတ္ျခင္းမ်ားပါျပဳလုပ္ႏိုင္ေၾကာင္းသိရသည္။ ]]၁၅ မိနစ္အတြင္း မိုင္ ၂၀ ၊ ၃၀ ေလာက္ေရာက္တယ္။ အဓိကကေတာ့ ဂုတ္ထိပ္တံတားရယ္၊ ေနာင္ခ်ိဳၿမိဳ႕ ပတ္ဝန္းက်င္ေလာက္ကို ပ်ံသန္းေပးေနပါတယ္}} ဟု ၎ကထပ္မံေျပာသည္။

ျပည္ျမန္မာ

Unicode


မြန်မာနိုင်ငံတွင် အပျော်တမ်း ပါရာမိုတာစီးပြီး ရှုခင်းကြည့်နိုင်သောဝန်ဆောင်မှု နောင်ချိုမြို့တွင် စတင်


မြန်မာနိုင်ငံတွင် အပျော် တမ်း Paramotor စီးပြီး နောင် ချိုမြို့နှင့် ဂုတ်ထိပ်တံတား အလှ ရူခင်းကြည့်နိုင်သော ဝန်ဆောင် မှု ကိုစတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အဆိုပါဝန်ဆောင်မှု ကို ဆောင်ရွက်ပေးနေသော ဒေါ်ပိုးအိပြောကြားချက်အရ ဇန် နဝါရီလ ၁၀ ရက်တွင် သိရ သည်။

အဆိုပါ Paramotor သည် လေထီးနှင့် မော်တာပေါင်း စက်ထားသော fan flying တစ် မျိုးဖြစ်ပြီး မောင်းနှင်သည့် အခါ ပေါ့ပါးသည့် အပျော်စီး Self-Regulated Sports တစ်မျိုးဖြစ်ကာ ပါရာမိုတာစီးရန်အတွက် စာရင်းပေးထား သူ ၂၀၀ ကျော်ရှိနေ ကြောင်းသိရသည်။ ]]ဝါသနာတူတဲ့သူတွေစီးရင်းကနေ နှစ်ယောက်စီးတစ်ခုနဲ့ ဆောင်ရွက်ပေးတာပါ။ ပါရာမိုတာ စီးမယ်ဆိုရင် စီးနင်း သူအပါအဝင် Pilot တစ်ဦးပါတယ်။ လောလောဆယ် စီးနင်းမယ့် သူက ပေါင် ၁၂၀ ဝိတ်တန်းထိ ပဲလက်ခံတယ်။ ပေါင် ၁၃၀ ကျော်ဝိတ်တန်း စီးနင်းနိုင်မယ့် လေထီးလည်း ဘန်ကောက်ကနေ ရောက်နေပါပြီ။ လိုအပ်တာတွေလုပ်နေ ပါတယ်}} ဟု၎င်းကပြောသည်။


ပါရာမိုတာ စီးချိန်ကို ၁၅ မိနစ် ခန့်သတ်မှတ်ထားပြီး နောက်ပိုင်းတွင် နောင်ချိုမြို့အပြင် အခြား ဒေသများတွင် တိုးချဲ့ ပျံသန်းပေးနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါရာမိုတာစီးခြင်းအပြင်တံတား အောက်ရှိဂူထဲသို့သွားရောက်ခြင်းနှင့် ရေတံခွန်များသို့ လည်ပတ်ခြင်းများပါပြုလုပ်နိုင်ကြောင်းသိရသည်။ ]]၁၅ မိနစ်အတွင်း မိုင် ၂၀ ၊ ၃၀ လောက်ရောက်တယ်။ အဓိကကတော့ ဂုတ်ထိပ်တံတားရယ်၊ နောင်ချိုမြို့ ပတ်ဝန်းကျင်လောက်ကို ပျံသန်းပေးနေပါတယ်}} ဟု ၎င်းကထပ်မံပြောသည်။


ပြည်မြန်မာ