ျမဝတီၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးက ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါေသာ က်ပ္တစ္ေထာင္တန္ လစာေငြ ငါးသိန္းကို ျပည္သူမ်ားအား ဇန္နဝါရီလ ၇ ရက္ေန႔ နံနက္လႉဒါန္းခဲ့ေၾကာင္း သိရသည္
Image may contain: 1 person, outdoor
ျမဝတီၿမိဳ႕နယ္ အမွတ္ (၂) မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္သည္ ဒီဇင္ဘာလအတြက္ ရရွိေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ က်ပ္တစ္ေထာင္တန္ ေငြစကၠဴ ၅ သိန္းက်ပ္ကို ျမဝတီၿမိဳ႕မွ ျပည္သူမ်ားအား တစ္ဦးလွ်င္ တစ္႐ြက္စီ ေဝငွလႉဒါန္းေပးခဲ့ျခင္း ျဖစ္သည္။ျပည္သူမ်ား ႏွစ္၊ လခ်ီ ေမွ်ာ္လင့္ေစာင့္ဆိုင္းခဲ့ရေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါသည့္ ေငြစကၠဴမ်ား ျပည္သူ႔လက္ထဲသို႔ ေရာက္ေစခ်င္၍ ယခုကဲ့သို႔ လႉဒါန္းေပးရျခင္းျဖစ္ေၾကာင္း ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာၾကားခဲ့သည္
Image may contain: 6 people, people standing and outdoor
“ဗိုလ္ခ်ဳပ္ပုံနဲ႔ ႐ိုက္ႏွိပ္ထုတ္ေဝတဲ့ က်ပ္တစ္ေထာင္တန္ ေငြစကၠဴ တစ္႐ြက္စီကို တစ္ဦးခ်င္း ေဝေပးတာပါ၊ ျပည္သူေတြအားလုံးက ဗ်ိဳလ္ခ်ဳပ္ေအာင္ဆန္းပုံပါတဲ့ ေငြစကၠဴကို ေမွ်ာ္လင့္ေနၾကတာ ၾကာခဲ့ပါၿပီ၊ ဒီေန႔မွ ကြၽန္ေတာ့္လက္ထဲ ရရွိခဲ့တာမို႔ ကြၽန္ေတာ့္လစာ ၅ သိန္းက်ပ္ကို တစ္႐ြက္စီ ေဝေပးတာ ျဖစ္ပါတယ္။ တန္ဖိုးအေနနဲ႔ နည္းေကာင္းနည္းေပမဲ့ အမ်ိဳးသားေခါင္းေဆာင္ႀကီး၊ လြတ္လပ္ေရးဗိသုကာႀကီး၊ တပ္မေတာ္ ဖခင္ႀကီးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ပုံ ပါရွိေနတာမို႔ တန္ဖိုးျဖတ္လို႔ေတာ့ မရဘူးေပါ့။ တစ္ႏိုင္ငံလုံးက ျပည္သူေတြကလည္း ေမွ်ာ္လင့္ေနၾကတယ္
Image may contain: 5 people, people smiling, people sitting and indoor
ျပည္သူအားလုံးလက္ထဲ ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴေတြ ခ်က္ခ်င္းေရာက္ဖို႔က မလြယ္ဘူးေလ၊ ၿပီးေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဆိုတာ ျပည္သူေတြရဲ႕ ႏွလုံးသားထဲမွာ ဘယ္ေတာ့မွ ေပ်ာက္ကြယ္သြားမွာ မဟုတ္တာမို႔ ရင္ထဲမွာ အားရဝမ္းသာ ျဖစ္မိတယ္
Image may contain: 10 people, people smiling, outdoor
No photo description available.
အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ဗိုလ္ခ်ဳပ္ပုံပါ က်ပ္တစ္ေထာင္တန္ ၅ သိန္းကို ဒီေန႔ျပည္သူေတြကို အမွတ္တရ ေဝေပးလိုက္တာ ျဖစ္ပါတယ္” ဟုေျပာၾကားခဲ့သည္။ကရင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္သည္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဓာတ္ပုံအား အစိုးရဌာနဆိုင္ရာ ႐ုံးခန္းမ်ား၊ ခန္းမမ်ားႏွင့္ စာသင္ေက်ာင္းမ်ားတြင္ ျမတ္ႏိုးစြာျဖင့္ ခ်ိတ္ဆြဲ၍ အေလးအျမတ္ထား ဂုဏ္ျပဳေပးႏိုင္ေရးအတြက္ ဒုတိယအႀကိမ္ ျပည္နယ္လႊတ္ေတာ္ ဒုတိယပုံမွန္ အစည္းအေဝး ဒုတိယေန႔၌ ကရင္ျပည္နယ္ အစိုးရအဖြဲ႕အား တိုက္တြန္းေၾကာင္းအဆို တင္သြင္းခဲ့သူ တစ္ဦးျဖစ္ကာ ၎အဆို တင္သြင္းမႈမွာလည္း ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္သည္
Image may contain: 6 people, people smiling, people sitting and indoor
Image may contain: 3 people, people smiling
က်ေနာ္တြင္ ရွိေနေသာ ျမန္မာ့လြတ္လပ္ေရး ဗိသုကာ၊ တပ္မေတာ္၏ဖခင္၊ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း(ပုံပါ) ေငြစကၠဴမ်ားကို ႏွစ္သစ္ကူး လက္ေဆာင္အျဖစ္ တစ္ဦးလွ်င္ (၁၀၀၀) က်ပ္တန္ တစ္႐ြက္ယေန႔ (၇-၁-၂၀၂၀) ရက္ေန႔တြင္ အမွတ္တရ လက္ေဆာင္အျဖစ္ ေပးသြားမည္ ျဖစ္ပါေၾကာင္း ၎၏ကိုယ္ပိုင္ ေဖ့ဘုတ္ အေကာင့္တြင္ အမ်ားသိေစရန္ ေရးသားခဲ့သည္
Image may contain: 6 people, people smiling, people standing
Image may contain: 3 people, people smiling, people sitting and indoor
EMG


Unicode




ဗိုလ်ချုပ်ပုံပါ တထောင်တန် လစာငွေတွေကို ပြည်သူတွေကို ဝေငှလှူဒါန်းခဲ့တဲ့ လွှတ်တော်အမတ်



မြဝတီမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ကျပ်တစ်ထောင်တန် လစာငွေ ငါးသိန်းကို ပြည်သူများအား ဇန်နဝါရီလ ၇ ရက်နေ့ နံနက်လှူဒါန်းခဲ့ကြောင်း သိရသည်



မြဝတီမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်သည် ဒီဇင်ဘာလအတွက် ရရှိသော ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူ ၅ သိန်းကျပ်ကို မြဝတီမြို့မှ ပြည်သူများအား တစ်ဦးလျှင် တစ်ရွက်စီ ဝေငှလှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။ပြည်သူများ နှစ်၊ လချီ မျှော်လင့်စောင့်ဆိုင်းခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ငွေစက္ကူများ ပြည်သူ့လက်ထဲသို့ ရောက်စေချင်၍ ယခုကဲ့သို့ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားခဲ့သည်



“ဗိုလ်ချုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေတဲ့ ကျပ်တစ်ထောင်တန် ငွေစက္ကူ တစ်ရွက်စီကို တစ်ဦးချင်း ဝေပေးတာပါ၊ ပြည်သူတွေအားလုံးက ဗျိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူကို မျှော်လင့်နေကြတာ ကြာခဲ့ပါပြီ၊ ဒီနေ့မှ ကျွန်တော့်လက်ထဲ ရရှိခဲ့တာမို့ ကျွန်တော့်လစာ ၅ သိန်းကျပ်ကို တစ်ရွက်စီ ဝေပေးတာ ဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ နည်းကောင်းနည်းပေမဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော် ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ပုံ ပါရှိနေတာမို့ တန်ဖိုးဖြတ်လို့တော့ မရဘူးပေါ့။ တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း မျှော်လင့်နေကြတယ်



ပြည်သူအားလုံးလက်ထဲ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေ ချက်ချင်းရောက်ဖို့က မလွယ်ဘူးလေ၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တာမို့ ရင်ထဲမှာ အားရဝမ်းသာ ဖြစ်မိတယ်



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်ပုံပါ ကျပ်တစ်ထောင်တန် ၅ သိန်းကို ဒီနေ့ပြည်သူတွေကို အမှတ်တရ ဝေပေးလိုက်တာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံအား အစိုးရဌာနဆိုင်ရာ ရုံးခန်းများ၊ ခန်းမများနှင့် စာသင်ကျောင်းများတွင် မြတ်နိုးစွာဖြင့် ချိတ်ဆွဲ၍ အလေးအမြတ်ထား ဂုဏ်ပြုပေးနိုင်ရေးအတွက် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့၌ ကရင်ပြည်နယ် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သူ တစ်ဦးဖြစ်ကာ ၎င်းအဆို တင်သွင်းမှုမှာလည်း အောင်မြင်ခဲ့ကြောင်း သိရသည်။ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်သည်

ကျနော်တွင် ရှိနေသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်၏ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း(ပုံပါ) ငွေစက္ကူများကို နှစ်သစ်ကူး လက်ဆောင်အဖြစ် တစ်ဦးလျှင် (၁၀၀၀) ကျပ်တန် တစ်ရွက်ယနေ့ (၇-၁-၂၀၂၀) ရက်နေ့တွင် အမှတ်တရ လက်ဆောင်အဖြစ် ပေးသွားမည် ဖြစ်ပါကြောင်း ၎င်း၏ကိုယ်ပိုင် ဖေ့ဘုတ် အကောင့်တွင် အများသိစေရန် ရေးသားခဲ့သည်


EMG