Zawgyiဖြင့်ဖတ်ရန်
“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးက စတင်ရိုက်ကူးစဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရ်ီလ (၂၃) ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Unicode ဖြင့်ဖတ်ရ
ပရိသတ်တွေချစ်တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကမှာတော့ အောင်မြင်တဲ့ မင်းသားနဲ့ မင်းသမီးပါပဲ။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ပြီး အတွဲညီလွန်းတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေကလဲ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာလဲ နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ နှစ်ယောက်စလုံးကို အားပေးကြတဲ့ ပရိသတ်တွေအတွက် “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်အချိန်အတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ မုဏ်း၊ နေဆန်း၊ ခင်ဇာခြည်ကျော်၊ ဇင်မျိုးနဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က ဦးနဲ့သမီး အချစ်ဇာတ်လမ်းမျိုးကို သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်ကြိုက်တဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။
“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးက စတင်ရိုက်ကူးစဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီ်လ (၂၃) ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Credit: Shwe Khit
0 Comments