Zawgyiျဖင့္ဖတ္ရန္ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို အေမရိကန္ျပည္ေထာင္စုကို လာေရာက္ဖို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ဖိတ္ၾကားထားတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္ သံအမတ္ ႀကီး စေကာ့မာစီရယ္က ေျပာၾကားပါတယ္။ဇန္နဝါရီ ၈ ရက္ေန႔က ရန္ကုန္တကၠသိုလ္၊ ႏိုင္ငံတကာဆက္ဆံေရးဌာနမွာ ျပဳလုပ္တဲ့ အေမရိကန္-ျမန္မာ ဆက္ဆံေရးနဲ႔ပတ္သက္လို႔ အထူးေဟာ ေျပာခ်က္မွာ သံအမတ္ႀကီးက အခုလို ထည့္သြင္းေျပာၾကားသြားတာပါ။
အေမရိကန္အစိုးရအေနနဲ႔ ျမန္မာျပည္သူေတြအတြက္ ဒီမိုကေရစီေရးရွင္သန္ခိုင္မာေရး၊ ပညာေရး၊ က်န္းမာ ေရး စတဲ့ ေရရွည္ကတိကဝတ္ေတြကို အေကာင္အထည္ ေဖာ္ေပးႏိုင္ဖို႔အတြက္ ႏွစ္ႏိုင္ငံ အစိုးရအဆင့္ျမင့္ အရာရွိႀကီးေတြၾကား ေတြ႕ဆုံေဆြးေႏြးမႈေတြရွိတယ္လို႔ သူကေျပာပါတယ္။“လက္ရွိမွာ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို အာဆီယံေခါင္းေဆာင္တစ္ဦးအေနနဲ႔ အေမရိကန္ျပည္ေထာင္စုကို လာေရာက္ဖို႔ သမၼတထရမ့္က ဖိတ္ၾကားထားပါတယ္။ ဒီႏွစ္က်င္းပမယ့္ အာဆီယံအေမရိကန္ထိပ္သီးအစည္းအေဝးတက္ေရာက္ဖို႔အတြက္ပါ။ တစ္ခ်ိန္ တည္းမွာပဲ ျမန္မာႏိုင္ငံအတြက္ သိသာထင္ရွားတဲ့ အကူအညီအေထာက္အပံ့ေတြ ေပးအပ္ဖို႔ လ်ာထားတာကိုလည္း ေၾကညာသြားဖို႔ရွိပါတယ္။ ျမန္မာ ျပည္သူေတြအတြက္ ဒီမိုကေရစီေရး၊ ပညာေရး၊ က်န္းမာေရး၊ ရခိုင္ အေရး စတဲ့က႑ေတြမွာ ကူညီပံ့ပိုးေပးဖို႔အတြက္ပါ” လို႔ သံအမတ္ႀကီး စေကာ့မာစီရယ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ မၾကာေသးခင္က သမၼတ ထရမ့္ လက္မွတ္ေရးထိုးအတည္ျပဳလိုက္တဲ့ ဘတ္ဂ်က္အသစ္အရ ျမန္မာႏိုင္ငံအေပၚ အကူအညီအေထာက္အပံ့ေတြကို သိသိသာသာတိုးျမႇင့္ထားၿပီး ျမန္မာအေပၚ လ်ာထားတဲ့အကူအညီေပးေရးဘတ္ဂ်တ္ပမာဏဟာ အေရွ႕ေတာင္အာရွႏိုင္ငံေတြအနက္ အမ်ားဆုံး လ်ာ ထားခ်က္လည္းျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။
အာဆီယံအေမရိကန္ထိပ္သီးအစည္းအေဝးကို အာဆီယံဆယ္ႏိုင္ငံက ေခါင္းေဆာင္ေတြကို သမၼတ ထရမ့္က ၿပီးခဲ့တဲ့ႏိုဝင္ဘာလကုန္ပိုင္းကတည္းက ဖိတ္ၾကားထားတာျဖစ္ၿပီး ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကေတာ့ လက္ခံထားေၾကာင္း ကေမာၻဒီးယားအေျခစိုက္ ဖႏြမ္းပင္ပို႔စ္ သတင္းဌာနက ေဖာ္ျပထားပါတယ္။သမၼတထရမ့္က ေဒၚေအာင္ဆန္းစုၾကည္ကို အေမရိကန္ျပည္ေထာင္စုကိုဖိတ္ၾကားထားတာ ဟုတ္မွန္ေၾကာင္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း အတည္ျပဳပါတယ္။“ဖိတ္ထားတယ္ဆိုတာ သမၼတ ထရမ့္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အာဆီယံေခါင္းေဆာင္ေတြအကုန္လုံးကို မတ္လထဲမွာ အေမရိကန္ အာဆီယံထိပ္သီးအစည္းအေဝး အေမရိကမွာလုပ္ဖို႔ ဖိတ္ထားတာရွိပါတယ္။ တက္ေရာက္ဖို႔ရွိမရွိကေတာ့အာဆီယံ ဆယ္ႏိုင္ငံရဲ႕ေခါင္းေဆာ္ငေတြအားလုံးရဲ႕ ဘုံသေဘာထားေပၚမူတည္ပါတယ္။ အမ်ားတက္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔လည္းတက္မွာပါ။ ဆယ္ႏိုင္ငံလုံးအဆင္ေျပရင္ေတာ့ တက္မွာပါ။ အာဆီယံအစည္းအေဝးေတြကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ဦးေဆာင္ၿပီးတက္တာဆိုေတာ့ေလ။ ႏိုင္ငံ့အႀကီးအကဲေတြကို ဖိတ္ထားတာေတာ့ရွိပါတယ္။ ဒါက ႏွစ္ႏိုင္ငံ bilateral visit ေတာ့မဟုတ္ဘူးေပါ့” လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေအာင္ကို က ဘီဘီစီကိုေျပာပါတယ္။
၂၀၁၁ ခုႏွစ္ သမၼတ ဦးသိန္းစိန္အစိုးရလက္ထက္ကစလို႔ သိသာထင္ရွားတဲ့ျပဳျပင္ေျပာင္းလဲေရးေတြကို ေတြ႕ျမင္ခဲ့ရၿပီး အေမရိကန္ျပည္ေထာင္စု အစိုးရအေနနဲ႔ ႀကိဳဆိုေၾကာင္းနဲ႔ ပါတီစုံဒီမိုကေရစီစနစ္နဲ႔ ေ႐ြး ေကာက္ပြဲ ေတြေပၚေပါက္လာတာ၊ ဆင္ဆာစနစ္အဆုံးသတ္ၿပီး သတင္းမီဒီယာ လြတ္လပ္ ခြင့္ ၊ အရပ္ဖက္ အဖြဲ႕အစည္းေတြ ဖြံ႕ၿဖိဳးလာတာ ၊ စီးပြားေရးဆိုင္ရာျပဳျပင္ေျပာင္းလဲမႈေတြ စတဲ့အေျပာင္းအလဲေတြကို ျမင္ေတြ႕ခဲ့ရတယ္လို႔ သံအမတ္ႀကီးက ေျပာပါတယ္။
၂၀၁၅ မွာ အန္အယ္လ္ဒီအစိုးရက ေ႐ြးေကာက္ပြဲအႏိုင္ရၿပီး အာဏာလႊဲေျပာင္းရယူႏိုင္ခဲ့တဲ့အေပၚလည္း အေမရိကန္ျပည္ေထာင္စုက ႀကိဳဆိုၿပီး ၂၀၁၆ ႏွစ္ကုန္ပိုင္းမွာ ျမန္မာအေပၚ စီးပြားေရးအရ ပိတ္ဆို႔ ဒဏ္ခတ္ အေရးယူမႈေတြ ႐ုပ္သိမ္းေပးခဲ့သလို အထူးကုန္သြယ္မႈအခြင့္အေရး GSP ကိုလည္း ျပန္လည္ေပးအပ္ခဲ့တယ္လို႔ သူက ေျပာပါတယ္။အေမရိကန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီပိုမိုခိုင္မာေရး၊ အခြင့္အလမ္းေတြပိုမိုရရွိေရး၊ ႂကြယ္၀ ျပည့္စုံေစေရး၊ ပညာေရး၊ က်န္းမာေရးနဲ႔ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈေတြမွာ ပိုၿပီး ထိေရာက္ေရး အတြက္ ျမန္မာအစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔လည္း သံအမတ္ႀကီးကေျပာပါတယ္။
လြန္ခဲ့တဲ့ႏွစ္ႏွစ္အတြင္း ျမန္မာ့ႏိုင္ငံမွာ ခက္ခဲတဲ့အေျခအေနေတြႀကဳံခဲ့ရၿပီး ၂၀၁၇ မွာျဖစ္ပြားခဲ့တဲ့ ရခိုင္ အေရးက ေထာင္ေသာင္းခ်ီတဲ့ လူေတြကို တိုက္႐ိုက္ထိခိုက္ခံစားေစခဲ့ရေၾကာင္းနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ေတြရဲ႕အင္အားသုံးေျဖရွင္းမႈေတြမွာ လူေတြ ေသဆုံးခဲ့ရသလို လူခုနစ္သိန္းေက်ာ္ ႏိုင္ငံကေန ထြက္ေျပးခဲ့ရေၾကာင္းလည္း သူက ေျပာပါတယ္။
ႏိုင္ငံတကာအသိုင္းအဝိုင္းက ဒီလူ႔အခြင့္အေရးခ်ိဳေဖာက္မႈေတြကို ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ခဲ့ၾကသလို ကမာၻလွည့္ခရီးသည္ေတြနဲ႔ ႏိုင္ငံတကာကုမၸဏီေတြလည္း ဒီအေရးေၾကာင့္ ျမန္မာႏိုင္ငံကို မလာသင့္ဘူးလို႔ ဆုံးျဖတ္ခဲ့တာေတြလည္းရွိခဲ့တယ္လို႔ သံအမတ္ႀကီးကေျပာပါတယ္။
အေမရိကန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံကို ဒီအၾကပ္အတည္းကေန ႐ုန္းထြက္ေစလိုၿပီးေရွ႕ကို ဆက္သြား ေစခ်င္ေၾကာင္းနဲ႔ ဒီလို ဒုကၡေတာ ထဲျမန္မာေရာက္ ေနတာကိုမေပ်ာ္မ႐ႊင္ျဖစ္ရတယ္လို႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။



Unicode ဖြင့်ဖတ်ရန်



နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ် ကြီး စကော့မာစီရယ်က ပြောကြားပါတယ်။ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှာ ပြုလုပ်တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်လို့ အထူးဟော ပြောချက်မှာ သံအမတ်ကြီးက အခုလို ထည့်သွင်းပြောကြားသွားတာပါ။
အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီရေးရှင်သန်ခိုင်မာရေး၊ ပညာရေး၊ ကျန်းမာ ရေး စတဲ့ ရေရှည်ကတိကဝတ်တွေကို အကောင်အထည် ဖော်ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံ အစိုးရအဆင့်မြင့် အရာရှိကြီးတွေကြား တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်လို့ သူကပြောပါတယ်။“လက်ရှိမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံခေါင်းဆောင်တစ်ဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ သမ္မတထရမ့်က ဖိတ်ကြားထားပါတယ်။ ဒီနှစ်ကျင်းပမယ့် အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက်ပါ။ တစ်ချိန် တည်းမှာပဲ မြန်မာနိုင်ငံအတွက် သိသာထင်ရှားတဲ့ အကူအညီအထောက်အပံ့တွေ ပေးအပ်ဖို့ လျာထားတာကိုလည်း ကြေညာသွားဖို့ရှိပါတယ်။ မြန်မာ ပြည်သူတွေအတွက် ဒီမိုကရေစီရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရခိုင် အရေး စတဲ့ကဏ္ဍတွေမှာ ကူညီပံ့ပိုးပေးဖို့အတွက်ပါ” လို့ သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးခင်က သမ္မတ ထရမ့် လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ ဘတ်ဂျက်အသစ်အရ မြန်မာနိုင်ငံအပေါ် အကူအညီအထောက်အပံ့တွေကို သိသိသာသာတိုးမြှင့်ထားပြီး မြန်မာအပေါ် လျာထားတဲ့အကူအညီပေးရေးဘတ်ဂျတ်ပမာဏဟာ အရှေ့တောင်အာရှနိုင်ငံတွေအနက် အများဆုံး လျာ ထားချက်လည်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးကို အာဆီယံဆယ်နိုင်ငံက ခေါင်းဆောင်တွေကို သမ္မတ ထရမ့်က ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကတည်းက ဖိတ်ကြားထားတာဖြစ်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ လက်ခံထားကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်းပင်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။သမ္မတထရမ့်က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုကိုဖိတ်ကြားထားတာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုပါတယ်။“ဖိတ်ထားတယ်ဆိုတာ သမ္မတ ထရမ့်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်တွေအကုန်လုံးကို မတ်လထဲမှာ အမေရိကန် အာဆီယံထိပ်သီးအစည်းအဝေး အမေရိကမှာလုပ်ဖို့ ဖိတ်ထားတာရှိပါတယ်။ တက်ရောက်ဖို့ရှိမရှိကတော့အာဆီယံ ဆယ်နိုင်ငံရဲ့ခေါင်းဆော်ငတွေအားလုံးရဲ့ ဘုံသဘောထားပေါ်မူတည်ပါတယ်။ အများတက်မယ်ဆိုရင်တော့ ကျွန်တော်တို့လည်းတက်မှာပါ။ ဆယ်နိုင်ငံလုံးအဆင်ပြေရင်တော့ တက်မှာပါ။ အာဆီယံအစည်းအဝေးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီးတက်တာဆိုတော့လေ။ နိုင်ငံ့အကြီးအကဲတွေကို ဖိတ်ထားတာတော့ရှိပါတယ်။ ဒါက နှစ်နိုင်ငံ bilateral visit တော့မဟုတ်ဘူးပေါ့” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်ကို က ဘီဘီစီကိုပြောပါတယ်။
၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ သိသာထင်ရှားတဲ့ပြုပြင်ပြောင်းလဲရေးတွေကို တွေ့မြင်ခဲ့ရပြီး အမေရိကန်ပြည်ထောင်စု အစိုးရအနေနဲ့ ကြိုဆိုကြောင်းနဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရွေး ကောက်ပွဲ တွေပေါ်ပေါက်လာတာ၊ ဆင်ဆာစနစ်အဆုံးသတ်ပြီး သတင်းမီဒီယာ လွတ်လပ် ခွင့် ၊ အရပ်ဖက် အဖွဲ့အစည်းတွေ ဖွံ့ဖြိုးလာတာ ၊ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ စတဲ့အပြောင်းအလဲတွေကို မြင်တွေ့ခဲ့ရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
၂၀၁၅ မှာ အန်အယ်လ်ဒီအစိုးရက ရွေးကောက်ပွဲအနိုင်ရပြီး အာဏာလွှဲပြောင်းရယူနိုင်ခဲ့တဲ့အပေါ်လည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုပြီး ၂၀၁၆ နှစ်ကုန်ပိုင်းမှာ မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းပေးခဲ့သလို အထူးကုန်သွယ်မှုအခွင့်အရေး GSP ကိုလည်း ပြန်လည်ပေးအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပိုမိုခိုင်မာရေး၊ အခွင့်အလမ်းတွေပိုမိုရရှိရေး၊ ကြွယ်၀ ပြည့်စုံစေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ ပိုပြီး ထိရောက်ရေး အတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာ့နိုင်ငံမှာ ခက်ခဲတဲ့အခြေအနေတွေကြုံခဲ့ရပြီး ၂၀၁၇ မှာဖြစ်ပွားခဲ့တဲ့ ရခိုင် အရေးက ထောင်သောင်းချီတဲ့ လူတွေကို တိုက်ရိုက်ထိခိုက်ခံစားစေခဲ့ရကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေရဲ့အင်အားသုံးဖြေရှင်းမှုတွေမှာ လူတွေ သေဆုံးခဲ့ရသလို လူခုနစ်သိန်းကျော် နိုင်ငံကနေ ထွက်ပြေးခဲ့ရကြောင်းလည်း သူက ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက ဒီလူ့အခွင့်အရေးချိုဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသလို ကမ္ဘာလှည့်ခရီးသည်တွေနဲ့ နိုင်ငံတကာကုမ္ပဏီတွေလည်း ဒီအရေးကြောင့် မြန်မာနိုင်ငံကို မလာသင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ သံအမတ်ကြီးကပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီအကြပ်အတည်းကနေ ရုန်းထွက်စေလိုပြီးရှေ့ကို ဆက်သွား စေချင်ကြောင်းနဲ့ ဒီလို ဒုက္ခတော ထဲမြန်မာရောက် နေတာကိုမပျော်မရွှင်ဖြစ်ရတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
Credit: Burmese asia