ဂ်င္းဟာ တရုတ္၊ ဂ်ပန္၊ အိႏၵိယ အပါအဝင္ အပူပိုင္းႏိုင္ငံေတြမွာ စတင္ပါတယ္။ သူ႔မွာ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားျပားစြာ ပါဝင္တာေၾကာင့္ သူ႔ကုိ ေတာင္အေမရိက၊ အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းေနရာေတြနဲ႔ တစ္ကမာၻလံုးမွာ စိုက္ပ်ိဳးလာၾကပါတယ္။

ေအာက္ေဖၚျပပါ အခ်က္ေတြကေတာ့ ဂ်င္းရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေတြပဲျဖစ္ပါတယ္။

ပ်ိဳ႕အန္ျခင္း

HIV/ AIDS ေဆးေတြေၾကာင့္ ပ်ိဳ႕အန္ျခင္းကို ဂ်င္းေန႔စဥ္ ေသာက္သံုးျခင္းအားျဖင့္ သက္သာေစႏိုင္ပါတယ္။ သုေတသနေတြက AIDS ကုသမႈမယူခင္ တစ္ေန႔ကို မိနစ္ ၃၀ ေလာက္ႀကိဳၿပီး ဂ်င္းအသံုးျပဳျခင္းဟာ ပ်ိဳ႕အန္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

ဂ်င္းကို ခြဲစိတ္အၿပီးမွာလည္း ပ်ိဳ႕အန္ျခင္းကို ကာကြယ္ဖုိ႔ အသံုးျပဳႏိုင္ပါတယ္။ ခြဲစိတ္မႈမျပဳခင္ တစ္နာရီႀကိဳၿပီး ဂ်င္း ၁-၅ ဂရမ္ေလာက္ အသံုးျပဳထားသူေတြဟာ ခြဲစိတ္မႈအၿပီး ၂၄ နာရီအတြင္း ပ်ိဳ႕အန္ႏႈန္းနည္းပါးပါတယ္။

ေအာ့အန္ေနတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာလည္း ဂ်င္းအသံုးျပဳႏိုင္ပါတယ္။ ဂ်င္းကို ငံုေဆး၊ သၾကားလံုးအျဖစ္ အသံုးျပဳျခင္းဟာ ကိုယ္ဝန္ေဆာင္ေတြအတြက္ စိတ္ခ်ရပါတယ္။

ဒါေပမယ့္ ပိုိစိတ္ခ်ရာ ကိုယ္ဝန္ေဆာင္စဥ္ ျဖည့္စြက္စာနဲ႔ ေဆးေတြ မေသာက္ခင္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

ဒါ့ျပင္ ဂ်င္းမွာပါတဲ့ phenolic compounds ေတြဟာ အစာေျခလမ္းေၾကာင္း ျပႆနာေတြကို သက္သာေစၿပီး တံေတြးနဲ႔ သည္းေျခရည္ကို ပိုထြက္ေစတယ္လို႔ ဆိုပါတယ္။

ရာသီလာစဥ္ နာက်င္ျခင္း

ဂ်င္းဟာ ရာသီလာစဥ္ အေကာင္းဆံုးေဆးပဲျဖစ္ပါတယ္။ ရာသီစလာလာခ်င္း ပထမသံုးရက္မွာ ဂ်င္း ၁၅၀၀ မီလီဂရမ္ကို သံုးႀကိမ္ခြဲၿပီး ေသာက္ျခင္းဟာ ရာသီလာျခင္းေၾကာင့္ နာက်င္မႈကို သက္သာေစတယ္လို႔ ဆိုပါတယ္။

အမ်ိဳးသမီး ၆၂%ကေတာ့ ရာသီလာစဥ္ ပထမသံုးရက္အတြင္း ginger extract (Zintoma and Goldaru) ကို တစ္ေန႔ေလးႀကိမ္ အသံုးျပဳျခင္းဟာ ရာသီလာစဥ္ နာက်င္မႈကို သိသိသာသာ သက္သာေစတယ္လို႔ ဆိုပါတယ္။

ဂ်င္းဟာ အကိုက္အခဲေပ်ာက္ေဆးေတြျဖစ္တဲ့ ibuprofen နဲ႔ mefenamic acid လိုမ်ိဳး အစြမ္းထက္ပါတယ္။ နာက်င္မႈသက္သာေစတဲ့ အစြမ္းနဲ႔ ပတ္သက္ၿပီး ဂ်င္းဟာ ႂကြက္သားနာက်င္မႈကို ၂၅% သက္သာေစပါတယ္။

ကားမူးျခင္း၊ ပင္လယ္မူးျခင္း

ေလ့လာမႈေတြက ဂ်င္းဟာ ကားမူးျခင္း၊ ပင္လယ္မူးျခင္းေတြအတြက္ သက္သာတယ္လို႔ သက္ေသမျပႏိုင္ေပမယ့္ လူအေတာ္မ်ားမ်ားကေတာ့ ခရီးမသြားခင္ ဂ်င္းေသာက္ျခင္းဟာ သက္သာတယ္လို႔ ဆိုပါတယ္။

ေလ့လာမႈတစ္ခုက ဂ်င္းဟာ ကားမူးျခင္းေၾကာင့္ ဗိုက္မေကာင္းျခင္းကို သက္သာေစတဲ့ ေဆးတစ္မ်ိဳးျဖစ္တဲ့ dimenhydrinate ထက္ ပိုေကာင္းတယ္လို႔ ဆိုပါတယ္။

ဆိုးက်ိဳးရွိသလား

ဂ်င္းကို စားျခင္း၊ ေသာက္ျခင္းဟာ လူအေတာ္မ်ားမ်ားအတြက္ စိတ္ခ်ရပါတယ္။ ဒါေပမယ့္ အခ်ိဳ႕အေျခအေနေတြမွာေတာ့ ဂ်င္းဟာ ရင္ပူျခင္း၊ ဝမ္းေလွ်ာျခင္း၊ ဗိုက္မေကာင္းျခင္း အစရွိတဲ့ ေပ်ာ့တဲ့ ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။

အခ်ိဳ႕အမ်ိဳးသမီးေတြက ရာသီ အမ်ားႀကီးလာျခင္းကို ခံစားရႏိုင္ပါတယ္။ ဂ်င္းကို လိမ္းေဆးအျဖစ္ ခဏတာမွန္ကန္စြာ အသံုးျပဳျခင္းဟာလည္း စိတ္ခ်ရတယ္လို႔ ယူဆရပါတယ္။

ကိုယ္ဝန္ေဆာင္ေတြ၊ ႏို႔တိုက္မိခင္ေတြမွာေတာ့ ေကာင္းက်ိဳး၊ ဆိုးက်ိဳး ခ်ိန္ဆႏိုင္ဖို႔ ဆရာဝန္ကို တိုင္ပင္သင့္ပါတယ္။ ဂ်င္းဟာ ေသြးေရာဂါရွိသူေတြမွာ ေသြးထြက္ႏႈန္းျမင့္ေစၿပီး ႏွလံုးေရာဂါကို ပိုဆိုးေစႏိုင္ပါတယ္။

သင့္မွာ ဆီးခ်ိဳရွိတယ္ဆိုရင္ေတာ့ သူဟာ အင္ဆူလင္နဲ႔ ေသြးသၾကားဓါတ္ပမာဏကို ထိခိုက္ႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ အရင္ တိုင္ပင္သင့္ပါတယ္။ ေဆးပမာဏ ေျပာင္းလဲမႈေတြ လုိအပ္ႏိုင္ပါတယ္။



Unicode



ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ




ဂျင်းဟာ တရုတ်၊ ဂျပန်၊ အိန္ဒိယ အပါအဝင် အပူပိုင်းနိုင်ငံတွေမှာ စတင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများပြားစွာ ပါဝင်တာကြောင့် သူ့ကို တောင်အမေရိက၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနေရာတွေနဲ့ တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးလာကြပါတယ်။

အောက်ဖေါ်ပြပါ အချက်တွေကတော့ ဂျင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

ပျို့အန်ခြင်း

HIV/ AIDS ဆေးတွေကြောင့် ပျို့အန်ခြင်းကို ဂျင်းနေ့စဉ် သောက်သုံးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ သုတေသနတွေက AIDS ကုသမှုမယူခင် တစ်နေ့ကို မိနစ် ၃၀ လောက်ကြိုပြီး ဂျင်းအသုံးပြုခြင်းဟာ ပျို့အန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဂျင်းကို ခွဲစိတ်အပြီးမှာလည်း ပျို့အန်ခြင်းကို ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုမပြုခင် တစ်နာရီကြိုပြီး ဂျင်း ၁-၅ ဂရမ်လောက် အသုံးပြုထားသူတွေဟာ ခွဲစိတ်မှုအပြီး ၂၄ နာရီအတွင်း ပျို့အန်နှုန်းနည်းပါးပါတယ်။

အော့အန်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလည်း ဂျင်းအသုံးပြုနိုင်ပါတယ်။ ဂျင်းကို ငုံဆေး၊ သကြားလုံးအဖြစ် အသုံးပြုခြင်းဟာ ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချရပါတယ်။

ဒါပေမယ့် ပိိုစိတ်ချရာ ကိုယ်ဝန်ဆောင်စဉ် ဖြည့်စွက်စာနဲ့ ဆေးတွေ မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါ့ပြင် ဂျင်းမှာပါတဲ့ phenolic compounds တွေဟာ အစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေပြီး တံတွေးနဲ့ သည်းခြေရည်ကို ပိုထွက်စေတယ်လို့ ဆိုပါတယ်။

ရာသီလာစဉ် နာကျင်ခြင်း

ဂျင်းဟာ ရာသီလာစဉ် အကောင်းဆုံးဆေးပဲဖြစ်ပါတယ်။ ရာသီစလာလာချင်း ပထမသုံးရက်မှာ ဂျင်း ၁၅၀၀ မီလီဂရမ်ကို သုံးကြိမ်ခွဲပြီး သောက်ခြင်းဟာ ရာသီလာခြင်းကြောင့် နာကျင်မှုကို သက်သာစေတယ်လို့ ဆိုပါတယ်။

အမျိုးသမီး ၆၂%ကတော့ ရာသီလာစဉ် ပထမသုံးရက်အတွင်း ginger extract (Zintoma and Goldaru) ကို တစ်နေ့လေးကြိမ် အသုံးပြုခြင်းဟာ ရာသီလာစဉ် နာကျင်မှုကို သိသိသာသာ သက်သာစေတယ်လို့ ဆိုပါတယ်။

ဂျင်းဟာ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ibuprofen နဲ့ mefenamic acid လိုမျိုး အစွမ်းထက်ပါတယ်။ နာကျင်မှုသက်သာစေတဲ့ အစွမ်းနဲ့ ပတ်သက်ပြီး ဂျင်းဟာ ကြွက်သားနာကျင်မှုကို ၂၅% သက်သာစေပါတယ်။

ကားမူးခြင်း၊ ပင်လယ်မူးခြင်း

လေ့လာမှုတွေက ဂျင်းဟာ ကားမူးခြင်း၊ ပင်လယ်မူးခြင်းတွေအတွက် သက်သာတယ်လို့ သက်သေမပြနိုင်ပေမယ့် လူအတော်များများကတော့ ခရီးမသွားခင် ဂျင်းသောက်ခြင်းဟာ သက်သာတယ်လို့ ဆိုပါတယ်။

လေ့လာမှုတစ်ခုက ဂျင်းဟာ ကားမူးခြင်းကြောင့် ဗိုက်မကောင်းခြင်းကို သက်သာစေတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ dimenhydrinate ထက် ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဆိုးကျိုးရှိသလား

ဂျင်းကို စားခြင်း၊ သောက်ခြင်းဟာ လူအတော်များများအတွက် စိတ်ချရပါတယ်။ ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ဂျင်းဟာ ရင်ပူခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်မကောင်းခြင်း အစရှိတဲ့ ပျော့တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

အချို့အမျိုးသမီးတွေက ရာသီ အများကြီးလာခြင်းကို ခံစားရနိုင်ပါတယ်။ ဂျင်းကို လိမ်းဆေးအဖြစ် ခဏတာမှန်ကန်စွာ အသုံးပြုခြင်းဟာလည်း စိတ်ချရတယ်လို့ ယူဆရပါတယ်။

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေမှာတော့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။ ဂျင်းဟာ သွေးရောဂါရှိသူတွေမှာ သွေးထွက်နှုန်းမြင့်စေပြီး နှလုံးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

သင့်မှာ ဆီးချိုရှိတယ်ဆိုရင်တော့ သူဟာ အင်ဆူလင်နဲ့ သွေးသကြားဓါတ်ပမာဏကို ထိခိုက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ ဆေးပမာဏ ပြောင်းလဲမှုတွေ လိုအပ်နိုင်ပါတယ်။