ေအးျမျဖဴကိုေတာ့ ပရိသတ္ေတြက သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ျမင္ေတြ႕ရေတာ့မွာပါ။ Myanmar idol(Season 4) သီခ်င္းဆိုၿပိဳင္ပြဲၿပီးတဲ့အခ်ိန္မွာ ပထမဆုံးအႀကိမ္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ကားႀကီးလည္းျဖစ္ပါတယ္။
ေအးျမျဖဴကေတာ့ အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီး႐ိုက္ေတာ့မယ္လို႔ သိရပါတယ္။ “ခ်စ္စခင္စေမွာ္႐ုံ” ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သြားမွာျဖစ္ၿပီး စီနီယာအႏုပညာရွင္ေတြနဲ႔ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။
“ဦးဏႀကီး ႐ိုက္ကူးမယ့္ “ခ်စ္ခင္စေမွာ္႐ုံ” ဇာတ္ကားႀကီးမွာ သမီးပါဝင္သ႐ုပ္ေဆာင္မွာပါရွင့္ 😁 အားေပးၾကပါဦး” ဆိုၿပီးေတာ့ ေအးျမျဖဴရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ဇန္နဝါရီလ ၉ ရက္ေန႔ ညေန ၅နာရီခြဲေက်ာ္က ေရးသားခဲ့တာျဖစ္ပါတယ္။ သူမကေတာ့ ၁၀ေက်ာ္သက္ အ႐ြယ္မွာ ပထမဆုံးလက္ခံ႐ိုက္ကူးခြင့္ရတဲ့ ႐ုပ္ရွင္ကားႀကီးပါ။ ဒီဇာတ္ကားမွာေတာ့ ေအးျမျဖဴနဲ႔ အတူ သ႐ုပ္ေဆာင္ ေဒါင္း၊ ေက်ာ္ထက္ေအာင္၊ မိုးေဟကိုနဲ႔ ပိုင္ၿဖိဳးသုတို႔က ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။
ေအးျမျဖဴဟာ ငယ္ငယ္ေလးကတည္းက အႏုပညာအလုပ္ေတြနဲ႔ ပတ္သက္ၿပီး လႈပ္ရွားမႈေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ဗီဒီယို ဇာတ္ကားမ်ားစြာတို႔မွာလည္း ပါဝင္သ႐ုပ္ေဆာင္ဖူးခဲ့သူပါ။ ငယ္ငယ္ေလးကတည္းက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ခဲ့တာေၾကာင့္ သူ႔ကို ခ်စ္တဲ့ ပရိသတ္ေတြအမ်ားႀကီး ပိုင္ဆိုင္ထားသူေလး ျဖစ္ပါတယ္။
Image may contain: 1 person, smiling, standing and outdoor
ေအးျမျဖဴကေတာ့ Myanmar idol (Season-4) မွာ Vote နံပတ္ No.77711 နဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ သူမဟာ ငယ္စဥ္ကတည္းက သီခ်င္းေတြလည္း ဆိုခဲ့တဲ့သူျဖစ္သလို သ႐ုပ္ေဆာင္ဘက္မွာလည္း ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ သူမကို အခုခ်ိန္ထိ အားေပးေနတဲ့ ပရိသတ္ေတြကလည္း အမ်ားႀကီးပါပဲ။
Image may contain: 1 person, sitting, tree, plant, outdoor and nature
ဆယ္လီရပ္ကြက္




Unicode



သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မယ့် အေးမြဖြူ


အေးမြဖြူကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာပါ။ Myanmar idol(Season 4) သီချင်းဆိုပြိုင်ပွဲပြီးတဲ့အချိန်မှာ ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။



အေးမြဖြူကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးရိုက်တော့မယ်လို့ သိရပါတယ်။ “ချစ်စခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သွားမှာဖြစ်ပြီး စီနီယာအနုပညာရှင်တွေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။



“ဦးဏကြီး ရိုက်ကူးမယ့် “ချစ်ခင်စမှော်ရုံ” ဇာတ်ကားကြီးမှာ သမီးပါဝင်သရုပ်ဆောင်မှာပါရှင့် 😁 အားပေးကြပါဦး” ဆိုပြီးတော့ အေးမြဖြူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၅နာရီခွဲကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ သူမကတော့ ၁ဝကျော်သက် အရွယ်မှာ ပထမဆုံးလက်ခံရိုက်ကူးခွင့်ရတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီဇာတ်ကားမှာတော့ အေးမြဖြူနဲ့ အတူ သရုပ်ဆောင် ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကိုနဲ့ ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။



အေးမြဖြူဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ အများကြီးရှိခဲ့ပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးခဲ့သူပါ။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။



အေးမြဖြူကတော့ Myanmar idol (Season-4) မှာ Vote နံပတ် No.77711 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။



ဆယ်လီရပ်ကွက်