အသက္အရွည္ႀကီး က်န္းက်န္းမာမာနဲ႔ အားအင္အျပည့္ေနထိုင္သြားခ်င္ပါသလား။ ဒါဆိုရင္ေတာ့ ဒန္႔သလြန္သီးနဲ႔အရြက္ကို မ်ားမ်ားစားေပးပါ။

ဒန္႔သလြန္ပင္က ေတာင္အာရွမွာ စတင္ေတြ႔ရွိရတဲ့အပင္လုိ႔ သမိုင္းမွတ္တမ္းမ်ားအရ သိရၿပီး ေဆးဖက္၀င္အပင္အျဖစ္ လြန္ခဲ့တဲ့ ႏွစ္ရာေပါင္းမ်ားစြာက အသံုးျပဳခဲ့ၾကပါတယ္။ စြမ္းအားႀကီးတဲ့ Antioxidants ေတြ အမ်ားႀကီး ပါ၀င္ေနပါတယ္။

ဒန္႔သလြန္သီးနဲ႔ဒန္႔သလြန္ရြက္ေတြဘယ္လို အက်ိဳးေက်းဇူးေတြ ရွိေနသလဲ

ဒန္႔သလြန္ပင္နဲ႔ အရြက္ေတြမွာ ဗီတာမင္နဲ႔သတၱဳဓာတ္ေတြ အမ်ားႀကီးပါ၀င္ေနပါတယ္။

ဒန္႔သလြန္သီး ၁ ခြက္စာက လူတိုင္းမွာေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ စီ ပမာဏေတြ လိုအပ္ပါတယ္။

ဒန္႔သလြန္သီး ၁ ခြက္စာမွာ

ဗီတာမင္ B6 ၁၉ ရာခိုင္ႏႈန္း

သံဓာတ္ ၁၁ ရာခိုင္ႏႈန္း

Riboflavin Vitamin B2 က ၁၁ ရာခိုင္ႏႈန္း

ဗီတာမင္ ေအက ၉ ရာခိုင္ႏႈန္း

မဂၢနီဆီယမ္က ၈ ရာခိုင္ႏႈန္း

ပရိုတင္းဓာတ္က ၂ ဂရမ္ တို႔ပါ၀င္ပါတယ္

အရိုးကို သန္မာေစ

သံဓာတ္နဲ႔ကယ္ဆီယမ္ဓာတ္ေတြပါ၀င္တာေၾကာင့္ အရိုးရဲ႕သိပ္သည္းဆကို မ်ားေစၿပီး အရိုးပြတာ၊ အလြယ္တကူ မက်ဳိးလြယ္ေအာင္ ကာကြယ္ေပးပါတယ္။

ကင္ဆာေရာဂါကို ကာကြယ္ေပးသလို ကုသေပးႏိုင္

ဒန္႔သလြန္ရြက္နဲ႔ အသီးမွာ ဆဲလ္ပ်က္စီးမႈကို ကာကြယ္ေပးတဲ့ Antioxidants ဓာတ္ေတြ အမ်ားႀကီးပါ၀င္ၿပီး ကင္ဆာျဖစ္ေစႏိုင္တဲ့ Free Radicals တုိ႔ကို ဖ်က္ဆီးေပးပါတယ္။ အဲ့ဒီအျပင္ Beta Carotene၊ ဗီတာမင္ စီ၊ Quecetin နဲ႔ Chlorogenic အက္ဆစ္တုိ႔ပါ၀င္ပါတယ္။

ေသြးအတြင္း အခ်ိဳဓာတ္ကို က်ေစ

ဆီးခ်ိဳ က်ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။ သုေတသနစမ္းသပ္မႈတစ္ခုအရ အမ်ိဳးသမီး ၃၀ ဦးဟာ ဒန္႔သလြန္မုန္႔ ၇ ဂရမ္ကို ၃ လလံုးလံုး စားေသာက္လုိက္တဲ့အခါမွာ ေသြးအတြင္း သၾကားဓာတ္ ၁၃.၅ ရာခိုင္ႏႈန္းက်ဆင္းသြားပါတယ္။

ေသြးကို သန္႔စင္ေပး

ဒန္႔သလြန္ရြက္နဲ႔ သီးက ေသြးထဲက အညစ္အေၾကးေတြကို သန္႔စင္ေပးပါတယ္။ မ်က္ႏွာေပၚက ၀က္ၿခံေတြနဲ႔ အေရအျပားဆိုင္ရာ ျပႆနာေတြကို ေလ်ာ့ပါးေအာင္ ကူညီေပးပါလိမ့္မယ္။ မ်က္ႏွာမွာ ၀က္ၿခံေတြ မ်ားေနရင္ ဒန္႔သလြန္ရြက္နဲ႔ အသီးကို ေဖ်ာ္ရည္ေဖ်ာ္ၿပီး ေသာက္ေပးသင့္ပါတယ္။

အရြယ္တင္ႏုပ်ိဳေစ

ဗီတာမင္ A ဓာတ္ ပါ၀င္မႈမ်ားတ ေၾကာင့္ ကုိယ္ခံအားစနစ္နဲ႔ အျမင္အာရုံကိုအားေကာင္းေစတဲ့အျပင္ အရြယ္တင္ႏုပ်ိဳေစပါတယ္။



Unicode



ဆီးချိုကို ထိန်းပေးပြီး ကင်ဆာဆဲလ်တွေကို သေစေတဲ့ ဒန့်သလွန်သီးနဲ့ အရွက်



အသက်အရှည်ကြီး ကျန်းကျန်းမာမာနဲ့ အားအင်အပြည့်နေထိုင်သွားချင်ပါသလား။ ဒါဆိုရင်တော့ ဒန့်သလွန်သီးနဲ့အရွက်ကို များများစားပေးပါ။

ဒန့်သလွန်ပင်က တောင်အာရှမှာ စတင်တွေ့ရှိရတဲ့အပင်လို့ သမိုင်းမှတ်တမ်းများအရ သိရပြီး ဆေးဖက်ဝင်အပင်အဖြစ် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အသုံးပြုခဲ့ကြပါတယ်။ စွမ်းအားကြီးတဲ့ Antioxidants တွေ အများကြီး ပါဝင်နေပါတယ်။

ဒန့်သလွန်သီးနဲ့ဒန့်သလွန်ရွက်တွေဘယ်လို အကျိုးကျေးဇူးတွေ ရှိနေသလဲ

ဒန့်သလွန်ပင်နဲ့ အရွက်တွေမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

ဒန့်သလွန်သီး ၁ ခွက်စာက လူတိုင်းမှာနေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏတွေ လိုအပ်ပါတယ်။

ဒန့်သလွန်သီး ၁ ခွက်စာမှာ

ဗီတာမင် B6 ၁၉ ရာခိုင်နှုန်း

သံဓာတ် ၁၁ ရာခိုင်နှုန်း

Riboflavin Vitamin B2 က ၁၁ ရာခိုင်နှုန်း

ဗီတာမင် အေက ၉ ရာခိုင်နှုန်း

မဂ္ဂနီဆီယမ်က ၈ ရာခိုင်နှုန်း

ပရိုတင်းဓာတ်က ၂ ဂရမ် တို့ပါဝင်ပါတယ်

အရိုးကို သန်မာစေ

သံဓာတ်နဲ့ကယ်ဆီယမ်ဓာတ်တွေပါဝင်တာကြောင့် အရိုးရဲ့သိပ်သည်းဆကို များစေပြီး အရိုးပွတာ၊ အလွယ်တကူ မကျိုးလွယ်အောင် ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးသလို ကုသပေးနိုင်

ဒန့်သလွန်ရွက်နဲ့ အသီးမှာ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးတဲ့ Antioxidants ဓာတ်တွေ အများကြီးပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Free Radicals တို့ကို ဖျက်ဆီးပေးပါတယ်။ အဲ့ဒီအပြင် Beta Carotene၊ ဗီတာမင် စီ၊ Quecetin နဲ့ Chlorogenic အက်ဆစ်တို့ပါဝင်ပါတယ်။

သွေးအတွင်း အချိုဓာတ်ကို ကျစေ

ဆီးချို ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။ သုတေသနစမ်းသပ်မှုတစ်ခုအရ အမျိုးသမီး ၃၀ ဦးဟာ ဒန့်သလွန်မုန့် ၇ ဂရမ်ကို ၃ လလုံးလုံး စားသောက်လိုက်တဲ့အခါမှာ သွေးအတွင်း သကြားဓာတ် ၁၃.၅ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။

သွေးကို သန့်စင်ပေး

ဒန့်သလွန်ရွက်နဲ့ သီးက သွေးထဲက အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာပေါ်က ဝက်ခြံတွေနဲ့ အရေအပြားဆိုင်ရာ ပြဿနာတွေကို လျော့ပါးအောင် ကူညီပေးပါလိမ့်မယ်။ မျက်နှာမှာ ဝက်ခြံတွေ များနေရင် ဒန့်သလွန်ရွက်နဲ့ အသီးကို ဖျော်ရည်ဖျော်ပြီး သောက်ပေးသင့်ပါတယ်။

အရွယ်တင်နုပျိုစေ

ဗီတာမင် A ဓာတ် ပါဝင်မှုများတ ကြောင့် ကိုယ်ခံအားစနစ်နဲ့ အမြင်အာရုံကိုအားကောင်းစေတဲ့အပြင် အရွယ်တင်နုပျိုစေပါတယ်။