
ဆူေလမာနီကို ေခ်မႈန္းႏိုင္ခဲ့တဲ့ေလေၾကာင္းတိုက္ခိုက္မႈ ျပဳလုပ္တဲ့ေန႔မွာပဲ အီရန္စစ္တပ္ရဲ႕ တပ္မႉးတဦးကို အေမရိကန္ဘက္က ႏွိမ္နင္းဖို႔ ႀကိဳးစားခဲ့တယ္လို႔ အေမရိကန္အရာရွိေတြက ေျပာပါတယ္။ဒီေလေၾကာင္းတိုက္ခိုက္မႈကို အေမရိကန္အထူးတပ္ဖြဲ႕က ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး ဒီ တိုက္ခိုက္မႈဟာ အီရန္အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ရဲ႕ ထိပ္တန္းတပ္မႉး အဗၺဒဲလ္ရာဇာ ရွာလိုင္ကို ပစ္မွတ္ထားခဲ့ေၾကာင္းနဲ႔ ဒီစစ္ဆင္ေရးဟာ မေအာင္ျမင္ခဲ့ေၾကာင္း အေမရိကန္ အရာရွိေတြက ေျပာတယ္လို႔ အိႏၵိယ တူေဒး သတင္းမွာ ဒီေန႔ ေဖာ္ျပပါတယ္။

ရွာလိုင္နဲ႔ ေသဆုံးသြားခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး ကာစင္ဆူေလမာနီတို႔ ႏွစ္ဦးစလုံးဟာ အီရန္ႏိုင္ငံရဲ႕ Quds တပ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္အပိုင္းကို ၿဖိဳခြင္းဖို႔ ႀကိဳးစားတဲ့ အေမရိကန္စစ္ဆင္ေရးမွာ ႏွိမ္နင္းဖို႔ အတည္ျပဳျခင္းခံထားရတဲ့ ေခါင္းေဆာင္ေတြ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။အီရန္ႏိုင္ငံရဲ႕အင္အားႀကီး Quds တပ္ဖြဲ႕ကို အေမရိကန္ဘက္က အၾကမ္းဖက္အဖြဲ႕အစည္း အျဖစ္ သတ္မွတ္ထားၿပီး စစ္ဆင္ေရး ဘာေၾကာင့္မေအာင္ျမင္ခဲ့ရသလဲ ဆိုတာကိုေတာ့ ေျပာဆိုခဲ့ ျခင္း မရွိပါဘူး။

ဇန္နဝါရီ ၃ ရက္ ဘဂၢဒက္ႏိုင္ငံတကာေလဆိပ္ကို ေရာက္ရွိလာၿပီး မၾကာခင္မွာတင္ ဗိုလ္ခ်ဳပ္ႀကီး ဆူေလမာနီဟာ အေမရိကန္ေလေၾကာင္းတိုက္ခိုက္မႈတခုေၾကာင့္ ေသဆုံးသြား ခဲ့ရပါတယ္။ထရမ့္အစိုးရဘက္က ဆူေလမာနီဟာ အေမရိကန္စစ္တပ္နဲ႔ အေရွ႕အလယ္ပိုင္းမွာရွိတဲ့ အေမရိကန္သံတမန္ေတြကို အႀကီးစားတိုက္ခိုက္မႈ လုပ္ေဆာင္ဖို႔ ေဆာင္႐ြက္ေနတဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္မႈအေနနဲ႔ သူ႔ကို သုတ္သင္လိုက္ရျခင္းလို႔ ေျပာပါတယ္။ဒါေပမဲ့ အီရန္ဘက္ကေတာ့ ဒီတိုက္ခိုက္မႈဟာ အၾကမ္းဖက္မႈျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ၿပီး ဇန္နဝါရီ ၈ ရက္မွာ အီရတ္မွာရွိတဲ့ အေမရိကန္နဲ႔ မဟာမိတ္တပ္ဖြဲ႕မ်ားရဲ႕ တပ္စခန္းႏွစ္ခုကို ဒုံးက်ည္ေတြနဲ႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ရွာလိုင္နဲ႔ အီရန္ အစၥလာမၼစ္ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕နဲ႔ ပတ္သက္တဲ့ သတင္းေပးသူကို ေဒၚလာ ၁၅ သန္း ခ်ီးျမႇင့္မယ္လို႔ အေမရိကန္ဘက္က ၿပီးခဲ့တဲ့လအေစာပိုင္းမွာ ဆုေၾကး ထုတ္ျပန္ခဲ့ပါတယ္။

ရွာလိုင္ဟာ အေမရိကန္နဲ႔ ကမာၻတဝန္းလုံးမွာရွိတဲ့ အေမရိကန္ရဲ႕မဟာမိတ္ေတြကို ကာလရွည္ ပစ္မွတ္ထားတိုက္ခိုက္ခဲ့တဲ့ သမိုင္းေၾကာင္းရွိသူျဖစ္ကာ သူဟာ အီရတ္ႏိုင္ငံမွာ ရွိတဲ့ မဟာမိတ္တပ္ဖြဲ႕ေတြ ေသဆုံးခဲ့မႈမ်ားစြာကိုလည္း ႀကိဳးကိုင္ခဲ့သူလို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။ဒီလုပ္ရပ္ေတြထဲမွာ ရွီးယိုက္လက္နက္ကိုင္တပ္ဖြဲ႕ေတြအတြက္ လက္နက္နဲ႔ ေဖာက္ခြဲေရး ပစၥည္းေတြ ေထာက္ပံ့ခဲ့တာအျပင္ ၂၀၁၁ ခုႏွစ္ ဝါရွင္တန္ၿမိဳ႕မွာ ေဆာ္ဒီသံအမတ္ကို သတ္ျဖတ္ဖို႔ ၫႊန္ၾကားခဲ့တာပါ ပါဝင္တယ္လို႔လည္း ဌာနက ေျပာပါတယ္။
ဒီဗြီဘီ
Unicode
ဆူလေမာနီကို ချေမှုန်းနိုင်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့နေ့မှာပဲ အီရန်စစ်တပ်ရဲ့ တပ်မှူးတဦးကို အမေရိကန်ဘက်က နှိမ်နင်းဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကို အမေရိကန်အထူးတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီ တိုက်ခိုက်မှုဟာ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းတပ်မှူး အဗ္ဗဒဲလ်ရာဇာ ရှာလိုင်ကို ပစ်မှတ်ထားခဲ့ကြောင်းနဲ့ ဒီစစ်ဆင်ရေးဟာ မအောင်မြင်ခဲ့ကြောင်း အမေရိကန် အရာရှိတွေက ပြောတယ်လို့ အိန္ဒိယ တူဒေး သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။
I
ရှာလိုင်နဲ့ သေဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ကာစင်ဆူလေမာနီတို့ နှစ်ဦးစလုံးဟာ အီရန်နိုင်ငံရဲ့ Quds တပ်ဖွဲ့ရဲ့ ခေါင်းဆောင်အပိုင်းကို ဖြိုခွင်းဖို့ ကြိုးစားတဲ့ အမေရိကန်စစ်ဆင်ရေးမှာ နှိမ်နင်းဖို့ အတည်ပြုခြင်းခံထားရတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။အီရန်နိုင်ငံရဲ့အင်အားကြီး Quds တပ်ဖွဲ့ကို အမေရိကန်ဘက်က အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားပြီး စစ်ဆင်ရေး ဘာကြောင့်မအောင်မြင်ခဲ့ရသလဲ ဆိုတာကိုတော့ ပြောဆိုခဲ့ ခြင်း မရှိပါဘူး။
ဇန်နဝါရီ ၃ ရက် ဘဂ္ဂဒက်နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာပြီး မကြာခင်မှာတင် ဗိုလ်ချုပ်ကြီး ဆူလေမာနီဟာ အမေရိကန်လေကြောင်းတိုက်ခိုက်မှုတခုကြောင့် သေဆုံးသွား ခဲ့ရပါတယ်။ထရမ့်အစိုးရဘက်က ဆူလေမာနီဟာ အမေရိကန်စစ်တပ်နဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်သံတမန်တွေကို အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်ဖို့ ဆောင်ရွက်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအနေနဲ့ သူ့ကို သုတ်သင်လိုက်ရခြင်းလို့ ပြောပါတယ်။ဒါပေမဲ့ အီရန်ဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်မှုဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှာ အီရတ်မှာရှိတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့များရဲ့ တပ်စခန်းနှစ်ခုကို ဒုံးကျည်တွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ရှာလိုင်နဲ့ အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းပေးသူကို ဒေါ်လာ ၁၅ သန်း ချီးမြှင့်မယ်လို့ အမေရိကန်ဘက်က ပြီးခဲ့တဲ့လအစောပိုင်းမှာ ဆုကြေး ထုတ်ပြန်ခဲ့ပါတယ်။
ရှာလိုင်ဟာ အမေရိကန်နဲ့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အမေရိကန်ရဲ့မဟာမိတ်တွေကို ကာလရှည် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းရှိသူဖြစ်ကာ သူဟာ အီရတ်နိုင်ငံမှာ ရှိတဲ့ မဟာမိတ်တပ်ဖွဲ့တွေ သေဆုံးခဲ့မှုများစွာကိုလည်း ကြိုးကိုင်ခဲ့သူလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ဒီလုပ်ရပ်တွေထဲမှာ ရှီးယိုက်လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ထောက်ပံ့ခဲ့တာအပြင် ၂၀၁၁ ခုနှစ် ဝါရှင်တန်မြို့မှာ ဆော်ဒီသံအမတ်ကို သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တာပါ ပါဝင်တယ်လို့လည်း ဌာနက ပြောပါတယ်။
ဒီဗွီဘီ
0 Comments