ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာ ၀ူဟန္ၿမိဳ႕ကေန ေခၚထုတ္လာတဲ့ စင္ကာပူႏိုင္ငံသား ၉၂ ေယာက္ဟာ ၾကာသပေတးေန႔ (ဇန္န၀ါရီလ ၃၀ ရက္) မွာ စင္ကာပူႏိုင္ငံ ခ်န္ဂီေလဆိပ္ကို ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ 
ျပန္ေရာက္လာၾကတဲ့ စင္ကာပူႏိုင္ငံသားေတြကုိ ခ်န္ဂီေလဆိပ္မွာ ေဆးစစ္မႈေတြ ျပဳလုပ္သြားမယ္လို႔ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန MFA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။ ၀ူဟန္ၿမိဳ႕ကေန ႏုိင္ငံသားေတြကုိ Scoot ေလေၾကာင္းနဲ႕ ေခၚထုတ္တဲ့ အစီအစဥ္ အဆင္ေျပေခ်ာေမြ႕ေစဖုိ ့အတြက္ MFA ေကာင္စစ္၀န္ရုံး အရာရွိ ေတြက လုိက္ပါေဆာင္ရြက္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ 
ဝူဟန္မွ စင္ကာပႈႏိုင္ငံကို ျပန္လည္ေရာက္ရွိလာသူေတြထဲမွာ ဖ်ားနာျခင္း သို႔မဟုတ္ အသက္ရွဴ လမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာ ရွိသူမ်ားကို ထပ္မံေဆးစစ္ရန္အတြက္ ေဆးရံုကို ေခၚေဆာင္သြား မွာျဖစ္ၿပီး ေနာက္ထပ္က်န္ရွိသူမ်ားကိုေတာ့ ၁၄ ရက္ၾကာ သီးျခားထားရွိသြားမွာ ျဖစ္တယ္လို႔ MFA မွ ဆက္လက္ေျပာၾကားခဲ့ပါတယ္။ 
Scoot ေလေၾကာင္းလုိင္း ေလယာဥ္ကို ဗုဒၶဟူးေန႔ညက စင္ကာပူႏိုင္ငံ ခ်န္ဂီေလဆိပ္ကေန တရုတ္ႏိုင္ငံ ၀ူဟန္ၿမိဳ႕ကို ေစလႊတ္ခဲ့ၿပီး ၀ူဟန္ၿမိဳ႕မွာ ရွိေနတဲ့ စင္ကာပူႏိုင္ငံသားမ်ားကို သြားေရာက္ကယ္ဆယ္ ခဲ့ျခင္း ျဖစ္ပါတယ္။ ၾကာသပေတးေန႔ညေနမွာ ေနာက္ထပ္ Scoot ေလယာဥ္တစ္စီး ၀ူဟန္ၿမိဳ႕ကို ထပ္မံ ေစလႊတ္သြားမယ္လို႔ သိရပါတယ္။ တရုတ္ႏိုင္ငံ Hubei ျပည္နယ္ကိုေျပးဆြဲတဲ့ ယင္းစရိတ္နည္း ေလေၾကာင္း လိုင္းမ်ား အားလံုးကို ဇန္န၀ါရီလ ၂၃ ရက္ေန႔ကတည္းက ပိတ္လိုက္ၿပီး မတ္လေႏွာင္းပိုင္းထိ ေျပးဆြဲသြား ေတာ့မည္မဟုတ္ဟု ခန္႔မွန္းရပါတယ္။ 
တရုတ္ႏိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ေရာဂါကူးစက္ခံရမႈ ေသဆံုးသူဦးေရ ၁၇၀ ထိ ျမင့္တက္ လာၿပီး ဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၇၇၀၀ ေက်ာ္ထိ ရွိလာၿပီျဖစ္တယ္လို႔ တရုတ္ႏိုင္ငံ အမ်ဳိးသား က်န္းမားေရး ေကာ္မစ္ရွင္က ေျပာၾကားခဲ့ပါတယ္။ မ်ားစြာေသာႏိုင္ငံမ်ားက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားေနမႈကို စိုးရိမ္ တာေၾကာင့္ ၀ူဟန္ၿမိဳ႕မွာေရာက္ရွိေနတဲ့ ၄င္းတို႔ႏိုင္ငံသားမ်ားကုိ ေခၚထုတ္ ႏိုင္ရန္အတြက္ အစီအစဥ္မ်ား ျပဳလုပ္ေနၾကပါတယ္။ 
အကုန္သိ


Unicode





ဝူဟန်မြို့မှ ခေါ်ထုတ်လာတဲ့ စင်ကာပူနိုင်ငံသား ၉၂ ဦးပါ လေယာဉ် စင်ကာပူ ချန်ဂီလေဆိပ်သို ့ ရောက်ရှိ



ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့ကနေ ခေါ်ထုတ်လာတဲ့ စင်ကာပူနိုင်ငံသား ၉၂ ယောက်ဟာ ကြာသပတေးနေ့ (ဇန်နဝါရီလ ၃၀ ရက်) မှာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

ပြန်ရောက်လာကြတဲ့ စင်ကာပူနိုင်ငံသားတွေကို ချန်ဂီလေဆိပ်မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန MFA ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ ဝူဟန်မြို့ကနေ နိုင်ငံသားတွေကို Scoot လေကြောင်းနဲ့ ခေါ်ထုတ်တဲ့ အစီအစဉ် အဆင်ပြေချောမွေ့စေဖို ့အတွက် MFA ကောင်စစ်ဝန်ရုံး အရာရှိ တွေက လိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 



ဝူဟန်မှ စင်ကာပှုနိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေထဲမှာ ဖျားနာခြင်း သို့မဟုတ် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ရှိသူများကို ထပ်မံဆေးစစ်ရန်အတွက် ဆေးရုံကို ခေါ်ဆောင်သွား မှာဖြစ်ပြီး နောက်ထပ်ကျန်ရှိသူများကိုတော့ ၁၄ ရက်ကြာ သီးခြားထားရှိသွားမှာ ဖြစ်တယ်လို့ MFA မှ ဆက်လက်ပြောကြားခဲ့ပါတယ်။ 

Scoot လေကြောင်းလိုင်း လေယာဉ်ကို ဗုဒ္ဓဟူးနေ့ညက စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကနေ တရုတ်နိုင်ငံ ဝူဟန်မြို့ကို စေလွှတ်ခဲ့ပြီး ဝူဟန်မြို့မှာ ရှိနေတဲ့ စင်ကာပူနိုင်ငံသားများကို သွားရောက်ကယ်ဆယ် ခဲ့ခြင်း ဖြစ်ပါတယ်။ ကြာသပတေးနေ့ညနေမှာ နောက်ထပ် Scoot လေယာဉ်တစ်စီး ဝူဟန်မြို့ကို ထပ်မံ စေလွှတ်သွားမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ Hubei ပြည်နယ်ကိုပြေးဆွဲတဲ့ ယင်းစရိတ်နည်း လေကြောင်း လိုင်းများ အားလုံးကို ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ပိတ်လိုက်ပြီး မတ်လနှောင်းပိုင်းထိ ပြေးဆွဲသွား တော့မည်မဟုတ်ဟု ခန့်မှန်းရပါတယ်။ 



တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရမှု သေဆုံးသူဦးရေ ၁၇၀ ထိ မြင့်တက် လာပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၇၇၀၀ ကျော်ထိ ရှိလာပြီဖြစ်တယ်လို့ တရုတ်နိုင်ငံ အမျိုးသား ကျန်းမားရေး ကော်မစ်ရှင်က ပြောကြားခဲ့ပါတယ်။ များစွာသောနိုင်ငံများက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနေမှုကို စိုးရိမ် တာကြောင့် ဝူဟန်မြို့မှာရောက်ရှိနေတဲ့ ၄င်းတို့နိုင်ငံသားများကို ခေါ်ထုတ် နိုင်ရန်အတွက် အစီအစဉ်များ ပြုလုပ်နေကြပါတယ်။ 

အကုန်သိ