မဖဲဝါ (စ-ဆံုး)
" သုသာန္ေက်ာင္းက ေမာင္ဘထစ္ "
ဒီတုန္းက တာေတက ခုႏွစ္တန္းဗ်။ၿမိဳ႕ေက်ာင္းတက္ေနတာ။က်ဳပ္တို႔အတန္းပိုင္ဆရာက ဦးထြန္းေလ။ သခ်ၤာ(၂)ဆရာဗ်။ ေဂ်ာ္မက္ထရီဆို လႊတ္ပိုင္တဲ့ ဆရာပါဗ်ာ။စည္းကမ္းက ေတာ္ေတာ္ႀကီးသားဗ်။တာေတတို႔အုပ္စုကလည္း ေမ်ာက္႐ံႈးေအာင္ ေဆာ့တဲ့ေကာင္ေတြ မဟုတ္လား။ခဏခဏ အျပစ္ေပးခံရသေပါ့ဗ်ာ။တာေတတို႔အုပ္စု ဆိုတာက တာေတရယ္၊ေအာင္သိန္းရယ္၊မ်က္ေမွးရယ္၊တက္ခါးရယ္၊ဘထစ္ရယ္ေပါ့ဗ်ာ။အဲ့ဒီထဲမွာ အေမႊဆံုးေကာင္က ဘထစ္ပဲဗ်။ေနတာက သုသာန္ေက်ာင္းမွာ။
သုသာန္ေက်ာင္းကိုယ္ေတာ္ေမြးစားထားတာဗ်။ဒါပင္မဲ့ စကားေျပာရင္ လႊတ္ထစ္ေနတဲ့ေကာင္။ဒါေၾကာင့္ တစ္ေက်ာင္းလံုးက ဒီေကာင့္ကို ဘထစ္လို႔ပဲေခၚၾကတာ။
က်ဳပ္တို႔ေခါတ္တုန္းကေတာ့ ေက်ာင္းေနဘက္သူငယ္ခ်င္းေတြၾကားမွာ အဆင့္အတန္း မခြဲၾကပါဘူးဗ်ာ။ ဘထစ္ကို ဘုန္းႀကီးေက်ာင္းသားမို႔လို႔၊သုသာန္ေက်ာင္းကေကာင္မို႔လို႔ဆိုၿပီး ဘယ္သူမွမႏိွမ့္ခ်ၾကပါဘူး။
ဘထစ္ကလည္းမေခဘူးဗ်။လူကသာ အထစ္ေနတာ။သခ်ၤာလႊတ္ေတာ္တဲ့ေကာင္ဗ်။သခ်ၤာ(၁)ဆရာ ဦးထြန္းေမာင္ေရာ၊ ဆရာ ထြန္းေရာက ဒီေကာင့္ကိုအားႀကီးခ်ီးမြန္းၾကတာ။
"ဘခ်စ္က လူေတာ္ပဲကြ "
လို႔ ဆရာေတြက ခ်ီးမြန္းတိုင္း ဒီေကာင္က....
"ဟာ-ဟာ-ဒီ-ဒီေလာက္-လည္း မ-မ-ဟုတ္-ပါ-ပါ-ဘူးဆ-ဆ-ရာ "
လို႔ ဒီေကာင္ ဘထစ္က ျပန္ေျပာေနက်ဗ်။
တစ္ခါက သူငယ္ခ်င္းေတြ ဆံုမိေတာ့ မ်က္ေမွးက ဘထစ္ကို ေျပာသဗ်။
"ေဟ့ေကာင္ ဘထစ္ မင္း စကားမထစ္ေအာင္ ေျပာႏိုင္ရင္ ငါေငြတစ္က်ပ္ေပးမယ္ "
"မင္း-မင္း-တ-တ-ကယ္-ကယ္-လား-မ်က္-မ်က္-ေမွး"
"ဟာ တကယ္ေပါ့ကြ၊ဘထစ္ရ၊ဒီေကာင္ေတြ သက္ေသရိွေနတာပဲေလ၊ကဲကြာ ငါေငြတစ္က်ပ္ကို တာေတဆီမွာ အပ္ထားမယ္ ၊ မင္း မထစ္ေအာင္ေျပာႏိုင္ရင္ တာေတဆီမွာ အပ္ထားမယ္ ၊ မင္းမထစ္ေအာင္ေျပာႏိုင္ရင္ တာေတဆီက မင္းေတာင္းယူလိုက္ ၊ မင္းထစ္သြားရင္ေတာ့ ငါ့ေငြတစ္က်ပ္ကို ငါျပန္ယူမယ္၊ ကဲ ဘယ္လိုလဲ"
"ေဟ့ ေဟ့ ေကာင္-ေကာင္-မ်က္-မ်က္-မ်က္-ေမွး-ေမွး ငါ-မင္း-မင္း-ကို စ-စကား မဟုတ္-ဟုတ္ဘူး၊သီ-သီ-ခ်င္းပါ ဆို-ျပ-ျပ-လိုက္-ဦး-မယ္ "
"ေအ မင္း တစ္ကယ္ေနာ္၊ဒီမွာ ေငြတစ္က်ပ္၊ငါ တာေတကို အပ္လိုက္ၿပီေနာ္"
"ကဲ ဘထစ္ေရ ဆိုေပေတာ့ ၊မထစ္မွ ဒီတစ္က်ပ္ရမယ္ေနာ္ ေဟ့ေကာင္ "
က်ဳပ္က ဘထစ္ကိုေငြတစ္က်ပ္ေထာင္ျပရင္း ေျပာလိုက္တယ္ဗ်။
"ကဲ ကဲ ငါ-ငါ-စ-စ ဆို-ၿပီး-ၿပီးေနာ္ "
"ေအးပါ စပါ စပါ အဆိုေတာ္ ေမာင္ဘထစ္ရာ "
ဘထစ္က ေခါင္းကေလး နည္းနည္းငဲ့လိုက္ၿပီး စဆိုတယ္ဗ်။
"ပန္းႏြယ္ကစိမ္း၊စိမ္းတယ္ ၊ စံုနံ႔သာၿမိဳင္ ရွာပံုဖြင့္ပါလို႔ ရယ္၊ ရင္နင့္ေအာင္ ခ်စ္ရွာခဲ့သူ၊ အပူတျပင္းရွာေဖြ.........."
ဟာ အာဂဘထစ္ ပဲဗ်ဳိ႕။စကားေျပာတာသာ ထစ္တာဗ်ဳိ႕၊သီခ်င္းဆိုေတာ့ တစ္ခ်က္မွကို မထစ္တာဗ်ာ။ က်ဳပ္တို႔အားလံုး အံ့ဩၿပီး ဘထစ္ကို ေငးၾကည့္ေနၾကရတာေပါ့ဗ်ာ။တြံေတးသိန္းတန္ သီခ်င္းကို အစအဆံုးကို ဟဲေတာ့တာဗ်ဳိ႕၊အံ့ပါ့ဗ်ာ၊သီခ်င္းလည္းဆံုးေရာ ဘထစ္က....
"ေဟ့ -ေဟ့ -ေကာင္ ေကာင္-တာ-တာ-ေတ-ေတ ေပး-ေပး တစ္-က်ပ္-က်ပ္"
"ဟား ဟား ဟား ဟား ဟား"
က်ဳပ္တို႔ေတြဆိုတာ ရယ္လိုက္ၾကတာဗ်ာ။ မ်က္ရည္ပါေတြ ေတာင္ထြက္က်လို႔ဗ်ဳိ႕။ေငြတစ္က်ပ္ ႐ံႈးသြားတဲ့ မ်က္ေမွး ေတာင္မွ သေဘာက်လြန္းလို႔ ရယ္လိုက္တာဗ်ာ၊မေျပာပါနဲ႔ေတာ့။
"ဘထစ္ရာ သီခ်င္းဆိုတာေတာင္ မထစ္ပဲနဲ႔ ၊စကားကိုလည္း မထစ္ေအာင္ေျပာပါလားကြာ"
"ဟာ-ဟာ မ-မ-မ-ရ-ရ- ဘူး-ကြ-ကြ"
သူငယ္ခ်င္းေတြအားလံုးထဲမွာ ဘထစ္က က်ဳပ္ကိုပိုခင္တယ္ဗ်။ က်ဳပ္ကလည္း သူဘာေတြလုပ္လုပ္ အၿမဲလိုက္တဲ့ေကာင္မို႔လို႔ထင္တယ္ဗ်။က်ဳပ္တို႔မွာ သံုးစြဲစရာ မုန္႔ဖိုးျပတ္ၿပီဆိုရင္.....
"ေဟ့-ေဟ့-ေကာင္-ေကာင္-တာ-တာ-တာ ေတ-ေတ-ဘာ-ဘာမွ -မ-မ-ပူ-ပူ နဲ႔ မ-မနက္-ျဖန္-ခါ-ခါ-ငါ-ငါ-ပိုက္-ပိုက္-ပိုက္-ဆံ-ယူ-ယူ-ခဲ့မယ္"
ေျပာတဲ့ အတိုင္းပဲ ဗ်ာ။
ေနာက္ေန႔မွာ ဘထစ္ပိုက္ဆံေစ့ေတြ ယူလာတယ္ဗ်။တစ္မက္ေစ့၊ငါးမူးေစ့၊တစ္က်ပ္ေစ့ေတြဗ်။အားလံုးေပါင္းတစ္ဆယ္ေက်ာ္တယ္။ပိုက္ဆံ ေစ့ေတြအားလံုးက မည္းေနတာပဲဗ်။
"ကဲ-ကဲ-ေဟ့-ေဟ့-ေကာင္-ေကာင္-ေတြ-ပိုက္ဆံေတြ တိုက္ၾက ကြာ"
က်ဳပ္တို႔အုပ္စုလည္း ဘထစ္ယူလာနာတဲ့ ပိုက္ဆံေစ့ေလးေတြကို သဲထဲမွာခ်ၿပီး ဖေနာင့္ေလးေတြနဲ႔ လွည့္ၿပီးပြတ္တာေပါ့ဗ်ာ။သိပ္ၿပီးမတိုက္ရဘူးဗ်။ ပိုက္ဆံေစ့ေတြ ဝင္းသြားတာပဲ၊
ဒီတုန္းက တစ္မတ္ေပးရင္ ထမင္းေၾကာ္ကို ဝက္သားဟင္းေကာင္းေကာင္းနဲ႔စားရတာဗ်။ မုန္႔ဟင္းခါးဆိုလည္း အေၾကာ္ေကာင္းေကာင္းနဲ႔ တစ္ပြဲ တစ္မတ္ပဲ။ဘထစ္ယူလာတဲ့ ပိုက္ဆံနဲ႔ ဆိုရင္ က်ဳပ္တို႔အဖြဲ႕ တစ္ပတ္ေလာက္ကေတာ့ ေအးေအးေဆးေဆးေပါ့ဗ်ာ။
ေအာင္သိန္းတို႔၊မ်က္ေမွးတို႔ကေတာ့ စားၿပီး ၿပီးၾကတာပဲဗ်။ မၿပီးတာက ေတာ့ က်ဳပ္ေပါ့ဗ်ာ။ က်ဳပ္အက်င့္ကိုက ေနရာတကာ စပ္စုခ်င္တဲ့ေကာင္ဆိုေတာ့.....
"ဘထစ္ မင္းကို ငါတစ္ခုေမးခ်င္လို႔ကြ"
က်ဳပ္က ဘထစ္ကို ေက်ာင္းကေရအိုးစင္မွာ ေရေသာက္ရင္းေမးလိုက္တယ္။
"ေမး-ေမး-ေလ-ကြာ၊တာ-တာ-ေတ-ရာ"
"မင္း အဲ့ဒီပိုက္ဆံေစ့ေတြ ဘယ္ကရလာတာလဲ ဘထစ္"
"ဟာ-မင္း-မင္း-က-က-လဲ-ဘာ-ဘာ-မ်ား-မ်ား-လဲ-လဲ-လို႔-သိ-သိ-ခ်င္-ရင္-ေက်ာင္း-ေက်ာင္း-ဆင္း-ဆင္း-ေတာ့-ငါ ငါ-နဲ႔ -လိုက္-လိုက္-ခဲ့"
တာေတဆိုတဲ့ေကာင္ကလည္း အင္မတန္စပ္စု ခ်င္တဲ့ေကာင္။တစ္ခုခုကို သိခ်င္ရင္ သိပ့္ေအာင့္ထားႏိုင္တဲ့ေကာင္မွမဟုတ္တာ၊ေက်ာင္းဆင္းေတာ့ ဘထစ္နဲ႔ လိုက္သြားတာေပါ့ဗ်ာ။
ေက်ာင္းဆင္းေတာ့ ညေနေတာင္ အေတာ္ေစာင္းေနၿပီဗ်။ က်ဳပ္ဘထစ္နဲ႔ လိုက္သြားတယ္။ၿမိဳ႕စြန္ေရာက္ေတာ့ သုသာန္ေက်ာင္းဖက္ကို သြားတဲ့လမ္းထဲ ခ်ဳိးဝင္လိုက္တယ္။ လမ္းေဘး တစ္ဖက္တစ္ခ်က္ဆီမွာ ကုကၠိဳပင္ႀကီးေတြ ညိဳ႕ေနတာပဲဗ်ာ။လူကလဲ ျပတ္ေတာ့ တိတ္ဆိတ္ေနေရာဗ်ဳိ႕။က်ဳပ္ေတာင္ စိတ္ထဲမွာ တစ္မ်ဳိးလိုလိုျဖစ္လာတယ္။ဘထစ္ကေတာ့ တစ္လမ္းလံူ အ,ထစ္၊အ,ထစ္နဲ႔ စကားေတြ မနားတမ္း ေျပာလာတာဗ်။
"တာ-တာ-ေတ-ေတ-လူ-လူ-ေတြ-ေတြ-က သခ်ၤဳႋင္းကုန္းဆို-ဆို-ရင္-ရင္ -ေၾကာက္-စ-စ-ရာ-ရာ လို႔- ထင္-ထင္-ေန-တာ-တာ-ကြ၊ တ-တ-ကယ္-ေတာ့-သခ်ၤဳႋင္း-ကုန္း-ကုန္း-ဆို-ဆို-တာ-တာ-ဘာ-ဘာ-မွ ေၾကာက္ -ေၾကာက္-စ-စ-ရာ-ရာ-မ-မ-ရိွ -ဘူး-ကြ -စိတ္-စိတ္- ဝင္-စား-စား-စ-ရာ-ေတြ -အ-အ-မ်ား-မ်ား-ႀကီး-ႀကီး-ပဲ-ကြ"
"ဟုတ္လားကြ၊ ဘထစ္ရ ၊ဘာေတြမ်ား စိတ္ဝင္စားစရာေတြ ရိွလို႔တံုး"
"ဟာ-ဟာ-တာ-တာ-ေတကလည္း-ရိွ-ရိွ-တာ-တာ-ေပါ့-ေပါ့ကြ -တစ္-ခါ-ခါ ဆို ေအာက္-ေအာက္-လမ္း-လမ္း-ဆ-ဆ-ရာ-ေတြ -လာ-ၿပီး ၊ အ-အ-စီ-အ-အ-ရင္-ေတြ-လုပ္-လုက္တာ-ည-ည-ဘက္-ႀကီး-ႀကီး ကြ-တစ္ခ်ဳိ႕-ဆို-ဆို-ရင္-ရင္ မ မ-ဖဲဝါ -လိုက္-လိုက္-လို႔-လို႔-ေျပး-ေျပး-ရ-ရတယ္-ကြ"
"ေဟ မဖဲဝါ ဟုတ္လား ဘထသ္၊မဖဲဝါဆိုတာ တစ္ကယ္ရိွလို႔လား ကြ"
"ရိွ-ရိွ -တာ- တာ-ေပါ့-ကြ၊ မ-ဖဲ-ဝါ-ဝါ -က-ငါ-ငါ-နဲ႔-ခင္-ခင္ ခင္တယ္-ကြ"
"ဟာ မဖဲ ဝါက မင္းနဲ႔ ခက္တယ္ ဟုတ္လား ဘထစ္၊ မင္းကြာ၊ ေပါက္ကရ သိပ္ေျပာတဲ့ေကာင္ပဲ"
"တ တ ကယ္ ေျပာ ေျပာ တာ တာ ကြ "
"ဒါဆိုရင္ မင္းက မဖဲဝါကို ျမင္ဖူးတာေပါ့ ဟုတ္လား ဘထစ္"
"ေအး"
"ကဲ ေျပာ စမ္းကြာ၊ မဖဲဝါပံုစံက ဘယ္လိုတံုး"
"အ အ ရပ္ အ အ ရွည္ ႀကီး ႀကီးကြ၊ ဆယ္ ဆယ္ ေပ ေလာက္ ရိွ ရိွ တယ္၊ ဆံ ဆံ ပင္ ဖား လ်ား ႀကီး ခ် ခ် ထား ထားတာ မ်က္ မ်က္ လံုး အ အ ႀကီး ႀကီး ပဲ ျပဴ ျပဴ ႀကီး ထ ထဘီ အ အ နက္ အ က်ၤႌ အ အ နက္ ဝတ္ ဝတ္ တယ္ သခ်ၤဳႋင္း ေတြ ေတြ ကို သူ သူ ပိုင္ ပိုင္ တာ တာ ကြ"
"ေဟ ဟုတ္လား၊မင္း ဒါေတြ ဘယ္လို သိတာတံုး "
"ငါ့ ငါ့ ဆ ရာ ရာ ေတာ္ ေျပာ ေျပာ တာ ကြ၊ ဆ ဆ ရာ ေတာ္ ေတာ္ လည္း မ မ ဖဲ ဝါ ကို သိ သိ တယ္ "
"ဪ ဒီလိုကိုး၊ မင္း မဖဲ ဝါ ႀကီးကို ေတြ႕ ေတာ့ မေၾကာက္ဘူးလား ကြ၊"
"တာ တာ ေတက ကလည္း မ မ ေၾကာက္ ေၾကာက္ ဘဲ ေန ေန မ လား ကြ ၊ ေၾကာက္ ေၾကာက္ တာ ေပါ့။ ဒါ ဒါ ပင္ မဲ့ မဲ့ ခ ဏ ခဏ ခ ခဏ ေတြ႕ ေတာ့ မ မ ေၾကာက္ ေတာ့ ေတာ့ဘူး ေပါ့ ေပါ့ကြ "
ဘထစ္နဲ႔ လိုက္လာမိတာ မွာၿပီလားလို႔ က်ဳပ္ေတြးလိုက္မိတယ္ ဗ်။လိုက္လာၿပီးမွ ေတာ့ မထူးပါဘူးလို႔ပဲ ေတြးလိုက္ရတာေပါ့ဗ်ာ။ က်ဳပ္တို႔ႏွစ္ေယာက္ ေလွ်ာက္ရင္းနဲ႔ ကုကၠိဳပင္လမ္းဆံုးကာနီးမွာ သခ်ၤဳႋင္းဇရပ္ျဖဴျဖဴႀကီးကို ေတြ႕လိုက္ရတယ္ဗ်။ဇရပ္မေရာက္ ခင္မွာ သုသာန္ေက်ာင္းဗ်။ ဘထစ္က ေက်ာင္းေပၚတက္ၿပီး သူတို႔ေက်ာင္းသားကေလး သံုးေယာက္ေနတဲ့ အခန္းထဲကို သြား ၿပီးလြယ္အ္တ္ထားတယ္။ေက်ာင္းထဲမွာ ဦးပဥၨင္းတစ္ပါးနဲ႔ ကိုရင္ ႏွစ္ပါးေတြ႕တယ္။ဘထစ္က ဦပဥၨင္းတစ္ပါးကို ေမးတယ္ဗ်။
"ဦးပဥၨင္း ဆ ဆ ရာ ေတာ္ ဘယ္ ဘယ္ ႂကြ သြား တံုး"
"ဟိုဘက္လမ္းက ဦးျပဴးတို႔အိမ္ႂကြ သြားတယ္၊ဦးျပဴးမိန္းမ ေနမေကာင္းလို႔ ၊သတင္းေမးရင္း ပရိတ္လည္း ရြတ္ရင္း ေပါ့ကြာ"
"တင္ တင္ ပါ့ ဘုရား၊ကဲ တာ တာ တာ ေတ လာ သြား သြား ၾက မယ္ "
ေျပာေျပာဆိုဆိုနဲ႔ ဘထစ္က ေက်ာင္းေပၚကေန အေျပးဆင္းသြားတယ္။ က်ဳပ္လည္း သူ႕ေနာက္ကို လိုက္ရတာေပါ့။
ဘထစ္က အုတ္ဂူေတြဘက္ကို မသြားဘူးဗ်။အေလာင္း ေတြ က်င္းတူးၿပီးျမႇဳပ္တဲ့ဘက္ကိုသြာတာ။က်ဳပ္ကလည္း သူ႕ေနာက္က လိုက္ရတာေပါ့ဗ်ာ။တစ္ေနရာ ေရာက္ေတာ့ ဘထသ္က ရပ္လိုက္ၿပီး က်ဳပ္ကို ေျပာတယ္။
"ဒီေနရာေတြမွာ အေလာင္းေတြ ျမႇဳပ္တာ ထပ္လာေတာ့ ေအာက္ကျမႇဳပ္ထားတဲ့ အ႐ိုးေတြ ေဖာ္ပစ္ရတာေပါ့ကြာ၊အဲ့ဒီလို ေဖာ္ပစ္တဲ့ ေခါင္းခြံေတြထဲမွာ လူတို႔ ကူးတို႔ခ ထည့္ေပးလိုက္တဲ့ ပိုက္ဆံေစ့ေတြ ရိွေနတာေပါ့ကြ"
အခု က်ဳပ္ျပန္ေျပာျပ သလိုေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။သူခါတိုင္းေျပာသလို အ,ထစ္ အ,ထစ္ နဲ႔ေျပာတာေပါ့။
"ေဟ ဒါဆိုရင္ မင္းယူလာတဲ့ ပိုက္ဆံေစ့ေတြက ကူးတို႔ခ ပိုက္ဆံေတြေပါ့ ဟုတ္လား"
"ေအး ေအး ေလ ဘာ ဘာ ျဖစ္ တံုး ၊ ပိုက္ ပိုက္ဆံ က ပိုက္ ပိုက္ ဆံ ပဲ ေပါ့ ေပါ့ ကြ"
"ေအ ဟုတ္ေတာ့ ဟုတ္ပါတယ္ေလ "
ဘထစ္က ေျပာေျပာဆိုဆို ေျမပံုေတြ ၾကားထဲ ေလွ်ာက္သြားၿပီး ေခါင္းခြံေတြ လိုက္ရွာေနတယ္ဗ်။
" မင္း မင္း မ မ လိုက္ လိုက္ နဲ႔ ၊ဒီ ဒီ မွာ ေန သံ သံ စူး စူးမယ္၊ ဒီ သံ သံ ေတြ ေတြ က စူး စူး ရင္ အ အ ဆိပ္ျပင္း ျပင္း တယ္ ကြ"
"ေအး ေအးငါမလိုက္ေတာ့ဘူး ဒီကပဲ မင္းကို ၾကည့္ေနမယ္"
ဘထစ္က ေတာ္ေတာ္ ကြၽမ္းက်င္ပံုရတယ္ဗ်ဳိ႕။ေျမပံုေတြၾကားထဲမွာ လွစ္ကနဲ လွစ္ကနဲ ေနတာပဲ ဗ်ာ။ဦးေခါင္းခြံ ကိုဆက္ကနဲ ကုန္းေကာက္လိုက္ ေခါက္ၾကည့္လိုက္၊ ၿပီးရင္ အထဲကပိုက္ဆံေစ့ကို ေခါက္ထုတ္၊မရရင္ တုတ္ေခ်ာင္းကေလးနဲ႔ ထိုးထုတ္တာဗ်။အ႐ိုးေခါင္းေတြကို ေကာက္ယူလိုက္ အုန္းသီးေခါက္သလို ေခါက္လိုက္ အထဲကပိုက္ဆံကို ႏိႈက္ယူလိုက္နဲ႔ တစ္ေယာက္တည္း အလုပ္ေတြ ႐ႈပ္ေနလိုက္တာဗ်ာ။ခဏေနေတာ့ ဘထစ္ျပန္လာတယ္။ လက္ဝါးထဲမွာ ပိုက္ဆံေစ့ေတြ ဆုပ္ထားတယ္ဗ်။ငါးမူးေစ့ေလးေတြ ငါေစ့ ေျခာက္ေစ့ေလာက္ေတာ့ ရိွမယ္ဗ်။
"ကဲ တာ တာ တာ ေတ ေတြ႕ ေတြ႕ ၿပီး လား ငါ ငါ ပိုက္ ဆံ ဆံ ဘယ္ လို လို ရ ရ တယ္ ဆို ဆို တာ ျမင္ ျမင္ ၿပီ မ ဟုတ္ဟုတ္ လား"
"ေအ ျမင္ပါၿပီကြာ၊ ျမင္ပါၿပီ၊ ဒါထက္ မဖဲဝါ ရိွသလားကြ ဘထစ္ရ"
"မ မ ေတြ႕ ေတြ႕ တာ ၾကာ ၾကာ ၿပီ ကြ၊ သူ သူ မရိွ ရိွ ရင္ ဒီ သခ်ၤဳႋင္းကို ကို သ သ ဘက္ ႀကီး တစ္ တစ္ ေကာင္ ကို အ အ ေစာင့္ ထား ထား တယ္ ကြ၊ နား နား ရြက္ အ အႀကီး ႀကီး တဲ့ ကြ ငါ ငါ ေတာ့ မ မ ျမင္ ဖူး ဘူး၊ ျမင္ ျမင္ ဖူး တဲ့ တဲ့ လူ လူ ေတြ ရိွ ရိွ တယ္"
" ဟာ ဟုတ္လား ကြ၊ ဘထစ္ရ သူတို႔က ဒီသခ်ၤဳႋင္းကုန္းမွာ ဘာကို ေစာင့္ေနတာတံုးကြ ဘထစ္ရ"
" တာ တာ ေတ ရ ေမွာ္ ေမွာ္ ဆ ဆ ရာ ေတြ၊ ေအာက္ ေအာက္လမ္း ဆ ဆရာ ေတြ က သ သခ်ၤဳႋင္း ထဲ ထဲ မွာ မ မ ဟုတ္ တာ တာ ေတြ လာ လာ ၿပီး စီ ရင္ ရင္ ၾက တာ ကြ၊ ေျခာက္ ေျခာက္ လွန္႔ ထုတ္ ထုတ္ ရ ရ တယ္၊ မ မ ရ ရင္ အ အ အ ေသ သတ္ သတ္ ပစ္ ရ တာ တာ ကြ "
"ေဟ ဟုတ္လား၊ဒီ သခ်ၤဳႋင္းထဲမွာ ေအာက္လမ္းဆရာ ေတြ ေသဖူးသလားကြ "
" ေဟာ ေသ ေသ တာ ေပါ့ ေပါ့ ကြ၊ တစ္ ႏွစ္ ႏွစ္ ကို သံုး သံုး ေယာက္ ေလာက္ ေလာက္ ေသ တယ္ ကြ "
"ဟင္ ဟုတ္လားကြ ဘထစ္ရ၊ ဪ မင္းေျပာတာ ဟုတ္တာပဲ ကြ၊ သခ်ၤဳႋင္း ကုန္းဆိုတာ စိတ္ဝင္စားစရာ ေတြ ရိွေနတာပဲ "
က်ဳပ္ဘထစ္ ဆီက ျပန္လာေတာ့ တစ္လမ္းလံုး ေတြးလာ တာေပါ့ဗ်ာ။မနက္က ကူးတို႔ခ ပိုက္ဆံေတြနဲ႔ ဝယ္စားထားတဲ့ ဝက္သားဟင္းနဲ႔ ထမင္းေၾကာ္ကို သတိရၿပီး ရင္ထဲမွာ ပ်ဳိ႕သလိုေတာင္ ျဖစ္သြားတယ္ဗ်ဳိ႕။က်ဳပ္မ်က္စိထဲမွာေတာ့ အ႐ိုးေခါင္းေတြ ေကာက္လိုက္၊ေခါက္ၾကည့္လိုက္ လုပ္ေနတဲ့ေမာင္ဘထစ္ကို ျမင္ေနေတာ့တာဗ်။ဒီ အေၾကာင္းကိုက်န္တဲ့ အေကာင္ေတြကို ျပန္ေျပာျပသင့္ မျပသင့္ေတြးမိတယ္။ ဒါပင္မဲ့ ဘထစ္ရဲ႕ သူငယ္ခ်င္းေတြကို ေကြၽးေမြးခ်င္တဲ့ ေစသနာကို ေတြးမိၿပီး က်ဳပ္ဘယ္ေတာ့မွ မေျပာဘူးလို႔ ဆံုးျဖတ္လိုက္တယ္ဗ်။ တစ္ကယ္လည္း မေျပာခဲ့ပါဘူးဗ်ာ။
"ငါေတာ့ မင္းကို ေတာ္ေတာ္ ကို အံ့ဩသြားတာပဲကြာ၊မင္း အရြယ္ေလးနဲ႔ ဒါေတြကို သိေန တတ္ေနတာကို ငါအံ့ ဩတာကြ"
"တာ တာ ေတ မင္း မင္း တို႔ မသိ သိ တာ အ အ မ်ား ႀကီး ရိွ ရိွ တယ္ ကြ"
"အမယ္ ဘာေတြမ်ား ရိွလို႔လဲကြ"
"မင္း မင္း တို႔ လူ လူ ကို ဟား ဟား တိုက္တာ ျမင္ ျမင္ ဖူ သ သလား ကြ"
"ဘာကြ ၊ ဟားတိုက္တာ ဟုတ္လား၊ ငါျဖင့္ ၾကားေတာင္ မၾကားဖူးဘူး၊ ဟားတိုက္တယ္ဆိုတာ ရယ္တာပဲ မဟုတ္လား"
"ဟား ဟား ဟား ဟား "
ဘထစ္က က်ဳပ္စကားၾကားေတာ့ ေအာ္ရယ္တယ္၊ဒီေကာင္က ရယ္တာက်ေတာ့ မထစ္ဘူးဗ်။
" ဟာ ဟာ တိုက္ တာ တာ ရယ္ ရယ္ တာ တာ မဟုတ္ ဟုတ္ ဘူး ကြ၊ လူ လူ ကို ပက္ ပက္ လက္ လွန္ လွန္ အိပ္ ခိုင္း ခိုင္း ၿပီး လက္ညိႇဳး နဲ႔ နဲ႔ မ မ လိုက္တာ ေလ ေလ ထဲ မွာ ေျမာက္ ေျမာက္ သြား တာ တာ ကြ၊ လူ လူ က ေပါ့ ေပါ့ က က ေလး ျဖစ္ ျဖစ္ သြား တာ "
"ေဟ ဟုတ္လားကြ၊ ငါေတာ့ ၾကားေတာင္ မၾကားဖူးပါဘူး ကြာ ဒါေတြ မင္းဘယ္က တတ္တာတံုး "
က်ဳပ္က တစ္ကယ္ကို အံ့ဩၿပီး ေမးမိတာ ဗ်။ဘထစ္က က်ုပ္ကို လွည့္ၾကည့္ၿပီး ၿပံဳးေနတယ္။
"အဲ့ အဲ့ ဒါေၾကာင့္ မင္း မင္း တို႔ မ သိ သိ တာ အ မ်ား မ်ား ႀကီး ရိွ ရိွ တယ္ တယ္ လို႔ ေျပာ ေျပာ တာ ေပါ့ ၊ ဒီ ပ ညာ ညာ ကို သခ်ၤဳႋင္း ဇ ဇ ရပ္ မွာ အ အ စီ အ ရင္ လာ လာ လုပ္ တဲ့ ေအာက္ ေအာက္ လမ္း ဆ ရာ သာ သာ ဂ ရ သင္ သင္ ေပး သြား သြား တာ ကြ"
"မင္း ငါ့ကို လုပ္ျပမလား၊ ငါ အဲ့ဒါကို ေတာ္ေတာ္စိတ္ဝင္စား တယ္ ကြ"
က်ဳပ္က ဘထစ္ကို သူေျပာတဲ့ ဟားတိုက္တယ္ဆိုတာလုပ္ျပဖို႔ ေျပာေရာ ဗ်။
"ေအ ေအ ပါ တစ္ တစ္ ရက္ ေလာက္ ေတာ့ ငါ ငါ လုပ္ ျပ ျပ ပါ ပါမယ္ "
က်ဳပ္က သူေျပာတာကို ေသ ေသခ်ာခ်ာ ေတြမိေနတာဗ်။
"လူကို လက္ညိႇဳးနဲ႔ မ,ရင္ လူကေပါ့ၿပီး ေလထဲကို ေျမာက္တက္သြားမယ္ ဟုတ္လား"
"ဟုတ္ ဟုတ္ ပါ ပါ တယ္ ဆို ဆို မွ ကြာ"
"ဒါ ဆိုရင္ မင္းဘယ္ေတာ့ လုပ္ျပမွာတံုး"
" အ အ ေျခ အ အ ေန ေပး ေပး တဲ့ ေန႔ ေန႔ ေပါ့ ကြာ၊ လူ ရွာ ရွာ ရ ရ အံုး မွာ ကြ"
"လူ ရွာရမယ္၊ ဟုတ္လား၊ ဘာလုပ္ဖို႔တုန္း "
" ခုႏွစ္ ေန႔ ေန႔ ၊ ခုႏွစ္ နံ နံ စံု စံု မွ ရ ရ တာ တာ ကြ"
"ေဟ ဟုတ္လား၊ ခုႏွစ္ရက္ သားသမီးစံုမွ ရမွာေပါ့ ဟုတ္လား ဘထစ္"
"ေအ ေအ ဟုတ္ ဟုတ္ တယ္ ကြ"
ဟားတိုက္တဲ့ ကိစၥက ဒီမွာ စကားျပတ္သြားေရာဗ်။
ေနာက္ေတာ့ ေက်ာင္းကပြဲ ကနီးနီးလာတဲ့ အခါ ယိမ္းေခါင္းေဆာင္ ေအာင္သိန္းက တစ္ပတ္ကို တစ္ည ေက်ာင္းမွာ အိပ္ၿပီး ညဥ့္နက္တဲ့ အထိ ယိမ္းတိုက္ဖို႔ ေျပာသဗ်။ အားလံုးက သေဘာတူတယ္။ဆရာေတြ ေရာ၊ မိဘေတြက ပါ သေဘာတူၾကတယ္ဗ်။ ဘထစ္ ဘုန္ႀကီးက လည္း ခြင့္ေပးတယ္။
က်ဳပ္တို႔ အဖြဲ႕ ည ၁၁နာရီ အထိ ယိမ္းတိုက္ၾကတယ္။ၿပီးမွ ေက်ာင္းေဆာင္ႀကီး အေပၚထပ္မွာ ေစာင္ေလးၿခံဳၿပီး ေကြးၾကတာေပါ့ဗ်ာ။ ဒီမွာတင္ ဘထစ္က က်ဳပ္ကိုေမးေတာ့တာပဲ ဗ်။
"တာ တာ ေတ မင္း ကို ငါ ငါ ေျပာ ထား တဲ့ ကိစၥ လုပ္ လုပ္ ရင္ ရ ၿပီး ၿပီး ကြ"
"ေဟ ဘာ ကိစၥတံုးကြ ဘထစ္ရ"
" ဟာ တာ တာ ေတ က လည္း ေမ့ ေမ့ သြား သြား ၿပီ ထင္ ထင္ တယ္"
"ေအးပါ ဘထစ္ရာ၊ငါ့ကို ေျပာပါအံုးကြ။ ဘာကိစၥတံုးဆိုတာ"
"ဘာ ဘာ ကိစၥ ရ ရ မွာ လဲ လဲ ၊ ဟား ဟား တိုက္ တိုက္ တာ၊ တာ ေလ မင္း မင္း ၾကည့္ ၾကည့္ ျခင္ လို႔ လို႔ ဆို "
" ဟာ ဟုတ္သားပဲ ကြာ၊ ငါေမ့ေနတာ ကြ ၊ ေအမင္းအဲ့ဒါလုပ္လို႔ရမလား၊ ခုႏွစ္ ရက္သားစံုမွ ရတယ္ဆို "
"ငါ ငါ ေမး ၾကည့္ ၾကည့္ ၿပီး ၿပီ ၊ တို႔ အ အထဲ မွာ ခု ခုႏွစ္ ရက္ ရက္ စံု စံု တယ္ကြ"
"ဟာ ဒါဆို လုပ္ကြာ ဘထစ္၊ ငါၾကည့္ခ်င္တယ္ကြ"
"ေအး ေအး ပါ ငါ ငါ လုပ္ ျပ ျပ ပါ့မယ္ ၊ မင္း မင္း ဒီ ေကာင္ေတြ ေတြ ကို ေျပာ ေျပာ ထား လိုက္ "
"ေအး ေအး စိတ္ခ်၊ ဘထစ္ ဒီေကာင္ေတြ စိတ္ဝင္စားသြားေအာင္ ငါေျပာျပမယ္. ဟား ဟား ဟား ဟား ဆရာႀကီး ဘထစ္ရဲ႕ အစြမ္းကို ေတြ႕ရေတာ့မွာ ေပါ့ကြာ "
ေနာက္ေန႔ကစၿပီး က်ဳပ္က ယိမ္းအဖြဲ႕ ကေကာင္ေတြကို တျဖည္းျဖည္းေျပာျပၿပီး စည္း႐ံုးတာေပါ့ဗ်ာ။ဒီေကာင္ေတြ စိတ္ဝင္စားေအာင္ အမ်ဳိးမ်ဳိး ေျပာျပတာေပါ့ဗ်ာ။
"ကဲ ဘထစ္ေရ ၊ငါ့တာဝန္ေတာ့ ၿပီးၿပီေနာ္၊ မင္းတာဝန္ပဲ ရိွေတာ့တယ္"
"ေအးပါ၊ ဒီ တစ္ ပတ္ ပတ္ ေက်ာင္း ေက်ာင္း မွာ ည ည အိပ္ ရင္ ငါ ငါ လုပ္ ျပ ျပ မယ္"
က်ဳပ္က ဘာမဆိုစပ္စုခ်င္တဲ့ ေကာင္ဆိုေတာ့ အရမ္းကို ေပ်ာ္ေနတာဗ်။အဲ့ဒီည ျမန္ျမန္ေရာက္ပါေစလို႔ေတာင္ ဆုေတာင္းေနတာဗ်။
ဒီလိုနဲ႔ ညအိပ္ရမယ့္ေနကို ေရာက္ၿပီဗ်ဳိ႕။
ဘထစ္က လိုတဲ့ပစၥည္းကေလးေတြ ဝယ္တယ္ဗ်။
တစ္ျခားေတာ့ မဟုတ္ပါဘူးဗ်ာ။အေမြးတိုင္ ဖေယာင္းတိုင္ လက္ဖက္ဗ်။
အဲ့ဒီညေရာက္ေတာ့ ည၁၀ နာရီ ေလာက္မွာ ေဗြးထုတ္ ယိမ္းတိုက္တာ ၿပီးေရာဗ်။ ဒီမွာတင္ ဘထစ္ အလုပ္စေတာ့တာေပါ့ဗ်ာ။
ဘထစ္ခိုင္းတဲ့ အတိုင္း က်ဳပ္တို႔က လုပ္ေပးရတာေပါ့ဗ်ာ။ စားပြဲႀကီး တစ္လံုးကို အခန္းလယ္ေရြ႕ၾကတယ္။ၿပီးေတာ့ လူေကာင္ ခပ္ေသးေသး မ်က္ေမွးကို စားပြဲ ေပၚမွာပက္လက္ အိပ္ခိုင္းတယ္ဗ်။ ၿပီးေတာ့ ေခါင္းတည့္တည့္မွာ ခံုတစ္လံုးခ်ၿပီး အေမႊးတိုင္၊ဖေယာင္းတိုင္ထြန္း လက္ဖက္ပြဲ တင္လိုက္တယ္။
ၿပီးေတာ့ တနဂၤေႏြ သားေအာင္သိန္း၊ တနလၤာသား ခ်စ္ေသာင္း၊အဂၤ ါသား စံပ ၊ ဗုဒၶဟူးသား ရန္ပိုင္၊ၾကာသပေတးသား ၿမိဳ႕သား၊ ေသာၾကာသား ေသာင္းေဖ၊ စေနသား တက္ခါး ၊ အစဥ္အတိုင္း ေနရာခ်လိုက္တယ္ဗ်။က်န္တဲ့ လူေတြက ေဘးကပဲ ဝိုင္းၾကည့္ေနတာဗ်။ ဘထစ္ကေတာ့ ဆရာ ႀကီးေပါ့ဗ်ာ။
"ကဲ နား နား ေထာင္ မင္းတို႔ရဲ႕ လက္ လက္ ညိႇဳး ညိႇဳး ႏွစ္ ေခ်ာင္း ေခ်ာင္း ငို မ်က္ ေမွး ေမွး ရဲ႕ ေက်ာ ေက်ာ ကုန္း ကုန္း ေအာက္ ေအာက္ ကို ထိုး ထိုး သြင္း သြင္း ထား ၾက ၊ ၿပီး ၿပီး ရင္ တနဂၤေႏြ သား သား က စၿပီး ေဟာ ေဟာ ဒီ လို ေခါင္း ငံု႔ ငံု႔ ၿပီး ဟား လို႔ ေခါင္း က စ စ ၿပီး ေအာက္ ေအာက္ ဘက္ ကို ကို လုပ္ လုပ္ လိုက္ ၊ သူဆံုး ဆံုး သြားတဲ့ ေန ေန ရာ က တနၤလာ သား သား ကဆက္ ၿပီး ဟား လို ့ လုပ္ လုပ္ ေျခ ေျခ ေထာက္ ဘက္ ဘက္ ကို လုပ္ လုပ္ သြား ၿပီး ၿပီး ရင္ အဂၤ ါသား၊ ၿပီး ၿပီး ရင္ ဗုဒၶဟူး ဟူး၊ ၾကာ ၾကာ သာ ပ ေတး ေတး ၊ ေသာ ေသာ ၾကာ ၊ စ စ ေန၊ အဲ အဲ လို ဆက္ ဆက္ လုပ္ အဆက္ မ မ ျပတ္ ရ ရ ဘူး၊ ခု ႏွစ္ ပတ္ ပတ္ တိ တိ လုပ္ လုပ္ ရမယ္။"
"ဟုတ္ၿပီ၊ ဟုတ္ၿပီး ငါတို႔သိၿပီ ၊ကဲ စမယ္၊"
လို႔ေအာင္သိန္းက ေျပာၿပီး မ်က္ေမွး ရဲ႕ ေခါင္းနားကပ္ၿပီး ဟား လို႔ ပါစပ္ဟ ၿပီး လုပ္တယ္။ၿပီးေတာ့ ခ်စ္ေသာင္း ၿပီးေတာ့ စံပ ၊ ၿပီးေတာ့ ရန္ပိုင္ ၊ၿပီးေတာ့ ၿမိဳ႕သား၊ ၿပီးေတာ့ ေသာင္းေဖ ၊ၿပီးေတာ့ တက္ခါး။"
"ဟုတ္ ဟုတ္ ၿပီး တစ္ ပါတ္"
ေအာင္သိန္းက ျပန္စတယ္၊ ၿပီးေတာ့ အစဥ္ အတိုင္း ၊
"ဟုတ္ ဟုတ္ ၿပီ၊ ႏွစ္ပါတ္ "
ေအာင္သိန္းက ျပန္စတယ္
" သံုးပါတ္"
"ေလးပါတ္"
"ငါး ပါတ္"
"ေျခာက္ ပါတ္"
"ခုႏွစ္ ပါတ္ "
" ဟုတ္ ဟုတ္ ၿပီ၊ မ မလက္ လက္ ညိႇဳး နဲ႔ မ ဟုတ္ ဟုတ္ ၿပီ"
ဟာ မ်က္ေမွးက အိပ္ေပ်ာ္သြားၿပီ စန္႔စန္႔ႀကီး ျဖစ္ေနတာ ဗ်ဳိ႕ ေတာင့္ေတာင့္ ႀကီး ျဖစ္ၿပီး ေလထဲကို ႂကြ လာတယ္။ဟိုေကာင္ေတြက သူတို႔ ရင္ဘတ္ တည့္တည့္ ေလာက္ အထိ မထားၾကတယ္။
" ျဖည္း ျဖည္း ျပန္ ခ် ခ် "
ဘထစ္က ၫြန္ၾကားေနတာ ဗ်ဳိ႕။ ဘထစ္ ခိုင္းတဲ့ အတိုင္း လိုက္လုပ္ ၾကတာေပါ့ဗ်ာ။ က်ဳပ္ျဖင့္ အံ့ဩလိုက္တာဗ်ာ။ မ်က္ေမွးက ေလထဲမွာ ေပါ့ေပါ့ပါးပါးနဲ႔ ေပါေလာေပၚေနသလို ပံုစံ ဗ်။
" ျပန္ ျပန္ ျပန္ မ "
ေဟာ ေနာက္ တစ္ခါ မၾကျပန္ၿပီ ဗ်။ ေျမာက္လာတာပဲ။
" ခ် ခ် ျဖည္း ျဖည္း ျပန္ ခ်"
"ဟုတ္ ဟုတ္ ၿပီး ျပန္ ျပန္ မ မ"
ဒါဆိုရင္ သံုး ႀကိမ္ေျမာက္ မတာပဲ ဗ်။မ်က္ေမွး ကေတာ့ ဘာမွ သိပံု မရဘူးဗ်။ေတာင့္ေတာင့္ႀကီးျဖစ္ေနတာ။
"ခ် ခ် ျဖည္း ျဖည္း ခ် ခ် "
ဘထစ္က ဆက္ၿပီးၫြန္ၾကားေနတယ္။
" ဟာ "
က်ဳပ္ေရာ က်န္တဲ့ လူေတြ အားလံုးဆီက ထြက္လာတဲ့ အသံ ဗ်။ အားလံုးအံ့ ဩသြားၾကတယ္။ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီတစ္ခါ ျပန္အခ်မွာ မ်က္ေမွးက လံုးဝ ျပန္မက်ေတာ့ဘဲ ေလထဲမွာ ေျမာက္က်န္ရစ္ခဲ့တာ ဗ်။
အားလံုး လန္႔ဖ်တ္ကုန္တာေပါ့ဗ်ာ။
ဘထစ္ကို အားလံုး ဝိုင္းၾကည့္ေနၾကတာေပါ့။ဘထစ္လဲ ဘာလုပ္ရမွန္းမသိေတာ့ဘူးဗ်။
" ေဟ့ေကာင္ေတြ မ်က္ေမွးကို ေအာက္ကိုဆြဲခ် ၾကကြာ"
ေအာင္သိန္းက ေျပာလိုက္ေတာ့ ေစာေစာက ဟား တိုက္တဲ့ ခုႏွစ္ေယာက္က ေအာက္ဆြဲ ခ်ၾကတာ နည္းနည္းမွ ကို ဆြဲခ်လို႔ မရတာဗ်ဳိ႕။
အဲ့ဒီတုန္းမွာပဲ ၾကည့္ေနတဲ့ အထဲက ျမင့္ဦးဆိုတဲ့ေကာင္ က "ဟီး " ကနဲ ထငိုပါေရာ။
"ဟာ ဘာျဖစ္တာ တုန္း"
လို႔ က်ဳပ္က ေအာ္ေျပာလိုက္တယ္။က်ဳပ္စကားေတာင္မဆံုးေသးဘူးဗ်ာ။ ေနာက္တစ္ေယာက္ ထပ္ငိုတယ္။တစ္ ေယာက္ၿပီးတစ္ေယာက္ ငိုလိုက္ၾကတာ ခုႏွစ္ေယာက္ေတာင္ ဗ်။
" ဟာ ဒါ ခု ခု ႏွစ္ စဥ္ တိုက္ တိုက္ တာ ကြ "
ဘထစ္ကေျပာတယ္။ဒါ ခုႏွစ္စဥ္တိုက္တာတဲ့ ။က်ဳပ္တို႔ က သူေျပာတဲ့ ခုႏွစ္စဥ္တိုက္တာ ကို ၾကားေတာင္ မၾကားဖူးပါဘူးဗ်ာ။
" ဒါဆို ဘယ္လို လုပ္မလဲ ဘထစ္ ၊ေတာ္ၾကာ မ်က္ေမွး ေသသြားအံုးမယ္"
မ်က္ေမွးကေတာ့ ေလထဲမွာ စန္႔စန္႔ႀကီး ဗ်။
" ရ ရ တယ္၊ ငါ ငါ မ မ ဖဲ ဝါ ဝါ ကို ေခၚ ေခၚ မယ္ မင္း မင္း တို႔ မ်က္ မ်က္ စိ မိွတ္ မိွတ္ ထား ၾက မ မ ၾကည့္ ၾကည့္ နဲ႔ "
ေျပာ ေျပာဆိုဆို နဲ႔ ဘထစ္က တံခါးေပါက္ နားသြားၿပီး အ,ထစ္ အ,ထစ္နဲ႔ ေျပာတယ္ ဗ်။
" မ မ ဖဲ ဝါ အ အ ခု ခ်က္ ခ်က္ ခ်င္း က်ဳပ္ ဆီ ဆီ ကို လာ လာ ပါ၊ က်ဳပ္ ကို ကူ ကူ ညီ ပါ၊ က်ဳပ္ က်ဳပ္ က ဘ ဘ ခ်စ္ ခ်စ္ ပါ "
အားလံုး မ်က္လံုးမိွတ္ၿပီး ေခါင္းေတြ ငံု႔ထားတယ္။ ငိုတဲ့ အေကာင္ေတြက ငိုလို႔ေပါ့ဗ်ာ
က်ဳပ္ကေတာ့ အင္မတန္စပ္စုတဲ့ အေကာင္မို႔လား၊ မ်က္စိ ပိတ္မယ့္အစား မိက္ေတာင္မခတ္ပဲ ၾကည့္ေနတာေပါ့ဗ်ာ။
" ဟာ "
တံခါ ေပါက္ကေန ဝင္လာတာဗ်ဳိ႕ ။ျဖဴျဖဴ ႀကီးဗ်။သဲသဲ ကြဲကြဲ ေတာ့ က်ဳပ္ မျမင္ရဘူး။ လူပံုစံ ပဲဗ်။အရပ္ဆယ္ေပေလာက္ ရိွမယ္ထင္တယ္။လက္ႏွစ္ဖက္ ေရွ႕ကိုတန္းၿပီးေလထဲမွာ ရမ္းလိုက္တယ္ ဗ်ဳိ႕။
"ေဟာ "
ေလထဲ ေျမာက္ေနတဲ့ မ်က္ေမွးလည္း ေအာက္ကို တျဖည္းျဖည္း က်လာတယ္။ငိုေနတဲ့ေကာင္ေတြလည္းတိတ္သြားၿပီ။ငိုေနတဲ့ေကာင္ေတြက သူတို႔ဘာျဖစ္သြားမွန္းကို မသိတာဗ်။ ဟာ ျဖဴျဖဴႀကီးျပန္ထြက္ သြားၿပီဗ်ဳိ႕။တံခါးေပါက္ကပဲ ျပန္ၿပီးထြက္သြားတာ က်ဳပ္ဘထစ္ကို လွမ္းၾကည့္လိုက္ေတာ့ သူလဲ က်ဳက္လိုပဲ ဗ်။အဲ့ဒီ ျဖဴျဖဴၾကီးကို လိုက္ၾကည့္ေနတာ ဗ်။မ်က္ေမွးလည္း ငုတ္တုတ္ကေလး ထိုင္ေနတယ္ဗ်။
ဘထစ္က က်ဳပ္ကိုလွမ္းၾကည့္ၿပီး ရယ္ေနတယ္ဗ်ဳိ႕။က်ဳပ္လည္း ဒီေတာ့မွ ရင္ထဲက အလံုးႀကီး က် သြားတာေပါ့ဗ်ာ။
အဲ့ဒီညက အိပ္သာအိပ္ၾကတယ္။ဘယ္အိပ္ရဲေတာ့မလဲ ။ အခန္းတံခါးေတြ အကုန္ပိတ္ၿပီး အလွည့္က် ကင္းခ်ၾကရတယ္ဗ်။ ၿပီးေတာ့ အားလံုးပဲ ဘုရားေတြ ဘာေတြ ရိွခိုးၿပီး မွ အိပ္ၾကရတာေပါ့ဗ်ာ။
ဘထစ္က က်ဳပ္နားကိုကပ္ၿပီးေမးတယ္ဗ်။
"မင္း မ မ ဖဲ ဝါ ဝါ ကို ေတြ႕ ေတြ႕ လိုက္ တယ္ မ မ ဟုတ္ လား"
"ေအ ငါေတြ႕လိုက္တယ္ ဘထစ္ အရပ္အျမင့္ႀကီးပဲကြ"
" ဟုတ္ ဟုတ္ တယ္၊ ငါ မင္း ကို ေျပာ ေျပာ ထား သား ပဲ မ မ ဖဲ ဝါ နဲ႔ ငါ ငါ နဲ႔ ခင္ ခင္ ပါ ပါ တယ္ လို႔ "
" ေအ ငါေတာ့ အခုယံုသြားပါၿပီ ဘထစ္ရာ၊ ေနာင္လည္းဘယ္ေတာ့မွ ဟားမတိုက္ေတာ့ ပါဘူးကြာ၊ မင္းလည္း ဒါမ်ဳိး ေနာက္ဘယ္ေတာ့မွ မလုပ္နဲ႔ ေတာ့ကြ ၊ မဖဲဝါသာ ေရာက္မလာရင္ ငါတို႔ ဒုကၡေရာက္ေတာ့မွာကြ"
က်ဳပ္စကားကို ဘထစ္ကေသေသခ်ာခ်ာ နားေထာင္ၿပီး ေလးေလးနက္နက္ ေခါင္းညိမ့္ျပတယ္ဗ်။
ဒီညျဖစ္ခဲ့တဲ့ ကိစၥေတြ အျပင္မွာမေပါက္ၾကားေအာင္က်ဳပ္က အားလံုးကိုသတိေပးတယ္။အားလံုးကလဲ စိတ္ခ် တာေတ။
လံုးဝအျပင္ကို မေပါက္ၾကားေစရဘူးလို႔ ကတိေပးၾကပါတယ္။
ဒါပင္မဲ့ ေနာက္ေန႔ ေက်ာင္းတက္တဲ့အခါ ႀကိမ္လံုးႀကီး ကိုင္ၿပီး အသင့္ေစာင့္ေနတဲ့ အတန္းပိုင္ဆရာ ၊ ဆရာထြန္း ကိုေတြ႕ရေတာ့တာပဲ ဗ်ာ။
" ကဲ 'ဟား ' ဆရာ ႀကီးေတြ ဒီဘက္ႂကြပါအံုး "
ဆိုၿပီး က်ဳပ္ရယ္၊ ဘထစ္ရယ္၊ ေအာက္သိန္းရယ္၊ မ်က္ေမွးရယ္ ကို ႀကိမ္လံုးစာေကြၽးေတာ့တာေပါ့ဗ်ာ။ဒါေၾကာင့္လည္း ဘူးအေပါက္တစ္ရာ ထက္ ပိုဆိုးတဲ့ လူတစ္ေယာက္ပါးစပ္ေပါက္လို႔ ေျပာၾကတာပဲ ဆိုတာ က်ဳပ္ေတြးလိုက္မိတယ္ဗ်။
ဇတ္လမ္း.....တာေတ။
post by ...#သရဲေလး...sky#
Unicode
မဖဲဝါ (စ-ဆုံး)
" သုသာန်ကျောင်းက မောင်ဘထစ် "
ဒီတုန်းက တာတေက ခုနှစ်တန်းဗျ။မြို့ကျောင်းတက်နေတာ။ကျုပ်တို့အတန်းပိုင်ဆရာက ဦးထွန်းလေ။ သချင်္ာ(၂)ဆရာဗျ။ ဂျော်မက်ထရီဆို လွှတ်ပိုင်တဲ့ ဆရာပါဗျာ။စည်းကမ်းက တော်တော်ကြီးသားဗျ။တာတေတို့အုပ်စုကလည်း မျောက်ရှုံးအောင် ဆော့တဲ့ကောင်တွေ မဟုတ်လား။ခဏခဏ အပြစ်ပေးခံရသပေါ့ဗျာ။တာတေတို့အုပ်စု ဆိုတာက တာတေရယ်၊အောင်သိန်းရယ်၊မျက်မှေးရယ်၊တက်ခါးရယ်၊ဘထစ်ရယ်ပေါ့ဗျာ။အဲ့ဒီထဲမှာ အမွှေဆုံးကောင်က ဘထစ်ပဲဗျ။နေတာက သုသာန်ကျောင်းမှာ။
သုသာန်ကျောင်းကိုယ်တော်မွေးစားထားတာဗျ။ဒါပင်မဲ့ စကားပြောရင် လွှတ်ထစ်နေတဲ့ကောင်။ဒါကြောင့် တစ်ကျောင်းလုံးက ဒီကောင့်ကို ဘထစ်လို့ပဲခေါ်ကြတာ။
ကျုပ်တို့ခေါတ်တုန်းကတော့ ကျောင်းနေဘက်သူငယ်ချင်းတွေကြားမှာ အဆင့်အတန်း မခွဲကြပါဘူးဗျာ။ ဘထစ်ကို ဘုန်းကြီးကျောင်းသားမို့လို့၊သုသာန်ကျောင်းကကောင်မို့လို့ဆိုပြီး ဘယ်သူမှမနှိမ့်ချကြပါဘူး။
ဘထစ်ကလည်းမခေဘူးဗျ။လူကသာ အထစ်နေတာ။သချင်္ာလွှတ်တော်တဲ့ကောင်ဗျ။သချင်္ာ(၁)ဆရာ ဦးထွန်းမောင်ရော၊ ဆရာ ထွန်းရောက ဒီကောင့်ကိုအားကြီးချီးမွန်းကြတာ။
"ဘချစ်က လူတော်ပဲကွ "
လို့ ဆရာတွေက ချီးမွန်းတိုင်း ဒီကောင်က....
"ဟာ-ဟာ-ဒီ-ဒီလောက်-လည်း မ-မ-ဟုတ်-ပါ-ပါ-ဘူးဆ-ဆ-ရာ "
လို့ ဒီကောင် ဘထစ်က ပြန်ပြောနေကျဗျ။
တစ်ခါက သူငယ်ချင်းတွေ ဆုံမိတော့ မျက်မှေးက ဘထစ်ကို ပြောသဗျ။
"ဟေ့ကောင် ဘထစ် မင်း စကားမထစ်အောင် ပြောနိုင်ရင် ငါငွေတစ်ကျပ်ပေးမယ် "
"မင်း-မင်း-တ-တ-ကယ်-ကယ်-လား-မျက်-မျက်-မှေး"
"ဟာ တကယ်ပေါ့ကွ၊ဘထစ်ရ၊ဒီကောင်တွေ သက်သေရှိနေတာပဲလေ၊ကဲကွာ ငါငွေတစ်ကျပ်ကို တာတေဆီမှာ အပ်ထားမယ် ၊ မင်း မထစ်အောင်ပြောနိုင်ရင် တာတေဆီမှာ အပ်ထားမယ် ၊ မင်းမထစ်အောင်ပြောနိုင်ရင် တာတေဆီက မင်းတောင်းယူလိုက် ၊ မင်းထစ်သွားရင်တော့ ငါ့ငွေတစ်ကျပ်ကို ငါပြန်ယူမယ်၊ ကဲ ဘယ်လိုလဲ"
"ဟေ့ ဟေ့ ကောင်-ကောင်-မျက်-မျက်-မျက်-မှေး-မှေး ငါ-မင်း-မင်း-ကို စ-စကား မဟုတ်-ဟုတ်ဘူး၊သီ-သီ-ချင်းပါ ဆို-ပြ-ပြ-လိုက်-ဦး-မယ် "
"အေ မင်း တစ်ကယ်နော်၊ဒီမှာ ငွေတစ်ကျပ်၊ငါ တာတေကို အပ်လိုက်ပြီနော်"
"ကဲ ဘထစ်ရေ ဆိုပေတော့ ၊မထစ်မှ ဒီတစ်ကျပ်ရမယ်နော် ဟေ့ကောင် "
ကျုပ်က ဘထစ်ကိုငွေတစ်ကျပ်ထောင်ပြရင်း ပြောလိုက်တယ်ဗျ။
"ကဲ ကဲ ငါ-ငါ-စ-စ ဆို-ပြီး-ပြီးနော် "
"အေးပါ စပါ စပါ အဆိုတော် မောင်ဘထစ်ရာ "
ဘထစ်က ခေါင်းကလေး နည်းနည်းငဲ့လိုက်ပြီး စဆိုတယ်ဗျ။
"ပန်းနွယ်ကစိမ်း၊စိမ်းတယ် ၊ စုံနံ့သာမြိုင် ရှာပုံဖွင့်ပါလို့ ရယ်၊ ရင်နင့်အောင် ချစ်ရှာခဲ့သူ၊ အပူတပြင်းရှာဖွေ.........."
ဟာ အာဂဘထစ် ပဲဗျို့။စကားပြောတာသာ ထစ်တာဗျို့၊သီချင်းဆိုတော့ တစ်ချက်မှကို မထစ်တာဗျာ။ ကျုပ်တို့အားလုံး အံ့ဩပြီး ဘထစ်ကို ငေးကြည့်နေကြရတာပေါ့ဗျာ။တွံတေးသိန်းတန် သီချင်းကို အစအဆုံးကို ဟဲတော့တာဗျို့၊အံ့ပါ့ဗျာ၊သီချင်းလည်းဆုံးရော ဘထစ်က....
"ဟေ့ -ဟေ့ -ကောင် ကောင်-တာ-တာ-တေ-တေ ပေး-ပေး တစ်-ကျပ်-ကျပ်"
"ဟား ဟား ဟား ဟား ဟား"
ကျုပ်တို့တွေဆိုတာ ရယ်လိုက်ကြတာဗျာ။ မျက်ရည်ပါတွေ တောင်ထွက်ကျလို့ဗျို့။ငွေတစ်ကျပ် ရှုံးသွားတဲ့ မျက်မှေး တောင်မှ သဘောကျလွန်းလို့ ရယ်လိုက်တာဗျာ၊မပြောပါနဲ့တော့။
"ဘထစ်ရာ သီချင်းဆိုတာတောင် မထစ်ပဲနဲ့ ၊စကားကိုလည်း မထစ်အောင်ပြောပါလားကွာ"
"ဟာ-ဟာ မ-မ-မ-ရ-ရ- ဘူး-ကွ-ကွ"
သူငယ်ချင်းတွေအားလုံးထဲမှာ ဘထစ်က ကျုပ်ကိုပိုခင်တယ်ဗျ။ ကျုပ်ကလည်း သူဘာတွေလုပ်လုပ် အမြဲလိုက်တဲ့ကောင်မို့လို့ထင်တယ်ဗျ။ကျုပ်တို့မှာ သုံးစွဲစရာ မုန့်ဖိုးပြတ်ပြီဆိုရင်.....
"ဟေ့-ဟေ့-ကောင်-ကောင်-တာ-တာ-တာ တေ-တေ-ဘာ-ဘာမှ -မ-မ-ပူ-ပူ နဲ့ မ-မနက်-ဖြန်-ခါ-ခါ-ငါ-ငါ-ပိုက်-ပိုက်-ပိုက်-ဆံ-ယူ-ယူ-ခဲ့မယ်"
ပြောတဲ့ အတိုင်းပဲ ဗျာ။
နောက်နေ့မှာ ဘထစ်ပိုက်ဆံစေ့တွေ ယူလာတယ်ဗျ။တစ်မက်စေ့၊ငါးမူးစေ့၊တစ်ကျပ်စေ့တွေဗျ။အားလုံးပေါင်းတစ်ဆယ်ကျော်တယ်။ပိုက်ဆံ စေ့တွေအားလုံးက မည်းနေတာပဲဗျ။
"ကဲ-ကဲ-ဟေ့-ဟေ့-ကောင်-ကောင်-တွေ-ပိုက်ဆံတွေ တိုက်ကြ ကွာ"
ကျုပ်တို့အုပ်စုလည်း ဘထစ်ယူလာနာတဲ့ ပိုက်ဆံစေ့လေးတွေကို သဲထဲမှာချပြီး ဖနောင့်လေးတွေနဲ့ လှည့်ပြီးပွတ်တာပေါ့ဗျာ။သိပ်ပြီးမတိုက်ရဘူးဗျ။ ပိုက်ဆံစေ့တွေ ဝင်းသွားတာပဲ၊
ဒီတုန်းက တစ်မတ်ပေးရင် ထမင်းကြော်ကို ဝက်သားဟင်းကောင်းကောင်းနဲ့စားရတာဗျ။ မုန့်ဟင်းခါးဆိုလည်း အကြော်ကောင်းကောင်းနဲ့ တစ်ပွဲ တစ်မတ်ပဲ။ဘထစ်ယူလာတဲ့ ပိုက်ဆံနဲ့ ဆိုရင် ကျုပ်တို့အဖွဲ့ တစ်ပတ်လောက်ကတော့ အေးအေးဆေးဆေးပေါ့ဗျာ။
အောင်သိန်းတို့၊မျက်မှေးတို့ကတော့ စားပြီး ပြီးကြတာပဲဗျ။ မပြီးတာက တော့ ကျုပ်ပေါ့ဗျာ။ ကျုပ်အကျင့်ကိုက နေရာတကာ စပ်စုချင်တဲ့ကောင်ဆိုတော့.....
"ဘထစ် မင်းကို ငါတစ်ခုမေးချင်လို့ကွ"
ကျုပ်က ဘထစ်ကို ကျောင်းကရေအိုးစင်မှာ ရေသောက်ရင်းမေးလိုက်တယ်။
"မေး-မေး-လေ-ကွာ၊တာ-တာ-တေ-ရာ"
"မင်း အဲ့ဒီပိုက်ဆံစေ့တွေ ဘယ်ကရလာတာလဲ ဘထစ်"
"ဟာ-မင်း-မင်း-က-က-လဲ-ဘာ-ဘာ-များ-များ-လဲ-လဲ-လို့-သိ-သိ-ချင်-ရင်-ကျောင်း-ကျောင်း-ဆင်း-ဆင်း-တော့-ငါ ငါ-နဲ့ -လိုက်-လိုက်-ခဲ့"
တာတေဆိုတဲ့ကောင်ကလည်း အင်မတန်စပ်စု ချင်တဲ့ကောင်။တစ်ခုခုကို သိချင်ရင် သိပ့်အောင့်ထားနိုင်တဲ့ကောင်မှမဟုတ်တာ၊ကျောင်းဆင်းတော့ ဘထစ်နဲ့ လိုက်သွားတာပေါ့ဗျာ။
ကျောင်းဆင်းတော့ ညနေတောင် အတော်စောင်းနေပြီဗျ။ ကျုပ်ဘထစ်နဲ့ လိုက်သွားတယ်။မြို့စွန်ရောက်တော့ သုသာန်ကျောင်းဖက်ကို သွားတဲ့လမ်းထဲ ချိုးဝင်လိုက်တယ်။ လမ်းဘေး တစ်ဖက်တစ်ချက်ဆီမှာ ကုက္ကိုပင်ကြီးတွေ ညို့နေတာပဲဗျာ။လူကလဲ ပြတ်တော့ တိတ်ဆိတ်နေရောဗျို့။ကျုပ်တောင် စိတ်ထဲမှာ တစ်မျိုးလိုလိုဖြစ်လာတယ်။ဘထစ်ကတော့ တစ်လမ်းလူံ အ,ထစ်၊အ,ထစ်နဲ့ စကားတွေ မနားတမ်း ပြောလာတာဗျ။
"တာ-တာ-တေ-တေ-လူ-လူ-တွေ-တွေ-က သချင်္ုႋင်းကုန်းဆို-ဆို-ရင်-ရင် -ကြောက်-စ-စ-ရာ-ရာ လို့- ထင်-ထင်-နေ-တာ-တာ-ကွ၊ တ-တ-ကယ်-တော့-သချင်္ုႋင်း-ကုန်း-ကုန်း-ဆို-ဆို-တာ-တာ-ဘာ-ဘာ-မှ ကြောက် -ကြောက်-စ-စ-ရာ-ရာ-မ-မ-ရှိ -ဘူး-ကွ -စိတ်-စိတ်- ဝင်-စား-စား-စ-ရာ-တွေ -အ-အ-များ-များ-ကြီး-ကြီး-ပဲ-ကွ"
"ဟုတ်လားကွ၊ ဘထစ်ရ ၊ဘာတွေများ စိတ်ဝင်စားစရာတွေ ရှိလို့တုံး"
"ဟာ-ဟာ-တာ-တာ-တေကလည်း-ရှိ-ရှိ-တာ-တာ-ပေါ့-ပေါ့ကွ -တစ်-ခါ-ခါ ဆို အောက်-အောက်-လမ်း-လမ်း-ဆ-ဆ-ရာ-တွေ -လာ-ပြီး ၊ အ-အ-စီ-အ-အ-ရင်-တွေ-လုပ်-လုက်တာ-ည-ည-ဘက်-ကြီး-ကြီး ကွ-တစ်ချို့-ဆို-ဆို-ရင်-ရင် မ မ-ဖဲဝါ -လိုက်-လိုက်-လို့-လို့-ပြေး-ပြေး-ရ-ရတယ်-ကွ"
"ဟေ မဖဲဝါ ဟုတ်လား ဘထသ်၊မဖဲဝါဆိုတာ တစ်ကယ်ရှိလို့လား ကွ"
"ရှိ-ရှိ -တာ- တာ-ပေါ့-ကွ၊ မ-ဖဲ-ဝါ-ဝါ -က-ငါ-ငါ-နဲ့-ခင်-ခင် ခင်တယ်-ကွ"
"ဟာ မဖဲ ဝါက မင်းနဲ့ ခက်တယ် ဟုတ်လား ဘထစ်၊ မင်းကွာ၊ ပေါက်ကရ သိပ်ပြောတဲ့ကောင်ပဲ"
"တ တ ကယ် ပြော ပြော တာ တာ ကွ "
"ဒါဆိုရင် မင်းက မဖဲဝါကို မြင်ဖူးတာပေါ့ ဟုတ်လား ဘထစ်"
"အေး"
"ကဲ ပြော စမ်းကွာ၊ မဖဲဝါပုံစံက ဘယ်လိုတုံး"
"အ အ ရပ် အ အ ရှည် ကြီး ကြီးကွ၊ ဆယ် ဆယ် ပေ လောက် ရှိ ရှိ တယ်၊ ဆံ ဆံ ပင် ဖား လျား ကြီး ချ ချ ထား ထားတာ မျက် မျက် လုံး အ အ ကြီး ကြီး ပဲ ပြူ ပြူ ကြီး ထ ထဘီ အ အ နက် အ ကျင်္ႌ အ အ နက် ဝတ် ဝတ် တယ် သချင်္ုႋင်း တွေ တွေ ကို သူ သူ ပိုင် ပိုင် တာ တာ ကွ"
"ဟေ ဟုတ်လား၊မင်း ဒါတွေ ဘယ်လို သိတာတုံး "
"ငါ့ ငါ့ ဆ ရာ ရာ တော် ပြော ပြော တာ ကွ၊ ဆ ဆ ရာ တော် တော် လည်း မ မ ဖဲ ဝါ ကို သိ သိ တယ် "
"ဪ ဒီလိုကိုး၊ မင်း မဖဲ ဝါ ကြီးကို တွေ့ တော့ မကြောက်ဘူးလား ကွ၊"
"တာ တာ တေက ကလည်း မ မ ကြောက် ကြောက် ဘဲ နေ နေ မ လား ကွ ၊ ကြောက် ကြောက် တာ ပေါ့။ ဒါ ဒါ ပင် မဲ့ မဲ့ ခ ဏ ခဏ ခ ခဏ တွေ့ တော့ မ မ ကြောက် တော့ တော့ဘူး ပေါ့ ပေါ့ကွ "
ဘထစ်နဲ့ လိုက်လာမိတာ မှာပြီလားလို့ ကျုပ်တွေးလိုက်မိတယ် ဗျ။လိုက်လာပြီးမှ တော့ မထူးပါဘူးလို့ပဲ တွေးလိုက်ရတာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် လျှောက်ရင်းနဲ့ ကုက္ကိုပင်လမ်းဆုံးကာနီးမှာ သချင်္ုႋင်းဇရပ်ဖြူဖြူကြီးကို တွေ့လိုက်ရတယ်ဗျ။ဇရပ်မရောက် ခင်မှာ သုသာန်ကျောင်းဗျ။ ဘထစ်က ကျောင်းပေါ်တက်ပြီး သူတို့ကျောင်းသားကလေး သုံးယောက်နေတဲ့ အခန်းထဲကို သွား ပြီးလွယ်အ်တ်ထားတယ်။ကျောင်းထဲမှာ ဦးပဥ္ဇင်းတစ်ပါးနဲ့ ကိုရင် နှစ်ပါးတွေ့တယ်။ဘထစ်က ဦပဥ္ဇင်းတစ်ပါးကို မေးတယ်ဗျ။
"ဦးပဥ္ဇင်း ဆ ဆ ရာ တော် ဘယ် ဘယ် ကြွ သွား တုံး"
"ဟိုဘက်လမ်းက ဦးပြူးတို့အိမ်ကြွ သွားတယ်၊ဦးပြူးမိန်းမ နေမကောင်းလို့ ၊သတင်းမေးရင်း ပရိတ်လည်း ရွတ်ရင်း ပေါ့ကွာ"
"တင် တင် ပါ့ ဘုရား၊ကဲ တာ တာ တာ တေ လာ သွား သွား ကြ မယ် "
ပြောပြောဆိုဆိုနဲ့ ဘထစ်က ကျောင်းပေါ်ကနေ အပြေးဆင်းသွားတယ်။ ကျုပ်လည်း သူ့နောက်ကို လိုက်ရတာပေါ့။
ဘထစ်က အုတ်ဂူတွေဘက်ကို မသွားဘူးဗျ။အလောင်း တွေ ကျင်းတူးပြီးမြှုပ်တဲ့ဘက်ကိုသွာတာ။ကျုပ်ကလည်း သူ့နောက်က လိုက်ရတာပေါ့ဗျာ။တစ်နေရာ ရောက်တော့ ဘထသ်က ရပ်လိုက်ပြီး ကျုပ်ကို ပြောတယ်။
"ဒီနေရာတွေမှာ အလောင်းတွေ မြှုပ်တာ ထပ်လာတော့ အောက်ကမြှုပ်ထားတဲ့ အရိုးတွေ ဖော်ပစ်ရတာပေါ့ကွာ၊အဲ့ဒီလို ဖော်ပစ်တဲ့ ခေါင်းခွံတွေထဲမှာ လူတို့ ကူးတို့ခ ထည့်ပေးလိုက်တဲ့ ပိုက်ဆံစေ့တွေ ရှိနေတာပေါ့ကွ"
အခု ကျုပ်ပြန်ပြောပြ သလိုတော့ မဟုတ်ဘူးပေါ့ဗျာ။သူခါတိုင်းပြောသလို အ,ထစ် အ,ထစ် နဲ့ပြောတာပေါ့။
"ဟေ ဒါဆိုရင် မင်းယူလာတဲ့ ပိုက်ဆံစေ့တွေက ကူးတို့ခ ပိုက်ဆံတွေပေါ့ ဟုတ်လား"
"အေး အေး လေ ဘာ ဘာ ဖြစ် တုံး ၊ ပိုက် ပိုက်ဆံ က ပိုက် ပိုက် ဆံ ပဲ ပေါ့ ပေါ့ ကွ"
"အေ ဟုတ်တော့ ဟုတ်ပါတယ်လေ "
ဘထစ်က ပြောပြောဆိုဆို မြေပုံတွေ ကြားထဲ လျှောက်သွားပြီး ခေါင်းခွံတွေ လိုက်ရှာနေတယ်ဗျ။
" မင်း မင်း မ မ လိုက် လိုက် နဲ့ ၊ဒီ ဒီ မှာ နေ သံ သံ စူး စူးမယ်၊ ဒီ သံ သံ တွေ တွေ က စူး စူး ရင် အ အ ဆိပ်ပြင်း ပြင်း တယ် ကွ"
"အေး အေးငါမလိုက်တော့ဘူး ဒီကပဲ မင်းကို ကြည့်နေမယ်"
ဘထစ်က တော်တော် ကျွမ်းကျင်ပုံရတယ်ဗျို့။မြေပုံတွေကြားထဲမှာ လှစ်ကနဲ လှစ်ကနဲ နေတာပဲ ဗျာ။ဦးခေါင်းခွံ ကိုဆက်ကနဲ ကုန်းကောက်လိုက် ခေါက်ကြည့်လိုက်၊ ပြီးရင် အထဲကပိုက်ဆံစေ့ကို ခေါက်ထုတ်၊မရရင် တုတ်ချောင်းကလေးနဲ့ ထိုးထုတ်တာဗျ။အရိုးခေါင်းတွေကို ကောက်ယူလိုက် အုန်းသီးခေါက်သလို ခေါက်လိုက် အထဲကပိုက်ဆံကို နှိုက်ယူလိုက်နဲ့ တစ်ယောက်တည်း အလုပ်တွေ ရှုပ်နေလိုက်တာဗျာ။ခဏနေတော့ ဘထစ်ပြန်လာတယ်။ လက်ဝါးထဲမှာ ပိုက်ဆံစေ့တွေ ဆုပ်ထားတယ်ဗျ။ငါးမူးစေ့လေးတွေ ငါစေ့ ခြောက်စေ့လောက်တော့ ရှိမယ်ဗျ။
"ကဲ တာ တာ တာ တေ တွေ့ တွေ့ ပြီး လား ငါ ငါ ပိုက် ဆံ ဆံ ဘယ် လို လို ရ ရ တယ် ဆို ဆို တာ မြင် မြင် ပြီ မ ဟုတ်ဟုတ် လား"
"အေ မြင်ပါပြီကွာ၊ မြင်ပါပြီ၊ ဒါထက် မဖဲဝါ ရှိသလားကွ ဘထစ်ရ"
"မ မ တွေ့ တွေ့ တာ ကြာ ကြာ ပြီ ကွ၊ သူ သူ မရှိ ရှိ ရင် ဒီ သချင်္ုႋင်းကို ကို သ သ ဘက် ကြီး တစ် တစ် ကောင် ကို အ အ စောင့် ထား ထား တယ် ကွ၊ နား နား ရွက် အ အကြီး ကြီး တဲ့ ကွ ငါ ငါ တော့ မ မ မြင် ဖူး ဘူး၊ မြင် မြင် ဖူး တဲ့ တဲ့ လူ လူ တွေ ရှိ ရှိ တယ်"
" ဟာ ဟုတ်လား ကွ၊ ဘထစ်ရ သူတို့က ဒီသချင်္ုႋင်းကုန်းမှာ ဘာကို စောင့်နေတာတုံးကွ ဘထစ်ရ"
" တာ တာ တေ ရ မှော် မှော် ဆ ဆ ရာ တွေ၊ အောက် အောက်လမ်း ဆ ဆရာ တွေ က သ သချင်္ုႋင်း ထဲ ထဲ မှာ မ မ ဟုတ် တာ တာ တွေ လာ လာ ပြီး စီ ရင် ရင် ကြ တာ ကွ၊ ခြောက် ခြောက် လှန့် ထုတ် ထုတ် ရ ရ တယ်၊ မ မ ရ ရင် အ အ အ သေ သတ် သတ် ပစ် ရ တာ တာ ကွ "
"ဟေ ဟုတ်လား၊ဒီ သချင်္ုႋင်းထဲမှာ အောက်လမ်းဆရာ တွေ သေဖူးသလားကွ "
" ဟော သေ သေ တာ ပေါ့ ပေါ့ ကွ၊ တစ် နှစ် နှစ် ကို သုံး သုံး ယောက် လောက် လောက် သေ တယ် ကွ "
"ဟင် ဟုတ်လားကွ ဘထစ်ရ၊ ဪ မင်းပြောတာ ဟုတ်တာပဲ ကွ၊ သချင်္ုႋင်း ကုန်းဆိုတာ စိတ်ဝင်စားစရာ တွေ ရှိနေတာပဲ "
ကျုပ်ဘထစ် ဆီက ပြန်လာတော့ တစ်လမ်းလုံး တွေးလာ တာပေါ့ဗျာ။မနက်က ကူးတို့ခ ပိုက်ဆံတွေနဲ့ ဝယ်စားထားတဲ့ ဝက်သားဟင်းနဲ့ ထမင်းကြော်ကို သတိရပြီး ရင်ထဲမှာ ပျို့သလိုတောင် ဖြစ်သွားတယ်ဗျို့။ကျုပ်မျက်စိထဲမှာတော့ အရိုးခေါင်းတွေ ကောက်လိုက်၊ခေါက်ကြည့်လိုက် လုပ်နေတဲ့မောင်ဘထစ်ကို မြင်နေတော့တာဗျ။ဒီ အကြောင်းကိုကျန်တဲ့ အကောင်တွေကို ပြန်ပြောပြသင့် မပြသင့်တွေးမိတယ်။ ဒါပင်မဲ့ ဘထစ်ရဲ့ သူငယ်ချင်းတွေကို ကျွေးမွေးချင်တဲ့ စေသနာကို တွေးမိပြီး ကျုပ်ဘယ်တော့မှ မပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်ဗျ။ တစ်ကယ်လည်း မပြောခဲ့ပါဘူးဗျာ။
"ငါတော့ မင်းကို တော်တော် ကို အံ့ဩသွားတာပဲကွာ၊မင်း အရွယ်လေးနဲ့ ဒါတွေကို သိနေ တတ်နေတာကို ငါအံ့ ဩတာကွ"
"တာ တာ တေ မင်း မင်း တို့ မသိ သိ တာ အ အ များ ကြီး ရှိ ရှိ တယ် ကွ"
"အမယ် ဘာတွေများ ရှိလို့လဲကွ"
"မင်း မင်း တို့ လူ လူ ကို ဟား ဟား တိုက်တာ မြင် မြင် ဖူ သ သလား ကွ"
"ဘာကွ ၊ ဟားတိုက်တာ ဟုတ်လား၊ ငါဖြင့် ကြားတောင် မကြားဖူးဘူး၊ ဟားတိုက်တယ်ဆိုတာ ရယ်တာပဲ မဟုတ်လား"
"ဟား ဟား ဟား ဟား "
ဘထစ်က ကျုပ်စကားကြားတော့ အော်ရယ်တယ်၊ဒီကောင်က ရယ်တာကျတော့ မထစ်ဘူးဗျ။
" ဟာ ဟာ တိုက် တာ တာ ရယ် ရယ် တာ တာ မဟုတ် ဟုတ် ဘူး ကွ၊ လူ လူ ကို ပက် ပက် လက် လှန် လှန် အိပ် ခိုင်း ခိုင်း ပြီး လက်ညှိုး နဲ့ နဲ့ မ မ လိုက်တာ လေ လေ ထဲ မှာ မြောက် မြောက် သွား တာ တာ ကွ၊ လူ လူ က ပေါ့ ပေါ့ က က လေး ဖြစ် ဖြစ် သွား တာ "
"ဟေ ဟုတ်လားကွ၊ ငါတော့ ကြားတောင် မကြားဖူးပါဘူး ကွာ ဒါတွေ မင်းဘယ်က တတ်တာတုံး "
ကျုပ်က တစ်ကယ်ကို အံ့ဩပြီး မေးမိတာ ဗျ။ဘထစ်က ကျုပ်ကို လှည့်ကြည့်ပြီး ပြုံးနေတယ်။
"အဲ့ အဲ့ ဒါကြောင့် မင်း မင်း တို့ မ သိ သိ တာ အ များ များ ကြီး ရှိ ရှိ တယ် တယ် လို့ ပြော ပြော တာ ပေါ့ ၊ ဒီ ပ ညာ ညာ ကို သချင်္ုႋင်း ဇ ဇ ရပ် မှာ အ အ စီ အ ရင် လာ လာ လုပ် တဲ့ အောက် အောက် လမ်း ဆ ရာ သာ သာ ဂ ရ သင် သင် ပေး သွား သွား တာ ကွ"
"မင်း ငါ့ကို လုပ်ပြမလား၊ ငါ အဲ့ဒါကို တော်တော်စိတ်ဝင်စား တယ် ကွ"
ကျုပ်က ဘထစ်ကို သူပြောတဲ့ ဟားတိုက်တယ်ဆိုတာလုပ်ပြဖို့ ပြောရော ဗျ။
"အေ အေ ပါ တစ် တစ် ရက် လောက် တော့ ငါ ငါ လုပ် ပြ ပြ ပါ ပါမယ် "
ကျုပ်က သူပြောတာကို သေ သေချာချာ တွေမိနေတာဗျ။
"လူကို လက်ညှိုးနဲ့ မ,ရင် လူကပေါ့ပြီး လေထဲကို မြောက်တက်သွားမယ် ဟုတ်လား"
"ဟုတ် ဟုတ် ပါ ပါ တယ် ဆို ဆို မှ ကွာ"
"ဒါ ဆိုရင် မင်းဘယ်တော့ လုပ်ပြမှာတုံး"
" အ အ ခြေ အ အ နေ ပေး ပေး တဲ့ နေ့ နေ့ ပေါ့ ကွာ၊ လူ ရှာ ရှာ ရ ရ အုံး မှာ ကွ"
"လူ ရှာရမယ်၊ ဟုတ်လား၊ ဘာလုပ်ဖို့တုန်း "
" ခုနှစ် နေ့ နေ့ ၊ ခုနှစ် နံ နံ စုံ စုံ မှ ရ ရ တာ တာ ကွ"
"ဟေ ဟုတ်လား၊ ခုနှစ်ရက် သားသမီးစုံမှ ရမှာပေါ့ ဟုတ်လား ဘထစ်"
"အေ အေ ဟုတ် ဟုတ် တယ် ကွ"
ဟားတိုက်တဲ့ ကိစ္စက ဒီမှာ စကားပြတ်သွားရောဗျ။
နောက်တော့ ကျောင်းကပွဲ ကနီးနီးလာတဲ့ အခါ ယိမ်းခေါင်းဆောင် အောင်သိန်းက တစ်ပတ်ကို တစ်ည ကျောင်းမှာ အိပ်ပြီး ညဉ့်နက်တဲ့ အထိ ယိမ်းတိုက်ဖို့ ပြောသဗျ။ အားလုံးက သဘောတူတယ်။ဆရာတွေ ရော၊ မိဘတွေက ပါ သဘောတူကြတယ်ဗျ။ ဘထစ် ဘုန်ကြီးက လည်း ခွင့်ပေးတယ်။
ကျုပ်တို့ အဖွဲ့ ည ၁၁နာရီ အထိ ယိမ်းတိုက်ကြတယ်။ပြီးမှ ကျောင်းဆောင်ကြီး အပေါ်ထပ်မှာ စောင်လေးခြုံပြီး ကွေးကြတာပေါ့ဗျာ။ ဒီမှာတင် ဘထစ်က ကျုပ်ကိုမေးတော့တာပဲ ဗျ။
"တာ တာ တေ မင်း ကို ငါ ငါ ပြော ထား တဲ့ ကိစ္စ လုပ် လုပ် ရင် ရ ပြီး ပြီး ကွ"
"ဟေ ဘာ ကိစ္စတုံးကွ ဘထစ်ရ"
" ဟာ တာ တာ တေ က လည်း မေ့ မေ့ သွား သွား ပြီ ထင် ထင် တယ်"
"အေးပါ ဘထစ်ရာ၊ငါ့ကို ပြောပါအုံးကွ။ ဘာကိစ္စတုံးဆိုတာ"
"ဘာ ဘာ ကိစ္စ ရ ရ မှာ လဲ လဲ ၊ ဟား ဟား တိုက် တိုက် တာ၊ တာ လေ မင်း မင်း ကြည့် ကြည့် ခြင် လို့ လို့ ဆို "
" ဟာ ဟုတ်သားပဲ ကွာ၊ ငါမေ့နေတာ ကွ ၊ အေမင်းအဲ့ဒါလုပ်လို့ရမလား၊ ခုနှစ် ရက်သားစုံမှ ရတယ်ဆို "
"ငါ ငါ မေး ကြည့် ကြည့် ပြီး ပြီ ၊ တို့ အ အထဲ မှာ ခု ခုနှစ် ရက် ရက် စုံ စုံ တယ်ကွ"
"ဟာ ဒါဆို လုပ်ကွာ ဘထစ်၊ ငါကြည့်ချင်တယ်ကွ"
"အေး အေး ပါ ငါ ငါ လုပ် ပြ ပြ ပါ့မယ် ၊ မင်း မင်း ဒီ ကောင်တွေ တွေ ကို ပြော ပြော ထား လိုက် "
"အေး အေး စိတ်ချ၊ ဘထစ် ဒီကောင်တွေ စိတ်ဝင်စားသွားအောင် ငါပြောပြမယ်. ဟား ဟား ဟား ဟား ဆရာကြီး ဘထစ်ရဲ့ အစွမ်းကို တွေ့ရတော့မှာ ပေါ့ကွာ "
နောက်နေ့ကစပြီး ကျုပ်က ယိမ်းအဖွဲ့ ကကောင်တွေကို တဖြည်းဖြည်းပြောပြပြီး စည်းရုံးတာပေါ့ဗျာ။ဒီကောင်တွေ စိတ်ဝင်စားအောင် အမျိုးမျိုး ပြောပြတာပေါ့ဗျာ။
"ကဲ ဘထစ်ရေ ၊ငါ့တာဝန်တော့ ပြီးပြီနော်၊ မင်းတာဝန်ပဲ ရှိတော့တယ်"
"အေးပါ၊ ဒီ တစ် ပတ် ပတ် ကျောင်း ကျောင်း မှာ ည ည အိပ် ရင် ငါ ငါ လုပ် ပြ ပြ မယ်"
ကျုပ်က ဘာမဆိုစပ်စုချင်တဲ့ ကောင်ဆိုတော့ အရမ်းကို ပျော်နေတာဗျ။အဲ့ဒီည မြန်မြန်ရောက်ပါစေလို့တောင် ဆုတောင်းနေတာဗျ။
ဒီလိုနဲ့ ညအိပ်ရမယ့်နေကို ရောက်ပြီဗျို့။
ဘထစ်က လိုတဲ့ပစ္စည်းကလေးတွေ ဝယ်တယ်ဗျ။
တစ်ခြားတော့ မဟုတ်ပါဘူးဗျာ။အမွေးတိုင် ဖယောင်းတိုင် လက်ဖက်ဗျ။
အဲ့ဒီညရောက်တော့ ည၁၀ နာရီ လောက်မှာ ဗွေးထုတ် ယိမ်းတိုက်တာ ပြီးရောဗျ။ ဒီမှာတင် ဘထစ် အလုပ်စတော့တာပေါ့ဗျာ။
ဘထစ်ခိုင်းတဲ့ အတိုင်း ကျုပ်တို့က လုပ်ပေးရတာပေါ့ဗျာ။ စားပွဲကြီး တစ်လုံးကို အခန်းလယ်ရွေ့ကြတယ်။ပြီးတော့ လူကောင် ခပ်သေးသေး မျက်မှေးကို စားပွဲ ပေါ်မှာပက်လက် အိပ်ခိုင်းတယ်ဗျ။ ပြီးတော့ ခေါင်းတည့်တည့်မှာ ခုံတစ်လုံးချပြီး အမွှေးတိုင်၊ဖယောင်းတိုင်ထွန်း လက်ဖက်ပွဲ တင်လိုက်တယ်။
ပြီးတော့ တနင်္ဂနွေ သားအောင်သိန်း၊ တနင်္လာသား ချစ်သောင်း၊အင်္ဂ ါသား စံပ ၊ ဗုဒ္ဓဟူးသား ရန်ပိုင်၊ကြာသပတေးသား မြို့သား၊ သောကြာသား သောင်းဖေ၊ စနေသား တက်ခါး ၊ အစဉ်အတိုင်း နေရာချလိုက်တယ်ဗျ။ကျန်တဲ့ လူတွေက ဘေးကပဲ ဝိုင်းကြည့်နေတာဗျ။ ဘထစ်ကတော့ ဆရာ ကြီးပေါ့ဗျာ။
"ကဲ နား နား ထောင် မင်းတို့ရဲ့ လက် လက် ညှိုး ညှိုး နှစ် ချောင်း ချောင်း ငို မျက် မှေး မှေး ရဲ့ ကျော ကျော ကုန်း ကုန်း အောက် အောက် ကို ထိုး ထိုး သွင်း သွင်း ထား ကြ ၊ ပြီး ပြီး ရင် တနင်္ဂနွေ သား သား က စပြီး ဟော ဟော ဒီ လို ခေါင်း ငုံ့ ငုံ့ ပြီး ဟား လို့ ခေါင်း က စ စ ပြီး အောက် အောက် ဘက် ကို ကို လုပ် လုပ် လိုက် ၊ သူဆုံး ဆုံး သွားတဲ့ နေ နေ ရာ က တင်္နလာ သား သား ကဆက် ပြီး ဟား လို ့ လုပ် လုပ် ခြေ ခြေ ထောက် ဘက် ဘက် ကို လုပ် လုပ် သွား ပြီး ပြီး ရင် အင်္ဂ ါသား၊ ပြီး ပြီး ရင် ဗုဒ္ဓဟူး ဟူး၊ ကြာ ကြာ သာ ပ တေး တေး ၊ သော သော ကြာ ၊ စ စ နေ၊ အဲ အဲ လို ဆက် ဆက် လုပ် အဆက် မ မ ပြတ် ရ ရ ဘူး၊ ခု နှစ် ပတ် ပတ် တိ တိ လုပ် လုပ် ရမယ်။"
"ဟုတ်ပြီ၊ ဟုတ်ပြီး ငါတို့သိပြီ ၊ကဲ စမယ်၊"
လို့အောင်သိန်းက ပြောပြီး မျက်မှေး ရဲ့ ခေါင်းနားကပ်ပြီး ဟား လို့ ပါစပ်ဟ ပြီး လုပ်တယ်။ပြီးတော့ ချစ်သောင်း ပြီးတော့ စံပ ၊ ပြီးတော့ ရန်ပိုင် ၊ပြီးတော့ မြို့သား၊ ပြီးတော့ သောင်းဖေ ၊ပြီးတော့ တက်ခါး။"
"ဟုတ် ဟုတ် ပြီး တစ် ပါတ်"
အောင်သိန်းက ပြန်စတယ်၊ ပြီးတော့ အစဉ် အတိုင်း ၊
"ဟုတ် ဟုတ် ပြီ၊ နှစ်ပါတ် "
အောင်သိန်းက ပြန်စတယ်
" သုံးပါတ်"
"လေးပါတ်"
"ငါး ပါတ်"
"ခြောက် ပါတ်"
"ခုနှစ် ပါတ် "
" ဟုတ် ဟုတ် ပြီ၊ မ မလက် လက် ညှိုး နဲ့ မ ဟုတ် ဟုတ် ပြီ"
ဟာ မျက်မှေးက အိပ်ပျော်သွားပြီ စန့်စန့်ကြီး ဖြစ်နေတာ ဗျို့ တောင့်တောင့် ကြီး ဖြစ်ပြီး လေထဲကို ကြွ လာတယ်။ဟိုကောင်တွေက သူတို့ ရင်ဘတ် တည့်တည့် လောက် အထိ မထားကြတယ်။
" ဖြည်း ဖြည်း ပြန် ချ ချ "
ဘထစ်က ညွန်ကြားနေတာ ဗျို့။ ဘထစ် ခိုင်းတဲ့ အတိုင်း လိုက်လုပ် ကြတာပေါ့ဗျာ။ ကျုပ်ဖြင့် အံ့ဩလိုက်တာဗျာ။ မျက်မှေးက လေထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ပေါလောပေါ်နေသလို ပုံစံ ဗျ။
" ပြန် ပြန် ပြန် မ "
ဟော နောက် တစ်ခါ မကြပြန်ပြီ ဗျ။ မြောက်လာတာပဲ။
" ချ ချ ဖြည်း ဖြည်း ပြန် ချ"
"ဟုတ် ဟုတ် ပြီး ပြန် ပြန် မ မ"
ဒါဆိုရင် သုံး ကြိမ်မြောက် မတာပဲ ဗျ။မျက်မှေး ကတော့ ဘာမှ သိပုံ မရဘူးဗျ။တောင့်တောင့်ကြီးဖြစ်နေတာ။
"ချ ချ ဖြည်း ဖြည်း ချ ချ "
ဘထစ်က ဆက်ပြီးညွန်ကြားနေတယ်။
" ဟာ "
ကျုပ်ရော ကျန်တဲ့ လူတွေ အားလုံးဆီက ထွက်လာတဲ့ အသံ ဗျ။ အားလုံးအံ့ ဩသွားကြတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဒီတစ်ခါ ပြန်အချမှာ မျက်မှေးက လုံးဝ ပြန်မကျတော့ဘဲ လေထဲမှာ မြောက်ကျန်ရစ်ခဲ့တာ ဗျ။
အားလုံး လန့်ဖျတ်ကုန်တာပေါ့ဗျာ။
ဘထစ်ကို အားလုံး ဝိုင်းကြည့်နေကြတာပေါ့။ဘထစ်လဲ ဘာလုပ်ရမှန်းမသိတော့ဘူးဗျ။
" ဟေ့ကောင်တွေ မျက်မှေးကို အောက်ကိုဆွဲချ ကြကွာ"
အောင်သိန်းက ပြောလိုက်တော့ စောစောက ဟား တိုက်တဲ့ ခုနှစ်ယောက်က အောက်ဆွဲ ချကြတာ နည်းနည်းမှ ကို ဆွဲချလို့ မရတာဗျို့။
အဲ့ဒီတုန်းမှာပဲ ကြည့်နေတဲ့ အထဲက မြင့်ဦးဆိုတဲ့ကောင် က "ဟီး " ကနဲ ထငိုပါရော။
"ဟာ ဘာဖြစ်တာ တုန်း"
လို့ ကျုပ်က အော်ပြောလိုက်တယ်။ကျုပ်စကားတောင်မဆုံးသေးဘူးဗျာ။ နောက်တစ်ယောက် ထပ်ငိုတယ်။တစ် ယောက်ပြီးတစ်ယောက် ငိုလိုက်ကြတာ ခုနှစ်ယောက်တောင် ဗျ။
" ဟာ ဒါ ခု ခု နှစ် စဉ် တိုက် တိုက် တာ ကွ "
ဘထစ်ကပြောတယ်။ဒါ ခုနှစ်စဉ်တိုက်တာတဲ့ ။ကျုပ်တို့ က သူပြောတဲ့ ခုနှစ်စဉ်တိုက်တာ ကို ကြားတောင် မကြားဖူးပါဘူးဗျာ။
" ဒါဆို ဘယ်လို လုပ်မလဲ ဘထစ် ၊တော်ကြာ မျက်မှေး သေသွားအုံးမယ်"
မျက်မှေးကတော့ လေထဲမှာ စန့်စန့်ကြီး ဗျ။
" ရ ရ တယ်၊ ငါ ငါ မ မ ဖဲ ဝါ ဝါ ကို ခေါ် ခေါ် မယ် မင်း မင်း တို့ မျက် မျက် စိ မှိတ် မှိတ် ထား ကြ မ မ ကြည့် ကြည့် နဲ့ "
ပြော ပြောဆိုဆို နဲ့ ဘထစ်က တံခါးပေါက် နားသွားပြီး အ,ထစ် အ,ထစ်နဲ့ ပြောတယ် ဗျ။
" မ မ ဖဲ ဝါ အ အ ခု ချက် ချက် ချင်း ကျုပ် ဆီ ဆီ ကို လာ လာ ပါ၊ ကျုပ် ကို ကူ ကူ ညီ ပါ၊ ကျုပ် ကျုပ် က ဘ ဘ ချစ် ချစ် ပါ "
အားလုံး မျက်လုံးမှိတ်ပြီး ခေါင်းတွေ ငုံ့ထားတယ်။ ငိုတဲ့ အကောင်တွေက ငိုလို့ပေါ့ဗျာ
ကျုပ်ကတော့ အင်မတန်စပ်စုတဲ့ အကောင်မို့လား၊ မျက်စိ ပိတ်မယ့်အစား မိက်တောင်မခတ်ပဲ ကြည့်နေတာပေါ့ဗျာ။
" ဟာ "
တံခါ ပေါက်ကနေ ဝင်လာတာဗျို့ ။ဖြူဖြူ ကြီးဗျ။သဲသဲ ကွဲကွဲ တော့ ကျုပ် မမြင်ရဘူး။ လူပုံစံ ပဲဗျ။အရပ်ဆယ်ပေလောက် ရှိမယ်ထင်တယ်။လက်နှစ်ဖက် ရှေ့ကိုတန်းပြီးလေထဲမှာ ရမ်းလိုက်တယ် ဗျို့။
"ဟော "
လေထဲ မြောက်နေတဲ့ မျက်မှေးလည်း အောက်ကို တဖြည်းဖြည်း ကျလာတယ်။ငိုနေတဲ့ကောင်တွေလည်းတိတ်သွားပြီ။ငိုနေတဲ့ကောင်တွေက သူတို့ဘာဖြစ်သွားမှန်းကို မသိတာဗျ။ ဟာ ဖြူဖြူကြီးပြန်ထွက် သွားပြီဗျို့။တံခါးပေါက်ကပဲ ပြန်ပြီးထွက်သွားတာ ကျုပ်ဘထစ်ကို လှမ်းကြည့်လိုက်တော့ သူလဲ ကျုက်လိုပဲ ဗျ။အဲ့ဒီ ဖြူဖြူကြီးကို လိုက်ကြည့်နေတာ ဗျ။မျက်မှေးလည်း ငုတ်တုတ်ကလေး ထိုင်နေတယ်ဗျ။
ဘထစ်က ကျုပ်ကိုလှမ်းကြည့်ပြီး ရယ်နေတယ်ဗျို့။ကျုပ်လည်း ဒီတော့မှ ရင်ထဲက အလုံးကြီး ကျ သွားတာပေါ့ဗျာ။
အဲ့ဒီညက အိပ်သာအိပ်ကြတယ်။ဘယ်အိပ်ရဲတော့မလဲ ။ အခန်းတံခါးတွေ အကုန်ပိတ်ပြီး အလှည့်ကျ ကင်းချကြရတယ်ဗျ။ ပြီးတော့ အားလုံးပဲ ဘုရားတွေ ဘာတွေ ရှိခိုးပြီး မှ အိပ်ကြရတာပေါ့ဗျာ။
ဘထစ်က ကျုပ်နားကိုကပ်ပြီးမေးတယ်ဗျ။
"မင်း မ မ ဖဲ ဝါ ဝါ ကို တွေ့ တွေ့ လိုက် တယ် မ မ ဟုတ် လား"
"အေ ငါတွေ့လိုက်တယ် ဘထစ် အရပ်အမြင့်ကြီးပဲကွ"
" ဟုတ် ဟုတ် တယ်၊ ငါ မင်း ကို ပြော ပြော ထား သား ပဲ မ မ ဖဲ ဝါ နဲ့ ငါ ငါ နဲ့ ခင် ခင် ပါ ပါ တယ် လို့ "
" အေ ငါတော့ အခုယုံသွားပါပြီ ဘထစ်ရာ၊ နောင်လည်းဘယ်တော့မှ ဟားမတိုက်တော့ ပါဘူးကွာ၊ မင်းလည်း ဒါမျိုး နောက်ဘယ်တော့မှ မလုပ်နဲ့ တော့ကွ ၊ မဖဲဝါသာ ရောက်မလာရင် ငါတို့ ဒုက္ခရောက်တော့မှာကွ"
ကျုပ်စကားကို ဘထစ်ကသေသေချာချာ နားထောင်ပြီး လေးလေးနက်နက် ခေါင်းညိမ့်ပြတယ်ဗျ။
ဒီညဖြစ်ခဲ့တဲ့ ကိစ္စတွေ အပြင်မှာမပေါက်ကြားအောင်ကျုပ်က အားလုံးကိုသတိပေးတယ်။အားလုံးကလဲ စိတ်ချ တာတေ။
လုံးဝအပြင်ကို မပေါက်ကြားစေရဘူးလို့ ကတိပေးကြပါတယ်။
ဒါပင်မဲ့ နောက်နေ့ ကျောင်းတက်တဲ့အခါ ကြိမ်လုံးကြီး ကိုင်ပြီး အသင့်စောင့်နေတဲ့ အတန်းပိုင်ဆရာ ၊ ဆရာထွန်း ကိုတွေ့ရတော့တာပဲ ဗျာ။
" ကဲ 'ဟား ' ဆရာ ကြီးတွေ ဒီဘက်ကြွပါအုံး "
ဆိုပြီး ကျုပ်ရယ်၊ ဘထစ်ရယ်၊ အောက်သိန်းရယ်၊ မျက်မှေးရယ် ကို ကြိမ်လုံးစာကျွေးတော့တာပေါ့ဗျာ။ဒါကြောင့်လည်း ဘူးအပေါက်တစ်ရာ ထက် ပိုဆိုးတဲ့ လူတစ်ယောက်ပါးစပ်ပေါက်လို့ ပြောကြတာပဲ ဆိုတာ ကျုပ်တွေးလိုက်မိတယ်ဗျ။
ဇတ်လမ်း.....တာတေ။
post by ...#သရဲလေး...sky#
0 Comments