Zawgyi ဖြင့်ဖတ်ရန်










share from: layharnal

Unicode ဖြင့်ဖတ်ရန်

သင်ဟာ ညမအိပ်ခင် နဲ့ မနက် မျက်လုံး ၂ လုံး ပွင့်ပြီဆိုတာနဲ့ ဖုန်းသုံးတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ကိုဖတ်ကြည့်သင့်ပါတယ်

လေ့လာချက်တွေအရ ညဘက် ဖုန်း၊ Laptop၊ Tabletနဲ့ အခြား အီလက်ထရောနစ်ပစ္စည်းတွေသုံးတဲ့အခါ ဒီပစ္စည်းတွေကနေထွက်တဲ့ အဖြူနဲ့အပြာအလင်းရောင်တွေက ဦးနှောက်မှ Melatonin ထုတ်လွှတ်မှုကို ဟန့်တားစေပါတယ်။

Melatonin ဆိုတာကတော့ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကို “ဒါညရောက်ပြီ။ အိပ်ချိန်ရောက်ပြီလို့” အသိပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။

ဒီဟော်မုန်းကို ဟန့်တားလိုက်တဲ့အတွက် ခန္ဓာကိုယ်က “ဒါဟာအိပ်ချိန်မဟုတ်သေးဘူး။ မအိပ်နဲ့ဦး” လို့ သဘောပေါက်သွားပါတယ်။

ဒီမှာပဲ အိပ်ရေးစပျက်ပါတော့တယ်။ အိပ်ရေးဝဝအိပ်စက်ခြင်းက ခန္ဓာကိုယ်အတွက် အတော့်ကိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်မှာရှိတဲ့ တစ်နေကုန် တက်ကြွလှုပ်ရှားနေတဲ့ Neurons တွေဟာ ဒီခန္ဓာကိုယ်ကြီး အိပ်စက်တဲ့အချိန်မှာမှ အနားရပါတယ်။ ဒီလိုမျိုး Neurons အနားယူတဲ့အချိန်မှာ supportive cells တွေဖြစ်တဲ့ Glial cells တွေက Neurons တွေထုတ်လုပ်တဲ့ အဆိပ်တွေကို ရှင်းလင်းပေးပါတယ်။

အကယ်၍လူတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန် ၇နာရီ နဲ့ ၉ နာရီကြား မရှိဘူးဆိုရင် အဲ့ဒီ အဆိပ်တွေဟာ ဒီအတိုင်းကျန်နေပါတယ်။ ဒါဆိုရင်တော့ ခန္ဓာကိုယ်မှာ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာပါပြီ။

စိတ်ဖိစီးလာမယ်၊ ချီတုံချတုံဖြစ်လာမယ်၊ မှတ်ဉာဏ်မကောင်းတော့ဘူး၊ ပြဿနာအပေါ် စဉ်းစားဖြေရှင်းနိုင်စွမ်းလျော့နည်းလာမယ်၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်သွားတဲ့အတွက် ကိုယ်အလေးချိန်တိုးလာမယ်၊ ပိုစားလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မအိပ်ခင်အနည်းဆုံး ၁ နာရီလောက်အတွင်း ဘယ်အီလက်ထရောနစ်ပစ္စည်းကိုမှ မသုံးတာတော့ အကောင်းဆုံးနည်းလမ်းပါပဲ။

share from: layharnal