ဇန္နဝါရီ ၉ ။ ။ ဇန္နဝါရီ ၈ ရက္ေန႔ညပိုင္းက အီရတ္နိုင္ငံ ဘဂၢဒက္ၿမိဳ႕ရွိ ခံစစ္ေကာင္းစြာ ျပင္ဆင္ထားေသာ အစိမ္းေရာင္ဇုန္အနီးသို႔ ဒုံးက်ည္အေသးစား ႏွစ္စင္းက်ေရာက္ခဲ့ေၾကာင္း အေမရိကန္ဦးေဆာင္သည့္ ညြန႔္ေပါင္းတပ္ဖြဲ႕က အတည္ျပဳခဲ့သည္။
ISIS စစ္ဆင္ေရးအတြက္ အီရတ္တြင္ အေျခစိုက္တပ္စြဲထားသည့္ အေမရိကန္ညြန႔္ေပါင္းတပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး မိုင္လ္ကက္ဂင္က “ဘဂၢဒက္ရဲ့ အစိမ္းေရာင္ဇုန္အနီးကို ညပိုင္း ေဒသစံေတာ္ခ်ိန္ ၁၁ နာရီ ၄၅ မိနစ္ေလာက္က Katyusha ဒုံးက်ည္ေတြက်ေရာက္ခဲ့တာပါ၊ အပ်က္အစီး အေသအေပ်ာက္ေတာ့ မရွိပါဘူး။”ဟု ေျပာၾကားခဲ့သည္။
အစိမ္းေရာင္ဇုန္အတြင္းမွ အခ်က္ေပးဉဩသံမ်ားၾကားၿပီးေနာက္ ေပါက္ကြဲသံႏွစ္ခု ၾကားခဲ့ရသည္ဟု ဆိုသည္။ မည္သည့္ေနရာမွ မည္သူမည္ဝါပစ္ေၾကာင္းကိုမူ ရွင္းရွင္းလင္းလင္း မသိရေသးေပ။
ဇန္နဝါရီ ၈ ရက္အေစာပိုင္းက အီရတ္ရွိ အေမရိကန္တို႔၏ ေလတပ္အေျခစိုက္စခန္းမ်ားကို အီရန္တို႔က ပဲ့ထိန္းဒုံးက်ည္ ၂၂ စင္းပစ္လႊတ္ၿပီးေနာက္ အဆိုပါ ဒုံးက်ည္မ်ား ထပ္မံက်ေရာက္လာျခင္းျဖစ္သည္။
အဆိုပါ အစိမ္းေရာင္ဇုန္သည္ အေမရိကန္ႏွင့္ အျခားအေနာက္နိုင္ငံမ်ား၏ သံ႐ုံးမ်ားတည္ရွိရာေနရာျဖစ္သည္။ ၿပီးခဲ့သည့္လပိုင္းမ်ားကလည္း အစိမ္းဇုန္ႏွင့္ ပတ္ဝန္းက်င္ေဒသကို ဒုံးက်ည္မ်ားစြာ က်ေရာက္ခဲ့ေသာ္လည္း အီရန္ႏွင့္ အေမရိကန္ တင္းမာမႈျမင့္တက္လာသည့္အခ်ိန္ကစၿပီး တပ္လွန႔္ေနခဲ့ၾကသည္။
Unicode
အီရတ်ရှိ အစိမ်းရောင်ဇုန်အနီး ဒုံးကျည်နှစ်စင်း ကျရောက်
ဇန်နဝါရီ ၉ ။ ။ ဇန်နဝါရီ ၈ ရက်နေ့ညပိုင်းက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ခံစစ်ကောင်းစွာ ပြင်ဆင်ထားသော အစိမ်းရောင်ဇုန်အနီးသို့ ဒုံးကျည်အသေးစား နှစ်စင်းကျရောက်ခဲ့ကြောင်း အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က အတည်ပြုခဲ့သည်။
ISIS စစ်ဆင်ရေးအတွက် အီရတ်တွင် အခြေစိုက်တပ်စွဲထားသည့် အမေရိကန်ညွန့်ပေါင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်လ်ကက်ဂင်က “ဘဂ္ဂဒက်ရဲ့ အစိမ်းရောင်ဇုန်အနီးကို ညပိုင်း ဒေသစံတော်ချိန် ၁၁ နာရီ ၄၅ မိနစ်လောက်က Katyusha ဒုံးကျည်တွေကျရောက်ခဲ့တာပါ၊ အပျက်အစီး အသေအပျောက်တော့ မရှိပါဘူး။”ဟု ပြောကြားခဲ့သည်။
အစိမ်းရောင်ဇုန်အတွင်းမှ အချက်ပေးဉဩသံများကြားပြီးနောက် ပေါက်ကွဲသံနှစ်ခု ကြားခဲ့ရသည်ဟု ဆိုသည်။ မည်သည့်နေရာမှ မည်သူမည်ဝါပစ်ကြောင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဇန်နဝါရီ ၈ ရက်အစောပိုင်းက အီရတ်ရှိ အမေရိကန်တို့၏ လေတပ်အခြေစိုက်စခန်းများကို အီရန်တို့က ပဲ့ထိန်းဒုံးကျည် ၂၂ စင်းပစ်လွှတ်ပြီးနောက် အဆိုပါ ဒုံးကျည်များ ထပ်မံကျရောက်လာခြင်းဖြစ်သည်။
အဆိုပါ အစိမ်းရောင်ဇုန်သည် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများ၏ သံရုံးများတည်ရှိရာနေရာဖြစ်သည်။ ပြီးခဲ့သည့်လပိုင်းများကလည်း အစိမ်းဇုန်နှင့် ပတ်ဝန်းကျင်ဒေသကို ဒုံးကျည်များစွာ ကျရောက်ခဲ့သော်လည်း အီရန်နှင့် အမေရိကန် တင်းမာမှုမြင့်တက်လာသည့်အချိန်ကစပြီး တပ်လှန့်နေခဲ့ကြသည်။
0 Comments