လူသားေတြရဲ႕ အတတ္ပညာ အသိပညာနယ္ပယ္ဟာ လြန္ခဲ့တဲ့ႏွစ္ ၅၀ တုန္းကနဲ႔ မႏိႈင္းယွဥ္ႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားခဲ့ၿပိီဆိုတာ ဘယ္သူမွ မျငင္းနိုင္ပါဘူး။
၁။
“လူငယ္အမ်ားစုဟာ စာဖတ္ျခင္းကို အေလးအနက္မထားၾကေတာ့ဘူး”ဆုိတဲ့စကား ခဏခဏ ကၽြန္ေတာ္ၾကားခဲ့ရပါတယ္။ အဲဒီစကားကို ကၽြန္ေတာ္ သေဘာမတူပါဘူး။
လူငယ္ေတြဟာ စာဖတ္ၾကပါတယ္။ ေခတ္ေတြေျပာင္းလာတဲ့အခါ စာဖတ္ျခင္းပံုသ႑ာန္လည္း လိုက္ၿပီးေျပာင္းသြားတာပဲ ရွိတာပါ။ တကယ္ေတာ့ လူငယ္ေတြ စာဖတ္ၾကပါတယ္။
စာဖတ္ျခင္းရဲ႕တန္ဘုိးကုိ ဥပမာတစ္ခုအေနနဲ႔ေျပာရင္ စာအုပ္တစ္အုပ္ကို ေကာက္ကုိင္ၿပီး စာရြက္တစ္ရြက္ကို လွပ္လိုက္တာနဲ႔တၿပိဳင္နက္ သင္ဟာ ကမၻာႀကီးထဲ ေျခတလွမ္းလွမ္းလိုက္တဲ့ သေဘာလို႔ ေျပာလို႔ရပါတယ္။ စာရြက္သံုးေလးရြက္ လွပ္ၿပီးဖတ္ရင္ ကမၻာႀကီးထဲ ေျခလွမ္းသံုးေလးလွမ္း လွမ္း၀င္ၾကည့္တဲ့သေဘာပါပဲ။ စာရြက္အကုန္လံုး တစ္အုပ္လံုးကုန္ေအာင္ လွပ္ၿပီးဖတ္ၿပိီးၿပီလား၊ ဒါဆိုရင္ သင္ဟာ ကမၻာႀကီးရဲ႕ေနရာအႏွံ႔ ခရီးႏွင္လိုက္ႏိုင္ၿပီဆိုတဲ့ သေဘာပါပဲ။
ဒီေနရာမွာ ကမၻာႀကိိီးထဲ ေျခလွမ္းလွမ္းတယ္ဆိုတာ စာအုပ္ေတြက ေပးတဲ့ အသိပညာကို စာဖတ္သူက စားသံုးလိုက္ရတဲ့သေဘာ တင္စားေျပာဆိုလိုက္တာပါ။ အဲ….၊ စာအုပ္ေတြ အမ်ားႀကီးဖတ္ထားတဲ့သူဟာ အမ်ားနဲ႔ မတူကြဲျပား ထူးျခားစြာ အသိပညာ၀မ္းစာ အမ်ားႀကီး သိုမွီးထားတဲ့သူလို႔ ဆိုနိုင္ၿပိီေပါ့။
ဒါေပမယ့္ အထူး သတိေပးလိုတဲ့အခ်က္ေတာ့ ရွိပါတယ္။ သင္ဟာ စာရြက္တစ္ရြက္လွပ္ရင္ ေရွ႕ကို ေျခတစ္လွမ္းလွမ္းတာ မွန္ေပမယ့္ အဲဒီစာရြက္အျပင္ ေနာက္ထပ္စာရြက္တစ္ရြက္ ဆက္ၿပီး မလွပ္ဘဲထားလိုက္ရင္္ေတာ့ သင္ဟာ ေျခတစ္လွမ္းစာပဲ ကမၻာႀကီးထဲ ၀င္ၾကည့္တဲ့သူ ျဖစ္သြားပါလိမ့္မယ္။ အသိပညာ၀မ္းစာကို ေျခတစ္လွမ္းေလာက္နဲ႔ပဲ တင္းတိမ္လိုက္ရသူ ျဖစ္သြားမွာလည္း အေသအခ်ာပါပဲ။ အဲဒီအခ်က္ကိုေတာ့ အထူးသတိျပဳၾကရမွာျဖစ္ပါတယ္။
၂။
အထက္က ကၽြန္ေတာ္ေျပာခဲ့တာ ရွိတယ္။ လူငယ္ေတြ စာမဖတ္ၾကေတာ့ဘူးဆိုတဲ့စကားကို ကၽြန္ေတာ္ သဘာမတူဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ လူငယ္ေတြဟာ စာဖတ္ၾကပါတယ္၊ စာဖတ္ပံု စာဖတ္နည္းသာ ေျပာင္းလဲသြားတဲ့ ေခတ္နဲ႔အညီ ဖတ္ပံုဖတ္နည္း ကြာသြားတာပဲ ရွိတာပါလို႔လည္း ကၽြန္ေတာ္ေျပာခဲ့ပါတယ္။
ျပန္စဥ္းစားၾကည့္ၾကရေအာင္ပါ။
လက္ရွိ ကၽြန္ေတာ္တို႔ရဲ႕ မ်က္ေမွာက္ေခတ္ဟာ အတတ္ပညာ အသိပညာမ်ား ေပါက္ကြဲျပန္႔ကား ဆန္းသစ္လြန္းတဲ့ေခတ္ျဖစ္ပါတယ္။ လူသားေတြရဲ႕ အတတ္ပညာ အသိပညာနယ္ပယ္ဟာ လြန္ခဲ့တဲ့ႏွစ္ ၅၀ တုန္းကနဲ႔ မႏိႈင္းယွဥ္ႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားခဲ့ၿပိီဆိုတာ ဘယ္သူမွ မျငင္းနိုင္ပါဘူး။ လူသားရဲ႕ အသိပညာေရး အတတ္ပညာေရးနယ္ပယ္ဟာ သာမာန္ေျပာင္းလဲတိုးတက္ျခင္း မဟုတ္ဘဲ ေပါက္ကြဲျမင့္မားတဲ့သေဘာနဲ႔ ေျပာင္းလဲလာေနတာ ျဖစ္ပါတယ္။ ယခင့္ယခင္ကထက္ ပိုမိုက်ယ္ျပန္႔လာေနသလိုပဲ ပိုၿပီးလည္း အေသးစိပ္ပါတယ္။ ပိုၿပီးေတာ့ ေထြျပားမ်ားျပားလြန္းလာပါတယ္။
ဒိီလို ေျပာင္းလဲလာေနမႈဟာ တျခားနယ္ပယ္မ်ားနည္းတူ စာေပမွာလည္း ဒီအတိုင္းပါပဲ။ တခ်ိန္က လက္ႏွိပ္စက္နဲ႔ စာေရးစာရိုက္လို႔ရရာကေန ကြန္ျပဴတာနဲ႔ စာေရးစာရိုက္လို႔ ရလာပါတယ္။ စာေရးတဲ့အခါ ကြန္ျပဴတာနဲ႔ စာေရးရတာ ဘယ္ေလာက္ အက်ိဳးသက္ေရာက္မႈရွိသလဲဆိုတာ လူငယ္တိုင္း သိၿပီးျဖစ္ပါတယ္။ ႀကိဳက္သလို စာစီစာရိုက္ မွတ္သားသို၀ွက္ လိုသလို အကုန္လုပ္လို႔ရတဲ့ နည္းပညာတစ္ရပ္ျဖစ္လာပါတယ္။ ကမၻာႀကီးေပၚမွာ အီလက္ထေရာနစ္ ကြန္ျပဴတာ ေပၚလာတာနဲ႔ အီလက္ထေရာနစ္ ဆက္သြယ္ေရးနည္းပညာေတြ ေပၚလာတာနဲ႔တၿပိဳင္နက္ ကမၻာႀကီးရဲ႕ ယဥ္ေက်းမႈ အသိပညာနယ္ပယ္ႀကီးဟာလည္း ေကာင္းကင္အသစ္တစ္ခု ေကာက္တပ္လိုက္သလို ေျပာင္းလဲသြားရတာပါပဲ။ ဒီေတာ့လည္း လူသားေတြဟာ သိစရာ၊ ထိမွတ္စရာ၊ သိုမီွးစရာ၊ အသံုးခ်စရာ၊ ေလ့လာစရာ အစရွိတဲ့ လူ႔အသိညာဏ္တရားေလ့က်င့္ေရးနယ္ပယ္ႀကီးလည္း အရွိန္အဟုန္နဲ႔ ေျပာင္းလဲသစ္လြင္လာရပါတယ္။
ဒိီလိုအေျခအေနမ်ိဳးမွာ ေမြးဖြားႀကီးျပင္းၾကရတဲ့ လူငယ္ေတြဟာ လူ႔အသိပညာ လူ႔အတတ္ပညာေရးနယ္ပယ္ႀကိီးအတြင္း အခ်ိန္နဲ႔အမွ် ၀င္ေရာက္ေမႊေႏွာက္ ေလ့လာစရာ ျပဳမူေဆာင္ရြက္စရာ ကိစၥေတြကလည္း အင္မတန္ မ်ားျပားၾကြယ္၀လာခဲ့ပါတယ္။ ဆန္းသစ္မႈ လ်င္ျမန္မႈနဲ႔အလ်ဥ္မီေအာင္ လူငယ္ေတြအားလံုး အစဥ္တစိုက္ အားထုတ္ၾကရပါေတာ့တယ္။ အဲဒီအခါ လူငယ္ေတြရဲ႕ဆႏၵဟာ ပံုႏွိပ္မီဒီယာေလာက္နဲ႔ အလ်င္မမီႏိုင္ၾကပါဘူး။ အီလက္ထေရာနစ္ နည္းပညာအေပၚအေျခခံတဲ့ ေလ့လာမႈမ်ား အသံုးခ်မႈမ်ား လုပ္ၾကရပါေတာ့တယ္။ တုိတိုေျပာရရင္ လူငယ္ေတြရဲ႕ ထိေတြ႕နိုင္မႈဟာ ယခင္အခ်ိန္တုန္းကလို အခ်ိန္ဆြဲေနလို႔မရေတာ့သလို ေလးလံေႏွးေကြးေနလို႔လည္း မရေတာ့ပါဘူး။ လူငယ္ေတြဟာ အခ်ိန္တုိအတြင္း ကမၻာႀကီးကို လွပ္ၾကည့္ႏိုင္ဖို႔ လိုအပ္လာခဲ့ပါတယ္။ အျပည့္စံုဆံုးေျပာရရင္ေတာ့ လူငယ္ေတြ ဘ၀ရပ္တည္ေရး၊ အသိပညာ တပ္ဆင္ေရးနဲ႔ ေလ့က်င့္သင္ၾကားေရးကိစၥႀကီးအတြက္ အံ၀င္ခြင္က်အျဖစ္ဆံုး လက္နက္ဟာ အီလက္ထေရာနစ္ နည္းပညာအေပၚအေျခခံတဲ့ စာေပေရးသားမႈ၊ ပံုႏွိပ္လုပ္ငန္း၊ ျဖန္႔ခိ်ေရးမ်ားကို မကိုင္စြဲရင္ ဘယ္နည္းနဲ႔မွမျဖစ္နိုင္ေတာ့တဲ့ အေျခအေနမ်ိဳးျဖစ္လာပါတယ္။ ဒီလိုအေျခအေနမွာ လူငယ္ေတြဟာ ေလ့လာေရးမွာ အခ်ိန္တုိရမယ္၊ ပိုမိုအေသးစိပ္ရမယ္၊ ပိုမိုဆန္းျပားသစ္လြင္ရမယ္ဆိုတဲ့ လိုအပ္ခ်က္အရ အခ်ိန္ယူၿပီးဖတ္ရမယ့္ စာအုပ္ေတြကို ခဏေဘးမွာ ခ်ထားၾကရသလိုျဖစ္လာပါတယ္။ အခ်ိန္ယူၿပိီးေရးမွရတဲ့ စာႀကီးေပႀကီးေတြကို ခဏ ရပ္ထားရသလို ျဖစ္လာပါတယ္။ အခ်ိန္ယူၿပီးမွ ျဖန္႔ခ်ိရမယ့္နည္းေတြကို ေရွာင္ရွားၾကရပါတယ္။ ဒီလိုနဲ႔ပဲ လိုရင္းတုိရွင္း စာေပေတြနဲ႔ ပိုိမိုနီးစပ္လာရၿပီး ေသေသခ်ာခ်ာ အခ်ိန္ယူ ဖတ္ရႈရမယ့္ စာေပေတြနဲ႔ ေ၀းသြားရပါတယ္။
ဒါဟာ လက္ရွိေခတ္ လက္ရွိဘ၀ အေနအထားမ်ားက လူငယ္ေတြ စာမဖတ္ၾကေတာ့ဘူးလို႔ အထင္ခံရေလာက္ေအာင္ျဖစ္ေစတဲ့ အေနအထားပါပဲ။ ဒါဆိုရင္ လူငယ္ေတြ စာႀကီးေပႀကီးေတြ ဖတ္လာရေအာင္၊ အေတြးအေခၚ ရင့္က်က္တဲ့ စာေပေတြ လူငယ္ေတြ လက္လွမ္းမီရေလေအာင္ ကၽြန္ေတာ္တို႔ ဘာလုပ္ၾကမလည္း။ လူငယ္ေတြဟာ ေယဘုယ်အားျဖင့္ ဆူလြယ္နပ္လြယ္စာေပလို႔ ေျပာေနၾကတဲ့ အင္တာနက္ လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ ေဖ့စ္ဘုတ္လိုဖန္သားျပင္ေပၚက စာတိုေပစေတြအျပင္ တျခားတကယ့္ လူ႔ဘ၀ရဲ႕ အတြင္းနက္နက္ထဲ တိုး၀င္ၾကည့္လို႔ရတဲ့ အေျခအျမစ္က်က် စာေပေတြဆီ ျပန္လည္အာရုံကုိင္းညႊတ္ေအာင္ ကၽြန္ေတာ္တို႔ ဘယ္လိုလုပ္ၾကရင္ေကာင္းမလဲ။
ေနာက္တစ္ပတ္ၾကရင္ ဆက္ၿပီး ေဆြးေႏြးၾကရေအာင္ပါ။
လူငယ္ေတြ ဆူလြယ္နပ္လြယ္စာေပနယ္ပယ္ထက္ ပိုမိုက်ယ္ျပန္႔နက္ရိႈင္းတဲ့ စာေပဘက္ဆိီအထိ တက္လွမ္းသြားႏိုင္ၾကပါေစဗ်ား။
Unicode
လူငယ်နဲ့ စာဖတ်ခြင်းအနုပညာ
လူသားတွေရဲ့ အတတ်ပညာ အသိပညာနယ်ပယ်ဟာ လွန်ခဲ့တဲ့နှစ် ၅၀ တုန်းကနဲ့ မနှိုင်းယှဉ်နိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြိီဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
၁။
“လူငယ်အများစုဟာ စာဖတ်ခြင်းကို အလေးအနက်မထားကြတော့ဘူး”ဆိုတဲ့စကား ခဏခဏ ကျွန်တော်ကြားခဲ့ရပါတယ်။ အဲဒီစကားကို ကျွန်တော် သဘောမတူပါဘူး။
လူငယ်တွေဟာ စာဖတ်ကြပါတယ်။ ခေတ်တွေပြောင်းလာတဲ့အခါ စာဖတ်ခြင်းပုံသဏ္ဍာန်လည်း လိုက်ပြီးပြောင်းသွားတာပဲ ရှိတာပါ။ တကယ်တော့ လူငယ်တွေ စာဖတ်ကြပါတယ်။
စာဖတ်ခြင်းရဲ့တန်ဘိုးကို ဥပမာတစ်ခုအနေနဲ့ပြောရင် စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး စာရွက်တစ်ရွက်ကို လှပ်လိုက်တာနဲ့တပြိုင်နက် သင်ဟာ ကမ္ဘာကြီးထဲ ခြေတလှမ်းလှမ်းလိုက်တဲ့ သဘောလို့ ပြောလို့ရပါတယ်။ စာရွက်သုံးလေးရွက် လှပ်ပြီးဖတ်ရင် ကမ္ဘာကြီးထဲ ခြေလှမ်းသုံးလေးလှမ်း လှမ်းဝင်ကြည့်တဲ့သဘောပါပဲ။ စာရွက်အကုန်လုံး တစ်အုပ်လုံးကုန်အောင် လှပ်ပြီးဖတ်ပြိီးပြီလား၊ ဒါဆိုရင် သင်ဟာ ကမ္ဘာကြီးရဲ့နေရာအနှံ့ ခရီးနှင်လိုက်နိုင်ပြီဆိုတဲ့ သဘောပါပဲ။
ဒီနေရာမှာ ကမ္ဘာကြိိီးထဲ ခြေလှမ်းလှမ်းတယ်ဆိုတာ စာအုပ်တွေက ပေးတဲ့ အသိပညာကို စာဖတ်သူက စားသုံးလိုက်ရတဲ့သဘော တင်စားပြောဆိုလိုက်တာပါ။ အဲ….၊ စာအုပ်တွေ အများကြီးဖတ်ထားတဲ့သူဟာ အများနဲ့ မတူကွဲပြား ထူးခြားစွာ အသိပညာဝမ်းစာ အများကြီး သိုမှီးထားတဲ့သူလို့ ဆိုနိုင်ပြိီပေါ့။
ဒါပေမယ့် အထူး သတိပေးလိုတဲ့အချက်တော့ ရှိပါတယ်။ သင်ဟာ စာရွက်တစ်ရွက်လှပ်ရင် ရှေ့ကို ခြေတစ်လှမ်းလှမ်းတာ မှန်ပေမယ့် အဲဒီစာရွက်အပြင် နောက်ထပ်စာရွက်တစ်ရွက် ဆက်ပြီး မလှပ်ဘဲထားလိုက်ရင််တော့ သင်ဟာ ခြေတစ်လှမ်းစာပဲ ကမ္ဘာကြီးထဲ ဝင်ကြည့်တဲ့သူ ဖြစ်သွားပါလိမ့်မယ်။ အသိပညာဝမ်းစာကို ခြေတစ်လှမ်းလောက်နဲ့ပဲ တင်းတိမ်လိုက်ရသူ ဖြစ်သွားမှာလည်း အသေအချာပါပဲ။ အဲဒီအချက်ကိုတော့ အထူးသတိပြုကြရမှာဖြစ်ပါတယ်။
၂။
အထက်က ကျွန်တော်ပြောခဲ့တာ ရှိတယ်။ လူငယ်တွေ စာမဖတ်ကြတော့ဘူးဆိုတဲ့စကားကို ကျွန်တော် သဘာမတူဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တွေဟာ စာဖတ်ကြပါတယ်၊ စာဖတ်ပုံ စာဖတ်နည်းသာ ပြောင်းလဲသွားတဲ့ ခေတ်နဲ့အညီ ဖတ်ပုံဖတ်နည်း ကွာသွားတာပဲ ရှိတာပါလို့လည်း ကျွန်တော်ပြောခဲ့ပါတယ်။
ပြန်စဉ်းစားကြည့်ကြရအောင်ပါ။
လက်ရှိ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်ဟာ အတတ်ပညာ အသိပညာများ ပေါက်ကွဲပြန့်ကား ဆန်းသစ်လွန်းတဲ့ခေတ်ဖြစ်ပါတယ်။ လူသားတွေရဲ့ အတတ်ပညာ အသိပညာနယ်ပယ်ဟာ လွန်ခဲ့တဲ့နှစ် ၅၀ တုန်းကနဲ့ မနှိုင်းယှဉ်နိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြိီဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ လူသားရဲ့ အသိပညာရေး အတတ်ပညာရေးနယ်ပယ်ဟာ သာမာန်ပြောင်းလဲတိုးတက်ခြင်း မဟုတ်ဘဲ ပေါက်ကွဲမြင့်မားတဲ့သဘောနဲ့ ပြောင်းလဲလာနေတာ ဖြစ်ပါတယ်။ ယခင့်ယခင်ကထက် ပိုမိုကျယ်ပြန့်လာနေသလိုပဲ ပိုပြီးလည်း အသေးစိပ်ပါတယ်။ ပိုပြီးတော့ ထွေပြားများပြားလွန်းလာပါတယ်။
ဒိီလို ပြောင်းလဲလာနေမှုဟာ တခြားနယ်ပယ်များနည်းတူ စာပေမှာလည်း ဒီအတိုင်းပါပဲ။ တချိန်က လက်နှိပ်စက်နဲ့ စာရေးစာရိုက်လို့ရရာကနေ ကွန်ပြူတာနဲ့ စာရေးစာရိုက်လို့ ရလာပါတယ်။ စာရေးတဲ့အခါ ကွန်ပြူတာနဲ့ စာရေးရတာ ဘယ်လောက် အကျိုးသက်ရောက်မှုရှိသလဲဆိုတာ လူငယ်တိုင်း သိပြီးဖြစ်ပါတယ်။ ကြိုက်သလို စာစီစာရိုက် မှတ်သားသိုဝှက် လိုသလို အကုန်လုပ်လို့ရတဲ့ နည်းပညာတစ်ရပ်ဖြစ်လာပါတယ်။ ကမ္ဘာကြီးပေါ်မှာ အီလက်ထရောနစ် ကွန်ပြူတာ ပေါ်လာတာနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာတွေ ပေါ်လာတာနဲ့တပြိုင်နက် ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှု အသိပညာနယ်ပယ်ကြီးဟာလည်း ကောင်းကင်အသစ်တစ်ခု ကောက်တပ်လိုက်သလို ပြောင်းလဲသွားရတာပါပဲ။ ဒီတော့လည်း လူသားတွေဟာ သိစရာ၊ ထိမှတ်စရာ၊ သိုမှီးစရာ၊ အသုံးချစရာ၊ လေ့လာစရာ အစရှိတဲ့ လူ့အသိညာဏ်တရားလေ့ကျင့်ရေးနယ်ပယ်ကြီးလည်း အရှိန်အဟုန်နဲ့ ပြောင်းလဲသစ်လွင်လာရပါတယ်။
ဒိီလိုအခြေအနေမျိုးမှာ မွေးဖွားကြီးပြင်းကြရတဲ့ လူငယ်တွေဟာ လူ့အသိပညာ လူ့အတတ်ပညာရေးနယ်ပယ်ကြိီးအတွင်း အချိန်နဲ့အမျှ ဝင်ရောက်မွှေနှောက် လေ့လာစရာ ပြုမူဆောင်ရွက်စရာ ကိစ္စတွေကလည်း အင်မတန် များပြားကြွယ်ဝလာခဲ့ပါတယ်။ ဆန်းသစ်မှု လျင်မြန်မှုနဲ့အလျဉ်မီအောင် လူငယ်တွေအားလုံး အစဉ်တစိုက် အားထုတ်ကြရပါတော့တယ်။ အဲဒီအခါ လူငယ်တွေရဲ့ဆန္ဒဟာ ပုံနှိပ်မီဒီယာလောက်နဲ့ အလျင်မမီနိုင်ကြပါဘူး။ အီလက်ထရောနစ် နည်းပညာအပေါ်အခြေခံတဲ့ လေ့လာမှုများ အသုံးချမှုများ လုပ်ကြရပါတော့တယ်။ တိုတိုပြောရရင် လူငယ်တွေရဲ့ ထိတွေ့နိုင်မှုဟာ ယခင်အချိန်တုန်းကလို အချိန်ဆွဲနေလို့မရတော့သလို လေးလံနှေးကွေးနေလို့လည်း မရတော့ပါဘူး။ လူငယ်တွေဟာ အချိန်တိုအတွင်း ကမ္ဘာကြီးကို လှပ်ကြည့်နိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။ အပြည့်စုံဆုံးပြောရရင်တော့ လူငယ်တွေ ဘဝရပ်တည်ရေး၊ အသိပညာ တပ်ဆင်ရေးနဲ့ လေ့ကျင့်သင်ကြားရေးကိစ္စကြီးအတွက် အံဝင်ခွင်ကျအဖြစ်ဆုံး လက်နက်ဟာ အီလက်ထရောနစ် နည်းပညာအပေါ်အခြေခံတဲ့ စာပေရေးသားမှု၊ ပုံနှိပ်လုပ်ငန်း၊ ဖြန့်ချိရေးများကို မကိုင်စွဲရင် ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ လူငယ်တွေဟာ လေ့လာရေးမှာ အချိန်တိုရမယ်၊ ပိုမိုအသေးစိပ်ရမယ်၊ ပိုမိုဆန်းပြားသစ်လွင်ရမယ်ဆိုတဲ့ လိုအပ်ချက်အရ အချိန်ယူပြီးဖတ်ရမယ့် စာအုပ်တွေကို ခဏဘေးမှာ ချထားကြရသလိုဖြစ်လာပါတယ်။ အချိန်ယူပြိီးရေးမှရတဲ့ စာကြီးပေကြီးတွေကို ခဏ ရပ်ထားရသလို ဖြစ်လာပါတယ်။ အချိန်ယူပြီးမှ ဖြန့်ချိရမယ့်နည်းတွေကို ရှောင်ရှားကြရပါတယ်။ ဒီလိုနဲ့ပဲ လိုရင်းတိုရှင်း စာပေတွေနဲ့ ပိိုမိုနီးစပ်လာရပြီး သေသေချာချာ အချိန်ယူ ဖတ်ရှုရမယ့် စာပေတွေနဲ့ ဝေးသွားရပါတယ်။
ဒါဟာ လက်ရှိခေတ် လက်ရှိဘဝ အနေအထားများက လူငယ်တွေ စာမဖတ်ကြတော့ဘူးလို့ အထင်ခံရလောက်အောင်ဖြစ်စေတဲ့ အနေအထားပါပဲ။ ဒါဆိုရင် လူငယ်တွေ စာကြီးပေကြီးတွေ ဖတ်လာရအောင်၊ အတွေးအခေါ် ရင့်ကျက်တဲ့ စာပေတွေ လူငယ်တွေ လက်လှမ်းမီရလေအောင် ကျွန်တော်တို့ ဘာလုပ်ကြမလည်း။ လူငယ်တွေဟာ ယေဘုယျအားဖြင့် ဆူလွယ်နပ်လွယ်စာပေလို့ ပြောနေကြတဲ့ အင်တာနက် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်လိုဖန်သားပြင်ပေါ်က စာတိုပေစတွေအပြင် တခြားတကယ့် လူ့ဘဝရဲ့ အတွင်းနက်နက်ထဲ တိုးဝင်ကြည့်လို့ရတဲ့ အခြေအမြစ်ကျကျ စာပေတွေဆီ ပြန်လည်အာရုံကိုင်းညွှတ်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။
နောက်တစ်ပတ်ကြရင် ဆက်ပြီး ဆွေးနွေးကြရအောင်ပါ။
လူငယ်တွေ ဆူလွယ်နပ်လွယ်စာပေနယ်ပယ်ထက် ပိုမိုကျယ်ပြန့်နက်ရှိုင်းတဲ့ စာပေဘက်ဆိီအထိ တက်လှမ်းသွားနိုင်ကြပါစေဗျား။
0 Comments